Posts

Showing posts from August, 2018

မင်းတရား နှင့် မင်းတြား

Image
အဲဒီပုံထဲက မင်းတြားနဲ့ မင်းတရား ဘယ်ဟာ အမှန်ဆိုတာ သိချင်လို့ပါဆရာ။ အရင်က တရားကို တြားလို့ ရေးခဲ့ကြတယ်။ ဆရာကို ဆြာလို့ရေးကြတယ်။ ရကောက်ကို ရရစ်နဲ့ ရေးတယ်။ ယပက်လက်ကို ယပင့်နဲ့ ရေးကြတယ်။ ပင့်ရစ်မနိုင် ရခိုင်မေးလို့ အဆိုရှိတယ်။ မြန်မာလို မြကို ရခိုင်တွေက မရသံထွက်တယ်။ မျကို အဲလိုမထွက်ပါ။ ဒါပေမယ့် အချုပ်အခြာမှာတော့ ရခိုင်နဲ့ မြန်မာ မတူတော့ပါ။ ရခိုင်လိုက အချုပ်အချာလို့ ရေးတယ်။ ကျွန်တော်ရေးတာမှာ လွဲတာတွေ့ရင် ပြင်ပါမယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၈

ထောပနာ နှင့် ထောမနာ

Image
ထောပနာ နဲ့ ထောမနာ ဘာကွဲပြားပါသလဲရှင့် ခုခေတ်ထုတ်သတ်ပုံစာအုပ်တွေမှာ ထောမနာလို့ရေးတယ်။ ပါဠိကနေလာလို့ဖြစ်တယ်။ အရင်ထုတ်သတ်ပုံစာအုပ် တအုပ်မှာ ထောပနာလို့ ရေးထားတယ်။ ထော ခြီးမွမ်းထောမနာ သမိန်ထောရွာ သမိန်ထောရာမ သမိန်ထောချောင် ထောပတ် ထောပနာ = ခြီးမွမ်းခြင်း (ကဝိဓဇသတ်ပုံကျမ်း) ထောလပတ်ပင် (ထောရပတ်ပင်) ထောပေး = ထောဘေး = ထောပတ်ချက်၍ ကြွင်းကျန်သောပစ္စည်း ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ထောပနာလို့ နှုတ်ကျိုးနေတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၈

လှလွန်းဆွေ နှင့် တင့်လှပေဟန်

Image
ရှင်မဟာရဋ္ဌသာရရေးသားခဲ့တဲ့ ဧကပိုဒ် ရတု မြတ်မျိုးမြင့်မှန်၊ ကြင်ပေတန်၍၊ ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား၊ နတ်နှင့်နှုန်းနှုန်း၊ ဝင်းငြိမ့်ရွှန်း၍၊ လှလွန်းလွန်းလှည့်၊ ငါးကြန်ပြည့်ကို၊ ဖျော်ဖြည့်ဖြေဖျောက်၊ ကြိမ်ကြိမ်လျှောက်လည်း၊ ပြစ်ပျောက်ပျို့ပျို့၊ ဖြူမြိတ်စို့နှင့်၊ သူသို့သွေသည်၊ ဟုတ်မည်မှန်းဘွယ်၊ ဝမ်းဝယ်ဝိုးဝါး၊ စိတ်လွင့်ပါး၍၊ ကြိုးကြားကြံကာ၊ ဂိမှာသန်ဆောင်၊ ချောင်းချောင်းခခ၊ ကာလရှည်ဖင့်၊ မျိုးမြတ်မြင့်သည်၊ လွမ်းလင့်လွန်လှည့်လေလိမ့်လော။ နတ်သျှင်နောင်ရေးသားခဲ့တဲ့ ရာဇဓါတုကလျာဖွဲ့ ရတု တင့်လှပေဟန်၊ ဖက်မဲ့ရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ၊ ဝင်းလက်ရောင်ရွှေ၊ အခေါင်ပေတည့်၊ တောင်နေနတ်ဟန်၊ မြတ်သစ်ကြန်နှင့်၊ ပန်းမှန်ရေးချ၊ ထုံးနေမကျော၊ ပန်းရောဆံကြာ၊ ချတိုင်းသာလျှင်၊ ရွှေဝါဖိတ်ရွှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွတ်သည်၊ ဘုံထွတ် နန်းတောင် နေတို့လော။ စာသားကွဲလွဲချက်တွေ့ရင် ပြင်ပါမယ်။ ဒေါက်တာတင့်ဆွေ

Amniotic fluid leakage ရေမြွာရည်ဆင်းခြင်း

Image
(ကန်တော့ပါ) စောစောကလေးတင် လာတဲ့မေးခွန်း ၁။ ဆရာရှင့် ကျွန်မ အသက် ၃၀ပါ ၂၉ နှစ်မှာ အိမ်ထောင်ကျပါတယ် အခုသားဦးကိုယ်ဝန်ပါ ၉ လပြည့်ဖို့ ၅ ရက်ပဲ လိုပါတော့တယ် OG လည်း အပ်ထားပါတယ် လွန်ခဲ့တဲ့ ၂ နာရီလောက်ကစပီး ရေတွေဆင်းနေလို့ပါ ဆရာ OG ဆီ ဖုန်းဆက်တော့ ဖုန်းမကိုင် လို့ပါ အဲဒါ အခုပဲ ဆေးရုံသွားသင့်ပီလား ဆရာ စိုးရိမ်ရလားရှင့် ကလေး ရေမွန်းတာမျိုး ဖြစ်မှာစိုးရိမ်လို့ပါ မွေးမဲ့ဆီ သွားသင့်။ ကလေးလှုပ်နေတာကောင်း။ ၂။ ဆရာရှင့် ကျမ ခုကိုယ်ဝန် ၃၆ပတ်ရှိပါပြီရှင့် ၇လမှာ PE ရပါတယ်အဲ့ကတည်းက Nephitapine 20mg BD labitalol tds သောက်နေရပါတယ် USG ရိုက်တယ် ၂ပတ်တခါ  AFI ကနည်းနည်းလာတယ်ခု 9.2 ဘဲရှိတော့တယ်ဆရာ OG ကတပတ်ဘဲထပ်စောင့်မယ်ပြောပါတယ် ကလေးလည်းကောင်းကောင်းလှုပ်နေတယ် အဲ့ဒါ AFI ကဘယ်လောက်လောက်ဆို ဂိတ်ဆုံးနည်းလို့ရပါသလဲဆရာ  ကျမ ၂ပတ်လောက်ထပ်စောင့်ချင်လို့ပါ အသက် မပြောပါ။ အတိုကောက်တွေကို မှန်းယူရတာ မသင့်။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လိုတာညွှန်မယ်။ အသက်က ၂၉ ပါရှင့်ဆရာ preclamsia ရတာပါရှင့် AFI က Liqour intent ကိုပြောတာလို့ပြောပါတယ် AFI level က အနည်းဆုံးဘယ်လောက်ရှိရမှာလဲရှင့်ဆရာ မွေးခါနီးခန်းခန်းသွားတာလား dribling လည်း

Baby and Mom ကလေးကျန်းမာရေး အယူအဆများ မလွဲမှားစေချင်

Image
၁။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၃လပြည့်ပါပြီ မိခင်က ဝန်ထမ်းမို့ ကလေးကို lactogen နှင့် ညဘက်မိခင်နို့ တိုက်ပါသည် နို့တိုက်ပြီးတိုင်း လေထုတ်ပါသည် ကတိုက်မစ်ချာလေဆေးတိုက်ပါသည် ဂစ်ဆိုပြီး လေလည်းထွက်ပါသည် ဝမ်းကတော့ အရင်က ၂ရက် ၁ခါသွားသလို ခုတော့ ၁ရက်၁ခါ ဝမ်းစိမ်းသွားပါသည် နေ့လယ်ဘက်ရော ညဘက်ပါ ခြေထောက်ကော့ထိုးပြီး ဗိုက်နာတဲ့ပုံစံနှင့် ငိုပါသည် ဆီးတော့မပူတော့ပါ ကျွန်မအမေကတော့ ကျွန်မအစားမရှောင်၍ ကလေးလေနာသည်ဆိုပါသည် ခရမ်းချဉ်သီး ဘူးသီး အမဲသား ဝက်သား စားလျှင်ဆူပူပါသည် ကလေးလေနာပါခြင်း အကြောင်းရင်းလေးနှင့် ကုသရန်နည်းလေး ရှင်းပြပေးပါရန် လေးစားစွာ စာရေးလိုက်ရပါသည်ဆရာ ၂။ ဆရာခင်ဗျာ။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို effect ဖြစ်စေပါလားဆရာ။ ဥပမာ မိခင်က မျှစ် မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီးစားလို့ ကလေးကို နေမကောင်းတာတခုခု ဖြစ်စေတာမျိုး၊ အဆိပ်အတောက် ဖြစ်စေတာမျိုး။ မိခင်က paracetamol, burmeton သောက်လို့ ကလေးကို effect ဖြစ်စေတာမျိုးတွေ ရှိပါလားဆရာ။ နောက်တခုက မိခင် ပက်လက်လှန် အိပ်လို့ နို့ခမ်းစေတာမျိုးဆိုတာရော ဟုတ်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ ၃။ လသားကလေးတွေနဲ့ပါတ်သတ်လို့ တချို့အယူအဆတွေကြာ

အဲလိုလုပ်တာ ပလီတာ

Image
ငယ်သူငယ်ချင်းတယောက်က တင်ထားတယ်။ မြန်မာစာသတ်ပုံစာ။ သူနဲ့ကျွန်တော်က ဆရာတူတပည့်တွေ။ မုံရွာ အထက (၂) မှာ ဆရာ ဘုတလင်ချစ်လေးက မြန်မာစာသင်ပေးပါတယ်။ သူကဥပဒေပညာသင်ယူခဲ့သူ။ သူဆက်ရေးတာက မှတ်မှတ်ရရလေ့လာကြည့်တဲ့အခါ၁၉၈၁ ခုနှစ်ထိ ထုတ်ဝေခဲ့တဲ့ ဥပဒေစာအုပ်များမှာ (တစ်)မသုံး၊ (တ)ကိုပဲ သုံးခဲ့ကြပါတယ်။ ၁၉၈၂ခုနှစ်ကစပြီး(တစ်) တွေပြောင်းသုံးခဲ့ကြတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆေးပညာသင်ခဲ့တဲ့ကျွန်တော်က တအသုံးတွေနဲ့ တစ်အသုံးတွေကို လေ့လာပြုစုနေတာ အတော်ကြာလို့ သက်သေခံပစ္စည်းတွေ တနေ့တခြားများများလာတယ်။ တစ် အသုံးမှန်များ ဆင်ပြောင်ကြီး အမြီးမှတစ်၊ တစ်ငှက်၊ တစ်ဆို့၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ တစ်တရားခံ၊ တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊ တစ်ရှူး (ဆဲလ် အစုအဝေး)၊ တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊ တစ်လစ်၊ တစ်နှစ် စာကိုချစ်၊ တစ်-နှစ်-သုံး၊ တစ္ဆေမှင်စာ၊ ပြူတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့၊ သားငါး တုံးတစ်သည်၊ သားတစ် ငါးတစ်။ ကျန်တဲ့ (တ) တွေတိုင်းမှာ စသတ်ပါ။ တတွေကို မလိုအပ်ပဲ စသတ်ထည့်တာ မလုပ်သင့်ပါ။ အဲလိုလုပ်တာ ပလီတာ။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၈ Aung Myin Tun ကျေးဇူး။

Margarine မာဂျရင်း

Image
ဗိုက်ဗိုက်တို့ ရှောင်ကြဉ်သင့်သော အစားအစာများဆိုတဲ့ဆောင်းပါးထဲမှာ မာဂျရင်းဆိုတဲ့ အစားအစာတမျိုးပါနေပါတယ် အဲ့ဒါ ဘယ်လိုအစားအစာလဲဆိုတာ ပြောပြပေးပါဆရာ လေးစားလျှက် အဲဒီ ဗိုက်ဗိုက်တို့ ရှောင်ကြဉ်သင့်သော အစားအစာများကို ဘယ်သူရေးသလဲ မသိ။ ကျွန်တော်ရေးတာတော့ မဟုတ်လောက်။ ကျွန်တော်က ကိုယ်ဝန်ဆောင်လို့သာ ရေးတယ်။ Margarine မာဂျရင်းကို ထောပတ်တုလို့လည်း ခေါ်ကြတယ်။ ၁၈၆၉ ခုနှစ်ကတည်းက ပြင်သစ်မှာ တတိယ နပိုလီယန် လက်ထက်မှာ စသုံးတယ်။ ထောပတ်ကို နွာနို့ကနေလုပ်တယ်။ မာဂျရင်းကို အသီးအနှံဆီနဲ့ ရေကနေလုပ်တယ်။ နွားနို့ပါတာလည်းရှိတယ်။ အဆီဓါတ် အနည်းဆုံး ၈ဝ% ပါတယ်။ ယူအက်အေမှာ နွားနို့မပါ။ အဆီပါနှုန်း မတူကြ။ ကျန်းမာရေးအရယှဉ်းကြည့်ရင် မာဂျရင်းက ထောပတ်ထက် သာတယ်။ ဆိုးတဲ့ကိုလက်စထော မများစေပါ။ နှလုံးရောဂါအတွက် မာဂျရင်းက ထောပတ်ထက်သင့်တယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၈-၂ဝ၁၈

Labor Day လေဘာဒေး

Image
ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်း လာမယ့်တနင်္လာနေ့မှာ ကျောင်းပိတ်မယ်။ လေဘာဒေးတဲ့။ မြန်မာပြည်မှာတော့ မေဒေးဆိုရင် မသိတဲ့သူမရှိလောက်ပါ။ နိုင်ငံတကာအလုပ်သမားနေ့ကိုခေါ်တယ်။ လေဘာဒေးကို သတိမထားမိလောက်ပါ။ ကျွန်တော်လည်း ဒီတိုင်းပြည်နေရမှသာသိတယ်။ လေဘာဒေးဆိုတာ အမေရိကမှာပဲရှိတယ်။ မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းမတူပါ။ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်တဲ့။ ၁၈၈၂ ခုနှစ် စက်တင်္ဘာ (၅) ရက်နေ့မှာ နယူးယောက်ကနေ စပါတယ်။ နှစ်စဉ် စက်တင်္ဘာ ပဌမတနင်္လာနေ့လို့ သိတ်မှတ်ထားတယ်။ တရားဝင်အလုပ်နားရက်လည်းဖြစ်တယ်။ ဒီနှစ်တော့ ၃-၉-၂ဝ၁၈ နေ့မှာ ကျတယ်။ မြန်မာပြည်မှာလည်း လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်းကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။ ဆောရီး။ ကျွန်တော် မြန်မာပြည်ကိုအလည်ပြန်စဉ်က ရန်ကုန်မြို့မှာ မေဒေး ခေါ် အလုပ်သမားနေ့ပွဲကို တက်ခဲ့ပါတယ်။ လှိုင်သာယာမှာ ကျင်းပတယ်။ နေပူပူ ဖုံထူထူနဲ့ သဘာဝကျတယ်။ မြန်မာပြည်က အလုပ်သမားတွေဘဝ တိုးတက်ပါစေ။ Internat

The weak get eaten စာက လူကိုစား၍ နိုင်ငံရေးက တိုင်းပြည်ကိုစား၏

Image
အရင်ရေးဘူးတဲ့ Lost in Translation ဘာသာပြန်ထဲမှာ ဘာသာပြန်ရာမှာ မြန်မာမှုပြုကြတဲ့အခါ သဘောမကျတာလေးတွေကို ရေးပါတယ်။ စာတွေဘယ်လိုရေးသလဲ ထဲမှာ စာကိုနိုင်ငံပြုပြင်ရေးလို ရေးသားသူတွေ များပြားစေချင်တယ်။ စာကိုကိုယ့်ကိုယ်ကိုပြုပြင်ရေးလို ဖတ်ကြသူတွေ ပေါများစေချင်တယ်လို့ ရေးခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့စာတွေ၊ ကဗျာတွေထဲမှာ မြန်မာနာမည်မဟုတ်တာတွေ ပါလာရင် ဖတ်ရတာခက်တယ်။ ဘာသာပြန်စာတွေထဲမှာ လူနာမည်တွေ၊ နေရာဒေသနာမည်တွေ မြန်မာလိုမဟုတ်တာတော့ မတတ်နိုင်ဘူးပေါ့။ ဒါလဲဘဲ အဲလိုနာမည်တွေကို စာရိုက်တဲ့အခါ (ပုံနှိပ်စာလုံးစီတဲ့အခါ) သီးသီးခြားခြား လုပ်ပေးမထားရင် သဘောပေါက်အောင် ထပ်ထပ်ဖတ်နေရတာ သဘောမကျပါ။ အခုလည်းအဲလိုဟာတွေကို ဖတ်နေရတုန်းဘဲ။ ဘာသာပြန်ကဗျာတွေမှာ မြန်မာနာမည်မဟုတ်တာတွေပါတာကို နားလည်ပါတယ်။ ဒါပေမဲ့ မြန်မာကဗျာစစ်စစ်ထဲမှာ နိုင်ငံခြားနာမည်တွေပါလာရင် တမျိုးကြီးဘဲလို့ ထင်မိတယ်။ အော့့် နိုင်ငံခြားဗဟုသုတ ပြည့်ဝပါပေရဲ့လို့တော့ ချီးကျူးမိတဲ့အခါတော့ ရှိပါတယ်။ အဲလိုလုပ်ရတာက အတော်နည်းလှတယ်။  ဘိုနာမည်လို့ခေါ်တဲ့ အင်္ဂလိပ်နာမည်တွေကို ထမင်းစားရေသောက်သုံးတာမျိုးကြရင် ဒွေးတော်လွမ်းလှကြသလား ရိုးစွပ်မိတယ်။ နိုင်ငံတကာသုတနဲ

ရွှေနန်းသုံး ဝေါဟာရအဘိဓါန်

Image
ရွှေနန်းသုံး ဝေါဟာရအဘိဓါန်စာအုပ်ရလာတယ်။ အဖုံးပါ မြန်မာစာသတ်ပုံကစပြီး တင်ပြချင်တယ်။ လူအတော်များများက (ဓ) ဆိုတိုင်း (ဓာ) နဲ့ရေးမှသာ မှန်တယ်လို့ ထင်နေကြတာ မဟုတ်ပါ။ အရင်က စာဖတ်တဲ့သူတွေ မျက်စိရှင်းအောင် (ဓါ) လို့ရေးကြတာ များတယ်။ နှစ်မျိုးလုံး မှန်ပါတယ်။ စာအုပ်က လက်နှိပ်စက်မူဖြစ်တယ်။ ခုခေတ်လို ကွန်ပြူတာစာရိုက် လေဆာပရင်တာနဲ့ထုတ်တာတွေထက် မြန်မာစာရေးသားတာ မှန်တယ်။ နမူနာလေး နည်းနည်းသာတင်ပြမယ်။ ဧကရာဇ်မင်းမြတ်အကြောင်း မင်းဧကရာဇ်ဟူသည်မှာ။   ။ ဧကသဒ္ဒါ - တခုသောအနက် အတူမရှိ အမြတ်ဟူသော အမည်များကိုရသည်။ အတူမရှိ မြတ်သာမင်း ဆိုလိုသည် - အဓိပ္ပါယ်ယူရမည်ဟူ၍ ရာဇသေဝက ဒီပနီကျမ်းကဆိုသည်။ ဧကရာဇ်မင်းမြတ်တို့ ဆောင်ရွက်တော်မူမြဲကိစ္စမှာ တနေ့သုံးယံညီလာခံခြင်း၊ တိုင်းရေးပြည်မှု သာသနာမှုနှင့်တကွ ကိုယ်တော်ရေးမှစ၍ တိုင်ပင်တော်မူသင့်သည်များကို တိုင်ပင်နှီးနှောတော်မူခြင်း၊့ မှတ်ရန်မှာ - တစ်ခုသောအနက် မဟုတ်ပါ။ တစ်နေ့သုံးယံ မဟုတ်ပါ။ နှင့်တစ်ကွ မဟုတ်ပါ။ စာအုပ်တအုပ်လုံးမှာ သတ်ပုံမှန်တွေနဲ့သာ ရိုက်နှိပ်ထားပါတယ်။ နောက်မှ ပလီပြီးပြင်ထားတဲ့ တစ်သတ်ပုံတွေ မဟုတ်ကြောင်းပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၈-၂ဝ၁၈

Number of Ancestors ဘိုးဘွားစဉ်ဆက်

Image
လူတယောက်မှာ မိဘနှစ်ပါးအရင်က ဘိုးဘွားစဉ်ဆက် အရေအတွက် ဘယ်လောက်ရှိသလဲ တွက်ဆကြည့်သူ အတော်ကို ရှားမယ်ထင်ပါတယ်။ လူတယောက်ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း တရာ၊ တထောင်အတွက် ဆွေမျိုးစဉ်ဆက် အရေအတွက် မသိနိုင်ကြဘူးလို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ အထက်ဆွေစဉ် ခုနစ်ဆက်အခေါ်အသုံးများ ၁။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော။ ၂။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ညှောက်၊ စေ့။ ၃။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘဲ့၊ ဘော့၊ ဘွေး။ ၄။ အဖ၊ အဖိုး၊ အဘွေး၊ အဘဲ၊ အဘီ၊ အဘော၊ အဘောင်။ ဂဏန်းသင်္ချာလိုတော့ တွက်လို့ရတယ်။ ၁ ဆက် = အမေနဲ့ အဖေ = ၂ ယောက်။ ၂ ဆက် = အဖိုးနဲ့အဖွား = ၄ ယောက်။ ၃ ဆက် = အဘွေးနဲ့ အဘဲ = ၈ ယောက်။ ၄ ဆက် = အဘောနဲ့ အဘောင် ၁၆ ယောက်။ စသဖြင့် ၂ ဆတိုးတိုးသွားတယ်။ ၁ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၂၄ ယောက်ရှိမယ်။ ၂ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၄၆,၅၇၆ ယောက်ရှိမယ်။ ၃ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၇၃,၇၄၁,၈၂၄ ယောက်ရှိမယ်။ ၄ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၉၉,၅၁၁,၆၂၇,၇၇၆ ယောက်ရှိမယ်။ ဂျင်နရေးရှင်း ၁ ဆက်ကို ပျမ်းမျှ ၂၅ နှစ်ထားမယ်။ ၅ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁၂၅ နှစ်ကဖြစ်မယ်။ ၁ဝ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁,ဝ၂၄ နှစ်က ဖြစ်မယ်။ အနော်ရထာမင်းအရင် စုက္ကတေးမင်းလက်ထက်လောက်ဖြ

Encyclopædia Britannica ဗြိတိသျှစွယ်စုံကျမ်း

Image
ဆရာ ခင်ဗျား britanica encyclopedia အကြောင်းလေး နည်းနည်းသိချင်လို့ပါ။ သူကနှစ်စဉ် A ကနေ Z အထိ တအုပ်ချင်း ထွက်တာပါလား ဒါမှမဟုတ် A ကနေ Z အထိ အကုန်လုံးကို တအုပ်တည်း ထွက်တာပါလားခင်ဗျ။ ပြီးတော့ အတွဲလိုက် A ကနေ Z အထိ အကုန်ဈေးနှုန်းဆို ဘယ်နှဒေါ်လာဝန်းကျင်လောက်ရှိပါသလဲ ခင်ဗျာ။ Encyclopædia Britannica (British Encyclopaedia) ခေါ် ဗြိတိသျှစွယ်စုံကျမ်းဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာ ဖြစ်တယ်။ ကျမ်းပြုသူပေါင်း ၄ဝဝဝ ကျော်ကနေ ပြုစုထားတယ်။ နိုဗယ်လ်ဆုရသူပေါင်း ၁၁ဝ ပါဝင်တယ်။ အမေရိကန်သမတ ၅ ဦးလည်းပါတယ်။ ၂ဝ၁ဝ ခုနှစ်ထုတ် ၁၆ ကြိမ်မြောက်ဗာရှင်းမှာ ၃၂ တွဲရှိတယ်။ စာမျက်နှာစုစုပေါင်း ၃၁၆၄ဝ ရှိတယ်။ ဈေးနှုန်း • The Encyclopedia Britannica: A Dictionary of Arts, Sciences, Literature & Genera $1,989.95 + $19.99 Shipping • Encyclopaedia britannica 200th Anniversary Edition $1,000.00 ကျွန်တော် နယူးဒေလီမှာနေစဉ်က စာအုပ်ပြပွဲတခုမှာ အထူးဈေးနှုန်းနဲ့ရောင်းလို့ တစုံဝယ်နိုင်ခဲ့တယ်။ မှတ်မိသလောက် ရူးပီး ၃ သောင်းကျော်ပေးရတယ်။ ကျွန်တော် ယူအက်စ်အေကိုမပြောင်းရမီ မုံရွာမှာနေတဲ့ ညီဆီကို ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်။ ကူညီပို

တကို တစ်လုပ်တော့ ဈေးနှုန်းတင်လို့ ကောင်းတာပေါ့

Image
ဘုတ်အုပ်သစ်များပို့စ်အောက်မှာ ကွန်မင့်တခုဖတ်ရတယ်။ (စ) စိတ်ကူးချိုချို ကစာအုပ်ဈေးရောင်းပွဲလုပ်တော့ ကိုယ်ရှာနေတဲ့ကဗျာတပုဒ်တွေ့ရတော့ စာအုပ်ကို ဝယ်လိုက်ပါတယ်။ တင်မိုးကဗျာပေါင်းချုပ်အမှတ် ၁ ပါ။ အကုန် တစ်တွေပြင်ရိုက်ထားတော့အခုဖတ်ရင်း correction ink တဗူးဝယ်ပြီး ဖတ်ရင်းလိုက်ပြင်နေတယ်။ ကိုယ်ဒါပဲလုပ်နိုင်ပါတယ်။ (ဆုံး) ဟုတ်ပါ့။ ထွက်စက ရတာ။ ကျွန်တော်က ဒေလီမှာသာနေရသေးတယ်။ တတွေကို တစ်လုပ်ထားလို့ လက်တလုံးစာ ပိုထူသွားတယ်။ ဈေးနှုန်းတင်လို့ ကောင်းတာပေါ့။ ဆရာတင်မိုးက ဒေါက်တာဂျော်နီကဗျာမှာ တစ်တွေမရေးပါ။ တလနှစ်လ၊ သုံးလေးလမှာ တခါတရံ၊ အင်းယားကန်မှာ မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ ကောင်းကင်ပြာက၊ ဟိုမှာတလုံး သည်တလုံးဟု၊ ကြယ်ကုံးရေတွက် တညနေက တစ်တွေမဟုတ်ပါ။ ဆရာတင်မိုးထက် သတ်ပုံတော်သူတွေရေးတဲ့ စာတွေရော ကဗျာတွေရောကို ကျွန်တော်က မဖတ်တတ်ပါ။ တခါတရံ အင်းယားကန်မှာ https://doctortintswe.blogspot.com/2017/08/blog-post_60.html ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၈

SOL Liver အသည်းအကျိတ်

Image
အသက် ၆၁၊ မ (ဇနီး)၊ ဆီးချို/သွေးတိုး ရှိ၊ ဆီးချိုနှင့် အထွေထွေ အထူးကုနှင့် တလတကြိမ် ပြလျက်ရှိ၊ သောက်ဆေး metformin dank တနေ့ ၂ ကြိမ်၊ amlosun 5၊ HIV, HBs နှင့်HCV မရှိပါ၊ fatty liver ရှိပါတယ်၊ အခု အသည်းမှာ အကျိတ် (7.2cm × 8.2cm) တွေ့လို့ပါ ဆရာ၊ အသည်းအထူးကုက ခွဲစိတ်မှာလား၊ ဆေးဖျန်းမှာလားဆိုတာကို လူနာရှင်ဘက်ကို ဆုံးဖြတ်ခိုင်းတော့ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေရပါတယ်။ ဇနီးက ကိုယ်အလေးချိန်ကျခြင်း၊ ဖျားခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အစားအသောက် ပျက်ခြင်းတွေလည်း မရှိပါဘူး။ ဇနီးထက်ဆိုးတဲ့ လူနာတွေ အများကြီးဆိုတော့ ကျွန်တော်တို့ကို ရှင်းပြချိန် နည်းပုံရပါတယ်။ ဒါကြောင့်မို့လို့ ဆရာဆီကိုဘဲ အားကိုးတကြီးနဲ့ စာရေးမေးမြန်းလိုက်ရပါတယ်၊ အကျိုး အပြစ်များ ရှင်းပြပေးစေချင်ပါတယ် ဆရာခင်ဗျား။ CT မှတ်ချက်၊ ultra sound မှတ်ချက် နဲ့ သွေးစစ်ချက်များကို အောက်မှာ ပို့ပေး ထားပါတယ်ခင်ဗျား။ SOL Liver ဆိုတာ အာလ်ထွာဆောင်းမှတ်ချက်မှာ ရေးလေ့ရှိတယ်။ နေရာယူထားတဲ့ အကျိတ်လို့ဆိုလိုတယ်။ ယူအက်အေမှာ လေ့လာမှုတွေလုပ်တယ်။ Cirrhosis ခေါ် အသည်းခြောက်နေသူ ၄၄ ယောက်မှာ Space-occupying lesion ခေါ် SOL တွေ့တော့ အသားစဖြတ်ယူစစ်ဆေးတယ်။ လူနာ ၂၆ ယေ

Out of the EQ and IQ အီးကျူ အိုင်ကျူ ဘောင်အပြင်ကနေပြောခြင်း

Image
အရင်တခါ IQ နဲ့ EQ အကြောင်းတင်တော့ ကိုယ့်အမြင် ကိုယ့်ယူဆချက်တွေရေးလာကြတယ်။ IQ နဲ့ EQ ဝေါဟာရ အသုံးဟာ တီထွင်ကြတဲ့ ပညာရှင်တွေရဲ့ မူပိုင်စကားဖြစ်ပြီး မူပိုင်စံတွေရှိပါတယ်။ လူတွေရဲ့ဉာဏ်ရည်ကို သိပ္ပံနည်းကျ ပြောတာတွေဖြစ်တယ်။ အဲဒီစာထဲမှာ ကျွန်တော့်အမြင်အာဘော် ထည့်မထားပါ။ တချို့က ကျွန်တော့်ကို IQ ဖက်ကနေ ရေးသလိုထင်ကြတယ်။ တချို့က သူတို့သန်တာကြိုက်တာကို ရေးလာကြတယ်။ ကျွန်တော်ရေးတာက လူတိုင်းကိုယ်စီမှာ IQ ရော EQ ပါရှိနေတာပါ။ ကြိုက်တာတခုတည်းရွေးရှိတာ မဟုတ်ပါ။ IQ နဲ့ EQ အကြောင်းပြောကြရင် သူ့ဘောင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်ကနေသာ ပြောရမှာပါ။ ကနေ့မြန်မာ့ နိုင်ငံရေးမှာ ဒီမိုကရေစီဖြစ်ဖြစ်၊ လူ့အခွင့်အရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ ပြည်ထောင်စုမူဖြစ်ဖြစ်ပြောရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျော်ပြောလို့သာရသလောက်ပေမဲ့ လုပ်လို့ မရသေးသလိုပါပဲ။ IQ နဲ့ EQ ခွဲပြောတာ ဟုတ်ပါ့မလား။ လူတွေရဲ့ဉာဏ်ရည်ကိုပြောရင်တော့ IQ နဲ့ EQ ကနေကျော် ပြောရပါတော့မယ်။ လူတဦးရဲ့ဉာဏ်ရည်နဲ့ အောင်မြင်မှုကို နှိုင်းယှဉ်ပြောကြတယ်။ ဘာကတော်လို့၊ ဘာကကောင်းလို့ဖြစ်တယ်။ CEO လို စီးပွါးရေးလုပ်ငန်းတွေမှာ ဦးဆောင်တွေကိုတမျိုး၊ နိုင်ငံရေးခေါင်းဆောင်တွေ

Zinc သွပ်ဓါတ်

Image
၁။ ဆရာရှင့် မိန်းကလေးပါ အပျိုပါ အသက် ၃၄ပါ ဖျားတာဆေးခန်းပြတော့ zinc ဓာတ်နည်းပြီး လျှာမှာ အဖြူကွက် ဖြစ်နေတယ် ပြောပါတယ်ဆရာ အဲ့ဒါဘာကြောင့်ဘာလဲနားလည်အောင်ရှင်းပြပေးစေလိုပါတယ်ရှင့် အဖျားက ၁၀၃,၁၀၂ ပါ ဘယ်ဘက်တခြမ်းပါးရိုးမေးရိုးတွေနာပြီး နှာကတဘက်ပဲစီးပါတယ်ဆရာ ဖျားစေတဲ့အကြောင်းရင်းတွေက များတယ်။ အများဆုံးဖြစ်တတ်တာက ဗိုင်းရပ်စ်တမျိုးမျိုးကြောင့်။ နောက် ဗက်တီးရီးယားတွေကြောင့်။ နှာစေးအအေးမိတာက ဗိုင်းရပ်စ်ကြောင့်။ လည်ပင်နာ အာသီးရောင်က ဗက်တီးရီးယားကြောင့် များတယ်။ ဗက်တီးရီးယားကြောင့်ဆိုရင် ပဋိဇီဝ ခေါ် ပိုးသေဆေးလိုမယ်။ ဖျားတာနာတာတိုင်း ပါရာစီတမော၊ အိုင်ဘူပရိုဖင် ဆေးတမျိုးမျိုးလိုတယ်။ လျှာဖြူတာ များသောအားဖြင့် ဖန်းဂတ်စ် ခေါ် မှိုပိုးကြောင့်ဖြစ်တယ်။ စမ်းသပ်စစ်ဆေးပေးတဲ့ဆရာဝန်က သူ့လူနာအကြောင်း ပိုသိတယ်။ ကျွန်တော်က ဆေးပညာစာသာရေးပါတယ်။ ၂။ ဆရာခင်ဗျာ အထင်ပါပုံဟာ Tiens company မှ Zinc ဓာတ်စာပုံဖြစ်ပါတယ်။ ကျတော်သိသလောက် zinc သတ္တုဓာတ် ဖြစ်တာကြောင့် 40mg ထက်ပိုမိုမသုံးစွဲသင့်ကြောင့် ဆောင်းပါးတခုမှာဖတ်ထားမိပါတယ်။ ဒါပေမယ့် ယ္ခု Zinc ဓာတ်စာဟာ Organic ကနေရတာဖြစ်လို့ ဘေးဥပဒ် မရှိဘူးလို့ သူတို့ company က တာဝန်ရှိသူကြေ

Puberty Question သက်ငယ်မိန်းကလေး မေးခွန်း

Image
ကျွန်တော်နားမလည်တာလေတွေ မေးချင်လို့ပါဆရာ။ ယခုမှ online ပေါ်မှာ ခဏခဏတွေ့ရတဲ့ သက်ငယ်မုဒိန်းမှုတွေမှာ တချို့အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေမှာ ကိုယ်ဝန်ရှိတာတို့ ကြားရတယ်ဆရာ။ ကျွန်တော်မေးချင်တာက အရွယ်မရောက်သေးတဲ့ကလေးတွေမှာ ကိုယ်ဝန်ရှိနိုင်ပါ့မလားဆရာ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။ အဲလို အွန်လိုင်းသတင်းတွေကို ပြန်မရေးပါ။ မသေချာတာတွေ။ ရာသီလာ မျိုးဥထွက်ချိန်ကစပြီး ကိုယ်ဝန်ရနိုင်ပြီ။ မိန်းကလေးတွေ ယေဘုယျအားဖြင့် အသက် ၁ဝ နှစ်ကနေ ၁၄ နှစ်မှာ အပျိုစဖြစ်ကြတယ်။ ၁၂ နှစ်ကနေ ၁၆ နှစ်ကျမှ ဖြစ်တာလည်း ရှိတယ်။ အာဖရိကန်နွယ်ဝင်အမေရိကန်မိန်းကလေးတွေက ၉ နှစ်မှာစဖြစ်ကြတယ်။ အပျိုဖြစ်စောလွန်းခြင်းဆိုတာ Precocious puberty ဖြစ်တယ်။ ဘာလို့ အဲလို တခြားမိန်းကလေးငယ်တွေထက် စောသလဲ။ အတိအကျပြောရခက်တယ်။ ဖြစ်နိုင်တာတွေတော့ ရှိပါတယ်။ - Congenital adrenal hyperplasia (CAH) ခေါ် မွေးရာပါ အဒရီနယ်ဂလင်း ပွါများနေခြင်း၊ - McCune-Albright Syndrome ဆင်ဒရုမ်း၊ - Spina bifida with hydrocephalus မွေးရာပါ ခါးရိုးဆစ်မလုံခြင်းနဲ့ ဦးနှောက်ထဲမှာ အရည်များခြင်း။ - Obesity အဝလွန်ခြင်း၊ - Social factors ဆိုရှယ်အကြောင်းခံရှိခြင်း၊ ကိုယ်လက်လှုပ

Chocolate cyst ကျွန်တော်ဘယ်လိုရေးရေး ရောင်းရပါမယ်

Image
ဆရာရှင့်သမီ:ရဲ့ဘယ်ဘက်သားဥအိမ်မှာ chocolate cyst ရှိပါတယ်ရှင့် og က ရာသီစက်ဝန်းပိတ်အောင် တားဆေးကို စားခိုင်းပါတယ်ရှင့် ၂၈လုံးပါတာကို သမီးက ၂၅လုံးအထိသောက်တယ်ရှင့် ကျန်တဲ့သုံးလုံး ကျန်တဲ့အချိန်မှာ ရာသီလာပါတယ်ရှင့် တကယ်လို့ သမီးက လုံးဝမလာအောင်လုပ်မယ်ဆိုရင် ၂၁လုံးဘဲသောက်ပီး ကျန်တဲ့ ၇လုံးကို မသောက်ဘဲ နောက်တကဒ် ၂၁လုံးကိုစသောက်ရင်ရလားရှင့် ရာသီမလာအောင် ကျေးဇူးတင်ပါတယ်ဆရာ Chocolate cyst ချောကလက် ဆစ် https://doctortintswe.blogspot.com/2014/11/chocolate-cyst.html ဟုတ်ကဲ့ပါဆရာရှင့် သမီးက ဘယ်ဘက် ovary မှာ chocolate cyst ရှိပါတယ်ရှင့် size က 3.8cm x 2.3cm ရှိပါတယ်ဆရာ ဟိုအရှေ့လက ရန်ကုန်ခဏပြန်တော့ပြကြည့်တာOG ကတားဆေးသောက်ခိုင်းပါတယ်ဆရာ ခွဲဖို့စုတ်ထုတ်ဖို့မလိုသေးဘူးတဲ့ အမကသောက်ခိုင်းလို့ fame ကထုတ်တဲ့ဆေး bio crush and soya min အပြင် turmeric powder and olive oil လည်းသောက်ပါတယ်ဆရာ အဲ့ဒီ့အပြင် သမီးထပ်ပီး life extension ကထုတ်တဲ့ vitamin d and k with sea iodine လည်းထပ်သောက်လို့ရလားရှင့် bio crush and so Yamin နဲ့တွဲပီးဆရာ သမီးက အသက် ၃၄အိမ်ထောင်သည်ပါဆရာ အခု့ မှာအလုပ်လုပ်နေပါတယ် ဒီမှာပြတာ ဈေးအရမ်းကြ

Functional Medicine ဖန်ရှင်နယ် ဆေးပညာ

Image
Functional medicine အကြောင်း ခေတ်စားနေလို့ ဗဟုသုတလေး ဖြန့်ဝေပေးပါဦး ဆရာ အကောင်းအဆိုး ချင့်ချိန်နိုင်ကြဖို့အတွက်ပါ ဆရာ မေးခွန်းတွေအရ ခေတ်စားဆိုတာတွေ၊ လူပြောများဆိုတာတွေကို ဟုတ်တယ်လို့ မထင်ပါ။ ဆောရီး။ Functional Medicine ဆိုတာ ဇီဝဗေဒကိုအခြေပြုတယ်။ ရောဂါအမည်တပ်ရာမှာ ဖြစ်စေတဲ့အကြောင်းခံ တခုမကဖြစ်နိုင်တယ်လို့ယူဆနည်းဖြစ်တယ်။ ဥပမာ စိတ်ကျရောဂါဟာ တခြားအကြောင်းအမျိုးမျိုးအပြင် အင်ဖလမေးရှင်း ခေါ် ရောင်ရမ်းဖြစ်စဉ်လည်းပါနိုင်တယ်။ အလားတူ အင်ဖလမေးရှင်း ခေါ် ရောင်ရမ်းဖြစ်စဉ်ရဲ့ အကြောင်းခံကလည်း စိတ်ကျခြင်းအပါအဝင် တခြားအကြောင်းခံတွေကနေဖြစ်စေနိုင်တယ်။ တိကျတဲ့ရောဂါအမည်တပ်ရာမှာ လူနာရဲ့ ဂျင်းန် ခေါ် မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြအနေ၊ လူနေမှုပုံစံတွေပါပါဝင်တယ်။ ကုသနည်းမှာ အကြောင်းခံအရလုပ်ပေူမှသာ ရောဂါလကဏာတွေသက်သာတာထက်လွန်ကဲပြီး အကျိုးများစေမယ်။ ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၈

Alternative Medicine ဘိုဆေးနဲ့ ဗမာဆေး

Image
ဆရာရှင့် English ဆေး နှင့် Burma ဆေးတွဲသောက်လို့ရလားရှင့် တွဲသောက်လိုတဲ့ English ဆေး နှင့် Burma ဆေးတွေရဲ့ အမည်သိပါသလား။ လူနာ ကျား-မ သိစရာလိုတယ်။ အသက်လိုတယ်။ ရောဂါအစစ်အမှန်အမည် သိစရာလိုတယ်။ ရမ်းဖြေလို့ မရ။ ဗမာဆေးဆိုတာ ဘာလဲ မေးရဦးမယ်။ တိုင်းရင်းဆေး၊ ဟာဗယ်ဆေး၊ ဆေးမြီးတို၊ လမ်းဘေးဆေး၊ အရပ်ဆေး။ နောက်ပြီး အာယုဗေဒဆေး။ တရုပ်ဆေး။ ကုလားဆေး။ ကိုရီးယားဆေး။ ဂျပန်ဆေး။ အာရတ်ဆေး။ ဟိုဆေး သည်ဆေး။ နိုင်ငံပေါင်းက ၁၉၅ နိုင်ငံ။ နိုင်ငံတခုမှာ ဆေးနည်းက ရေတွက်မရအောင်များတယ်။ ဆရာဝန်ဆေးနည်း မဟုတ်တိုင်းတော့ ဘားမားဆေးလို့ ခေါ်တာမသင့်။ Alternative medicine ဆေးကုနည်းမှာ တခြားနည်းလမ်းတွေရှိပါတယ်။ • Herbal medicine အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေက ထုတ်တဲ့ဆေးတွေ၊ • Traditional Chinese medicine တရုပ်တိုင်းရင်းဆေးတွေ၊ • Homeopathy ဟိုမီယိုပသီဆေးတွေ၊ • Naturopathic medicine သဘာဝဆေးတွေ။ • Acupuncture အပ်စိုက်နည်း၊ • Chiropractic and Ayurvedic အာယုဗေဒနည်း၊ • Energy medicine အင်နာဂျီဆေးတွေ၊ • Magnetic field therapy သံလိုက်ဓါတ်သုံး ကုသနည်း၊ • Aromatherapy အမွေးနံ့သာနဲ့ ကုသနည်း၊ • Oxygen therapy အောက်စီဂျင်သ

Book Donation စာအုပ်အလှူ

Image
မင်္ဂလာပါဆရာ အမည့့် နေရပ် အရာတော်မြို့နယ်ကပါ အသက် 26yrs ရွာမှာစာကြည့်တိုက်ဖွင့်မှာမို့ စာအုပ်လှူချင်လို့ပါ။ ကလေးရော လူကြီးတွေအတွက်ပါ ဘယ်လိုစာအုပ်မျိုးတွေလှူသင့်လဲဆိုတာကို အကြုံပြုပေးစေချင်ပါတယ်။ ကောင်း။ ဆရာ့သဘောကတော့ စာအုပ်တွေက ဟောင်းလေ ကောင်းလေ။ ပြန်ထုတ်စာအုပ်တွေမှာ ၉၉% က ပေါ်လစီသတ်ပုံတွေနဲ့။ ရှောင်မရ ပြေးမလွတ်။ မတတ်နိုင်။ စာအုပ်ဆိုတာ စုံလေကောင်းလေ။ ကာတွန်းကနေ စွယ်စုံကျမ်းအထိ အသုံးဝင်ပါတယ်။ စာအုပ်လှူတာကို အလွန်အားပေးတယ်။ ကွန်ဂရက်ကျူလေးရှင်း။ ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၈

Policy Books ပေါ်လစီစာအုပ်များ

Image
ကွန်မင့်တခုကို အင်္ဂလိပ်လိုရိုက်ထားပြီး ပုံနဲ့တွဲပို့ပါတယ်။ ပုံထဲမှာ တထောင့်တညပုံပြင်များစာအုပ် လေးတွဲပုံကို တွေ့ပါတယ်။ အဖုံးတိုင်းက သတ်ပုံအမှားကိုလည်း တန်းမြင်ပါတယ်။ ကျွန်တော်ကပါ အင်္ဂလိပ်လိုပြန်ရေးလိုက်ပါတယ်။ I prefer to the termite eaten old books than the brand new look-good laser-printed ones with policy spellings. ကျွန်တော်ကတော့ ခြထိုး၊ ပိုးဟပ်စားနေပေမဲ့ သတ်ပုံမှန်တဲ့စာအုပ်ဟောင်းတွေကိုသာ တန်ဖိုးထားတယ်။ လေဆာ ပရင်တာနဲ့ ကွန်ပြူတာစာစီထားတဲ့စာအုပ်သစ်တွေကို စာအုပ်စဉ်မှာ တင်မထားချင်ပါ။ လက်ဆောင်လည်း မရချင်ပါ။ ရုပ်ရှင်တွေမှာသာ မဟုတ်ပါ၊ မြန်မာစာနဲ့ စာအုပ်တွေလည်း ပေါ်လစီထုတ်တွေ များလွန်လွန်းလှတယ်။ အရင်က အမိန်နဲ့ခိုင်းတယ်။ အခုက လုပ်ပိုင်ခွင့်နဲ့ခိုင်းတယ်။ ပျက်စီးတာခြင်း အတူတူပါပဲ။ ဒေါက်တာတင့်ဆွေ

သည်ရင်း

Image
ဆရာ မြင်စိုင်းရွှေပြည် ကဗျာမှာ ဟုတ်တည်း သည်ရင်း သည်ရင်း လို့ပါတယ်။ အဲဒီသည်ရင်းကို သူတို့က မယားလို့ အနက်ဖွင့်တယ်။ ဒီနှစ်ကျမှ ဖွင့်တာဆရာ။ ပေါရာဏလို့ သူတိုပြထားတယ်။ အဲဒါလေ ဝေဖန်ပေးပါဦးဆရာ။ ကျေးဇူးပါ။ သည်ပင် = သည်မျိုး = သည်ရင်း = သည်ရန် = သည်လျာ = စည်တောင်း = မယား-လင် (သယ်သံထွက်)။ သည်ရင် = ဆွေးသည်၊ မယား-လင် မင်စိုင်းရွှေပြည် ကာချင်း တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်း သည်ရင်း သည်ရင်း။ မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်။ မြင်စိုင်းရွှေမြေ ပန်းသင်းခွေ ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။ တောင်လေရှုန်းရှုန်း၊ မိုးခတ်အုန်း ကင်းပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။ နွယ်ပန်းခွာညို၊ ပွင့်ပေလို ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။ တောင်ထွက်ဖျားဆီ၊ ရွှေစာတီ သရီရ ဓာတ်စွယ်၊ ဓာတ်စွယ်။ ယာဆီမြေကောင်း၊ ကျသည့်ပြောင်း မနှောင်းမှည့်ဆောလွယ်၊ မှည့်ဆောလွယ်။ ခါနှင့် ဘုတ်ချိုး၊ ကြက်တောမျိုး လိုစိုးကျက်မြေကျယ်၊ ကျက်မြေကျယ်။ ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး စာနွေးစားလိုဖွယ်၊ စားလိုဖွယ်။ ယရည်းသွန်းသွန်း၊ မြင်းသည်ဝန်း လှံချွန်းတွန်းတက်ပယ်၊ တွန်းတက်

New books ဘုတ်အုပ်သစ်များ

Image
စာအုပ်သစ်တွေ ဘုတ်အုပ်သစ်တွေမှာ စလုံးတွေကများလှတယ်။ စလုံးဆိုတာ စင်္ကာပူမဟုတ်။ တစသတ်တွေဟုတ်။ တကျွန်းပြန်ကရေးလည်း စသတ်နေလိုက်တာ ဂျွမ်းကိုပြန်လို့။ ကျွန်းဆိုတာ ရေလယ်ခေါင် သောင်ထွန်းတဲ့ ကျောက်ပြင် မဟုတ်၊ ကိုကိုးကျွန်းဟုတ်။ အမြစ်ကနေလှန်ပြလို့ ပုတ်သင်ဥပေါ်၊ ဘောင်းတော်ညိတ်၊ စိတ်တော်သိသူများအလုပ်။ ဘောင်းတော်ညိတ်ဆိုတာ ဘုရားထူး အဘခေါ်သူဟုတ်။ မော်ဒန်စာရေးဆရာ၊ ကဗျာဆရာတွေရဲ့စာအုပ်တွေကို ဟိုခေတ်ကမော်ဒန်ကာတွန်းနဲ့ မလဲချင်တာဟုတ်။ အဲလိုမြန်မာစာအုပ်တွေက (ကန်တော့ပါ) ပုဂံဘုရားတွေလို လက်ညှိုးထိုးမလွဲ များလှတာဟုတ်။ စစ်တွေနဲ့နေခဲ့ရတဲ့တိုင်းပြည်မှာ တစ်တွေနဲ့သာရေးတတ်ကြတော့တာ ဟုတ်။ စစ်တွေဆိုတာ မြို့ မဟုတ်။ တစ်တွေဆိုတာ အိုအင်န်အီး ဝမ်းမဟုတ်။ စသတ်ခိုင်းတဲ့ နံပါတ်ဝမ်းကြီး ဟုတ်။ ဒေါက်တာတင့်ဆွေ

ရောက်ရား

Image
အတွေ့ ရုပ်ရှင်ကားမှာ မင်းသမီးစံရှားတင် အဖေနေရာက ပြောသွားတဲ့ နောက်မှရောက်ရားဆိုတဲ့ ဒိုင်ယဲလာ့ဂ် (Dialogue) က နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ဆိုလိုရင်းမျိုးလို့ စိတ်ထဲ မှတ်လိုက်မိတယ် (ယောက်ယား လို့ ပြောတာတော့ မဟုတ်လောက်ပါဘူး) အဲ့ဒီ ရောက်ရားကရော သတ်ပုံပြဋ္ဌာန်း ရှိပါသလား အရပ်သုံးစကားသက်သက် သုံးတဲ့ အသုံးလား သိချင်ပါတယ်ရှင့်။ ကျွန်တော်လက်လှမ်းမီသလောက် သတ်ပုံစာအုပ်တွေမှာတော့ မတွေ့ပါ။ ရောက်တတ်ရာရာနဲ့ ရောက်ရာပေါက်ရာလို့သာ တွေ့တယ်။ သုမောင်ရေးတဲ့ ခွေးချော်လဲအိမ်ထဲမှာ - နောင်မှ တဖြည်းဖြည်းချင်း ရောက်ရားဟု သဘောထားသည်လို့ရေးတယ်။ ဆရာမောင်စွမ်းရည်ရေးတဲ့ မောင်မိုးသူ အသက် ၆၀ ပြည့် မွေးနေ့တုန်းက အပယ်ခံကဗျာထဲမှာ - ဟေ့ သူငယ်ချင်း မင်းပြောတဲ့ ငါ့မွေးနေ့ မင်းမမေ့ရင်၊ ငါမမေ့ပါဘူး မေ့လဲ မေ့တယ်ပဲထား ကဲ မင်းဘာစားမလဲ ငါ ဘာစားမလဲ ဘာပဲစားစား၊ နောက်မှ ရောက်ရား အကြွေးစားကြစို့ လူသားမို့ အကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ် ရှင်ဘုရင်မဆပ်လဲ မင်းဆပ်ပေါ့ကွာ လာ သွားကြစို့ လာ စားကြစို့ တဲ့။ ရောက်ရားဆိုတာ ဖြစ်လာတဲ့အခြေအနေအရ ကြည့်လုပ်မယ်။ မီးစင်ကြည့်ကမယ်ဆိုတဲ့သဘောဖြစ်ပါမယ်။ ကျွန်တော်မှားရင် ပြင်ပါမယ်။ ဒေါက်တ

Detoxing Scam ကိုယ်ထဲမှာ အဆိပ်တွေမရှိပါ

Image
၁။ ဆရာခင်ဗျာ ကျွန်တော်အသက် ၃၅နှစ်ပါ ခုကျွန်တော်ဆီးကျောက်တည်နေလို့ ဆေးစားတာ ၂၅ ရက်ရှိပါပြီ ဆေးစစားပြီး ၁ပါတ်လောက်ကတည်းက ပက်လက်လှန်အိပ်တဲ့အချိန်ထထိုင်တဲ့အချိန်တွေမှာ ခေါင်းမူးလို့ပါဆရာ ဆီးလမ်းအထူးကုဆရာဝန်ကညွှန်တာ ဟုတ် မဟုတ် မသိ။ ဆေးအမည် မသိ။ ၂။ အသက် ၂၅ ကျား အပေါ်သွားအခေါင်းပေါက်ဖြစ်ပီးသွားကိုက်နေသောကြောင့် သွားအကြောသတ်ခြငိးဖြင့်ကုပါမည် သွားကို အကြောသတ်ကုသခြင်း ၏ ဆိုးကျိုးနှင့်ကောင်းကျိုးများသိချင်ပါသည် အပေါ်သွားဖြစ်သောကြောင့်မည်သည့် side effect များဖြစ်နိုင်ပါသလဲ သွားကို အကြောသတ်ကုသခြင်းဆိုတာ မကြားဖူး။ သွားအထူးကုဆရာဝန်ကလုပ်ပေးတာ ဟုတ် မဟုတ် မသိ။ ၃။ ဆရာရှင့် ကျွန်မအသက် ၂၇ပါ။ သားလေးကအခု ၅လပြည့်ပြီးပါပြီရှင့် ။ မိခင်ခန္ဓာကိုယ်ထိန်းရန် detoxing လုပ်ခြင်းသည် ကလေးကျန်းမာရေးနဲ့အာဟာရအတွက် ထိခိုက်နိုင်ပါသလားရှင့်။ ပိန်ဆေးတွေသုံးစွဲရင်လည်း ကလေးအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲရှင့်။ သားလေးကအခုထိမိခင်နို့တမျိုးတည်းစို့ပါတယ်။ အခုတလော ဘယ်ဘက်ကိုမစို့တော့ဘဲညာဘက်ချည်းစို့နေပါတယ်။ ပုံမှန်စို့နေကျအတိုင်းစို့ပေမယ့် သူ့အတွက်အာဟာရနည်းနိုင်သလား ဘယ်လိုမျိုးပြုပြင်လျှင် ဘယ်ဘက်ကိုပါပြန်စို့နိုင်သလဲရှင့်။ သားလေးနိ

ခြာ ခြား

Image
သားဆက်ခြာလား၊ သားဆက်ခြားလားဆရာ။ ခြာကို အဘိဓာန်မှာ ကြိယာအနေနဲ့ တဆက်တည်းမဟုတ် အကြားလပ်သည်။ သား၊ သမီး__။ ခြားကိုတော့ ကြိယာအနေနဲ့ပဲ ပိုင်းကန့်သည်။ တသီးတသန့် ဖြစ်စေသည်။ ကွဲပြားသည်။ တမျိုးတဖုံဖြစ်သည်။ ခြားနားသည်လို့ ဖွင့်ဆိုထားလို့ပါ။ သားဆက်ခြားလား၊ သားဆက်ခြာလားဆရာ။ ခြာ ခြာ = ကြိယာ = တဆက်တည်းမဟုတ် အကြားလပ်သည် ချက်ချက်ခြာခြာ တရက်ခြာ မွဲခြာသည် သားသမီးခြာသည် သားဆက်ခြာ အချက်အခြာ အချုပ်အခြာ အခြာ = အထူးထင်ရှားသည် ဒေါက်ခြာ ကြောင်းခြာ တချုပ်တခြာ ကြီးအာဏာနှင့် သေချာစည်းကြပ် ထိုမျှရာဇာ စောချုပ်ခြာတို့ သင်္ချာသရုပ် ခြား ခြား = ကြိယာ = ပိုင်းကန့်သည် တသီးတသန့်ဖြစ်စေသည် ကွဲပြားသည် တမျိုးတဖုံဖြစ်သည် ခြား = အကြား ကင်းပုံလက်ခြား ခွဲခွဲခြားခြား ခွဲခြား ခွဲခြား တခြားစီ တခြားတပါး တရံမခြား တသီးတခြား တနေ့တခြား ထူးမခြားနား ထူးခြား ပိုင်းခြားသည် ခြားကန်သင်း ခြားနားချက် ခြားနားခြင်း ခြားသန့် လက်တလုံးခြား လက်ခြား လက်ခြားရွက် လိမ္မာရေးခြား လူမျိုးခြား သီးခြား သီးခြား ခြားထားသည် အခြားမဲ့ အခြားသောသူ ခြေခြားရွာ နိုင်ငံခြား ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၈

ကျော့ နှင့် ကြော့

Image
မင်္ဂလာပါ ဆရာရှင့်။ ကြော့ နဲ့ ကျော့ ဘယ်နေရာမှာ ဘယ်လိုသုံးလဲ သိချင်လို့ပါရှင့်။ သမီးလေးနာမည် ကျော့ကျော့ ပေးထားတာကို တချို့က ကြော့ကြော့ လို့ရေးနေလို့ အမှန်သိချင်လို့ပါရှင့်။ လေးစားလျက်။ ကျော့ ဆင်ကျော့ဖမ်း ဆန်စသည်ကျော့ယူ တပတ်ကျော့ တကျော့နှစ်ကျော့၊ ထပ်ကျော့သည် ကျော့ကွင်း ကျော့ချည် ကြော့ ကြမ်းကြော့ လှပကြော့ရှင်း လူပေါ်ကြော့ ကြော့ကြမ်း ကြော့ရှင်း ကြော့မော့ ကျော နက်ကျော၊ မာကျော၊ သင်းကျောစင်ကြယ်၊ အကျောပေး ။ ကျောကုန်း ကျောက်ကျောမုန့်၊ ကျောခိုင်း ကျောချမ်း ကျောပူခေါင်းပူ ကျောရိုး ကျောထောက်နောက်ခံ သျှောင်ကျောထုံး၊ ကြော ကမြင်းကြောထ၊ ကျဉ်ကြော၊ စကားကြောရှည်၊ စစ်ကြောမေးမြန်း၊ ဇက်ကြော၊ ဇမ္ဗူတကြော၊ ဇာတ်ကြောရှည်၊ ထန်းကြောဖျာ၊ နန့်ကြောဆွဲ၊ ပျင်းကြောဆွဲ၊ မျက်ကြောတင်း၊ မျက်နှာကြောမတည့်၊ ယာဉ်ကြော၊ လက်ကြောမတင်း၊ အပေါ်ယံကြော၊ အကြောမျက်၊ အကြောအခြင်၊ ဆေးဖော်ကြောဖက်၊ ဆေးကြော၊ တောင်ကြော၊ နောက်ကြောတက်၊ မြေကြောရှုံ့၊ ရေကြေ မြေကြော ရေကြောမြေကြောလိုက်၊ သွေးကြောလေကြော၊ အော့ကြောလန် နှီးကြောဖျာ၊ ဒေါက်တာတင့်ဆွေ

မြန်မာ့လွတ်လပ်ရေး တစ်ကယ်ပဲ မဟုတ်

Image
ဆို့ ရဲဘော်ခင်မောင်လှနှင့် အဖွဲ့ (မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂ x x x ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်၊ ငါတို့မြန်မာပြည် မိဘတိုင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဘို့မွေးရမယ်၊ သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်းမြန်မာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေအောင်ပန်းဆွတ်ကြလေပြီကွယ် (သံပြိုင်) (ရာဇဝင် အထုပတ္တိလဲရှိရမယ် မော်ကွန်းလဲ ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂ x x x တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ မျိုးဇာနည်နွယ် လွတ်လပ်ဘို့ တို့များကို ကျွန်တွင်းမှကယ် ဒို့ဗမာတွေစိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ် x x x မြန်မာ့နိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်ပေတယ် နေမျိုးသာကီ မြန်မာပြည်လက်ရုံး ကမ္ဘာနိုင်ငံအလုံး ထင်ပေါ်စေမယ် စိတ်အားသန်သန် မာန်ကိုမလျော့တယ် ငါတို့လူမျိုး တန်ခိုးရှိဘို့ သူရဲကောင်းတွေစုံညီတယ် တကယ်ပင် သတိုးမဟာဗန္ဓုလနှယ် စွမ

Wheat allergy ဂျုံနဲ့ မတည့်ခြင်း

Image
ဆရာ ကျွန်တော်အသက်၂၈နှစ်ပါ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ၅ လပိုင်းလောက်ကစပြီး ပေါင်မုန့်စား လိုက်တာနဲ့ ယားဘုသေးသေးလေးတွေ တကိုယ်လုံးထွက်လာပါတယ် နောက်ပိုင်းဂျုံနဲ့ပက်သက်တာ စားတာနဲ့ ယားဘုတွေက ပိုကြီးလာတယ် ၂၀၁၇ကဆို ရွှေကြည်မုန့် စားမိတာ သွေးပေါင်ထိုးကျ ပြီး နှလုံးခုန်နှုန်း ၁၆၀ ဖြစ်ပီးထဲက ဂျုံ နဲ့ပက်သက်တာ အကုန်ရှောင်လိုက်ပါတယ်ဆရာ သိချင်တာက တသက်လုံးစားလာတာ ဘာမှမဖြစ်ပဲ ကျွန်တော်အသက် ၂၆ နှစ်လောက်မှဖြစ်တာ ဘာလို့လဲဆရာ ကျေးဇူးတင်ပါတယ်။ Gluten ဂလူတင်ဓါတ်ဆိုတာ ဂျုံ၊ ဘာလီနဲ့ ရိုင်းစပါးတွေမှာပါတယ်။ Celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။ စီးလီးယက်နဲ့ ဂျုံအလာဂျီနဲ့ မတူပါ။ စီးလီးယက်ရောဂါရှိသူ ကိုယ်အလေးချိန်ကျမယ်။ အန်မယ်။ ဗိုက်ကယ်နေမယ်။ ဗိုက်နာမယ်။ ဝမ်းပျက်လိုက် ချုပ်လိုက်ဖြစ်မယ်။ ဝမ်းအရောင် ပျော့မယ်။ အဆီများပြီး အနံ့ပိုဆိုးတယ်။ ဂျုံနဲ့လုပ်ထားတာစားတိုင်း မတည့်ဖြစ်မယ်။ တချို့က အနံ့ရတာနဲ့ ဖြစ်တယ်။ မတည့်သူ ဂျုံကို အမြဲရှောင်ရမယ်။ ဂျုံနဲ့လုပ်တဲ့အစားအစာတွေကများတယ်။ ဂျုံအလာဂျီမတည့်တာဖြစ်ရင် အလာဂျီဖြစ်စဉ်ရမယ်။ ယားမယ်။ ရောင်မယ်။ ပါးစပ်နဲ့ လည်ချောင်းမှာ နေမထိထိုင်မသာ

ယောက် နှင့် ရောက်

Image
ဆရာ မင်္ဂလာပါ ကျွန်တော့အသက် ၄၀ နှစ်ပါ ညအိပ်ပျော်နေရင်း အာခေါင်ခြောက်လို့ပါဆရာ ဘယ်ဘက်လည်ပင်းနဲ့ ဘယ်ဘက်ချိုင်းနားတလျောက်နာကြင်မူ့လည်း ဖြစ်ပေါ်နေပါတယ်ဆရာ ရိုသေစွာဖြင့် မေးလိုက်ပါတယ်ခင်ဗျာ သား ၁ရောက် အိမ်ထောင်သယ်ပါဆရာ။ နာကျင်မှုလို့ရေးရတယ်။ တယောက်လို့ရေးရတယ်။ မှုမှာ (့) မလိုအပ်ပါ။ ယောက် ခွက်ယောက်ပန်းကန် ဂယောက်ဂယက် တညင်းလုံးယောက် တယောက် နှစ်ယောက် ပုဆိုးကိုလည်မှာ ယောက်သည် ရက်ဖေါက်ယောက် သယောက် = လင်စောင် လင်ငယ် ဟင်းမွှေယောက်မ ယောက္ခမ ယောက်ခမ ယောက်ချို ယောက်ဖ ယောက်ဖခွေးခေါ်ငှက် ယောက်မ (ဆွေမျိုးဆက်) ယောက်ယက်ခပ်သည် ယောက်ယက်ဆန်သည် ယောက်ယား = ယောက်ျား ယောက်ယီးယောက်ယက် ယောက်ရိုးတံ ယောက်လုံး ယောက်လည်တံ ယောက်သွား ယောက်စောက်မြို့ ယောက်ျား သေယောက်မြို့ ရောက် ခရီးရောက်မဆိုက် ဆိုက်ရောက်သည် ကြားရောက် လာရောက် သွားရောက် အရောက်အပေါက် အဝေးရောက် ရောက်ချင်သည် ရောက်စိမ့်ရည်၍ ရောက်ဘူးသည် ရောက်ရှိသည် ရောက်ရာဘဝ ရောက်ရာပေါက်ရာ ရောက်အောင်သွား ဒေါက်တာတင့်ဆွေ

သုဝဏ္ဏသာမဇာတ်တော်ကား ဤသို့တည်း

Image
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အနီး၌နေသော ဒဂါမခေါ် ရွာတရွာတွင် တံငါသည်ကြီးတဦးရှိသည်။ ထိုရွာ၏တဖက်ကမ်းတွင်လည်း တံငါသည်ကြီးတဦးရှိလေရာ ထိုသူနှစ်ဦးတို့သည် မိတ်ဆွေဖြစ်ကြသည့်အလျောက် မိမိတို့၏သားနှင့်သမီးတို့ကို လက်ထပ်ထိမ်းမြားရန် ကတိထားကြလေသည်။ တယောက်သောအမျိုးသားအိမ်၌ ဒုကူလသတို့သားကို ဖွားမြင်၍ တယောက်သောအမျိုးသားအိမ်၌ ပါရီကာသတို့သမီးကို ဖွားမြင်သည်။ ထိုသူတို့ အရွယ်ရောက်သောအခါ ကတိရှိသည့်အတိုင်း ထိမ်းမြားပေးကြသည်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၅၈) ရွာတစ်ရွာတွင် မဟုတ်။ တံငါသည်ကြီးတစ်ဦး မဟုတ်။ တစ်ဖက်ကမ်းတွင်လည်း မဟုတ်။ တစ်ယောက်သော အမျိုးသားအိမ်၌ မဟုတ်။ ခေတ်သစ်သုဝဏ္ဏသာမများကား မိခင်ဘာသာစကားကို လုပ်ကြံကြကုန်၏။ ဒေါက်တာတင့်ဆွေ

The exiles ဇာတ်သိမ်းမလှတဲ့ ပြည်ပနိုင်ငံရေး

Image
ပြည်ပနိုင်ငံရေးဇာတ်ခုံမှာ ဝါအရပြောရင် ကျွန်တော်တို့က အကြီးဆုံးမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့၊ ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့ခေတ်မှာပါ။ ဒိနောက်ရောက်လာတဲ့ အုပ်စုတွေလည်း ရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု။ နောက်ဆုံးမှာ နိုင်ငံရေးနဲ့လားလားမှမဆိုင်ဘဲ ရောက်လာသူတွေကနေ ကြီးစိုးလာတယ်။ ဒီမိုကရေစီဓါတ်ပုံတွေထဲမှာတော့ ရှေ့ဆုံးတန်းကနေကြတယ်။ ယူအင်တို့ အင်ဂျီအိုတို့က အဲတာမျိုး အလွန်သဘောကျတယ်။ သူတို့ကို လူဟောင်းတချို့က နောက်လိုက်စုကြတယ်။ ဘာသာရေးခေါင်းစဉ်အောက်ရောက်ရင် နိုင်ငံရေးကို ခါးခါးသီးသီးရန်တွေ့ပြီး၊ နိုင်ငံရေးမှာနေရာပေးရင် ထိပ်ဆုံးက ရချင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတယ်။ နိုင်ငံရေးအုပ်စုထဲမှာကလည်း အမျိုးမျိုး။ အသက်မွေးမှု မတူတာ၊ ပညာရေးနဲ့ လေ့လာမှု မတူတာ၊ ရည်ရွယ်ရင်း မတူတာ၊ အဲတော့ အခြေအနေကို သုံးသပ်မှုမတူတာတွေရှိပါတယ်။ ဟီးရိုးလုပ်ချင်သူဆိုတာ တကယ်ပါတယ်။ အာဏာရှင်ကို အော်ကြီးဟစ်ကျယ် ဆန့်ကျင်ပြတဲ့သူတချို့ အာဏာရှင်ကအရေးမလုပ်တော့ ဘေးကလူတွေကို လိုက်တုတ်တယ်။ ကျောင်းသားအုပ်စုထဲမှာ အတွေ့အကြုံများလာတော့ တိုးတက်လာသိမြင်လာကြသူတွေ တချို့ရှိတယ်။ ချီးကျူးတယ်။ ကြီးမို

Human Brain and Emotion ချစ်တာနဲ့ မေတ္တာ ဘယ်ကလာသလဲ

Image
ဝါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့လို့ သိရတယ်။ မေတ္တာအကြောင်း ဆေးပညာရှုဒေါင့်က ရေးပါရစေ။ ဆရာရှင့် ကျွန်မသိချင်တာကို ဆရာကသိနေသလို အချိန်ကိုက်တင်ပေးလိုက်သလိုပါ။ မိခင်က သားသမီးကို ချစ်တဲ့စိတ်က ဆေးပညာအလိုဆို ဘယ်နေရာကနေ လှုံ့ဆော်လာတာလဲရှင်။ မေးခွန်းမေးတာ အမှားပါရင် ခွင့်လွှတ်ပါရှင်။ စိတ်လှုပ်ရှားမှုတွေကို ဆေးစာနဲ့ဆို Emotions အီမိုးရှင်းတွေလို့ခေါ်တယ်။ ချစ်စိတ်၊ ကြောက်စိတ်၊ ဒေါသစိတ်၊ လိင်စိတ်တွေ အကြုံးဝင်တယ်။ ဦးနှောက်ရဲ့ Limbic system လင်းဘစ်စနစ်ကနေလုပ်ဆောင်ပါတယ်။ Temporal lobe နားထင်ပိုင်းမှာရှိတယ်။ ဦးနှောက် နေရာအမျိုးမျိုးကနေ စိတ်လှုပ်ရှားမှုတွေကို ဖြစ်စေတယ်။ Amygdala နေရာက အဓိကကျတယ်။ သူ့ဆီကို မှတ်မိခြင်းနဲ့ သတိထားခြင်း အချက်ပြတွေလာတယ်။ အဲတာတွေကို ပရောဆက်စ်ဇင်း ခေါ် ဆက်တိုက်ဖြစ်စဉ်တွေ လုပ်ပေးတယ်။ Hippocampus ဟစ်ပိုသဲလ်မတ်စ် နဲ့လည်းဆိုင်တယ်။ Hippocampus ဟစ်ပိုသဲလ်မတ်စ်က မှတ်ထားနိုင်စွမ်းနဲ့ဆိုင်တယ်။ ဘယ်နဲ့ညာရှိတယ်။ အဲတာပျက်သွားသူ ဘာတခုမှ မမှတ်မိတော့ပါ။ ဟစ်ပိုသဲလ်မတ်စ်ကနေ Amygdala ဆီ အချက်ပြတွေ ပို့ပေးတယ်။ အရင်က အတွေ့အကြုံ မှတ်ဉာဏ်ကို အသုံးပြုတယ်။ Prefrontal Cortex နဖူးနားက ဦးနှောက်နားက