မြန်မာစာ ကြေးအိုး

ဆရာရှင့် မင်္ဂလာပါ မြန်မာလက်ရေး အစွဲအငင် ပုဒ်ဖြတ် ပုဒ်ရပ် ဝါကျကို ဘယ်လိုရှင်းလင်းပြသနိုင်မလဲရှင့် မူလတန်းအောက်ဆင့် မူလတန်းအထက်ဆင့်မှ ဘယ်သင်ခန်းစာနဲ့ ဥပမာပေးရှင်းလင်းသင့်လဲရှင့်

မြန်မာစာသင်ကြားနည်း ကျွန်တော်တို့ခေတ်နဲ့ မတူတော့ဘူးလား မသိပါ။ ရေးတင်လို့လည်း ဖတ်ချင်သူ ရှားလောက်တယ်။ မေးတဲ့သူဆီသာ ပို့ရမှာ။ ဖတ်ပြီး လွဲနေတာကိုပြင်မဲ့သူက မရှိသလောက် နည်းတယ်။

အိုးရွဲ့နဲ့ စလောင်းရွဲ့ခေတ်ဖြစ်နေပြီ။ တကယ်တော့ မြန်မာစာဟာ မြေအိုး မဟုတ်ပါ။ ကြွေအိုး မဟုတ်ပါ။ ကစားစရာ အိုးပုတ်လည်း မဟုတ်ပါ။

ရွှေအိုးမဟုတ်တောင် ကြေးအိုးနဲ့တူတယ်။ ကြေးကို အရောင်တင်ပေးရင် ဝင်းလက်လာမယ်။ မြန်မာစာ ပြန်လည် ဝင်းပလာပါစေသတည်။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး