ခြာ ခြား

သားဆက်ခြာလား၊ သားဆက်ခြားလားဆရာ။ ခြာကို အဘိဓာန်မှာ ကြိယာအနေနဲ့ တဆက်တည်းမဟုတ် အကြားလပ်သည်။ သား၊ သမီး__။ ခြားကိုတော့ ကြိယာအနေနဲ့ပဲ ပိုင်းကန့်သည်။ တသီးတသန့် ဖြစ်စေသည်။ ကွဲပြားသည်။ တမျိုးတဖုံဖြစ်သည်။ ခြားနားသည်လို့ ဖွင့်ဆိုထားလို့ပါ။ သားဆက်ခြားလား၊ သားဆက်ခြာလားဆရာ။

ခြာ
ခြာ = ကြိယာ = တဆက်တည်းမဟုတ် အကြားလပ်သည်
ချက်ချက်ခြာခြာ
တရက်ခြာ
မွဲခြာသည်
သားသမီးခြာသည်
သားဆက်ခြာ
အချက်အခြာ
အချုပ်အခြာ
အခြာ = အထူးထင်ရှားသည်
ဒေါက်ခြာ
ကြောင်းခြာ

တချုပ်တခြာ ကြီးအာဏာနှင့် သေချာစည်းကြပ်
ထိုမျှရာဇာ စောချုပ်ခြာတို့ သင်္ချာသရုပ်

ခြား
ခြား = ကြိယာ = ပိုင်းကန့်သည် တသီးတသန့်ဖြစ်စေသည် ကွဲပြားသည် တမျိုးတဖုံဖြစ်သည်
ခြား = အကြား

ကင်းပုံလက်ခြား
ခွဲခွဲခြားခြား
ခွဲခြား
ခွဲခြား
တခြားစီ
တခြားတပါး
တရံမခြား
တသီးတခြား
တနေ့တခြား
ထူးမခြားနား
ထူးခြား
ပိုင်းခြားသည်
ခြားကန်သင်း
ခြားနားချက်
ခြားနားခြင်း
ခြားသန့်
လက်တလုံးခြား
လက်ခြား
လက်ခြားရွက်
လိမ္မာရေးခြား
လူမျိုးခြား
သီးခြား
သီးခြား ခြားထားသည်
အခြားမဲ့
အခြားသောသူ
ခြေခြားရွာ
နိုင်ငံခြား

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး