Posts

Showing posts from March, 2019

အတုနှင့်အစစ်

Image
အခါတပါး သိင်္ဂဗိုလ်သည် တူရွင်းထမ်း၍လို့ပါရှိတာကို အခါတစ်ပါး သိင်္ခဗိုလ်သည် တူရွင်းထမ်း၍လို့ ပြင်ရေးထားတယ်။ မလုပ်ကောင်းပါ။ သိင်္ဂဗိုလ် နဲ့ သိင်္ခဗိုလ် ကလည်း မှားနေသေး။ ဆေးအစစ် နဲ့ ဆေးအတု ယှဉ်ပြမှသာသိမယ်။ အဲလို စာအတုတွေက စာအုပ်ဆိုင်တိုင်းမှာရှိတယ်။ အွန်လိုင်း ဒေါင်းလုဒ်တွေက ဒင်းကြမ်းပဲ။ ဒေါက်တာတင့်ဆွေ ၁-၄-၂၀၁၈ ၁-၄-၂၀၁၉ ပုံ Ye Ko ကျေးဇူး။

Villain လူကြမ်းမင်းသားခေတ်

Image
ကျွန်တော်တင်တဲ့ ဖိုးပါကြီး မေရီမြတို့ခေတ်က ရုပ်ရှင်အောက်မှာ ကွန်မင့်လာတယ်။ ကျေးဇူး။ လွမ်းချက် အဲဒီကြော်ညာရအောင် မြင်းလှည်းနောက် ပြေးလိုက်ခဲ့ရတာပါ့ကောဆရာ မောင်းထောင်ရွှေဘ ရှမ်းပြည်ရောက်ဧည့်သည် ဗိမ္မိသာရ ယနေ့ည တင်ဆက်ခါပြသမှာကတော့ သုံးကားပေါင်း တကျပ် ကြားဘူးသေးလား ကျွန်တော်ကတော့ ၂ ကားတွဲ တဝက်ခကို ရှေ့ဆုံးတန်းကနေကြည့်တာ။ ကလေးဆိုတော့ တဝက်ခကရပြန်လို့ တမတ်သာ ကုန်တယ်။ ကြမ်းပိုးတော့ သည်းခံရတယ်။ ပြန်ရေးပြီးမှ ဘယ်သူလည်းကြည့်တော့ သူလည်း ၁၉၉ဝ က ခံဖေါ်ခံဘက်တယောက်လို့ သိလိုက်ရတယ်။ ကျွန်တော်တို့က တင်ညွန့် ရွှေဘ တကယ်ချတဲ့ ဗီဇရုပ်ရှင်မှာ ကိုယ်တိုင်ပါဝင်အသုံးတော်ခံခဲ့ကြသူတွေ။ လူကြမ်းလုပ်သူတွေက ကြမ်းသလားမမေးနဲ့။ ရုပ်ရှင်ကြော်ငြာ သေချာဖတ်စေချင်ပါတယ်။ ရွှေဘတယောက်ကို တောကဖိုးတုတ်အဖြစ်နှင့် အကြမ်းအရမ်း တဲ့။ ဒေါက်တာတင့်ဆွေ ၁-၄-၂ဝ၁၈ ၁-၄-၂ဝ၁၉ Aung Moe Nyo

Cowboy Movies ကောင်းဘွိုင်ကားနဲ့ မထူးကြပါ

Image
တော်လိုက်တဲ့ ဇာတ်လိုက်၊ ချောလိုက်တဲ့ မင်းသမီး၊ နောက်ခံရှုခင်းတွေကလည်း သာယာ။ ဒါပေမဲ့ ညံ့လိုက်တဲ့ ကောင်းဘွိုင်တကား နားနေရင်းမှာ ကြည့်လိုက်တာ။ အဲလိုဟာတွေ ဗမာလိုလည်း နေ့စဉ်နေ့တိုင်း ဖတ်ရတယ်။ နောက်ခံအရောင်တွေပေါ်မှာ ရေးထားတာ။ နာမည်ကြီး စာရေးဆရာတွေ ရေးထားတာ။ လူအထင်ကြီးတဲ့ ကဗျာဆရာတွေ ရေးထားတာ။ တရားတော်တွေ။ အဆိုးဆုံးက ပြန်ထုတ်စာအုပ်တွေ။ အချက်အလက်ကလွဲ သတ်ပုံကမှား။ ကောင်းဘွိုင်ကားနဲ့ မထူးပါ။ ဒေါက်တာတင့်ဆွေ ၁-၄-၂ဝ၁၈ ၁-၄-၂ဝ၁၉

The Mirror Image ကြေးမုံမှာပေါ်တဲ့ မေးခွန်း

Image
အရိုးကင်ဆာရှိသလားဆရာလို့ မေးတာကို ကျွန်တော့်မှာတော့ မရှိပါလို့ ဖြေရတယ်။ ရောဂါဆိုတာရှိသလားတော့ ဖြစ်နိုင်တယ်။ ကျွန်တော့မှာအဲတာရှိသလားလည်းဖြစ်နိုင်တယ်။ စာတွေမမှန်လို့ ဖတ်မရပါ ဆရာရှင့်တဲ့။ ကျွန်တော်ရေးတာမှာ အမှားတွေတွေ့ရင် ထောက်ပြစေချင်တယ်။ လူဆိုတာ မှားတတ်ကြတယ်။ ဖေါင့်မတူလို့ဖြစ်နိုင်တယ်။ ကျွန်တော်ရေးတဲ့သတ်ပုံ သဒ္ဒါမှားတာကော မဖြစ်နိုင်ဘူးလား။ အထအနကောက်တာ မဟုတ်ပါ။ မေးခွန်းကို မေးတဲ့အတိုင်းသာ ဖြေရတယ်။ နိုင်ငံခြားပညာသင်သွားမဲ့ တကာမတယောက်က ဆရာတော်တပါးဆီကို သူ့ကို ဘာသာရေးမေးကြရင် ဘယ်လိုအခြေခံနဲ့ ဖြေရပါမလဲလို့ မေးလျှောက်တယ်။ ကြေးမုံမှန်ပြင်မှာ ပေါ်ထင်တဲ့အတိုင်းသာဖြေပါလို့ သွန်သင်လိုက်ပါသတဲ့။ ဒေါက်တာတင့်ဆွေ ၁-၄-၂ဝ၁၈ ၁-၄-၂ဝ၁၉

အကြိမ်တထောင်

Image
ပွဲတစ်ရာ က အမှန်မလား ဆရာ အဲလိုရေးတာ ပေါ်လစီသတ်ပုံဖြစ်ပါကြောင်း အကြိမ်တထောင်လောက် တင်ပြထားပြီး။ တစ် သမိုင်း သံခိပ် https://doctortintswe.blogspot.com/2018/09/blog-post_69.html တစ် အသုံးမှန်များ https://doctortintswe.blogspot.com/2019/02/blog-post_747.html တ နှင့် တစ် https://doctortintswe.blogspot.com/2017/08/blog-post_86.html ဒေါက်တာတင့်ဆွေ ၁-၄-၂၀၁၉

Roger Federer ရော်ဂျာဖက်ဒရာ ပွဲတရာ

Image
မနေ့က မိုင်ယာမီအိုးပင်း တင်းနစ်ပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ ဆွစ်နိုင်ငံသား ရောဂျာဖက်ဒရာက အနိုင်ရသွားပါတယ်။ သူက အကြီးစားပွဲလို့ခေါ်နိုင်တဲ့ ဂရင်းစလမ် ၂၀ နဲ့ မာစတာပွဲ ၂၈ ပွဲ နိုင်ထားတယ်။ စုစုပေါင်း နိုင်ပွဲ ၁၀၁ ရှိသွားပြီ။ အေတီပီတိုးပေါင်း ၅၀၀။ ကျွန်တော် ဆရာဝန်အလုပ်က မထွက်ခင် ၅ နှစ်လောက်ကျမှ တင်းနစ်ကစားတယ်။ ဆရာတယောက်က ပုလဲမှာ ရက်တို နည်းပြပေးတယ်။ ဆားဗစ်ဘောလုံးပေးနည်းမှာ ဘောလုံးကို နဖူးပေါ်လောက် မြှောက်ပါ။ ဘောလုံးက အောက်ကျရင် ကိုယ့်ရှေ့ထားတဲ့ခြေရှေ့လောက်ကျမယ်။ သင်တန်းဆရာက နမူနာလုပ်ပြတယ်။ ဘောလုံးမြှောက်နည်းမမှန်ရင် ကျတဲ့နေရာလည်း မမှန်ကြောင်းပါ လုပ်ပြတယ်။ နည်းစံနစ်အသားကျနေတဲ့ဆရာ အမှားနမူနာလုပ်ပြရတာ ခက်နေတာ သတိထားမိတယ်။ ဘောလုံးက ကျသင့်တဲ့နေရာမှာသာ ကျကျနေတယ်။ ကျွန်တော်လည်း သူငယ်တန်းကတည်းက ရေးလာတဲ့ သတ်ပုံအတိုင်းရေးတာ နှစ်တွေများလွန်းလို့၊ တတွေကို မလိုအပ်ပဲ စသတ်ဖို့ အတော်ခက်ခဲပါတယ်။ ရော်ဂျာဖက်ဒရာနိုင်တဲ့ ပွဲတရာကို မှားအောင်မရေးတတ်ပါ။ ဒေါက်တာတင့်ဆွေ ၁-၄-၂၀၁၉

Thingyan ငယ်တုန်းကသင်္ကြန်

Image
တောကသင်္ကြန်၊ မချမ်းသာတဲ့သူတို့ရဲ့သင်္ကြန်၊ အနုပညာဘာမှမသိသူတို့သင်္ကြန်၊ မုံရွာကသင်္ကြန်ကိုသာ ငယ်စဉ်က ဖြတ်သန်းခဲ့ရပါတယ်။ အခုခေတ်သင်္ကြန်ကိုတော့ လိုက်မမီပါ။ ခုခေတ်လူတွေကလည်း အရင်ကသင်္ကြန်ကို မမီခဲ့ကြဘူး မဟုတ်လား။ စကားပြိုင် ပက်ကြရအောင်။ သင်္ကြန်ကို စိတ်ဝင်စားတာက လူပျိုမဖြစ်ခင်က အကဲဆုံး။ သင်္ကြန်မတိုင်ခင်ကတည်း စိတ်အားတက်ကြွနေကြပြီ။ သင်္ကြန်ကျဖို့က ဘယ်နှစ်ရက်လိုတော့တယ်၊ ပြက္ခဒိန်ကိုနေ့တိုင်းကြည့်ကြ။ ညီအကိုတတွေသာမက၊ သူငယ်ချင်းတွေပါ ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြတာ နေ့ညမအားကြပါ။ ဆိုင်ကရောင်းတဲ့ ရေပြွတ်တွေကို မဝယ်နိုင်ကြ၊ ပလပ်စတစ်နဲ့ လုပ်တာတွေကလည်း မပေါ်သေးပါ။ ကိုယ့်ကိုယ်ကိုသာအားကိုးတဲ့အကျင့်က ငယ်ကတည်းကရတာ။ လက်နက်ကိုယ်စီ ရှာရေး စီမံကြတယ်။ တရုပ်လုပ် မဟုတ်၊ မြောက်ကိုရီးယားလုပ် မဟုတ်၊ ဝါးပြွတ် စစ်စတင်းကို ၁၆ နှစ်သား မတိုင်ခင်ကတည်းက ကိုင်ကြတာ။ မုံရွာ ရတနာပုံရပ်ကွက်က ဘေးအိမ်တွေမှာ ဝါးနှီးသပ်ကြတာမို့ ဝါးရှာတာမခက်ပါ။ ခက်တာက ဝါလုံးခပ်သေးသေး အနေတော်ရှာရေး။ ဝါးတဆစ်ကို တဖက်ပွင့်ထား၊ ဝါးကိုကွဲမသွားအောင် ဓါးနဲ့ဖြတ်ရတာကပညာ။ ငယ်တဲ့ကောင်တွေက ကြီးတဲ့သူလုပ်သမျှ ငေးကြည့်ကြ။ အထဲထိုးရမယ့် ပြွတ်တံလုပ်စရာ ဝါးခြမ်းပြားကို အနေတော်ရှာ၊ တဖက

Pathology ခေမာ ဗေဒ

Image
နာရီတိုင်းမှာ အရွယ်မရွေးမေးကြတာ၊ အပျိုလည်းပါ၊ မမွေးသေးသူလည်းပါ။ ကလေးမိခင်တွေလည်းပါ။ သွေးဆုံးပြီးသူတွေလည်းပါ။ အမျိုးသား ကာလသား၊ သက်ကြားအို၊ လူပျိုပါ။ ဝေဒနာမျိုးစုံလာ။ မျက်စိနဲ့ မမြင်ရတာပါသိ၊ ကြိုတင်လည်း မြင်မိ၊ ကွက်တိ။ စိတ်ကိုအပြုသဘောဆောင်ပါ၊ ကံတရား အားကိုးပါ။ ကံကောင်းဘို့ဆိုတာ အခုပြု၊ အခုဆုတောင်းနဲ့တော့ မရပါ။ ဆေးကျောင်းမှာ သင်ရတာက ရောဂါဗေဒ။ မေးခွန်းတွေဖြေရတော့ ခေမာဗေဒ။ ဒေါက်တာတင့်ဆွေ

Injury ဒဏ်ရာဆိုတာ

Image
ဆရာရှင့် ကလေးအသက် ၄လ ယောက်ျားလေးပါ သူ့လက်သည်းရှည်နဲ့ သူ့ဦးခေါင်းကို ကုတ်မိလို့ အရေပြား ပွန်းပဲ့သွားပြီး အခု အနာက ကျတ်နေပါပြီ ခေါင်းလျှော်ပေးလို့ ရပါသလား ဆရာ အနာဖေးကွာပြီး အမာရွတ်ဖြစ်မှာ စိုးလို့ပါ ပိုးဝင်မှာနဲ့ ဆံပင် ပြန်မပေါက်တော့မှာ စိုးရိမ်လို့ပါ သွေးစထွက်တုန်းက ဆေးလိမ်း ပေးလိုက်ပါတယ် (mupirocin USP 2%) ပါ ဆံပင် ကိုတော့ မရိတ်ရသေးပါဘူး။ ဘယ်လိုလုပ်ရမလဲဆရာ ကျေးဇူးပါ။ ထိခိုက်ဒဏ်ရာရတိုင်း ပျောက်တဲ့အခါ အမာရွတ်ဖြစ်တယ်။ ဒဏ်ရာသေးလေ အောက်မနက်လေ ပျောက်တာမြန်လေ၊ အမာရွတ်ထင်တာ နည်းလေး။ ဦးခေါင်းမှာဖြစ်တာ ခြေထောက်ထက် မြန်တယ် ကောင်းတယ်။ ကလေးမှာဖြစ်တာ လူကြီးထက် မြန်တယ် ကောင်းတယ်။ အနာဆိုတာ သူ့အလိုလိုသာ ကျက်တယ်။ ပိုးမဝင်အောင်သာ ဂရုစိုက်ရတယ်။ ချုပ်စရာ ပြင်စရာလိုရင် လုပ်ပေးရတယ်။ အမာရွတ်ပျောက်ဆေး မရှိ။ Shaving Baby's Head ကလေးခေါင်းရိတ်သင့် မသင့် http://doctortintswe.blogspot.com/2016/11/shaving-babys-head.html Injury Care ဒဏ်ရာ https://doctortintswe.blogspot.com/2018/08/injury-care.html Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ https://doctortintswe.blogspot.com/2018/01/wound-healing.html Petroleum

တလုံးဆင့်နှင့် နှစ်လုံးဆင့်

Image
သမတနဲ့သမ္မတ ဘယ်ဟာအမှန်ဖြစ်တယ်ဆိုတာ ပြောပြပေးပါဆရာ ၂ မျိုးလုံးရေးနိုင်ပါတယ်။ ဦးနေဝင်း ဒုတိယအကြိမ်မင်္ဂလာဆောင်ကတည်းက မ ၂ လုံးဆင့်ခိုင်းပါတယ်။ ၂၀၀၈ အရတော့ ၂ လုံးဆင့်တဲ့။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၉

Bamboo Bed ဝါးကွပ်ပြစ်

• ဝါးကွပ်ပြစ်မှာ ထိုင်ခဲ့ဘူးတယ်။ လှဲနေ၊ အိပ်စက်ခဲ့ဘူးတယ်။ • ဝါးကွပ်ပြစ်ပေါ်ထိုင်ရင်း လူကြီးသူမတွေပြောတာကို နားထာင်ခဲ့ဘူးတယ်။ • ကြမ်းကြားလေ အေးတာသိတယ်။ ဗူးခါးရေတော့ မသောက်ဘူးပါ။ • မိုးခါးရေ မသောက်ဘူးပါ။ မိုးခါးရေသောက်သူတွေကိုတော့ တွေ့နေရတယ်။ • ဝါးကွပ်ပြစ်မှာထိုင်ရင်း ငယ်ရွယ်သူတွေကို စကားပြောခွင့်မရသေးပါ။ • ဝါးကွပ်ပြစ်မရှိတဲ့နေရာမှာရောက်နေလို့လား၊ လူကြီးသူမစကားကို ကြားလိုသူတွေ မရှိတော့လို့လား မသိပါ။ ဒေါက်တာတင့်ဆွေ Bamboo Forest ပျိုတို့မောင်ယာမလုပ်တယ် ဝါးခုတ်တဲ့တောင် အင်ဒီယာနားမှာ ဝါးရှားလားဆရာတဲ့။ ဟုတ် ဒီမှာ ဝါးခုတ်နေကြရတယ်။ Smile! ၁၉၉ဝ ရွေးကောက်ပွဲနိုင်ပြီး ၆ လအကြာမှာ ပြည်ပထွက်ရတော့ ကျွန်တော်နဲ့အဖွဲ့သားတွေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်၊ ဇင်မာဘောက်မှာ ကျောင်းသားတွေနဲ့အတူနေကြရတယ်။ ရောက်ကာစ ၆ လအတွင်းမှာ ဝါးခုတ်တာ အပါအဝင် အလုပ်မျိုးစုံလုပ်ကြရပါတယ်။ အမတ်နှစ်ယောက်က ကင်းလွတ်ခွင့်ရတယ်။ ကျေးဇူး။ ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်၊ ပျိုတို့မောင် လယ်ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။ နွားညီနောင် အားစည်အောင်ပ ဖေကျောင်း၊ မောင်နဲ့မယ် တူယှဉ်တွဲခါမှ၊ ယူငင်ကာ ချူဆင်ဆွဲလို့ရယ်၊ လှည်း

Uber အူဘား

အဲဒီ တက်စီလုပ်ငန်း မြန်မာပြည်မှာလည်းရှိတယ်။ သားတယောက်က အူဘားသုံးလေ့ရှိတယ်။ တရက်မှာ ကားဆရာနဲ့ လေဖြောင့်တဲ့အကြောင်း၊ သူ့ဝါသနာအတိုင်း စာအုပ်တို့ စာကြည့်တိုက်တို့နဲ့ ဆိုင်တာတွေ ကားသမားနဲ့ စကားပြောတဲ့ အကြောင်းတင်တယ်။ ပြည်တွင်းကတူတယောက်က အားကျပုံရတယ်။ သူ့ကားမှာသာ စပ္ပါယ်ယာ လိုက်လုပ်ရင် စကားအများကြီး ပြောချိန်ရလိမ့်မယ်တဲ့။ ကားမမောင်းချင်တော့တဲ့ ကျွန်တော်လည်း အူဘားကား ခဏခဏစီးရတယ်။ မောင်းတဲ့သူတွေက အမျိုးမျိုး။ တခါတော့ ကာမောင်းသူ ဘယ်သူဘယ်ဝါ၊ ပြောဆိုဆက်ဆံရေးလည်းကောင်းတယ်လို့ အူဘားက မက်ဆေ့ခ်ျပေးတယ်။ တလမ်းလုံး တခွန်းမှ မပြောဘူး။ အဲလိုပဲ အကြီးအကျယ် ဘယ်လိုဘယ်ဝါ မိတ်ဆက်ပေးတိုင်းလည်း အဟုတ်မထင်ကြနဲ့။ ဘွဲ့တွေ အမြီးတွေရှည်ပေမဲ့လည်း လျှာတိုတတ်တယ်။ ဖေ့စ်ဘွတ်ပရိုဖိုင်းလ်တွေကလည်း အဲလိုနေမယ်ထင်တယ်။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

Life အသက်ရှိပြီဆိုတာ ဘယ်တော့စသလဲ

အသက်ဘယ်တော့စသလဲ။ ဘာသာရေးတွေ၊ ဖီလော်ဆော်ဖီတွေ၊ ကဗျာဆရာတွေရေးတာတွေက အမျိုးမျိုးရှိတယ်။ ဆရာဝန်တွေက အဲလို ဟိုတွေးသည်တွေး မပြောရပါ။ ဆရာဝန်တွေမှာလည်း အသက်လို့ဘယ်တော့သတ်မှတ်သလဲ အပြင်းပွါးတာတော့ရှိတယ်။ ဒါပေမဲ့ ဘယ်ပညာရှင်ကမှ သုက်ပိုးတခုထဲကို အသက်တခုလို့ မယူဆပါ။ အသက်ကို ဖျက်ဆီးတယ်၊ သေစေတယ်ဆိုတာမှာတော့ ငြင်းကြတယ်။ အများဆုံးလက်ခံထားကတော့ သုက်ပိုးနဲ့ မိန်းမမျိုးဥတို့ (တွေ့ဆုံ + ပေါင်းစပ် + ဆဲလ်တွေပွါးများ)၊ ဒိနောက်မှာ သားအိမ်ပြွန်ကနေ သားအိမ်ထဲကို ဆင်းလာ၊ နောက်ဆုံး သားအိမ်အတွင်းနံရံမှာလာပြီး တွယ်ကပ်၊ မြုတ်ဝင်ချိန် ရောက်မှသာ သန္ဓေသားလို့ ခေါ်တယ်။ ဒီအဆင့် ရောက်ဘို့ရာ အတူနေပြီးနောက် အနည်းဆုံး (၆) ရက်ကြာမယ်။ ဒါတောင်မှ နှလုံးခုန်တာကို မသိနိုင်သေးပါ။ ကိုယ်ဝန် ၉-၁ဝ ပါတ်မတိုင်ခင်အထိ စက်နဲ့တောင် နားထောင်မရသေးပါ။ မ-မျိုးဥကိုလဲ အတူတူယူဆနိုင်တယ်။ မ-မျိုးဥက လှုပ်ရှားမှုမရှိပါ။ သုက်ပိုးကသာ လှုပ်ရှား-ကူးခတ်နိုင်တယ်။ သုက်ပိုးရော မျိုးဥပါ အချင်းချင်းမတွေ့ကြရင် အလိုလိုပျက်စီးကြတယ်။ ပယောဂမပါဘဲ ပျက်စီးတာဖြစ်တယ်။ သိတဲ့အတိုင်း အရာရာဟာ စက္ကန့် (စက္ကန့်ထက် တိုချင်တိုမယ်) မှာ ဖြစ်-ကြီး-ပျက် ဖြစ်စဉ်အတိုင်း သံသရာလည် နေကြတယ်။ လူတယောက

Antiviral Therapy for Chronic Hepatitis B in Pregnancy အသည်းရောင်ဘီဆေးနှင့် ကိုယ်ဝန်

Image
မင်္ဂလာပါ ဆရာ သမီးအသက်က ၂၆ နှစ်ပါ ကိုယ်ဝန်မရှိခင်က HBsAg ကော HBeAg ကော positive ထွက်လို့ Tenofovir ဆေး ၆ လလောက်သောက်လိုက်တယ် ကိုယ်ဝန်ရှိမှန်းသိတော့ဆေးကိုရပ်လိုက်တယ် ကိုယ်ဝန်ခြောက်လမှာ ပြန်စစ်တော့ နှစ်ခုလုံး positive ထွက်တုန်းပဲဆရာ ကိုယ်ဝန်ဘယ်နှစ်လမှာ ဆေးပြန်သောက်လို့ရပါသလဲဆရာ ကျေးဇူးတင်ပါတယ်ရှင့် ဗိုင်းရပ်စ်ဆေးတွေဖြစ်ကြတဲ့ lamivudine, telbivudine နဲ့ tenofovir ဆေးတွေကို ကိုယ်ဝန်ဆောင်နေချိန်မှာလည်း သုံးနိုင်တယ်။ မိခင်ကနေ ကလေးကိုကူးစက်မှာကို တားဆီးပေးနိုင်တယ်။ Tenofovir ဆေးကိုတော့ ကိုယ်ဝန်ပဌမသုံးလမှာ ပေးသင့် မပေးသင့် ခိုင်လုံတဲ့ဆေးသုတေသန မရှိသေးပါ။ နောက်သုတေသနတခုအရ Lamivudine နဲ့ tenofovir ဆေးတွေကို ကိုယ်ဝန်ပဌမသုံးလမှာ ပေးသင့်တယ်လို့ဆိုပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂၀၁၉

အားဆေးတေ အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ သွားဖုံးတေ

Image
၁။ ဆရာရှင့် ကျေးဇူးပြု၍ဖြေပေးပါရှင် တလကို ရာသီ ၅ရက်လောက်ဖြစ်ပြီး ဖြစ်ရင်လည်း များပါတယ်ရှင့် အားလည်းအရမ်း နည်းသွားပါတယ် လူကလည်အရမ်းပိန်ပါတယ် လတိုင်းလတိုင်းလို ဖြစ်နေတာပါရှင့် ဝလည်းဝချင်ပါတယ် အားဆေးတေစွဲသောက်ရမှာလည်း side effect တွေ ဖြစ်မှာစိုးပါတယ် ကျေးဇူးပြု၍ နည်းလမ်းကောင်းလေး ပေးပ အသက် မသိ။ ကျန်အချက်အလက်တွေ မသိ။ မေးနည်းပို့လိုက်တယ်။ ၂။ ဆရာရှင် သမီးဖေအသက် ၄၈ ရှိပါp ဝမ်းတအားချုပ်နေလိုပါဆရာ ဝမ်းနုတ်ဆေး စားမှဝမ်းသွားပါတယ်ရှင့် ခြေထောက် ကျိုးထားတော့ လမ်းလျှောက်လည်နည်းတယ်ဆရာ ဝမ်း မှန်အောင် ဘယ်လိုလုပ်ရမလဲရှင့် ဝမ်းမမှန်တော့ သွားဖုံးတေလည်း ရောင်နေလိုပါရှင့် P ပီ https://doctortintswe.blogspot.com/2017/02/p.html အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ https://doctortintswe.blogspot.com/2019/03/blog-post_25.html ဒေါက်တာတင့်ဆွေ

Scalp Infections ဦးရေခွံပိုးဝင်ခြင်း

Image
ဆရာရေ သမီးခေါင်းမှာအနာတွေပေါက်နေလို့ အထူးသဖြင့်ခေါင်းနောင်ခြမ်း သကာရည်ကြည်တွေထွက်နေတယ် အနာလည်းရင်းနေတယ် ကိုယ်မှာပဲဖြစ်ဖြစ် ခြေမှာဖြစ်ဖြစ်အနာဖြစ်ရင်ချက်ချင်းယောင်လာတယ်ပြည်တယ်ပြီးနာလာတာ ဘာဖြစ်တာလဲရှင် ဖြေပေးပါ အသက် စတာ မသိ။ မေးနည်းပို့လိုက်တယ်။ ၁၈ နှစ်ပါ မိန်းကလေး ပါရှင့် အပူကြောင့်ထင်လို့ကတုံးတုံးထားတယ်ရှင့် ဖြစ်တာကတော့ ခေါင်းမှာအနာတွေပေါက်နေတာပါ အရည်ကြည်တွေထွက်ပြီးရောင်နေပါတယ် ပြီတော့ခေါင်းမှာအရိုးငေါထွက်တာလို ဘုနှစ်လုံး နောက်စေ့နားထွက်နေပါတယ် ပြီးတော့ခြင်ကိုက်တဲ့ဖုလောက်ဖြစ်ရင်တောင် ချက်ချင်း ပြည်တည်နေပြီး အနာကြီးလာပြီး ရောင်ရမ်းလာပါတယ် ဦးရေခွံပိုးဝင်တာ အကြောင်းအမျိုးမျိုးကနေဖြစ်စေတယ်။ 1. Ringworm ပွေး တခြားနေရာတွေလိုပဲ ဖြစ်တယ်။ ကုသနည်း အတူတူဖြစ်တယ်။ 2. Folliculitis ဆံပင်အခြေပိုးဝင်ခြင်း ဗက်တီးရီးယားကနေဖြစ်တယ်။ ဆံပင်အခြေမှာ နီနေမယ်။ နာမယ် ယားမယ်။ သန့်ရှင်းရေးနဲ့ အလိုလိုပျောက်နိုင်တယ်။ fusidic acid gel, clindamycin solution, erythromycin solution ပိုးသေလိမ်းဆေးတခုခုသုံးနိုင်တယ်။ Mild topical steroid lotions or creams စတီရွိုက်လိမ်းဆေးတခုခုသုံးနိုင်တယ်။ ယားတာအတွက် စီထရယ်ဇင်း တညတပြားသေ

အဆွယ်လား အစွယ်လား

Image
စည်ပင်သာယာရွေးကောက်ပွဲပို့စ်တွေဖတ်ရတယ်။ တခုကတော့ မဲစွယ်တဲ့ပုံကြည့်ပါအုံး ဘယ်လောက် ရိုးစင်းလည်းဆိုတာ တဲ့။ (အမည် မထည့်တော့ပါ။ အားနာလို့) မဲဆွယ်လို့ ရေးရတယ်။ စည်ပင်သာယာရွေးကောက်ပွဲမှာ သတ်ပုံမှားတွေ မရှင်းနိုင်ရင်နေပါ၊ အစွယ်ငေါငေါနဲ့ ခွေးလေခွေးလွင့်တွေကို ရှင်းနိုင်စေချင်ပါတယ်။ ဆွယ် ဆွယ်ကပ် ဆွယ်တရား ဆွယ်တာ ဆွယ်မြှောင် သူများအိမ်မှာ ဆွယ်နေရသည် အဆွယ်ကောင်းလို့ ပါသွား စွယ် စွယ်စုံကျမ်း စွယ်စုံဆင် စွယ်ပုန်း စွယ်ဖုံး စွယ်ရံ (သွား) စွယ်ရန်း (လှည်း၊ ရထား) စွယ်တော် စွယ်တော်ပန်း စွယ်တော်ရွက် စွယ်ယောင်ပြ ဆင်စွယ် ရန်စွယ် နှစ်လွှာပေါင်းမှ တရွက်မည်သော စွယ်တော်ရွက် (သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်၊ တက္ကသိုလ်ဘုန်းနိုင်) ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉ ပုံ Gyit Too (Monyaw) ကျေးဇူး။

ဟုတ် နှင့် ဟုပ်

Image
၁။ ဟုပ်ကဲ့ပါဆရာ ယောက်ျားလေးပါ အသက် ၃၁ ပါ (ဟုတ်လို့ ရေးသင့်) ၂။ ဟုပ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်။ (ဟုတ်လို့ ရေးသင့်) ဟုတ် တမုဟုတ်ခြင်း မုံတိုင်းတဟုပ်၊ ဝဲကစုပ်သော် မဟုတ်ပါ မီးတဟုတ်ဟုတ် ပြဟုပ် လင်းဟုပ်ငှက် ဟုတ် = ယုတ္ထာ = ဟုတ်မှန်သောသဘော၊ ဟုတ်မှန်သည် ဟုတ်ကနဲ ဟုတ်ကဲ့ ဟုတ်တိပတ်တိ ဟုတ်တိုင်းမှန်ရာ ဟုတ်ပါစ ဟုတ်မှန်သည် ဟုတ်ရာမှန်ရာ ဟုတ်သည် ဟုတ်ဟုတ်ညားညား ဟုတ်လေမတ္တ = ဟုတ်လေးတမတ် = မခန့်မငြား မရိုမသေပြုသည် ဟုပ် ဟုပ်ခနဲ ဟုပ်စား = ဟုပ်ပြင်း = လုယက်ဖျက်ဆီးသူ = သူခိုး ဓါးပြ ဟုပ်တွန်း (လေ) ဟုပ်ဟုပ် = အဆောတလျင် ဟုပ်ဟုပ်မြည်သံ ဟုပ်ပေရာ၏ (ဟုပေယျ) အဟုတ်အဟတ် ဟုတ်တိပတ်တိ ရွာမလိုလိုပါ မိုးတောင်ညိုမည်းလေသောအခါ့ (မာမာအေးသီချင်း) ဒေါက်တာတင့်ဆွေ

ဖွဲ့စည်းပုံအထက်မှာ ဘာရှိသလဲ

Image
ကွန်မင့်တခု ရတယ်။ ကျေးဇူး။ အခြေခံကျောင်းတွေက စပြင်မှ ရတော့မယ်ထင်တယ်ဆရာ တဲ့။ ကျွန်တော်ကတော့ ဖေ့စ်ဘွတ်မှာစာရေးကြသူတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ သူတို့ကိုစာသင်ပေးနေကြတဲ့ ဆရာဆရာမတွေကို ဦးတည်ပြီး မပြောလိုပါ။ သမတရုံး၊ လွှတ်တော်အားလုံး၊ ဝန်ကြီးဌာနအားလုံး၊ ရုံးအားလုံး၊ အစိုးရကျောင်းအားလုံးဟာ နဝတ လက်ထက် မြန်မာစာအဖွဲ့က ထုတ်ထားတဲ့ သတ်ပုံကျမ်းအတိုင်းလိုက်နာကြရတယ်။ ၂၀၀၈ ဖွဲစည်းပုံရေးတော့လည်း အဲတာကိုသာ နာခံရတယ်။ ဖွဲ့စည်းပုံအထက်မှာ မြန်မာစာအဖွဲ့ရှိတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၉

၁၇ တန်းကျောင်း

Image
အိုဂျီပါမောက္ခ အသက် ၉၀ မွေးနေ့ပုံတွေ တွေ့ရတယ်။ ဆာဂျရီပါမောက္ခက စကားပြောတာလည်းပါတယ်။ ကျွန်တော့်ကျောင်းတွေဆိုတာ လေးတန်းအထိနေခဲ့တဲ့ကျောင်း၊ ဆယ်တန်းအထိနေခဲ့တဲ့ကျောင်းနဲ့ ဆေးကျောင်း။ မူလတန်းကျောင်းကိုတော့ နည်းနည်းသာ မှတ်မိတော့တယ်။ ဆယ်တန်းနဲ့ ဆေးကျောင်းကို အတော်မှတ်မိပြီး သူငယ်ချင်းတွေရော ဆရာဆရာမတွေကိုပါ အလွန်မှတ်မိတယ်။ ဆရာဝန်တွေက တခြားအသက်မွေးမှုတွေထက် ကျောင်းသက်အနည်းဆုံး တနှစ်လောက် ပိုကြတယ်။ အလုပ်သင်ပါ ထည့်တွက်ရင် နှစ်နှစ်ပိုတယ်။ ကျွန်တော်က အထက်တန်းမှာပါ သူများတွေထက် တနှစ်ပိုကြာတယ်။ စာမေးပွဲတော့မကျ အသက်က ၁၅ နှစ်မပြည့်လို့ ၉ တန်းမှာ ၂ နှစ်နေခဲ့ရတာ။ လေးတန်း၊ ဆယ်တန်းနဲ့ ဆယ်ခုနစ်တန်းက ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

Woman brain dead gives birth ဦးနှောက်သေပြီးဖြစ်တဲ့အမျိုးသမီး ကလေးမွေးဖွါး

Image
ပေါ်တူကီနိုင်ငံသူ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Catarina Sequeira ကာတာရီနာဟာ လွန်ခဲ့တဲ့ ဒီဇင်္ဘာလကတည်းက ဦးနှောက်သေသွားပြီလို့ ဆရာဝန်တွေက သတ်မှတ်ထားခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက ပန်းနာရောဂါရှိတယ်။ နိုင်ငံတကာ ကနူးလှေပြိုင်ပွဲမှာ ပေါ်တူဂယ်လ်ကို ကိုယ်စားပြုခဲ့သူဖြစ်ပါတယ်။ သူ့အသုဘကိစ္စပြီးသွားပါပြီ။ ကိုယ်ဝန် ၃၂ ပတ်နဲ့ မွေးထားခဲ့တဲ့ သမီးလေး Salvador ဆယ်လ်ဗာဒိုကို ကလေးဆေးရုံမှာ ကုသပေးနေပါတယ်။ ကိုယ်ဝန် ၁၉ ပတ်ကတည်းက ပန်းနာအတက်ရနေခဲ့ပြီး သတိလစ်သွားခဲ့တာ။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

SGLT2 ဆီးချိုဆေး

Image
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ယူအက် FDA ကနေ ဆီးချိုးဆေးနဲ့ပတ်သက်တဲ့ သတိပေးချက်တခု ထွက်တယ်။ ဆေးအမျိုးအစားကို Sodium-glucose cotransporter-2 (SGLT2) inhibitors လို့ခေါ်တယ်။ အဲဒီဆေး သောက်သူတချို့မှာ ရှားပါးပေမဲ့ ဆိုးဝါးတဲ့ ရောဂါပိုးဝင်တာခံစားရလို့ဖြစ်ပါတယ်။ အဲတာကို Necrotizing fasciitis of the perineum တင်ပါးအတွင်းလွှာရောင်ခြင်းဖြစ်တယ်။ Fournier’s gangrene ရောဂါလို့လည်းခေါ်တယ်။ ဒီသတင်းကိုတင်တဲ့ ဝဘ်ဆိုက်က ဆေးကုမ္ပဏီကိုတရားစွဲလိုသူတွေကို ရှေ့နေလိုက်ပေးမယ်တဲ့။ ယူအက်စ်အေမှာ အဲလိုကြာ်ငြာတွေက များတယ်။ တီဗွီမှာ ဟိုရောဂါ သည်ရောဂါ ဟိုကင်ဆာ သည်ကင်ဆာအတွက် တရားစွဲမလား ဆိုတာတွေ နေ့တိုင်းလာတယ်။ သူတို့ဆီမှာ တရားဥပဒေက နေရာတကာအရေးကြီးတယ်။ တရားဥပဒေနဲ့ စီးပွါးလုပ်နည်းတွေပါရှိတာ။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

Baby Colic ကလေးဗိုက်နာရင်

Image
ကလေးအသက် ၁နှစ်နဲ့ ၈လရှိပါပြီ။ ငိုတာတအားပဲဆရာ။ ငိုရင်ခြေထောက်တွေကိုကုပ်ပြီးတော့ငိုတယ်။ ဆေးရုံသွားပြတာ အစာအိမ်ဆေးပေးလိုက့်တယ်။ ကလေးကမသက်သာဘူးဆရာ။ ဓာတ်မှန်လဲရိုက်ပြီးပါပြီ။ ဘာမှမဖြစ်ဘူးတဲ့။ ဖြစ်တာ ၁၀ရက်ကျော်နေပြီဆရာ။ သမီးတို့ဘာလိုလုပ်ရမဘဲပြောပြပေးပါဆရာ။ ကျေးဇူးပြုပြီး။ သားဦးပါ။ မိခင်နို့ပဲတိုက်တယ်။ အခုဆေးရုံ ဆရာမက ဆန်ပြုတ်ပဲတိုက်ခိုင်းပါတယ်။ မသက်သာပါဘူး ပထမဆေးရုံသွားတုန်းကပေးတဲ့ဆေးပါ အောက်ကဆေးက ရက်ချိန်းကပေးတဲ့ဆေးပါ အခုနေ့ဆီးမသွားဘူးဆရာ အခုချိန်ထိငိုနေတုံပါပဲ ဘယ်လိုလုပ်ရမလဲ လမ်းညွန်းပေးပါဆရာ ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာမဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေကထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။ ကလေး ဗိုက်နာတာကို ကုစားနည်းတမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့မရရင် နောက်တမျိုးလုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ချော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ဖြစ်တယ်။ ဘာလို့အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ

Type 1 diabetes ဆီးချိုအမျိုးအစား (၁)

Image
ဆရာမင်္ဂလာပါရှင့် ကလေးဆီးချိုရောဂါဆိုတာ ကလေးအသက်ဘယ်အရွယ်လောက်မှာ အဖြစ်အများဆုံးလဲသိပါရစေရှင့် ဆီးချိုအမျိုးအစား (၁) ဟာ အများဆုံးတွေ့ရတဲ့ (၂) နဲ့ ဖြစ်ရတဲ့အကြောင်းခံ မတူပါ။ (၁) မှာ Autoimmune disease ခေါ် ခုခံအားကမောက်ကမဖြစ်လို့ ရောဂါရတယ်။ ကိုယ့်ပစ္စည်းတွေကို ရန်သူလိုသဘောထားပြီး တိုက်ထုတ်ခြင်းဖြစ်တယ်။ သရက်ရွက်ကနေ အင်စူလင်ဟော်မုန်းဆက်မထုတ်နိုင်တော့လို့ စားသမျှအစားအသောက်ထဲက သကြားဓါတ်ကို ထိန်းမထားနိုင်တော့ပါ။သရက်ရွက်မှာရှိတဲ့ beta cells တွေကို ရန်သူလို့ထင်မှတ်နေတယ်။ Juvenile diabetes ကလေးဆီးချိုလို့လည်းခေါ်တယ်။ အင်စူလင်ထိုးနေရပါလိမ့်မယ်။ တနေ့မှာ ၂၄ နာရီ သတိထားနေရမယ်။ ပျောက်အောင်တော့ ကုမရပါ။ ဆောရီး။ အမေရိကမှာ ၁့၂၅ သန်းရှိတယ်။ ၂ သိန်းက အသက် ၂၀ အောက်တွေ။ လူကြီးက တသန်းကျော်ရှိတယ်။ အသက်အငယ်ဆုံး ၁၂ လအောက်မှာလည်း ဖြစ်နိုင်တယ်။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

Human Nature လူ့မနော လူ့သဘော

Image
ဆရာ မြန်မာစာတွေ လိုက်ပြင်နေတာ တွေ့တယ်  ဒါပေမယ် မရတော့ဘူး အများစုက ပညာမတတ်တာတွေ များလာပြီး မဟုတ်လောက်ပါ။ ၂၀၁၉ ခုနှစ်ဝင်ကတည်းက တစ်အမှားတွေကို တအမှန်ပြင်လာသူတွေ တနေ့တခြား များလာပါတယ်။ ယဉ်ကျေးမှုဖြစ်စဉ်သဘောအရ လူ့စိတ်သဘောဟာ ကောင်းစေ မှန်စေလိုတာက ပိုကဲတယ်။ လေ့လာမှုတခုအရ လူသားတွေရဲ့ ထူးခြားချက် ၆ ချက်ရှိတယ်။ ၁။ Skills ကျွမ်းကျင်မှုမှာ Playful ပျော်စရာရွှင်စရာကို သဘောကျတယ်။ ၂။ Knowledge ဗဟုသတမှာ Scientific သိပ္ပံနည်း (လက်တွေ့) ကျတာကိုလက်ခံတယ်။ ၃။ Behaviour အမူအယာမှာ Legislative ဥပေးစည်းကမ်းကိုလိုက်နာလိုတယ်။ ၄။ Feeding အစားအသောက်မှာ Epicurean ကောင်းတာကိုသာစားချင်တယ်။ ၅။ Sex လိင်မှုမှာ Clandestine လျို့ဝှက်ချင်တယ်။ ၆။ Communication ဆက်သွယ်ရေးမှာ Gossipy အတင်းစကား၊ တိုးတိုးတိတ်တိတ်စကားကို သဘောကျလေ့ရှိတယ်။ တတ်သိလိမ္မာသူတွေကတော့ ၁။ Kindness ကြင်နာ သနားစိတ်ရှိကြတယ်။  ၂။ Integrity တည်ကြည်မှု သမာဓိရှိကြတယ်။  ၃။ Diligence စေတနာ ကရုဏာစိတ်ထားကြတယ်။ ပိုပြီး တော်သူ ကောင်းသူတွေဟာ Ethics ခေါ် ကို ကျင့်ဝတ်၊ ကိုယ်ကျင့်တရားနဲ့ ဂုသိက္ခာကို လေးစားလိုက်နာကြတယ်။ Civilization ဆိုတာ လူတွေအရိုင်းအစိုင်းအဖြစ်ကနေ တဖြည်းဖြည်းယဉ်

မြန်မာ့သဘင်၏ ကြယ်တပွင့် ဦးစိန်ကတုံး

Image
ဆိုင်းဆရာကြီးသည် မှန်စီရွှေချဆိုင်းဝိုင်းကြီးထဲမှ ပတ်လုံးကလေးများကို တမျိုးပြီးတမျိုး ကောက်ကာ မိုးသီးမိုးပေါက်တမျှ ရွာချလိုက်လေသည်။ ထံ တျာ တျေ တျော ဟာ ဆိုအပ်သော ဆိုင်းပညာ၏ ခက်ရာခက်ဆစ် အချက်အလက်တို့ကို တကွက်စီ တကွက်စီ တီးပြနေသည်။ ဦးစိန်ကတုံး - မြန်မာ့သဘင်၏ ကြယ်တပွင့် ဦးသော်ဇင်ရေးသည် ပန်းချီသရုပ်ဖော် - ဦးအုန်းမောင် စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် စာမျက်နှာ ၆၄ အဖိုးပြား ၅ဝ https://drive.google.com/open?id=0By-lexatVmLhdHRBc0dZVlNpMVE ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

The Grand Dinner ဂရင်းဒင်နာ ညစာစားပွဲ

Image
လွန်ခဲ့တဲ့ ၃ နှစ်တိတိက အုပ်ချုပ်ရေးတခုကနေ နောက်အသစ်တခုကို ကူးရာမှာ ညစာစားပွဲကြီးရှိတာ မြန်မာနိုင်ငံမှာပါ။ ကမ္ဘာကြီးမှာတော့ နေ့အကူးမှာ နေမထွက်ခင် ညအမှောင်ကိုဖြတ်ရတယ်။ The Last Supper လို့ခေါ်တဲ့ အလွန်နာမည်ကြီးတဲ့ပန်းချီကားကြီးတခုရှိပါတယ်။ ၁၄၉၅ ခုနှစ်က အီတလီပန်းချီဆရာ လီယိုနာဒို ဒါဗင်ချိက ရေးဆွဲခဲ့တာပါ။ ကမ္ဘာမှာ ကနေ့ထိနာမည်အကြီးဆုံး အနုပညာလက်ရာတခုလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာထားရှိပါတယ်။ ပန်းချီကားဆွဲတာ ၁၄၉၈ အထိ စုစုပေါင်း (၃) နှစ်ကြာပါတယ်။ ခရစ်တော် ယေရှု (ဂျီးဆပ်စ်) ဂျေယူဆလင်မြို့မှာ စားသုံးခဲ့တဲ့ နောက်ဆုံးညစာ (ညလယ်စာ) ကို သရုပ်ဖေါ်ထားတာ ဖြစ်ပါတယ်။ လီယိုနာဒို ဒါဗင်ချိရဲ့လက်ရာလိုပဲ ကနေ့ နေပြည်တော်က ညစာစားပွဲဟာလည်း နှစ်ပရိစ္ဆေဒရှည်ကြာအောင် မြန်မာပြည်သူတွေက အမှတ်ရနေကြမယ်လို့ ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၆ ၃ဝ-၃-၂ဝ၁၉

Bamboo Forest ပျိုတို့မောင်ယာမလုပ်တယ် ဝါးခုတ်တဲ့တောင်

Image
အင်ဒီယာနားမှာ ဝါးရှားလားဆရာတဲ့။ ဟုတ် ဒီမှာ ဝါးခုတ်နေကြရတယ်။ Smile! ၁၉၉ဝ ရွေးကောက်ပွဲနိုင်ပြီး ၆ လအကြာမှာ ပြည်ပထွက်ရတော့ ကျွန်တော်နဲ့အဖွဲ့သားတွေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်၊ ဇင်မာဘောက်မှာ ကျောင်းသားတွေနဲ့အတူနေကြရတယ်။ ရောက်ကာစ ၆ လအတွင်းမှာ ဝါးခုတ်တာ အပါအဝင် အလုပ်မျိုးစုံလုပ်ကြရပါတယ်။ အမတ်နှစ်ယောက်က ကင်းလွတ်ခွင့်ရတယ်။ ကျေးဇူး။ ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်၊ ပျိုတို့မောင် လယ်ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။ နွားညီနောင် အားစည်အောင်ပ ဖေကျောင်း၊ မောင်နဲ့မယ် တူယှဉ်တွဲခါမှ၊ ယူငင်ကာ ချူဆင်ဆွဲလို့ရယ်၊ လှည်းယဉ်နဲ့ မောင်း။ (အမည်မသိ ရှေးစာဆို) အင်ဒီယာနားမှာ ဝါးမရှိပါ။ ဒီမှာလူတိုင်း အလုပ်လုပ်ကြရတယ်။ အားလပ်ချိန်ဆိုတာ ရှားတယ်။ ဝါးခုတ်ကြရသလိုပဲ။ No Smile! ဒေါက်တာတင့်ဆွေ

Bamboo shoot tuition မျှစ်စားပြီး ကျူရှင်တက်ခဲ့ရခြင်း

Image
ကျွန်တော်က မျှစ်ကို အတော်ကြိုက်ပါတယ်။ ပြည်ပနိုင်ငံရေးလုပ်ရစဉ်က ထိုင်းကို ခဏခဏသွားခဲ့ရတာ အခေါက်တိုင်းမှာ မျှစ်ဝယ်ပြန်ပါတယ်။ မျှစ်စို့ကြီးတွေကို နိုင်သလောက် သယ်လာတယ်။ နယ်စပ်ရောက်တိုင်းလည်း ဝယ်ဖြစ်တယ်။ ကျွန်တော် ပဌမဆုံးအခေါက် ၁၉၉၃ မှာ မာနယ်ပလောကိုသွားတော့ ဖယ်ခုံအမတ် ဦးမားကိုဘန်းက နေရေးထိုင်ရေး စားရေးသောက်တာကို စီမံခန့်ခွဲပါတယ်။ မိုးစိုစိုမှာ ဓါးတိုတချောင်း ခါးထိုးပြီး မျှစ်ချိုးကျွေးပါတယ်။ ၁၉၉၅ မာနယ်ပလောကျပြီးနောက် မဲဆောက်မှာအခြေစိုက်ရတယ်။ ထိုင်းဘက်ခရီးသွားတိုင်း သူ့အိမ်မှာသာ တည်းခိုတာ များတယ်။ သူက ကယန်းလူမျိုးပါ။ သူကိုယ်တိုင်ချက်ပြုတ်တဲ့ အမဲသားဟင်း၊ မက်ခါသီးနဲ့ ငရုပ်သီးစိမ်းထောင်းကို ကျွန်တော် မမေ့ပါ။ သူနဲ့ အဲလိုနီးနီးကပ်ကပ်နေထိုင်လုပ်ကိုင်ရလို့ သူ့ဆီက တိုင်းရင်းသားအကြောင်းတွေကို ကောင်းကောင်းသိရှိနားလည်ခွင့် ပိုရစေခဲ့တာ အမြတ်ပါပဲ။ သူက ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လို့ ပြည်ပက တိုင်းရင်းသား အဖွှဲစည်းအားလုံးအပြင် ပြည်တွင်းက တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အကုန်နဲ့ပါ လျို့ဝှက် ဆက်သွယ်ရပါတယ်။ နိုင်ငံရေးဖြစ်ပေါ်မှုတိုင်းမှာ အဲဒီတိုင်းရင်းသားပေါင်းစုံရဲ့ အမြင်တွေ၊ အသ

Bamboo Bed ဝါးကွပ်ပြစ်

Image
• ဝါးကွပ်ပြစ်မှာ ထိုင်ခဲ့ဘူးတယ်။ လှဲနေ၊ အိပ်စက်ခဲ့ဘူးတယ်။ • ဝါးကွပ်ပြစ်ပေါ်ထိုင်ရင်း လူကြီးသူမတွေပြောတာကို နားထာင်ခဲ့ဘူးတယ်။ • ကြမ်းကြားလေ အေးတာသိတယ်။ ဗူးခါးရေတော့ မသောက်ဘူးပါ။ • မိုးခါးရေ မသောက်ဘူးပါ။ မိုးခါးရေသောက်သူတွေကိုတော့ တွေ့နေရတယ်။ • ဝါးကွပ်ပြစ်မှာထိုင်ရင်း ငယ်ရွယ်သူတွေကို စကားပြောခွင့်မရသေးပါ။ • ဝါးကွပ်ပြစ်မရှိတဲ့နေရာမှာရောက်နေလို့လား၊ လူကြီးသူမစကားကို ကြားလိုသူတွေ မရှိတော့လို့လား မသိပါ။ ဒေါက်တာတင့်ဆွေ

Uber အူဘား

Image
အဲဒီ တက်စီလုပ်ငန်း မြန်မာပြည်မှာလည်းရှိတယ်။ သားတယောက်က အူဘားသုံးလေ့ရှိတယ်။ တရက်မှာ ကားဆရာနဲ့ လေဖြောင့်တဲ့အကြောင်း၊ သူ့ဝါသနာအတိုင်း စာအုပ်တို့ စာကြည့်တိုက်တို့နဲ့ ဆိုင်တာတွေ ကားသမားနဲ့ စကားပြောတဲ့ အကြောင်းတင်တယ်။ ပြည်တွင်းကတူတယောက်က အားကျပုံရတယ်။ သူ့ကားမှာသာ စပ္ပါယ်ယာ လိုက်လုပ်ရင် စကားအများကြီး ပြောချိန်ရလိမ့်မယ်တဲ့။ ကားမမောင်းချင်တော့တဲ့ ကျွန်တော်လည်း အူဘားကား ခဏခဏစီးရတယ်။ မောင်းတဲ့သူတွေက အမျိုးမျိုး။ တခါတော့ ကာမောင်းသူ ဘယ်သူဘယ်ဝါ၊ ပြောဆိုဆက်ဆံရေးလည်းကောင်းတယ်လို့ အူဘားက မက်ဆေ့ခ်ျပေးတယ်။ တလမ်းလုံး တခွန်းမှ မပြောဘူး။ အဲလိုပဲ အကြီးအကျယ် ဘယ်လိုဘယ်ဝါ မိတ်ဆက်ပေးတိုင်းလည်း အဟုတ်မထင်ကြနဲ့။ ဘွဲ့တွေ အမြီးတွေရှည်ပေမဲ့လည်း လျှာတိုတတ်တယ်။ ဖေ့စ်ဘွတ်ပရိုင်းလ်တွေကလည်း အဲလိုနေမယ်ထင်တယ်။ ဒေါက်တာတင့်ဆွေ ၃၀-၃-၂၀၁၉

Pterocarpus macrocarpus မွှေးလှတဲ့ ပိတောက်

Image
မနှစ်က အကယ်ဒမီထက်လည်း စောတယ်။ သမတမဲပေးပွဲထက်လည်း စောတယ်။ ပိတောက်ပွင့်ခဲ့တာ မန္တလေးမှာ။ မြန်မာပြည်မှာ ပိတောက်ဝါတွေ ပွင့်နေပြီတဲ့။ မုတ်သုန်ရာသီဥတုတော့ အတူတူရှိပါရဲ့ ကျွန်တော် ၂၄ နှစ်ကြာနေခဲ့ရတဲ့ အိန္ဒိယမှာ ဘယ်နေရာမှာမှ ပိတောက်ပင်မရှိပါ။ ကာလကတ္တားဘုန်းကြီးကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင်ရှိလို့ ကိုင်းတကိုင်း ချိုးယူလာသေးတာ နေတဲ့တိုင်းပြည် ပြောင်းရပြန်လို့ မစိုက်ဖြစ်လိုက်ပါ။ ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ခူးပြီး ပန်တာ၊ ပေးတာ၊ တင်တာ မလုပ်ကြပါ။ ငုပန်းတွေကတော့ ဒေလီမှာလည်း ဝင်းဝါနေတာဘဲ။ ဟိုတနှစ်က ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တဲ့ ငုနဲ့ ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ ခမောက် မေမှာနိုင်မည်ဆိုတာလေး မမေ့ကြအောင်ရေးဖို့ ငုပင်တွေပေါတဲ့ သံရုံးတွေရှိတဲ့ ချာနကျာပူရီကို နေပူလောင်လောင်သွားပြီး၊ ဓါတ်ပုံရိုက်ခဲ့ဘူးသေးတယ်။ တနှစ်မှာတလ၊ တလမှာတရက်ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ပိတောက်တွေ နေ့စဉ်ပွင့်ပါစေလို့ ဆုချွေကြတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေး

ကျနည်း သုံးမျိုး

Image
မောင်နှင့် အမှတ်တစ်ရဆိုသူ နှစ်ယောက်တွဲဖြေတာ ၁ မှတ်သာရ။ စာမေးပွဲကျ။ ဘုရားက နံရံဆေးရေးပန်းချီပေါ်မှာ အမည်းရောင်နဲ့ရေးသူရော အဖြူရောင်နဲ့ရေးသူပါ ဇောက်ထိုးကျ။ ရှေးဟောင်းပစ္စည်းအမွေအနှစ် ဥပဒေသာရှိရင် အခုဘဝမှာ ထောင်ကျ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၈ ၂၉-၃-၂ဝ၁၉ ပုံ Wi Sara ကျေးဇူး။

ဝတ်လစ်စလစ်

Image
မြန်မာစာ ရေးကြတာ ပြီနဲ့ ပြီးမှာ ရရစ်တွေမပါ။ ဖြစ်မှာလည်း ရရစ်မတည့်။ တွေမှာ ဝဆွဲမပါ။ ဘယ်မှာ ယသတ်မထည့်။ ဘာမှာ ရေးချမထည့်။ မှာရေးတာ ဟထိုးမပါ။ မြန်မာစာ အပေါ်ဝတ်စရာတွေမပါ၊ အောက်ဝတ်ထည်တွေလည်း မဝတ်ကြတော့ပါ။ ရှက်စရာ။ ဝတ်လစ်စလစ်နှင့် ဒေါက်မြင့်ဖိနပ် (ပုံအတွက် ကန်တော့) ဝတ်လစ်စလစ်ပို့စ်အောက်မှာ ကွန်မင့်တွေရေးကြတယ်။ ကျေးဇူး။ တခုက လွယ်လွယ်ရေးနေကြတာ တဲ့။ လွယ်လွယ်တော့ မဟုတ်လောက်ပါ။ တခုတကောင်တယောက်မှာ စသတ်ထည့်တယ်။ သမတမှာ မနှစ်လုံးဆင့်တယ်။ အသက် ၃၀၊ မ၊ အိမ်ထောင်မရှိ့။ ဆရာရှင့် ရင်ဘက်အောင့်နေတာ ၇ လလောက်ရှိ့ပါပြီရှင့် အသက်ရှုမဝသလို မောနေတက်လို့ပါရှင့်။ တောင်တက်ခရီးလိုအားကစားပြင်းပြင်းထန်ထန်လုပ်သင့်ပါသလားရှင့် ဘာတွေ ကာကွယ်မှု့ ပြုလုပ်ရန် နှင့် ဘယ်လိုဆေးမျိုး ဆောင်ထားရန် ညွှန်ကြားပေးပါရှင့် ရှိ့ နဲ့ မှု့ တွေမှာ (့) မလိုပါ။ မင်္ဂလာပါဆရာ ခလေးသိပ့်တာလား သိမ့်တာလား ဘယ်ဟာသုံးရမလည်းဆရာ ကလေးသိပ်သည်လို့သာရေးတယ်။ အောက်မြစ် ပါစရာမလို။ အဲတာတွေက နမူနာနည်းနည်းလေးသာ။ အပျော်အပျက်ရေးသူတွေရှိတယ်။ မှားလို့မှားမှန်းမသိသူတွေနဲ့ ပေါ်လစီအရ ပြင်ထားတာကိုသာ အမှန်ထင်သူက အများဆုံး။ ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်တာက လွယ်တာကို ခက်အောင်လုပ်တာနဲ့ လ

တရေးချစ်ခွင့်မြင်ရနိုး

Image
မိတ်ဆွေတယောက်ကတင်ထားတယ်။ Ko Nyo Aung ဂီတစာဆို ကိုလေးညွန့်၏ ကျော်ကြားသောတေး၊ အတီး ကိုသိန်းဆွေ၊ မေကျော့ဝါနှင့် တဲ့။ ယူကျုမှာတော့ မိတ်ဆွေထက် စာရေးတော်တဲ့သူတွေသာတွေ့တယ်။ တစ်ရေး တစ်ရေးတဲ့။ သူတို့ သီချင်းခေါင်းစဉ် ဖတ်တာနဲ့ လွမ်းစရာတွေ ပျောက်ကုန်ရော။ တရေးချစ်ခွင့်မြင်ရနိုး နီးဖို့ရာဆိုရင် ဝါဆိုတောင်မှ ပြာသိုနားတွင် ထားလိုက်ချင် ရက်ပြင်လစွန်း ယွန်းလေသည့်အဝေးနှင် ကြာလေလေ သတိရအတိုင်းတိုင်း တပြန်တပြည် တနာရီမျှ တဆံချည်မျှင် မေ့နိုင်အောင်ပဲ စေ့စေ့ကဲလျှင် ထိလုမိုးဆီ တိမ်သို့မီသား ထွဋ်ဖုန်းခေါင်ဖျား မြတ်စေတီအပါး၌ နယ်ခြားမြေဝေး နှောင်းချစ်ထွေးနှင့် တရေးချစ်ခွင့် မြင်ရနိုးရှင့် တရေးရေးချစ်ခွင့် မြင်ရနိုးရှင် ဦးလည်ဆံမြည့် နှောင်းတရွေ့ရွေ့ မြူးဆွယ်ဟန်ဓလေ့ အောက်တမေ့မေ့ တနေ့နေ့တချိန်ချိန် အိမ်သူ့ဆွေအား ဒီကမေတ္တာ သခင့်ဖို့ပါပဲ သြော်ရှင့်ဖို့ပါပဲ အမွန်စကားလက်ဆောင်ပါး၍ မျှော်ရလတ်သူ စောင့်ရလတ်သူ နေ့တာကရှည် ညတာလည်းရှည် ချိုးလက်ရေ အခါခါပြောင်း အခါခါပြောင်း ညောင်းနိုင်ဘူးရှင် ကြောင်းလျားစီစစ် မယ့်အပြစ်ချည်းမို့ ဝမ်းနည်းဝမ်းပါ ရွှေအားတော်ငယ်ပါဘိ မှားမိသည့်ဝန်တာ ဆွေရင်းချာသို့ ကျေရာကျေကြောင်း တောင်းပန်ချင် ထိလုမို

ထန်းရွက်ပုတီး

Image
ရွှေစာရံကို တခေါက်လား နှစ်ခေါက်ရောက်ဖူးတယ်။ ကြာလှပါပြီ။ ကိုးဂဏန်း နတ်မကြိုက်တဲ့နေရာသွားရင် မောင်ကျောက်ခဲပါ ခေါ်တင်သွားရတယ်တဲ့။ ဟေဝန်စုံမြိုင် တောဂနိုင်ဆန်းကြယ် မမောနိုင်လှမ်းမယ် မောင်ရယ်လိုက်ခဲ့ပါ လားလို့ ညိုညိုစန်းက အဖေါ်ခေါ်ပါတယ် မန္တလေးရွှေမြို့ရဲ့ အရှေ့ဆီမျှော်မှန်းရွယ် နွားကြန်စုံ ခြေကုန်မောင်းတော့ မြေတုန်စောင်းအောင် လှည်းဘီးကလေးက ချာချာလည် မောင့်သူငယ်ချင်းတွေ့ ရွှေစာရံဘုရားကို မိသားစုနဲ့အတူသွားတော့ လောက်စာလုံးလောက်သာကြီးတဲ့ ကျောက်ခဲလေးတလုံး တင်သွားခြင်းဟာ ကားမောင်းတဲ့ဆရာဝန်အဖို့ ကိုယ့်ကိုယ်ကို စိတ်ချမှုပိုစေတယ်လို့ ယူဆမိခဲ့တယ်။ အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုတီးဆွဲဖို့ ရွှေစာရံကို အရောက်သွားလို့ကွယ်။ ထန်းရွက်ပုတီး - ခင်အုံးမြင့် https://www.youtube.com/watch?v=Visy17_Xo2w ဒေါက်တာတင့်ဆွေ

One A Day တလုံးတည်း တနေ့တည်း တကြိမ်တည်း

Image
One A Day Women တနေ့ တကြိမ် အမျိုးသမီး One A Day Prenatal တနေ့ တကြိမ် ကိုယ်ဝန်ဆောင်အားဆေး One A Day Teen တနေ့ တကြိမ် ဆယ်ကျော်သက်အားဆေး One A Day Menopause တနေ့ တကြိမ် သွေးဆုံးအမျိုးသမီးအားဆေး One A Day Women 50+ တနေ့ တကြိမ် အမျိုးသမီး ၅၀ အထက် One A Day Energy တနေ့ တကြိမ် အင်နာဂျီ One A Day Adult တနေ့ တကြိမ် လူကြီး One A Day 65+ တနေ့ တကြိမ် ၆၅ နှစ်အထက် Once-a-month osteoporosis pill ibandronate (Boniva) တလ တကြိမ် အရိုးရောဂါဆေး Once-a-month Deladroxate, Cyclofem, Mesigyna and Chinese Injectable No. 1 တလတကြိမ် ကိုယ်ဝန်တား ထိုးဆေး တရုပ်လုပ်လေးမျိုး Lunelle တလတကြိမ် ကိုယ်ဝန်တားထိုးဆေး ယူအက်စ်မှာ ပြန်လည်ရုပ်သိမ်း Cetrizine တည တပြားသောက် အလာဂျီဆေး All-In-One Multivitamin ဆေးတလုံးထဲမှာ အကုန်ပါ ဗီတာမင်အားဆေး Once-Daily, Single-Tablet Regimens For HIV-1 အိတ်ခ်ျအိုင်ဗွီအတွက် ဆေးတလုံးထဲမှာအကုန်ပါ တနေ့တလုံးသာ ဆေးကြော်ငြာ မဟုတ်ပါ။ ဘယ်မှာဝယ်ရ ဘယ်ဈေး မမေးစေလိုပါ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၉

သင်ယူမှတ်သားခဲ့ရသော ဂဏန်းများ

Image
မုံရွာမှာ တစ်နှစ်စာကိုချစ်နဲ့ ကိုးတဆယ်ကြိုးစာမယ်လို့ သင်ခဲ့ရတယ်။ မုံရွာမှာ ညောင်တပင်ရပ်ကွက်ရှိတယ်။ အလည်ပြန်တော့ ဗောဓိတထောင်ဘုရားလည်း ဖူးရတယ်။သိန်းတရာရွှေဆိုင်ဆိုင်းဘုတ်ကိုပါ ဓါတ်ပုံရိုက်ခဲ့တယ်။ ဆေးကျောင်းသားဘဝ ကိုးလလွန် ဆယ်လဖွားဆိုစကားအတိုင်း သားဖွါးမီးယပ်ပညာ သင်ခဲ့ရတယ်။ မန္တလေးမှာ လမင်းတရာအငြိမ့် ကြည့်ခဲ့ရတယ်။ ရန်ကုန်မှာ အချိန်မရလို့ ဗိုလ်တထောင်ဘုရား မဖူးခဲ့ရပါ။ ဖတ်ခဲ့တဲ့စာတွေထဲမှာ ကွမ်းတရာညက်သာကြာ၊ တပြား နှစ်ပြားခွါ၊ ထောင်တန်တဲ့စကား ရယ်ပေါ့။သစ်တပင်ကောင်း ငှက်တသောင်းနား။ ခြေတလှမ်း ကုဋေတသန်း။ ကုဋေရှစ်ဆယ် သူဌေးသားပုံပြင်။ ဘုရားလည်းမပွင့်၊ ဘုရားသာသနာတော်လည်းမရှိ ဆိတ်သုဉ်းနေတဲ့ကမ္ဘာကို သုညကမ္ဘာ၊ ကုသိုလ်တပဲ ငရဲတပိသာ စသဖြင့် တရားစာတွေဖတ်ရတယ်။ တောင်တောရယ်သာ၊ မာလာကငုံဖူး။ တပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။ ဒေါက်တာတင့်ဆွေ

ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင် တိုက်ပါ့မမ

Image
ရေတဖန်ခွက်ဟာ ဘယ်လောက်မီလီလီတာနဲ့ ညီမျှပါသလဲ ဆရာ။ ဇွန်းကစပြောပါရစေ။ လက်ဖက်ရည်ဇွန်းတွေက အရွယ်အစား အမျိုးမျိုး 25 mL ကနေ 6 mL အထိရှိတယ်။ ဇွန်း ယူအက်စ်သုံး လက်ဖက်ရည် 1 ဇွန်း = 1/3 ဟင်းခပ်ဇွန်း = 49 mL (milliliters မီလီလီတာ) = 1⁄6 US oz (အောင်စ) = 1⁄48 cup ခွက် = 1⁄768 US gallon (ဂါလံ) ဇွန်း ဗြိတိန်သုံး Teaspoon လက်ဖက်ရည်ဇွန်း = ¼ tablespoon ဟင်းခပ်ဇွန်း = 35 milliliters မီလီလီတာ Tablespoon ဟင်းခပ်ဇွန်း = 1/2 ounce အောင်စ = 142 milliliters မီလီလီတာ စဖိုချောင်သုံး အတိုင်းအတာ 1 liter = 34 ounces = 423 cups 1 cup = 8 ounces 1 tsp = 1/6 fl oz = 1/3 Tbsp 1 Tbsp = ½ fl oz = 3 tsp 1 cup = 8 fl oz = ½ pint 1 pint = 16 fl oz = 2 cups 1 quart = 32 fl oz = 2 pints 1 gallon = 128 fl oz = 4 quarts ထုံးစံခွက် = 237 ml Metric cup မက်ထရစ် ခွက် = 250 ml = ¼ liter Metric teaspoon မက်ထရစ် လက်ဖက်ရည်ဇွန်း = 5 ml Metric tablespoon မက်ထရစ် ဟင်းခပ်ဇွန်း = 15 ml ၁၆၁၈ မှာ ပဌအဆုံး ဆေးဝါးသုံး Tablespoon ဟင်းခပ်ဇွန်း ပေါင်းခံရေ = 12 milliliters လို့ သတ်မှတ်ခဲ့တယ်။ မိုးလားကွဲ မောင်တို့ မောင်တို့။ လေလားကွဲ့ မောင်တို့ေ

Cervical Cancer သားအိမ်ဝကင်ဆာ မေးခွန်း

(ကန်တော့) ကျွန်မအသက် ၃၃ နှစ်ပါ အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ ကလေးတယောက်ရှိပါတယ်ရှင့် ၃ နှစ်ပါ သမီးလေးမွေးပြီးထဲက ၃ လခံတားဆေးသုံးပါတယ်ရှင့် ခု ၂လလောက်ရှိပြီ သွေးနဲနဲဆင်းပါတယ်ရှင့် ၂ ရက်ခြားတခါ ၃ ရက်ခြားတခါပါ အတူနေချိန်တွေလည်း သွေးဆင်းပါတယ်ရှင့် အဲဒါ ဘာကြော့င်ပါလည်းရှင့် ၃ လခံထိုးဆေး ကြောင့်လား ရောဂါတခုခုဖြစ်နေတာကြောင့်လားရှင့် ဆိုးရိမ်ပြီးအိပ်မပျော်လို့ပါရှင့် OG နဲ့တော့ပြထားသေးတယ်ရှင့် အန်ထွာဆောင်း ရိုက်တာတော့ ဘာမှမရှိဘူးပြောတယ်ဆရာ သွေးမဆင်းအောင် သောက်ဆေးပေးပါတယ် ဆေးသောက်ချိန်သွေးမဆင်းပါ ဆေးသောက်နားလိုက်ရင် သွေးပြန်ဆင်းနေပါတယ်ရှင့် သားအိမ်ဂေါင်းကင်စာ ဖြစ်မှာကြောက်လို့ပါရှင့် Vaginal Bleeding During Sexual Intercourse အတူနေစဉ် သွေးထွက်ခြင်း https://doctortintswe.blogspot.com/2014/11/vaginal-bleeding-during-sexual.html ကင်ဆာလို့ ရေးရတယ်။ အာထွာဆောင်းလို့ ရေးရတယ်။ စိုးရိမ်လို့ ရေးရတယ်။ သားအိမ်ခေါင်းလို့ရေးသင့်တယ်။ သားအိမ်ဂေါင်းလို့ ရေးတာမမှန်။ ဆရာရှင့် သားအိမ်ဂေါင်းကင်ဆာအကြောင်းသိချင်လို့ပါရှင့် ဘယ်လိုရှာဖက်ရမလည်းလမ်းညွှန်ပေးပါရှင့် Cervical Cancer သားအိမ်ဝကင်ဆာ မေးခွန်း https://doctortintsw

မာတွေများနေသော မြန်မာပြည်

Image
ဦးခေါင်းမာ၊ တင်ပါးအရိုးမာ၊ အိမ်မာ၊ ရန်ကုန်မာ၊ မျက်သားအဖြူလေးမာ၊ အရေပြားမာ၊ လည်ပင်းနဲ့ပုခုံးမာ၊ လျော့လာမာပါ၊ ၅လထဲမာပါ။ ၁။ အရေပြားနဲ့ဆိုင်သော မေးခွန်း (ကန်တော့) ကျနော် အသက် ၃၀ နှစ်အရွယ် အိမ်ထောင်သည်ပါခင်ဗျာ ဦးခေါင်းမာ အရေးပြားပွေးတက်နာ သို့မဟုတ် မှိုနာတွေ ဖြစ်နေတာ ၂နှစ်လောက်ရှိပြီခင်ဗျာ အရေပြားဆရာဝန်ပေးတဲ့ ခရင်မ် ၃ရက်လောက် ဆက်တိုက်လိမ်းရင် ပျောက်တယ် မလိမ်းပဲထားရင်ပြန်ပြန်ပေါ်လာတယ် ဆရာရေ ဆေးပညာ အကြံညဏ်လေးများ ပေးစေချင်ပါတယ် ခင်ဗျာ Scalp Fungus ဆံပင်မှို https://doctortintswe.blogspot.com/2016/01/scalp-fungus.html ၂။ ဆရာရှင့် တင်ပါးအရိုးမာကပ်နေတဲ့ရေအိတ်လိုအရာမျိုး ရောင်နေတယ်ပြောပါတယ်ဆရာ ဘာလုပ်ရမလဲ ၃။ ဆရာရှင့် အိမ်မာရေကျောက်ပေါက်နေတဲ့ကလေးရှိပါတယ်ရှင့် ရန်ကုန်မာနေပြီး အိမ်ကိုလာနေတုန်းဖြစ်လာတာပါရှင့် ၄။ ဆရာရှင့် သမီးလေး ၁နစ် ၄လပါ။ မျက်စိမာအောက်စလေးကိုထိခိုက်မိပြီး မျက်သားအဖြူလေးမာ မျက်သားအနီလေး ထသွားပါတယ်ရှင့် ဘာလုပ်ပေးရမလည်းရှင့် ၅။ အရေပြားမာအနီစက်တွေထနေလို့ပါ လည်ပင်းနဲ့ပုခုံးမာပါ မိန်းခလေးပါ အသက်က၁၈နှစ်ပါ ၆။ ဖတ်လို့ရတဲ့သူက လျော့လာမာပါ ၇။ ကျမအသက်က ၃၀ ပါ ကိုယ်ဝန်က ၅လထဲမာပါ မာ နှင့် မှာ သို့မ

ASF ရောဂါ

Image
ကျန်းမာရေးသတင်းတခု အခုပဲဖတ်ရတယ်။ Mandalay International Airport တွင် ASF ရောဂါဖြစ်ပွားနေသော တိုင်းပြည်များ၏လေကြောင်းလိုင်းများမှ သိမ်းဆည်းရမိသော ဝက်သားခြောက်များနှင့် ဝက်အူချောင်းများအား ဓာတ်ခွဲခန်းမှ စစ်ဆေးရန်နမူနာ ပစ္စည်းများ ကောက်ယူခြင်း နှင့် လေဆိပ်တွင် မီးရှို့ဖျက်ဆီးခြင်း တဲ့။ ASF ဆိုတာ African Swine Fever အာဖရိကန် ဆွိုင်းဖလူးကို ခေါ်တယ်။ ၁၉-၃-၂၀၁၉ နေ့ကတင်ထားတဲ့ ယူအက်စ်ကသတင်းကို ကိုးကားတင်ပြပါမယ်။ အာဖရိကန် ဆွိုင်းဖလူးရောဂါဟာ အလွန်ကူးစက်မြန်တယ်။ အိမ်မွေးဝက်တွေမှာဖြစ်တယ်။ လူတွေကို မကူးစက်လို့ ဆိုပါတယ်။ အာဖရိကတိုက် ဆာဟာရအောင်ပိုင်းဒေသတွေမှာ အဖြစ်များတယ်။ လောလောဆယ် တရုပ်ပြည်၊ မွန်ဂိုးလီယားနဲ့ ဗီယက်နမ်ကိုရောက်နေတယ်။ ဥရောပမှာလည်း နည်းနည်းရောက်တယ်။ ယူအက်စ်ကို အခုထိတော့ မရောက်သေးပါ။ ဝက်လုပ်ငန်းလုပ်ကိုင်နေကြရသူတွေအတွက် သတိပေးချက်ထုတ်ပြန်ထားတယ်။ ဒီလိုလကဏာတွေရှိရင် သတိထားပါ။ 1.    High fever အပြင်းဖျားခြင်း၊ 2.    Decreased appetite and weakness အစားအသောက်ပျက်ပြီး အာနည်းနေခြင်း၊ 3.    Red, blotchy skin or skin lesions အရေပြားမှာ အနီရောင်အနာဖြစ်ခြင်း၊ 4.    Diarrhea and vomiting ဝမ်းပျက်ပြီး

ဧယဉ်ကျူး ဧယာဉ်ကျူး အေးယဉ်ကျူး ဧယဉ်ကျူး

Image
ဧယာဉ်ကြူး မဟုတ်ဘူးလားဆရာ ဘာလို့လဲ ပုခက်ကိုလွှဲနေတာလေ ယာဉ်သဖွယ် အရင်ထုတ်သတ်ပုံစာအုပ်တခုမှာ ဧယာဉ်ကျူးလို့ရေးတာရှိတယ်။ အရင်ထုတ် နောက်သတ်ပုံစာအုပ်တခုမှာ အေးယဉ်ကျူး နဲ့ ဧယဉ်ကျူးလို့ပါတယ်။ နောက်ထုတ်သတ်ပုံကျမ်းမှာ ဧယင်ကျူးတဲ့။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂ဝ၁၉

Antihypertensive therapy သွေးကျဆေးနှင့် ကင်ဆာသတင်းများ

Image
တင်ကြတာတွေ့တယ်။ သွေးကျဆေး ၃ မျိုးဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု အတည်ပြုတဲ့။ နေံစွဲက မသေခြာ။ စင်ကာပူမှာ လူနာပေါင်း ၁ သိန်းကျော်ဟာ အဆိုပါ ဆေးများကို လက်ရှိ သောက်သုံးနေတာပါ။ စင်ကာပူမှာ သွေးတိုးအတွက် သောက်ဆေး ၃ မျိုးဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာမို့ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါ သွေးကျဆေးများ သောက်နေသူ လူနာများကို ပြန်ပြီး ဆေးစစ်နိုင်ဖို့ စီစဉ်နေပါပြီ။ အဆိုပါ ဆေး ၃ မျိုးကတော့ (၁) Hyperten tablet (၂) Losagan tablet (၃) Losartas tablet တို့ ဖြစ်ပါတယ် တဲ့။ Antihypertensive therapy and cancer risk သွေးတိုးဆေးနဲ့ ကင်ဆာဖြစ်နိုင်ခြေသတင်းက ၂ဝဝ၁ ကတည်းက ရှိခဲ့တာ။ အချုပ်မှာ နောက်ထပ်ကျယ်ပြန့်တဲ့ လူနာတွေလေ့လာမှုမထွက်မီ လက်ရှိ သွေးတိုးကုထုံး အတိုင်းသာ လိုက်နာသင့်လို့ ဖြစ်တယ်။ နောက်ဆေးသုတေသနတခုလည်းရှိတယ်။ BMJ 2018 - Angiotensin converting enzyme inhibitors and risk of lung cancer: population based cohort study ၂၀၁၈ ခုနှစ်ကဖြစ်ပါတယ်။ ACEIs အမျိုးအစားသွေးကျဆေးတွေနဲ့ အဆုတ်ကင်ဆာ ဆက်စပ်တာ။ ဒီဆေးမျိုးကို ၅ နှစ်ကျော်သုံးသူတွေ သတိထားရပါမယ်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီမှာထွက်ခဲ့တဲ့ Losartan potassium tablets သွေးကျဆေးသတင

Polymyositis ပေါ်လီမိုင်ယိုဆိုက်တစ်ရောဂါ

Image
၅၅ နှစ် မိန်းမ polymyositis လို့ပြောပါတယ်ဆရာ အဲ့ရောဂါ အကြောင်းလေး သိချင်လို့ပါဆရာ ဆရာ့ blog ထဲမှာတော့ auto immune disease လို့ဖတ်ရပါတယ်ဆရာ သေသေချာချာ မသိလို့ပါခင်ဗျ ပေါ်လီမိုင်ယိုဆိုက်တစ်ရောဂါဆိုတာ ရှားတဲ့ ခုခံအားကမောက်မရောဂါတမျိုးဖြစ်တယ်။ ကြွက်သားတွေကို ထိခိုက်တယ်။ ကိုယ့်ခုခံမှုစံနစ်က ကိုယ့်တစ်ရှူးတွေကို ရန်သူလိုသဘောထားပြီး တိုက်ထုတ်နေခြင်းဖြစ်တယ်။ ဆောရီး။ ပခုံး၊ တင်ပါ။ လက်မောင်းနဲ့ လည်ပင်းကကြွက်သားတွေမှာဖြစ်တာများတယ်။ အားနည်းမယ်။ နာမယ်။ အသက် ၅၀ နဲ့ ၇၀ နှစ်တွေကြားဖြစ်သူများတယ်။ တယောက်နဲ့တယောက် ခံစားကြရတာမတူတတ်ပါ။ ယူအက်စ်အေမှာ လူနာ ၂ သိန်းရှိတယ်။ ကုသနည်းတွေရှိတယ်။ ဘယ်ဟာကအကောင်းဆုံးလို့မရှိ။ မပျောက်နိုင်။ ဆောရီး။ သက်သာအောင်သာ လုပ်ပေးနိုင်သေးတယ်။ Corticosteroids စတီရွိုက်ဆေးတွေပေးတယ်။ ထိုးဆေး (1 mg per kg) နဲ့ စားဆေးတွေ။ Immunosuppressive Drugs ခုခံအားနှိမ်ဆေးသုံးတယ်။ azathioprine (Imuran), mycophenolate mofetil (Cellcept) နဲ့ Tacrolimus (Prograf) ဆေးတွေဖြစ်တယ်။ Disease-Modifying Antirheumatic Drugs (DMARDs) ဆေးတွေလည်းသုံးတယ်။ Cyclosporine (Neoral, Sandimmune) ဆေးလည်းသုံးတယ်။ Methotrexat

ပိုးစုန်းကြူးတမျှဖြစ်လဲ

Image
စာရေးဆရာမ ခင်ဆွေဦး ရေးခဲ့တာ။ ခုခေတ်မှာ တမှန်သမျှနီးပါးကို တစ်လုပ်ခိုင်းထားလို့ တချို့က တဆိုရင် တလုံးမကျန် စသတ်ကြတော့တယ်။ နမူနာ ၃ ခုသာတင်ပြပါတယ်။ နံပတ် ၃ က တရားစာထဲမှာ။ ၁။ အိမ်ကြီး၏ အရှေ့ဘက်ဆုံး အခန်းကျယ်ကြီး တစ်ခန်းတွင် အပြစ်ပြောစရာ မရှိအောင် နတ်သမီးတစ်မျှ လှပလှသည့် ၂။ တစ်ဖျတ်ဖျတ် လွင့်နေသော ဝတ်ရုံနှင့် သူမသည် နတ်သမီးတစ်မျှ ချောမောသည်။ ရှန်းယွဲ့၏ သနားစဖွယ် နူးနူးညံ့ညံ့ ၃။ ယောကျာ်းတိုင်း လက်ကို အစမ်းခံကြရာမှ နတ်သမီးတစ်မျှ ကောင်းမွန်လှသည့် အတွေ့အထိကို သိကြပုံ၊ ဘုရင်က ကြူး ရိုက်ကြူး ကာမကြူး ထစ်ကြူးမြည် ပိုးစုန်းကြူး၊ မိုးသားကြူး ခြီးကြူး (ခြီးကျူး) ရင့်ကြူး (အသံဖြင့်ကြူးရင့်သည်) လွန်လွန်ကြူးကြူး၊ အစားကြူး အလွန်အကြူး ဆော်ကြူး မေထုန်ကြူး ကြွေအန်ကြူး သေသောက်ကြူး မြန်မာစာ ပိုးစုန်းကြူးတမျှသာ လင်းနိုင်ပါတော့တယ်။ ပုံတင်ပေးသူ ကျေးဇူး။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂၀၁၉