ဝတ်လစ်စလစ်



မြန်မာစာ ရေးကြတာ
ပြီနဲ့ ပြီးမှာ ရရစ်တွေမပါ။
ဖြစ်မှာလည်း ရရစ်မတည့်။
တွေမှာ ဝဆွဲမပါ။
ဘယ်မှာ ယသတ်မထည့်။
ဘာမှာ ရေးချမထည့်။
မှာရေးတာ ဟထိုးမပါ။

မြန်မာစာ အပေါ်ဝတ်စရာတွေမပါ၊ အောက်ဝတ်ထည်တွေလည်း မဝတ်ကြတော့ပါ။ ရှက်စရာ။

ဝတ်လစ်စလစ်နှင့် ဒေါက်မြင့်ဖိနပ်

(ပုံအတွက် ကန်တော့)

ဝတ်လစ်စလစ်ပို့စ်အောက်မှာ ကွန်မင့်တွေရေးကြတယ်။ ကျေးဇူး။ တခုက လွယ်လွယ်ရေးနေကြတာ တဲ့။

လွယ်လွယ်တော့ မဟုတ်လောက်ပါ။ တခုတကောင်တယောက်မှာ စသတ်ထည့်တယ်။ သမတမှာ မနှစ်လုံးဆင့်တယ်။

အသက် ၃၀၊ မ၊ အိမ်ထောင်မရှိ့။ ဆရာရှင့် ရင်ဘက်အောင့်နေတာ ၇ လလောက်ရှိ့ပါပြီရှင့် အသက်ရှုမဝသလို မောနေတက်လို့ပါရှင့်။ တောင်တက်ခရီးလိုအားကစားပြင်းပြင်းထန်ထန်လုပ်သင့်ပါသလားရှင့် ဘာတွေ ကာကွယ်မှု့ ပြုလုပ်ရန် နှင့် ဘယ်လိုဆေးမျိုး ဆောင်ထားရန် ညွှန်ကြားပေးပါရှင့်

ရှိ့ နဲ့ မှု့ တွေမှာ (့) မလိုပါ။

မင်္ဂလာပါဆရာ ခလေးသိပ့်တာလား သိမ့်တာလား ဘယ်ဟာသုံးရမလည်းဆရာ

ကလေးသိပ်သည်လို့သာရေးတယ်။ အောက်မြစ် ပါစရာမလို။

အဲတာတွေက နမူနာနည်းနည်းလေးသာ။ အပျော်အပျက်ရေးသူတွေရှိတယ်။ မှားလို့မှားမှန်းမသိသူတွေနဲ့ ပေါ်လစီအရ ပြင်ထားတာကိုသာ အမှန်ထင်သူက အများဆုံး။

ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်တာက လွယ်တာကို ခက်အောင်လုပ်တာနဲ့ လုပ်ရကောင်းမှန်းမသိတာကို လုပ်နေကြတာ။

မြန်မာစာနဲ့ ဒေါက်မြင့်ဖိနပ် https://doctortintswe.blogspot.com/2017/11/blog-post_69.html

ဒေါက်တာတင့်ဆွေ
၂၉-၃-၂၀၁၉

Comments