Uber အူဘား

အဲဒီ တက်စီလုပ်ငန်း မြန်မာပြည်မှာလည်းရှိတယ်။ သားတယောက်က အူဘားသုံးလေ့ရှိတယ်။ တရက်မှာ ကားဆရာနဲ့ လေဖြောင့်တဲ့အကြောင်း၊ သူ့ဝါသနာအတိုင်း စာအုပ်တို့ စာကြည့်တိုက်တို့နဲ့ ဆိုင်တာတွေ ကားသမားနဲ့ စကားပြောတဲ့ အကြောင်းတင်တယ်။

ပြည်တွင်းကတူတယောက်က အားကျပုံရတယ်။ သူ့ကားမှာသာ စပ္ပါယ်ယာ လိုက်လုပ်ရင် စကားအများကြီး ပြောချိန်ရလိမ့်မယ်တဲ့။

ကားမမောင်းချင်တော့တဲ့ ကျွန်တော်လည်း အူဘားကား ခဏခဏစီးရတယ်။ မောင်းတဲ့သူတွေက အမျိုးမျိုး။ တခါတော့ ကာမောင်းသူ ဘယ်သူဘယ်ဝါ၊ ပြောဆိုဆက်ဆံရေးလည်းကောင်းတယ်လို့ အူဘားက မက်ဆေ့ခ်ျပေးတယ်။ တလမ်းလုံး တခွန်းမှ မပြောဘူး။

အဲလိုပဲ အကြီးအကျယ် ဘယ်လိုဘယ်ဝါ မိတ်ဆက်ပေးတိုင်းလည်း အဟုတ်မထင်ကြနဲ့။ ဘွဲ့တွေ အမြီးတွေရှည်ပေမဲ့လည်း လျှာတိုတတ်တယ်။ ဖေ့စ်ဘွတ်ပရိုင်းလ်တွေကလည်း အဲလိုနေမယ်ထင်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)