Stress စိတ်ဖိအားများခြင်း

၁။ ကျွန်မဒီနေ့ပဲ ဆရာရဲ့ Stress and Infertility စိတ်ဖိအားများတာနဲ့ သားသမီးမရနိုင်တာ ဆက်စပ်မှုရှိဆိုတဲ့စာကို ဖတ်လိုက်ရပါတယ်။ ကျွန်မက အိမ်ထောင်ရှိ၊ အသက် ၃၁ နှစ်၊ ကလေးမရသေး၍ ရရန် ကြိုးစားနေသူပါဆရာ။ OG နဲ့လည်း ပြပြီးပါပြီး ဆေးစစ်တာလည်းအကုန်ကောင်းပါတယ်၊ ဘာလို့  ကလေးမရမှန်း မသိကိုဖြစ်နေပါတယ်ရှင်။ စိတ်ဖိစီးမှု ကတော့ များပါတယ်။ ဘာမှမဟုတ်တာလည်း စိတ်ဖိစီးနေတာပါပဲ။ အလုပ်ကြောင့်စိတ်ဖိစီးတာလားဆိုပြီး အလုပ်ထွက်ဖို့  စဉ်းစားပါတယ်။ ဒါပေမယ့် အလုပ်မရှိလို့ ဆိုပြီးစိတ်ဆင်းရဲနေတက်တဲ့သူပါ။ အဲ့လိုစိတ်အတွက် ဘာဆေးများသောက်ရပါမလဲဆရာ။

၂။ မင်္ဂလာပါဆရာရှင့် ကျမက ဆရာရေးတဲ့ အမျိုးသမီးဆိုင်ရာကျန်းမာရေးစာတွေကို လေ့လာဖူးပါတယ်။ ခုက  ကျမရဲ့အမျိုးသားအတွက် ဆရာ့ရဲ့ညွှန်ကြားချက်လေးလိုချင်လို့ပါ။ အမျိုးသားက အသက် ၃၃ပါ။ stress တွေ သိပ်များပါတယ်။ အလုပ်တွေနဲ့လဲမနားရပါဘူး။ သူ့အတွက် ဘာအားဆေးက သင့်တော်မလဲဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်။

၃။ ကျနော်က ဆရာတယောက်ပါ။ ဒီကနေည ၇နာရီလောက်ကမှ တပည့်မလေးတယောက်က ကြောက်တယ် ကြောက်တယ်၊ ငါ့ကိုသူတို့ စာကျတ်လို့ မရအောင် လုပ်နေကြတာဆို ရုတ်တရက်ထငိုပါတယ်။ သူ့မှာ အသိစိတ် ပျောက်မနေပါဘူး။ ဆရာဆရာမတွေကို သူသိနေပါတယ်။ ဒါပေမယ့် အတင်းရုန်း ငိုနေတော့ သူရဲပူးတယ်ဆိုပြီး တခြားကလေးတွေလည်း ကြောက်နေပါတယ်ဆရာ။ ဒါမျိုးဖြစ်ရပ်ကို ဆေးပညာလောကမှာ ဘယ်လိုခေါ်ပါသလဲ။ ဘာအကြောင်းတွေကြောင့် ဖြစ်ပါသလဲ။ ဖြစ်လာခဲ့တဲ့အခါမှာလည်း လူနာအပေါ် ဘယ်လို ပြုစုစောင့်ရှောက် ထိန်းသိမ်းရမယ်ဆိုတာလေးပါ သိချင်ပါတယ်ဆရာ။ မနက်ဖြန် ကျောင်းတွင်း ၁ဝဝ ဖိုးမေးခွန်း စာမေးပွဲဖြေမှာပါ။

စိတ်ဖိအားဆိုတာ ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်အရချက်နဲ့ စိုးရိမ်စရာတခုခုကြုံတဲ့အခါတွေမှာ ဖြစ်လာတယ်။ ဘေးရန်တခုခုနဲ့ ရင်ဆိုင်ရတိုင်း ပြန်လည်တိုက်ခိုက်ဖို့ အလိုလိုတုန့်ပြန်မှုဖြစ်တာလည်းပါတယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နည်းလည်း ဖြစ်တယ်။ အဲလိုဖြစ်ခြင်းကနေ ကိုယ့်အသက်ရန်ကို ကာကွယ်မှုပေးတယ်။ စိတ်ဖိအားရှိခြင်းကြောင့် ရင်ဆိုင်စရာကို ကျော်လွှားနိုင်စေတယ်။ ဒါပမဲ့ အတိုင်းအတာတစုံတခုထက်ပိုကဲသွားရင် ပြောင်းပြန်အကျိုးရစေနိုင်တယ်။ ဆောရီး။

စိတ်ဖိအားများလာရင် ဟော်မုန်းတချို့ပိုထွက်လာတယ်။ adrenaline နဲ့ cortisol တို့ပါတယ်။ နှလုံးခုန်မြန်လာမယ်။ သွေးဖိအားတက်လာမယ်။ အသက်ရှူမြန်လာမယ်။

တာရှည်ဖိအားများနေတာကို မခံနိုင်ကြပါ။ မကြာခဏဖိအားများနေရင်လည်း လူမှုဘဝ အရည်အသွေး နိမ့်စေမယ်။ ကိုယ်ခန္ဓာစနစ်အားလုံးလိုလိုကို ထိခိုက်စေမယ်။ အစာခြေလမ်း၊ မျိုးပွါးလမ်း။ နှလုံးရောဂါပိုရစေနိုင်တယ်။ anxiety စိုးရိမ်စိတ်ကဲခြင်းနဲ့ depression စိတ်ဓါကျခြင်းစိတ်ပိုင်းထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ရုပ်ရည် ပိုပြီး အိုစာလာမယ်။ အိပ်ရေးပျက်မယ်။ မှန်ဥာဏ်နည်းလာမယ်။ နှင်းခူနာရှိရင် ဆိုးစေမယ်။ ရောဂါခံတခုခုရှိတောကို ပိုဆိုးစေမယ်။ ကိုယ်အလေးချိန် ပုံမှန်မဟုတ်ဖြစ်မယ်။ စဉ်းစားတွေခေါ်တာ အားနည်းလာမယ်။ အာရုံစူးစိုက်မှု အားနည်းမယ်။ ဆုံးဖြတ်ချက်ချတာ အမှားပါမယ်။ အနုတ်သဘောသာမြင်နေမယ်။

Benzodiazepines ဆေးတွေသုံးတယ်။ Xanax (alprazolam) ဆေး၊ Klonopin (clonazepam) ဆေး၊ Valium (diazepam) ဆေးနဲ့ Ativan (lorazepam) တွေဖြစ်တယ်။ SSRI antidepressants ဆေးတွေလည်းပေးတယ်။ Buspirone (BuSpar) ဆေးလည်းပေးတယ်။ Beta blockers ဆေးတွေလည်းပေးတယ်။ စိတ်အထူးကုဆရာဝန်က ဆေးအပြင် စိတ်ကုနည်းနဲ့ ပြုပြင်ပေးပါတယ်။ ဆေးတွေမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ ကိုယ်လက်လှုပ်ရှားမှုကနေ သက်သာစေမယ်။ ပတ်ဝန်ကျင်အပြောင်းအလဲကလည်း သက်သာစေနိုင်တယ်။

1. Alprazolam စိတ်ဆေး https://doctortintswe.blogspot.com/2016/05/alprazolam.html
2. Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း http://doctortintswe.blogspot.com/2014/11/anxiety-disorders.html
3. Stress Affect Your Appearance စိတ်ရုပ် ဖိအားနှင့် အသွင်အပြင် https://doctortintswe.blogspot.com/2017/04/stress-affect-your-appearance.html
4. Stress and Infertility စိတ်ဖိအားများတာနဲ့ သားသမီးမရနိုင်တာ ဆက်စပ်မှုရှိ https://doctortintswe.blogspot.com/2017/07/stress-and-infertility.html
5. Stress changes brains of boys and girls differently https://doctortintswe.blogspot.com/2016/11/stress-changes-brains-of-boys-and-girls.html
6. Stress စိတ်ဖိအားများခြင်း https://doctortintswe.blogspot.com/2017/12/stress_15.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ