Antihypertensive therapy သွေးကျဆေးနှင့် ကင်ဆာသတင်းများ

တင်ကြတာတွေ့တယ်။ သွေးကျဆေး ၃ မျိုးဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု အတည်ပြုတဲ့။ နေံစွဲက မသေခြာ။ စင်ကာပူမှာ လူနာပေါင်း ၁ သိန်းကျော်ဟာ အဆိုပါ ဆေးများကို လက်ရှိ သောက်သုံးနေတာပါ။ စင်ကာပူမှာ သွေးတိုးအတွက် သောက်ဆေး ၃ မျိုးဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာမို့ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါ သွေးကျဆေးများ သောက်နေသူ လူနာများကို ပြန်ပြီး ဆေးစစ်နိုင်ဖို့ စီစဉ်နေပါပြီ။ အဆိုပါ ဆေး ၃ မျိုးကတော့ (၁) Hyperten tablet (၂) Losagan tablet (၃) Losartas tablet တို့ ဖြစ်ပါတယ် တဲ့။

Antihypertensive therapy and cancer risk သွေးတိုးဆေးနဲ့ ကင်ဆာဖြစ်နိုင်ခြေသတင်းက ၂ဝဝ၁ ကတည်းက ရှိခဲ့တာ။ အချုပ်မှာ နောက်ထပ်ကျယ်ပြန့်တဲ့ လူနာတွေလေ့လာမှုမထွက်မီ လက်ရှိ သွေးတိုးကုထုံး အတိုင်းသာ လိုက်နာသင့်လို့ ဖြစ်တယ်။

နောက်ဆေးသုတေသနတခုလည်းရှိတယ်။ BMJ 2018 - Angiotensin converting enzyme inhibitors and risk of lung cancer: population based cohort study

၂၀၁၈ ခုနှစ်ကဖြစ်ပါတယ်။ ACEIs အမျိုးအစားသွေးကျဆေးတွေနဲ့ အဆုတ်ကင်ဆာ ဆက်စပ်တာ။ ဒီဆေးမျိုးကို ၅ နှစ်ကျော်သုံးသူတွေ သတိထားရပါမယ်။

၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီမှာထွက်ခဲ့တဲ့ Losartan potassium tablets သွေးကျဆေးသတင်းက တမျိုးဖြစ်တယ်။ ရေးထားတယ်။ ဆေးထဲမှာ တခြားမသင့်တာပါလို့သာဖြစ်တယ်။

Losartan potassium tablets သွေးကျဆေးသတင်း https://doctortintswe.blogspot.com/2019/02/losartan-potassium-tablets.html

သွေးတိုးကျဆေးတွေက အမျိုးမျိုးနဲ့ အများကြီးရှိပါတယ်။ ဆရာဝန်ညွှန်တာ သောက်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး