ကျောက်သင်ပုန်း

ကျွန်တော်ငယ်ငယ်က ကျောက်သင်ပုန်းခေတ်ကို မီတယ်။ ဇာတိရွာမှာ ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ ကကြီးခကွေး စာရေးရတယ်။ ကံ့ကူဆံခေတ်တော့ ကုန်စပြုပါပြီ။

ခဲတံခေတ်နဲ့ မင်ထည့်ရေးရတဲ့ ဖေါင်တိန်ခေတ်မှာ ကျောင်းသားလေးတွေ အင်္ကျီအိတ်ကပ်မှာ မင်စွန်းလွတ်တဲ့သူဆိုတာ ရှားတယ်။ ဆရာဆရာမတွေရဲ့ ကျောင်းလုံခြည်တွေမှာလည်း မြေဖြူအဖွေးသားနဲ့။

မဆလခေတ်ရောက်တော့ ပစ္စည်းကောင်းဆိုတာ မရှိတော့ပါ။ မြန်မာ့ဆိုရှယ်လစ် အရသာကို ကျောင်းသားတွေက စသိတာ။ ဂျာမဏီက ခွေးမြီးတိုအစား တရုပ်လုပ် ဂရိတ်ဝေါခဲတံတွေသာရတယ်။ ချွန်လေ ကျိုးလေ။ ဆေးကျောင်းအထိ ပိုင်းလော့ဖေါင်တိန်နဲ့သာ စခန်းသွားရတယ်။ ပတ်ကား နည်းနည်းပါးပါးရှိတယ်။ လက်ချာရာတွေ ကျူတာတွေကလည်း မြေဖြူသာကိုင်ရတာ။

ခုခေတ်တော့ မြစ်မလေးကလည်း တက်ဘလက် တဲ့။ အိုင်ပဒ် တဲ့။

ပုလဲကဆရာတော်ကတော့ ရှေးကျတုန်း။ ပတ်ကားဖေါင်တိန်လှမ်းမှာလို့ ပို့လိုက်ပြီ။ မြေဖြူကိုင်တဲ့ ဆရာဆရာမတွေက ပင်စင်ရကြပြီ။ ကံ့ကူလက်လှည့် သင်ပေးခဲ့ကြတဲ့ ဆရာဆရာမတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်