Posts

Showing posts from September, 2020

The Hen that laid Golden Eggs နိုင်ငံရေး မေးခွန်းတခု

Image
ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီး မရှင်းတာတာ သိချင်တာလေးတွေရှိတယ်။ အသင်းကနေ ပါတီအဖြစ်ပြောင်းတော့ အသင်းဝင်တွေ အားလုံး သူတို့ ပြောတဲ့ စာရင်းအရ ၂၄ သန်းရဲ့ ဆန္ဒတွေနဲ့ ပြောင်းခဲ့တာလား။ အသင်းကနေ ပါတီပြောင်းတော့ ၂ သန်းကျော် ပါလာတယ်လို့ စာရင်းတွေကဆိုတယ်။ အဲ့ဒါ ဘယ်တုန်းက ပြောထားတာလဲ ကိုးကားလေး ရှိရင် အလင်းပြပါ။ အသင်းကနေ ပါတီပြောင်းတဲ့အခါ နိုင်ငံတော်ကပေးထားတဲ့ အသင်းပိုင် ပစ္စည်းတွေနဲ့ ငွေစာရင်းတွေကို ဘယ်လိုမျိုး တရားဝင် ပြောင်းရွှေ့ခဲ့တာလဲ။ ဦးနေဝင်းလက်ထက်က ကြံ့ခိုင်ရေးအသင်းနဲ့ ဦးသန်းရွှေ လက်ထက်ကြံ့ခိုင်ရေးအသင်း ဒီနှစ်ခုက ဆက်စပ်မှုရှိသလား။ သုတေသနလို မဟုတ်ပဲ အမြန်ဖြေပါရစေ။ ဦးနေဝင်းလက်ထက်မှာ ကြံ့ခိုင်ရေးအသင်းမရှိပါ။ မဆလ ပါတီသာရှိတယ်။ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းတော့ မဆလ ပါတီက ဗဟိုဘဏ်ကနေ ငွေတွေအများကြီး ထုတ်ယူတဲ့သတင်း ထွက်တယ်။ သိန်း ၅၀၀ ထင်တယ်။ အဲဒီကာလ ကျပ်ငွေတန်ဖိုးက အခုလောက်မဆိုးသေး။ မှတ်မိသလောက် ရွှေဈေး တကျပ်သား ကျပ်တသောင်း။ သိန်း ၅၀၀ ဆိုတော့ ရွှေ ၅၀၀၀ ကျပ်သား သို့မဟုတ် ၅ ပိဿာ။ မဆလ ပါတီပိုင် ရုံးတွေ မြေတွေ အကုန် တစညက ဆက်ခံတယ်။ မသိနိုင်တာတွေလည်း ရှိတယ်။ ကြံ့ခိုင်ရေး အသင်းသားဦးရေက သတင်းတွေထဲပါတာသာ သိရတာ။ တစည နဲ့

Too Much ငသိုင်းများသောဟင်း

Image
ခုရက်တွေမှာ သတင်းနောက်ခံ လင့်တွေ တခုပြီးတခု တက်လာတယ်။ အချက်အလက်တွေလည်းပါတယ်။ ပါတယ်ဆိုတာ များလွန်းတယ်။ ငသိုင်းမျာတဲ့ဟင်းလိုပဲ။ အဲတာကတော့ ဟင်းဟုံတာသာဖြစ်ပါတယ်။ အချက်အလက်တွေထဲမှာ အမှန်ရော မမှန်တာတွေပါ ရောထားတယ်။ တချို့ပို့စ်တွေမှာ ဘယ်သူမှ မကောင်းလို့ရေးထားတယ်။ ကျန်တဲ့သူတွေရော ကျွန်တော်တို့ စင်ပြိုင်အစိုးရရော မကောင်းဘူးတဲ့။ ကျေးဇူး။ ရေးတဲ့သူသာ ကောင်းတဲ့သဘော။ တချို့ပို့စ်တွေမှာ ကျွန်တော့အမည်ကပါသေးတာ။ တခွန်းမှ ပြန်မရေးပါ။ နားလည်ကြမှာ မဟုတ်။ အဓိကက အကျိုးမရှီနိုင်။  ၁၀၀% မှန်တာရေးတာကို ဟိုပြောဒီပြောသမားတွေက များလွန်းတယ်။ အမျိုးတွေကမေးတာတော့ ပြန်ဖြေလိုက်တယ်။ အချက်အလက်တွေ သိလွန်းတော့ ကလောင်ရှင်တွေဟာ သိကြားမင်းလည်း ဖြစ်နိုင်တယ်။ ဒေါက်တာတင့်ဆွေ

Moderna coronavirus vaccine ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလားအလာကောင်း

Image
ယူအက်စ်မှာ ထုတ်လုပ်ပြီး ကာကွယ်ဆေးကို အသက်ကြီးသူတွေကို ထိုးပေးစမ်းသပ်မှုလုပ်နေတာ ခုခံနိုင်စွမ်း ကောင်းတယ်လို့ တွေ့ရှိရကြောင်း ကနေ့သိရှိရပါတယ်။ အသက် ၅၆ နှစ်နဲ့အထက် ၄၀ ယောက်ကို ကာကွယ်တေး ၂ ကြိမ်စီထိုးပေးပါတယ်။ အဆင့် ၁ ကို ဧပြီ ၁၆ ရက်ကနေ မေ ၁၃ ရက်အတွင်းကဖြစ်တယ်။ ဆေး ၂၅ mcg နဲ့ ၁၀၀ mcg ကို ၂၈ ရက်ခြာထိုးပေးတယ်။ ဘေးထွက်သက်ရောက်မှုတွေက အားနည်း၊ ချမ်း၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ ဆေးထိုးတဲ့နေရာနာတာသာ ရှိတယ်။ သုံးသပ်ချက်အရ ခုခံနိုင်စွမ်းဟာ လက်သင့်ခံနိုင်လောက်တယ်။ ၁၀၀ mcg ထိုးပေးတာက ပိုပြီး ခုခံမှုရတယ်။ အဲတာကြောင့် တတိယအဆင့်စမ်းသပ်မှုမှာ ၁၀၀ mcg ထိုးနည်းလုပ်မယ်။ အခုအသက်အရွယ်တွေဟာ ကူးစက်ခံရသူအများဆုံးဖြစ်တယ်။ တတိယအဆင့်မှာ တခြားအသက်အရွယ်တွေအပါအဝင် လူ ၃၀၀၀၀ ကိုစမ်းပါမယ်။ ဒေါက်တာတင့်ဆွေ ၃၀-၉-၂၀၂၀

Stay Home ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း

Image
မင်္ဂလာပါဆရာ ကျွန်တော်မိတ်ဆွေကိုယ်စားမေးပေးတာပါဆရာ ယောင်္ကျားလေး (ယောက်ျားလေး) အသက် ၅၅ နှစ်ပါ ကိုယ်အလေးချိန် ပေါင် ၂၀၀ခန့်ရှိပါတယ် သူကကျန်းမာရေး ဗဟုသုတနည်းပြီး စိုးရိမ်စိတ်များပါတယ် သွေးကျဆေး နေစဉ်သောက်နေရတဲ့ သွေးတိုးရောဂါရှိပါတယ် မတ်ခ်တပ်ရင် အသက်ရူကြပ်လို့ဆိုပြီး မေးစေ့အောက် အမြဲချိတ်လေ့ရှိပါတယ် လွန်ခဲ့တဲ့လေးရက်နေ့နေစပြီးအဖျားဝင်ပါတယ် ပြဒါးတိုင်နဲ့တိုင်းတာ ၉၈ ကနေမကျသေးပါ ၁၀၀ ဖြစ်လိုက် ပြန်ကျလိုက်ဖြစ် တာနှစ်ကြိမ်ရှိပါပြီ ဆေးရုံဆေးခန်းသွားဘို့  ပြောတာ မရပါ သူကြောက်နေပုံရပါတယ် အနည်းငယ်ကိုယ်ပူတာကလွဲ၍ ကျန် ကိုဗစ်လက္ခဏာ ဘာမှမရှိပါ  ပါရာစီတမောဘဲ ည မနက် သောက်နေတာ လေးရက်ရှိပါပြီ အခြေနေက ပိုကောင်းမလာပါဆရာ ကျွန်တော်တို့က ဘေးကနေကြည့်ပြီး သူ့မိသားစုကိုစိတ်ပူလို့ပါဆရာ သူ့ကိုဘယ်လိုအကြံပေးသင့်လဲ ဘယ်လိုဆေးတွေတိုက်သင့်လည်း ကျေးဇူးပြု၍ ဆရာအကြံပေးပေးပါခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ကိုယ်အပူချိန် ၉၈့၆ ကျော်ရင်ဖျားတယ်။ ၁၀၀ - ၁၀၀့၅ ဆိုရင် ဆေးလိုတယ်။ ပါရာစီတမော သင့်။ ကရိုနာဗိုင်းရပ်စ် ကတော့ စစ်ဆေးမှသာသိပါမယ်။ ကူးစက်ခံရတိုင်းတော့ ဆိုးတာမဟုတ်ပါ။ ကူးစက်တာမှန်ရင် ၆ ပေပတ်လည်က လူတွေကို ကူးစေနိုင်တယ်။ Coronavirus Preventi

Vasovagal syncope သွေးမြင်မူးခြင်း

Image
ဆရာခင်ဗျ ကျွန်တော်က အသက် ၂၁ ပါ သွေးမြင်ရင် မူးပါတယ် တခါတလေ သတိမေ့မေ့သွားပါတယ်ခင်ဗျ အဲ့ဒါ ဘာရောဂါပါလဲဗျ ဘယ်လိုကုသရမလဲခင်ဗျ  Vasovagal syncope သွေးမြင်မူးခြင်းလို့ ခေါ်တယ်။ Neurocardiogenic syncope လို့လည်းခေါ်တယ်။ ကိုယ်ခန္ဓာက လိုတာထက်ပိုပြီး တုန့်ပြန်မှုတွေလုပ်လို့ဖြစ်တယ်။ စိတ်ပညာရှင်တွေအလိုအရ blood-injury phobia သွေးကြောက်စိတ် ဖြစ်တယ်။ ဖြစ်စေတတ်တဲ့အကြောင်းခံများ • Standing for long periods of time တသမတ်ထည်းကြာရှည်ရပ်နေရခြင်း • Heat exposure အပူထဲနေထိုင်ရခြင်း • Seeing blood သွေးမြင်ခြင်း • Having blood drawn သွေးထုတ်ယူနေစဉ်ဖြစ်ခြင်း • Fear of bodily injury ထိခိုက်မှုဖြစ်လာမှာကို အစိုးရိမ်ကြီးခြင်း Symptoms လက္ခဏာများ • Pale skin အသားအရေဖြူဖတ်ဖြူရော်ဖြစ် • Lightheadedness ခေါင်းထဲပေါ့ပါး • Tunnel vision မျက်စိအမြင်ကျဉ်းခြင်း • Nausea ပျို့ • Feeling warm ပူနွေးလာခြင်း • Clammy sweat ချွေးပြန် • Yawning သန်းဝေ • Blurred vision အမြင်ဝေဝါးခြင်း • Jerky, abnormal movements ဗိုက်ထဲလှုပ်ရှားလာခြင်း • Weak pulse လက်ကောက်ဝတ်သွေးခုန်မှု အားနည်း နှေးလာခြင်း • Dilated pupils သူငယ်အိမ်ကျယ်လာခြင်း ကုသနည်းကိ

Quarter Coin မတ်စေ့

Image
ကွန်မင့်တခု ဖတ်ရတယ်။ အင်း ဘယ်တော့များ သူများနိုင်ငံတွေလို ငွေအကြွေစေ့တွေ ပြန်ကိုင်ရမှာလဲ မသိ တဲ့။ မြန်မာပြည်မှာ အကြွေ ခေါ် အနုတ် ခေါ် ပိုက်ဆံစေ့တွေ သုံးမရတော့တာ အတော်ကို ကြာပြီ။ ကျွန်တော်တို့ငယ်ငယ် ၅ တန်းကျောင်းသား မုံဖိုး ၅ ပြားရတယ်။ မုံ့တခု ဝယ်လို့ရတယ်။ ဆေးကျောင်းသားဘဝ လက်ဘက်ရည်တခွက် ၂၅ ပြား တမတ်။  ယူအက်စ်အေက မြန်မာပြည်ထက် ခေတ်နောက်ကျတယ်။ အခုထိ အကြွေစေ့တွေ သုံးနေရဆဲ။ မတ်စေ့ကို သုံးတာ အများဆုံး။ ဘတ်စ်ကား၊ အဝတ်လျှော်စက် စတဲ့ ပိုက်ဆံပေးတဲ့စက်တွေမှာ မတ်စေ့ထည့်ရတယ်။ ပိုက်ဆံအမ်းရင် ဆင့် ခေါ် ပြားစေ့လေးတွေ ပါတယ်။ အကြွေစေ့တွေကို စက်ထဲထည့်ပြီး ငွေစက္ကူနဲ့ လဲလို့ရတယ်။ တမတ်ကို Quarter Coin ကွာတားကွိုင်လို့ ခေါ်တယ်။ 25 cents ၂၅ ဆင့်လို့လည်း ခေါ်တယ်။ ဂျော့ခ်ျဝါရှင်တန်ပုံ ရိုက်နှိပ်တယ်။ သူက အမေရိကန်ပြည်ထောင်စုရဲ့ ဖခင်။ ပဌမဆုံးသမတ။ သူတို့ဆီမှာက ဆန်းတယ်။ တိုင်းပြည်ဖခင်ကလည်း တယောက်တည်းသာရှိတယ်။ သူတို့ မတ်စေ့က အတော်ကို အသုံးကျတာ။ ဒေါက်တာတင့်ဆွေ ၂၈-၉-၂၀၂၀

Coronavirus Spreading ကရိုနာဗိုင်းရပ်စ်ရောဂါ ဘယ်လိုကူးစက်သလဲ

Image
မင်္ဂလာပါ ဆရာရှင့် ကိုဗစ်က ဆေးလိပ်ငွေ့ကနေ ကူးတတ်လား သိချင်ပါတယ်ရှင့် ကရိုနာဗိုင်းရပ်စ်ရောဂါစာတွေ ရေးတင်နေတာ ကြာလှ များလှပြီ။ ဘယ်လိုနည်းနဲ့ကူးစက်သလဲကို အရင်ဆုံးတင်တယ်။ ၉ လကျော်ပြီ။ ထပ်ထပ်လည်း တင်တယ်။ မဟုတ်တဲ့နည်းလမ်း တခုစီကို မဟုတ်ကြောင်း ဖြေနေရတာ အတော် အချိန်ကုန်တယ်။ မနေ့ကလည်း အိမ်သာကကူးသလား မေးတယ်။ အရင်ကလည်း ဟိုဟာဒီဟာတွေ မေးကြတယ်။ ဖြေရတာ အတော်မောပြီ။ ဒီရောဂါအကြောင်း နောကျေအောင် သိမထားရင် ခက်တယ်။ ကိုယ့်အတွက်သာမက တခြားလူတွေအတွက်ပါ ခက်မယ်။ • လူ-လူချင်း နီးစပ်မှုကနေ အများဆုံးကူးစက်တယ်။  • ၆ ပေပတ်လည်မှာနေသူတွေဆီ ကူးနိုင်တယ်။ • အသက်ရှူလမ်းကနေ စွန့်ထုတ်လိုက်တဲ့ အမှုန်လေးတွေကို ရှူမိလို့ ကူးစက်တယ်။ • အဲတာလေးတွေက ချောင်းဆိုး နှာချေ စကားပြောရာကနေ ကူးစေနိုင်တယ်။ • အဆုတ်ထဲကို သွင်းယူရှူမိရာကနေကူးနိုင်တယ်။ • ရောဂါလက္ခဏာတွေမပြသေးသူတွေဆီကလည်း ကူးစက်နိုင်ကြောင်း ထပ်မံတွေရှိလာတယ်။ ကာကွယ်နည်း ၁။ အပြင်မထွက်နဲ့။ ၂။ ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ ၃။ လက်ကို လိုတိုင်း ဆေးပါ။ ၄။ မဟုတ်တာတွေ မပြောနဲ့ မယုံနဲ့။ ၅။ ဟုတ်တာတွေ ကကြီးကနေ အအထိသိထားပါ။ ဘယ်ဘာသာရပ်မဆို မဟုတ်တာကို သိသူမျိုးဟာ ဟုတ်တာကို မသိဖြစ်လေ့ရှိတယ်။ ဆေးပ

October အောက်တိုဘာလ

Image
၂၀၂၀ ခုနှစ် အောက်တိုဘာလဟာ မြန်မာလို ၁၃၈၂ ခုနှစ် တော်သလင်းလပြည့်နေ့ကနေ သီတင်းကွတ်လပြည့် နေ့အထိ ကျရောက်တယ်။ အောက်တိုဘာ ၃၁ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့ ဖြစ်ပါတယ်။  အောက်တိုဘာ စကားလုံးဟာ လက်တင် octō ကနေလာတယ်။ ရှစ်ဖြစ်တယ်။ ပြက္ခဒိန်ပေါ်ကာစ ၁ဝ လသာ ပါစဉ်က အဋ္ဌမလဖြစ်လို့ပါ။ ကမ္ဘာ့မြောက်ဖက်ခြမ်းမှာ အေးတော့မယ်လို့ ဆိုလိုတယ်။ အောက်တိုဘာလ နှစ်ပါတ်လည်နေ့များ အောက်တိုဘာ ၁ = တရုပ်အမျိုးသားနေ့၊ ဆိုက်ပရပ်စ် လွတ်လပ်ရေးနေ့၊ နိုက်ဂျီးရီးယား လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့။ အောက်တိုဘာ ၂ = ဂန္ဒီမွေးနေ့၊ နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့။ အောက်တိုဘာ ၃ = ဂျာမန်စည်းလုံးညီညွတ်မှုနေ့။ အောက်တိုဘာ ၄ = ကမ္ဘာ့တိရစ္ဆာန်နေ့။ အောက်တိုဘာ ၅ = ပေါ်တူကီနိုင်ငံတည်ထောင်သည့်နေ့။ နိုင်ငံတကာကျောင်းဆရာများနေ့။ အောက်တိုဘာ ၆ = ကမ္ဘာ့ ဗိသုကာနေ့။ အောက်တိုဘာ ၈ = ခရိုရေးရှား လွတ်လပ်ရေးနေ့။ အောက်တိုဘာ ၁ဝ = တိုင်ဝမ် အမျိုးသားနေ့။ အောက်တိုဘာ ၁၂ = စပိန် အမျိုးသားနေ့။ ကိုလန်ဘတ်စ်နေ့။ ကနေဒါ ကျေးဇူးတော်နေ့။ အောက်တိုဘာ ၁၅ = ကိုယ်ဝန်ဆောင်နှင့် သန္ခေသားဆုံရှုံးမှု သတိရခြင်းနေ့။ အောက်တိုဘာ ၁၆ = ကမ္ဘာ့ အစားအစာနေ့။ အောက်တိုဘာ ၂ဝ = ဝိညာဉ်နေ့။

ကရိုနာဗိုင်းရပ်စ် ကပ်ရောဂါကနေ ဘယ်တော့လောက်မှာ နော်မယ်လ် ပြန်ဖြစ်နိုင်သလဲ

Image
အမေရိကန် ထိပ်တန်းကူးစက်ရောဂါများဆိုင်ရာ ဆေးပညာရှင် ဒေါက်နာဖေါ်ချီက ခန့်မှန်းချက် ပေးလိုက်ပါတယ်။ နိုဝင်္ဘာ သို့မဟုတ် ဒီဇင်္ဘာလထဲမှာ ကာကွယ်ဆေးပေါ်ထွက်လာမယ်။ ဒါဟာ နော်မယ်လ် ခေါ် ပုံမှန်ဘဝအတိုင်း နေထိုင်သွားလာနိုင်ကြဖို့ အစဖြစ်မယ်။  ကာကွယ်ဆေးထိရောက်မှုအတိုင်းအတာကိုတော့ ကံသေကံမ ပြောမရသေးပါ။ အကောင်းမြင်ရှိပါတယ်။ ၂၀၂၁ ခုနှစ် တတိယ သို့မဟုတ် နောက်ဆုံး သုံးလဆိုရင် အရင်လို နေထိုင် သွားလာ လုပ်ကိုင်နိုင်ကြမယ် ထင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၇-၉-၂၀၂၀

Dandruff (1) ဘောက် (၁)

Image
သူငယ်ချင်း အကူညိနဲ့ ဖတ်လို့ရပါပြီဆရာ ဗောက်လင့် က ဝင်လို့မရဘူးတဲ့ဆရာ ပျက်သွားလို့ ထင်တယ် https://drtintswe.wordpress.com/2013/12/15/dandruff-1-%E1%80%B1%E1%80%98%E1%80%AC%E1%80%80%E1%80%B9-%E1%81%81/ ဘောက်ပျောက်အောင် ဘယ်လုပ်ရမလဲ။ ကျွန်တော်တို့က (့) မှာ အလုပ်လုပ်နေကြတယ်။ မြန်မာ တော်တော်များများက ဆံပင်တွေ ကျွတ်ကြတယ်။ ဘောက်တွေထကြတယ်။ အဲဒါ ဘယ်လို ကာကွယ်ရမလဲ။ အကြံပေးပါအုံး။ အင်္ဂလိပ်လို Dandruff ကို မြန်မာလိုကလည်း “ဘောက်” လို့ တလုံးတည်း ခေါ်ပေမဲ့ ဆေးစာလိုကြ Pityriasis simplex capillitii ဆိုပြီး အရှည်ကြီး ခေါ်တယ်။ ဦးရေခွံက အရေပြားတွေ ခြောက်ပြီး၊ ကွာထွက်လာတာကို ပြောတာပါ။ အမှန်က အရေပြား (ဆဲလ်) တွေ “အသစ်ဖြစ်-ကြီးရင့်-သေကြတာ” ပုံမှန် အနိစ္စဖြစ်စဉ်တခုပါ။ အမြဲ အဲလိုကွာကျနေတာကို မျက်စိနဲ့ မမြင်ရလို့သာပါ။ ပုံမှန်ထက် ကဲပြီး အများကြီး၊ ဆက်ဆက်ပြီး၊ အဖတ်လိုက် ကွာကျလာမှ ဘောက်လို့ ခေါ်ကြတယ်။ ပုံမှန်ဆိုရင် ခေါင်းဦးရေက အရေပြားဟာ ၁ လလောက်နေမှ ကွာကျပေမဲ့ ဘောက်ရှိနေသူတွေမှာ ၂ ရက်ကနေ ၇ ရက် ဆိုတာနဲ့ ကွာကျတော့တာဘဲ။ ဖြစ်စေတဲ့ အကြောင်းခံ ၃ ခုရှိတယ်။ အရေပြားအဆီ၊ အရေပြားပေါ်က ပိုးမွှားတွေနဲ့ ဖြစ်တတ်သူမို့ဖြစ်တာ ဆိုတဲ့

ကြာနီတပွင့်

Image
ဖြူတပွင့် ဒေါက်တာတင့်ဆွေ

ပြန်လည်တွက်စစ် သုံးဆဲ့နှစ်

Image
အင်နယ်လ်ဒီပါတီ ဖွဲ့စည်းတာ ၃၂ နှစ်တိတိရှိပြီ။  ကျွန်တော့်နိုင်ငံရေးလည်း ၃၂ နှစ်တိတိကြာပြီ။ အစိုးရဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ခဲ့တာလည်း ကာလအတူတူ။ နိုင်ငံရေးထဲရောက်တော့ အသက် ၄၀ နှစ်တိတိ။ အင်နယ်လ်ဒီပါတီကို ၂၈-၉-၁၉၈၈ နေ့မှာဖွဲ့တယ်။  ကျွန်တော် ၁၅-၁၂-၁၉၉၀ နေ့မှာ အိန္ဒိယကို ထွက်ပြေးခဲ့ရတယ်။ ၃၂ နှစ်အတွင်းမှာ ၂ နှစ် ၂ လနဲ့ ၁၇ ရက်သာ ပြည်တွင်းမှာ နိုင်ငံရေးလုပ်ခဲ့ရပါတယ်။  ကျွန်တော်က အင်နယ်လ်ဒီမှာ ရှေးကျောင်းသား။  ဘွဲ့လည်းရတယ်။ ဘွဲ့လက်မှတ်မရ။ လုပ်ကိုင်ခွင့်မရ။ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၆-၉-၂၀၂၀

ICAM ကရိုနာဗိုင်းရပ်စ် ကုသဆေး သတင်း

Image
အမေရိကန် ဖလော်ရီဒါ ဆရာဝန်တွေရဲ့ စမ်းသပ်ကုသမှု တွေ့ရှိချက်သစ် ၁၀၀% လောက်ပျောက်စေပါသတဲ့။ သတင်းက ကနေ့ထွက်တယ်။ ICAM ခေါ် ဆေး ၄ မျိုးတွဲပေးတယ်။  ခုခံအားအတွက် ဗီတာမင်စီ + ဇင့်ဓါတ်၊ ကော်တီကိုစတီရွိုက်ဆေး၊ သွေးမတိတ်ဆေး၊ မိုက်ခရိုလွိုက် ခေါ် အက်ဖက်ရှင်အတွက်ဆေး။ ဆက်လက်လေ့လာနေပါတယ်။ ဒေါက်တာတင့်ဆွေ

ဒါးရာဇဝင်

Image
ဒါး နဲ့ ဓါး မူကွဲသတ်ပုံဖြစ်ပါတယ်။ မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။ မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။ သမတ နဲ့ သမ္မတ၊ ပဌမ နဲ့ ပထမ၊ ဒါး နဲ့ ဓါး မုံ့ နဲ့ မုန့်၊ ကစွန်း နဲ့ ကန်စွန်း၊ ငပိ နဲ့ ငါးပိ၊ ယက္ကန်း နဲ့ ရက်ကန်း နဲ့ မြမ္မာ နဲ့ မြန်မာ ကျမ္မာ နဲ့ ကျန်းမာ လက်ဖက် နဲ့ လ္ဘက် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းပြောတဲ့ ဒါး ဒါးချင်း၊ လှံ လှံချင်း သမိုင်းဝင်မိန့်ခွန်း သတင်းစာမှာပါတယ်။ ဧရာဝတီတိုင်းမှာ ဒါးကမြို့က ထွက်တဲ့ ဝက်အူချောင်းနာမည်ကြီးတယ်။ ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ဒါးပုံရွာရှိတယ်။ ဒါးအမှတ်တံဆိပ် မီးခြစ် (၁၉၂၀) ရှိခဲ့တယ်။ ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းရှိ ဒါးတံဆိပ် အီးအမ် ဒီဆူဇာဆေးတိုက်ကြီးရှိခဲ့တယ်။  ကျွန်တော် လူနာပေါင်းများစွာကို ခွဲစိတ်ဒါးနဲ့ ခွဲပေးခဲ့တယ်။ ခွဲစိတ်ဒါးဆိုတာ ဘယ်အစိုးရတက်တက် အမြဲထက်နေရတာမျိုး။ ကလောင်သွားကတော့ တမျိုး။ နောက်ပေါက် စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ ပါမောက္ခတွေက ပေါ်လစီသမား များတယ်။ ဒါးဖြစ်ဖြစ် ဓါးဖြစ်ဖြစ် သွေးထားရင် ထက်ပါတယ်။ တချို့ကလောင်သွား မထက်။ ခွဲစိတ်ဒါး နှင့် ကလောင်ဓား https://doctortintswe.blogspot.com/2017/08/blog-post_

ကရိုနာဗိုင်းရပ်စ် သတင်းအဆက်

အမေရိကန်ထိပ်တန်း ဆေးပညာရှင် ဒေါက်တာဖေါ်ချီက အသစ်တွေ့ရှိချက်တခုကို အမေရိကန်ကွန်ဂရက်စ် ကြားနာပွဲမှာ ထုတ်ဖေါ်ပြောလိုက်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ပျောက်ကင်းသွားသူတွေကို ဆက်လက်လေ့လာတော့ သူတို့မှာ ချို့ယွင်းချက် ၂ ခုတွေ့ရှိရတယ်။ MRI စစ်ဆေးချက်အရ နှလုံးကြီးနေကြတယ်။ အာရုံစူးစိုက်မှု နည်းကြတာလည်း တွေ့ရှိရတယ်။ ဒေါက်တာတင့်ဆွေ ၂၅-၉-၂၀၂၀

Mala Xiang Guo တရုပ်စာ

Image
ဆရာရှင့်။ အခုတလော လူငယ်တွေ အစားများနေတဲ့ မာလာရှမ်းကော Mala Xianguo အကြောင်းမေးချင်လို့ပါရှင့်။ ဆရာဝန်တွေက အူမကြီးကင်ဆာဖြစ်နိုင်တယ်လို့ သတိပေးရေးသားကြတာတွေ့ပါတယ်ရှင့်။ ဘေးမဖြစ်အောင် ဘယ်လိုစားသုံးရပါမလဲရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။ Mala Xiang Guo ဆိုတာ တရုပ်အစားအစာတမျိုးဖြစ်တယ်။ အသားနဲ့ အသီးအရွက်တွေပါတယ်။ အငန်ပါတယ်။ အစပ်ပါတယ်။ ရောမွှေပြီး ကြော်ထားတာဖြစ်တယ်။ စားသောက်ဆိုင်တွေမှာ မကြော်ခင် စားသုံးသူတွေက ဘယ်အသား ဘယ်အသီးအရွက်တွေ ထည့်မလဲ ကိုယ်တိုင် ရွေးပေးရတယ်။ သက်သတ်လွတ်စားသူတွေအတွက် အသားနဲ့ ငါးလုံး မထည့်ပဲ ကြော်ပေးတယ်။ အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့နေရာတွေမှာ ဒီအစားအသောက်နဲ့ ရောဂါတခုခုနဲ့ ဆက်စပ်ရေးထာတာ အခုထိမေတွေ့ပါ။ Colorectal cancer အူမကြီးကင်ဆာဖြစ်စရာအလားအလာများသူတွေ • Being overweight or obese ကိုယ်အလေးချိန်များလွန်းသူ၊ • Not being physically active ကိုလက်လှုပ်ရှားမှုနည်းလွန်းသူ၊ • Smoking ဆေးလိပ်သောက်သူ၊ • Alcohol use အရက်သောက်သူ၊ • Being older အသက်ကြီူသူ၊ • Colorectal polyps အူမကြီးမှာအသာပိုရှိသူ၊ • Inflammatory bowel disease ရောဂါရှိသူ၊  • Lynch syndrome ရောဂါရှိသူ။ အစာအသောက်အမျိုးအစားနှ

သူငယ်တန်းစာအတိုင်း ရေးသားသူ

Image
ဆရာ့လို ပညာရှင်က စေတနာနဲ့ လမ်းပြပေးနေတာကို တန်ဖိုးထားရမှာပါ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်က ပညာရှင် မဟုတ်ပါ။ ငယ်ငယ်ကသင်ရတဲ့ သင်ပုန်းကြီးနဲ့ သူငယ်တန်းဖတ်စာအတိုင်း ရေးတဲ့သူ။ အသားလိုလို့ အရိုးတောင်းတာလည်း မဟုတ်ပါ။ ကျွန်တော်တို့ခေတ်က သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ်ကိုသာ တင်ပြပါမယ်။ ဖတ်စာ (၂) ညတည လသာသာ ကားစီးလာပါ မီးနီ အဆီးအတား သတိထား တညီတညာ အနီးလာ ဆရာ မိဘ အားထားရ ညစာစားသည် ငပိပါသလား အသီးစားပါ မဆာက မစားရ ဤခရီး နီးသလား ငါးနာရီလာရ၏ မီးရထားစီးလာပါ အလကားမစီးရ ဤအရာ သတိထားပါ ဖတ်စာ (၃) မိသား တစု ဘုရား ဖူး၏ ပုတီးပါသည် သီလ ယူပါ သာဓု သာဓု သာဓု စားစရာ ယူလာပါ လူ စီလာပါ တဦးစီ လာပါ လု မယူရ အတူ စားပါ ရွတ်ဆိုရန် ဆပ်သွားဖူး ပျိုလေးတို့ငန်းဦး ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ ကျေးတွေကအုံ မအုံပါနဲ့ ကိုရွှေကျေးရယ် ပျိုတို့မောင် ရှင်လိင်ပြန်တော့ နားပန်ဘို့လေး။ ဖတ်စာ (၁၀) လွှသမားများ လွှဆွဲနေကြသည်။ ဗလ ကြီး၏။ ခွဲစရာ များလှချည့်လား။ မျှမျှတတ ခွဲကြသည်။ ကြာ်ရှည် မခွဲရပါ။ သူ ရေရွှဲနေသည်။ အအေးမိ၍ နှာစေးပြီ။ နှာ ရှူပါစေ။ နွေးနွေးထား၍ အနားပေးပါ။ လူစည်သောနေရာ မသွားစေရ။ လူငယ်လူရွယ် တစု စပါးလှေ့နေသည် အဆာပြေ ပဲလှော်ဝါးပါေ

မြန်မာစာ သို့မဟုတ် မဲ နှင့် ခဲ

ဆရာခင်ဗျ၊ တော်တော်ကို ကိုးလိုကန့်လန့် ပို့စ်တွေတွေ့နေ ရလို့ ကျိုးစား (ကြိုးစား) အချိန်ယူပြီး ရေးလိုက်ပါတယ် ခင်ဗျ။ ပို့စ် တခုမှာ ရန်ကုန် ဧရိယာ တစ်ဝန်းလုံးလို့ ရေး တာ တွေ့ရပါ တယ်။ ဒီနေရာမှာ တစ်ကို သုံးတာ အလွန် လွဲမှားတယ် ထင်ပါတယ်။ တစ်ဝန်းလုံးဆိုတဲ့ နေရာ မှာ တစ်က အရေအတွက်ကို ဖေါ်ပြစရာ အကြောင်း လုံးဝမရှိနိုင်ပါ။ တစ်ဝန်းလို့ ရေးရအောင် နှစ်ဝန်းဆိုတာမှ မရှိနိုင် တာ။ အရေအတွက် ကိန်းဂဏန်း ကိုဖေါ်ပြတာ မဟုတ်တာကြောင့် တစ်လို့ရေးတာ အတော်ဆိုးတဲ့ သဘောရှိတယ် ထင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးဆိုရင်လဲ အတူတူပဲ ကမ္ဘာ နှစ်ဝန်းဆိုတာမရှိလို့ ကမ္ဘာ တဝန်းလို့သာ ရေးသင့်ပါတယ်။ နောက်တခု ပြောရမယ်ဆိုလျှင်မှာလဲ အတူတူပဲ၊ နောက် နှစ်ခုပြောရမည်ဆိုလျှင် ဆိုတာမျိုး အသုံးမရှိလေတော့ နောက်တခုပြောရမည်ဆိုလျှင်က ပိုအဓိပ္ပါယ် ပြည့်ဝမယ် ထင်ပါတယ်။ ဒါက ကိစ္စတခု ရေးတာဟာ ဒါကကိစ္စတစ်ခုလို့ရေးတာထက် အဓိပ္ပါယ်ရှိတဲ့ သဘောရှိပါတယ်။ ကိစ္စနှစ်ခုလို့ပြောလေ့မရှိဘူး မဟုတ်လား။ ဥပမာတွေက အများကြီးပါ။ တခုတော့ စိုးရိမ်မိပါတယ်။ နောက် ပိုင်းဆိုရင် တစ်ရားပွဲ၊ တစ်သီးပုက္ကလ (ပုဂ္ဂလ)၊ တစ်ပြည့် တစ်ပန်း၊ တစ်သွေမတိမ်း၊ အဲလိုတွေရေး လာမလား ဒါမှမဟုတ် ယခုတောင်ရေးနေပြီလား မသိတော့ပါခ

Period of infectiousness for COVID-19 ကရိုနာဗိုင်းရပ်စ် ဘယ်အချိန်အတွင်း ကူးစက်နိုင်သလဲ

Image
ဆရာခင်ဗျ covid 19 virus က အကူးခံရသူထံမှ ဘယ်နှရက် (ဘယ်နှစ်ရက်) နေရင် အခြားသူထံပြန်ကူးနိုင်ပါသလဲခင်ဗျ။ ခဏခဏ တပ်ခါတပ်ခါ တင်ထားတယ် ဟုတ်ကဲ့ခင်ဗျ ရှာဖက်ပါ့မယ်ခင်ဗျ ဖက် မဟုတ်။ ဖက်ဆိုတာ ပွေ့ဖက်တာ။ ဖတ်လို့ ရေးရ။ ကရိုနာဗိုင်းရပ်စ်ရောဂါက အသစ်အဆန်းဖြစ်တယ်။ စဖြစ်တဲ့ ၂၀၁၉ ဒီဇင်္ဘာလကတည်းက ဆေးသုတေသနတွေ နိုင်ငံတွေ အများကြီးမှာ လုပ်နေကြတယ်။ အပြည့်အစုံ မသိနိုင်ကြသေးပါ။ ပျောက်ပြီဆိုသူတွေ ဆေးရုံပြန်တင်ရတာမျိုး ရှိထားတယ်။ တခါကူးစက်ခံထားရသူမှာ ခုခံအား ခေါ် ရောဂါပြီး မပြီး မသေချာသေး။ Period of infectiousness for COVID-19 ခေါ် ဘယ်ကာလမှာ သူများကို ကူစက်နိုင်သလဲ အတိအကျ မသိသေး။ အခုထိ လေ့လာမှုတွေအရ ရောဂါလက္ခဏာတွေစဖြစ်ပြီးနောက် (၁၀) ရက်အထိ ကူးစက်နိုင်တယ်။ အနည်းအကျဉ်း လူနာတွေကနေ (၂၀) ရက်အထိကူးစက်တာတွေ့ရတယ်  SARS-CoV-2 RNA ကိုစစ်ဆေးတော့ အသက်ရှူလမ်း အထက်ပိုင်း + အောက်ပိုင်းမှာ နေမကောင်းဖြစ်ပြီးနောက် ရက်သတ္တပတ်တွေကြာအထိ တွေ့ရတယ်။ အဲဒါက MERS-CoV နဲ့ SARS-CoV တူတယ်။ ဒါပေမဲ့ RNA တွေ့တိုင်း ကူးစက်နိုင်တယ်လို့ မပြောနိုင်ပါ။ အချုပ်အားဖြင့် SARS-CoV-2 နဲ့ တခြား ကရိုနာဗိုင်းရပ်စ်တွေဖြစ်ကြတဲ့ MERS-CoV, SARS-CoV တွေဟာ၂ ရက်ကနေ ၁၄ ရက်အတွ

Intellectual Property Rights တရားဝင်ချိုးဖေါက်နေကြခြင်း

Image
ဗိုလ်ချုပ်က တ ကို စ် နဲ့ ရေးခဲ့တာလား။ တ တလုံးထဲနဲ့ ရေးခဲ့တာလား သိချင်ပါတယ်ခင်ဗျာ။ ပေါ်လစီသတ်ပုံစာ မပို့ပါရန်။ လိုက်ရှာနေစရာမလိုတာ။ ခဏနေဖျက်မယ်။ ဆောရီး။ ဗိုလ်ချုပ်အောင်ဆန်းသာမက လယ်တီဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မင်းကွန်း ဆရာတော်ကြီးနဲ့ တောင်မြို့ဆရာတော်ကြီးတို့ ရေးသာစီရင်တော်မူထားတဲ့စာတွေကို သတ်ပုံပြင်ထုတ်နေကြတယ်။ သူတို့ကိုယ်သူတို့ ဆရာတော်ကြီးတွေထက် မြန်မာစာတတ်တယ်လို့ အထင်ရောက်နေသူတွေက။ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း တရားဝင်ချိုးဖေါက်နေကြခြင်းဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂၀၂၀

နာကိုဗစ်

Image
ဆရာရေ Covid ကူးစက်မှုတွေအရမ်းများနေတဲ့ကြားက မဲစာရင်းကြေငြာရဦးမယ်တဲ့ဗျာ မြန်မာပြည်ကြီး တာဝန်ရှိသူတွေက လုပ်သင့်တာ လုပ်ကြရပါတယ်။ တိုင်းပြည်တိုင်းမှာ။  ယူအက်စ်အေမှာလည်း ၃-၁၁-၂၀၂၀ နေ့မှာ ရွေးကောက်ပွဲလုပ်မယ်။ သူတို့လည်း လုပ်သင့်တာ လုပ်နေကြရတယ်။ ရောဂါက မြန်မာပြည်ထက် အဆတရာလောက်ဆိုးတယ်။ လာမည့် ရွေးကောက်ပွဲများ စက်တင်္ဘာ ၂၀၂၀ ဗိုလီးဗီးယား အောက်တိုဘာ ၂၀၂၀ ဂီနိ၊ ကို့တီဗွာ၊ ဆေးရှဲလ်၊ နိုဝင်္ဘာ ၂၀၂၀ ဘာကီနာဖါဆို၊ ယူအက်စ်အေ၊ ပွါတိုရီကို၊ မော်လ်ဒိုဗာ၊ မြန်မာ၊ ပါလော၊  ဒီဇင်္ဘာ ၂၀၂၀ ဂါနာ ကိုဗစ်ဖြစ်နေချိန် ရွေးကောက်ပွဲကျင်းပတာနဲ့ နာဂစ်ဖြစ်နေချိန် ဖွဲ့စည်းပုံအတည်ပြုတာ တစက်ကလေးမှ မတူညီပါ။ ဒေါက်တာတင့်ဆွေ ၂၅-၃-၂၀၂၀

American အမေရိကန်လူမျိုးဆိုတာ

Image
ထမင်းစားတဲ့အမေရိကန်လူမျိုးတွေရှိလားဆရာ အမေရိကန်လူမျိုးဆိုတာ ပြောရခက်တယ်။ နိုင်ငံသားသာရှိတယ်။ 2010 U.S. Census သန်ကောင် (သန်းခေါင်)စာရင်း White လူဖြူ 72.4% Black or African American လူမည်း 12.6% Asian အာရှသား 4.8% American Indians and Alaska Natives ဌာနေအမေရိကန် 0.9% Native Hawaiians and Other Pacific Islanders ဟာဝေယန်နှင့် ပစိဖိတ် 0.2% Two or more races သွေးနှော 2.9% Some other race အခြား 6.2% White and European Americans အမေရိကတိုက်ကို ဥရောပနိုင်ငံတွေက လာရောက်နေထိုင်ကြတယ်။ ဥရောပလူဖြူ လို့လည်း ခေါ်တယ်။  German ဂျာမန် 13.2% 43,093,766 Irish အိုင်းရစ် 9.7% 31,479,232 English အင်္ဂလိပ် 7.1% 23,074,947 American အမေရိကန် 6.1% 20,024,830 Mexican မက်စီကန် 5.4% 16,794,111  Italian အီတာလျန် 5.1% 16,650,674 Polish ပိုလန် 2.8% 9,012,085 French ပြင်သစ် (except Basque) 2.4% 7,673,619 French Canadian ကနေဒီယန်ပြင်သစ် 0.6% 2,110,014 Scottish စကောတစ် 1.7% 5,399,371 Norwegian နော်ဝေ 1.3% 4,295,981 Dutch ဒတ်ခ်ျ 1.2% 3,906,193 Total White and European American 59.34% 231,040,398  Hispanic and Latino American

Face Mask နှာခေါင်စည်း

Image
တကမ္ဘာလုံးမှာ လူတိုင်း၊ အိမ်ပြင်ထွက်ရတိုင်း၊ ကိုယ်ပိုင်ကားပေါ်ကဆင်းရတိုင်း နှာခေါင်းစည်းနဲ့သာ နေကြရတဲ့ဘဝ ဘယ်တော့များမှ အဆုံးသတ်နိုင်မလဲ။ အမေရိကန် ထိပ်တန်းဆေးပညာရှင် ဒေါက်တာဖေါ်ချီက ဖြေပါတယ်။ ထိရောက်တဲ့ကာကွယ်ဆေး + လူအများသွားလာ နေထိုင် လုပ်ကိုင်တဲ့နေရာဌာနတွေမှာ သတ်မှတ်ချက်တွေကို တိတိကျကျ လိုက်နာကြမယ်ဆိုရင် နောက်ထပ် တနှစ်လုံးလုံး ကြာမှသာ နှာခေါင်းစည်းနဲ့ ရှင်ခန်းဖြတ်နိုင်ပါလိမ့်မယ် တဲ့။ ဒေါက်တာတင့်ဆွေ ၂၃-၉-၂၀၂၀

Flu and COVID-19 Symptoms တုပ်ကွေး နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ

Image
တူတာတွေရှိတယ်။ မတူတာလည်းရှိတယ်။ Flu Symptoms တုပ်ကွေး ရောဂါလက္ခဏာများ • Fever or feeling feverish/chills ဖျား သို့မဟုတ် ချမ်း • Cough ချောင်းဆိုး • Sore throat လည်ချောင်းနာ • Runny or stuffy nose နှာရည်ယို • Muscle or body aches ကြွက်သား သို့မဟုတ် ကိုယ် နာ • Headaches ခေါင်ူကိုက် • Fatigue (tiredness) အားနည်း • Vomiting and diarrhea အန် + ဝမ်းပျက် (ကလေးတွေမှာပိုသိသာ) COVID-19 Symptoms ကိုဗစ်-၁၉ ရောဂါလက္ခဏာများ • Fever or chills ဖျား သို့မဟုတ် ချမ်း • Cough ချောင်းဆိုး • Shortness of breath or difficulty breathing အသက်ရှူအားမရ သို့မဟုတ် ခက်ခဲ • Fatigue အားနည်း • Muscle or body aches ကြွက်သား သို့မဟုတ် ကိုယ် နာ • Headache ခေါင်းကိုက်  • New loss of taste or smell အရသာ သို့မဟုတ် အနံ့မရ • Sore throat လည်ခောင်းနာ • Congestion or runny nose နှာစေး သို့မဟုတ် နှာရည်ယို • Nausea or vomiting ပျို့ သို့မဟုတ် အန် • Diarrhea ဝမ်းပျက် တုပ်ကွေးမှန်ရင် ဖျား (ကိုယ်ပူ) မယ်။ ၉၈့၆ အက်ဖ် (၃၇ စီ) ထက်များတယ်။  COVID-19 ကိုဗစ်-၁၉ မှာ ထူခြားချက်တခုက အရသာ သို့မဟုတ် အနံ့မရဖြစ်မယ်။ ရောဂါနှစ်မျိုးလုံးက ဗိုင်းရပ်စ်ပိ

COVID-19 Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ

Image
ဆရာရေ နေ့ဘက်တွေဆိုဘာမှမဖြစ်ပေမဲ့ ညဘက်တွေဆိုချောင်းဆိုးပြီးနှာစေးတတ်ပါတယ် ရိုးရိုးအအေးမိတာလား ဒါမှမဟုတ် covid19 ဖြစ်နိုင်ချေရှိပါသလားဆရာ ကိုယ်ပူတာတော့လုံးဝမရှိပါဘူး အနံအရသာလည်းမပျောက်ပါဘူးဆရာ မေးတဲ့သူ ကလေး လူကြီး အသက် ကျား မ မသိ။ ဆေးသုတေသနတွေအရ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ စောစာပိုင်းမှာသိထားတာတွေနဲ့ နောက်ပိုင်းမှာ သိလာတာတွေ နည်နည်း မတူပါ။ စောစောပိုင်း သုတေသနတွေအရ ရောဂါလက္ခဏာများ • Fever ဖျား 83% • Cough ချောင်းဆိုး 82% • Shortness of breath အသက်ရှူမဝ 31% • Muscle ache ကြွက်သာတွေနာ 11% • Confusion စိတ်မကြည်လင် 9% • Headache ခေါင်းကိုက် 8% • Sore throat လည်ချောင်းနာ 5% • Rhinorrhoea (runny nose) နှာရည်ယို 4% • Chest pain ရင်ပတ်နာ 2% • Diarrhea ဝမ်းပျက် 2% • Nausea and vomiting ပျို့အန် 1% • More than one sign or symptom ရောဂါလက္ခဏာတခုမကရှိသူ 90% နောက်ဆုံးသိထားတဲ့ အမေရိကန် CDC ကခုပြန်ထားတဲ့ ရောဂါလက္ခဏာများ • Fever or chills ဖျား သို့မဟုတ် ချမ်း • Cough ချောင်းဆိုး • Shortness of breath or difficulty breathing အသက်ရှူအားမရ သို့မဟုတ် ခက်ခဲ • Fatigue အားနည်း • Muscle or body aches ကြွက်သား

Coronavirus Vaccine Leader ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိပ်ဆုံးက ဘယ်သူလဲ

Image
၁၇-၉-၂၀၂၀ နေ့က သတင်း။ အမေရိကန်သမတက ပြောတာမဟုတ်။ ထိပ်တန်းဆေးညာရှင်က ပြောတာမဟုတ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောတာမဟုတ်။ ဘီလ်ဂိတ်က ပြောတာ။  ဂိတ်ဆိုတာ ဘီလီယန်နာ၊ အလွန်ရက်ရက်ရောရာလှူဒါန်းနေတဲ့ ၂၀၀၀ ခုနှစ်မှာ တည်ထောင်ထားတဲ့ ဂိတ်ဖေါင်ဒေးရှင်း ပိုင်ရှင်။ ဆင်းရဲတဲ့သူတွေ လက်လှမ်းမီစေနိုင်အောင် ကာကွယ်ဆေးတွေ ဆေးဝါးတွေ လှူနေသူ။ ကရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ကတည်းက ကာကွယ်ဆေး၊ ကူးစပ်မှုစမ်းသပ်နည်းနဲ့ ဆေးဝါးသုတေသနတွေကို အများကြီးထောက်ပံ့ပေးနေတယ်။  မကြာသေးခင်က CNBC အင်တာဗျူးမှာ လာမဲ့ နိုဝင်္ဘာမှာ ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အဆင်သင့် ဖြစ်နိုင်လောက်ပြီတဲ့။ ကာကွယ်ဆေး ထိပ်ဆုံးက ဘယ်သူလဲ မေးလို့ ဖြေတယ်။ Pfizer ကုမ္ပဏီတဲ့။ ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲနေ့ ၃-၁၁-၂၀၂၀ နေ့မှာ ကာကွယ်ဆေးထွက်မယ်ဆိုတာကို ဘီဂိတ်က သဘောမတူပါ။ မထွက်နိုင်သေးပါတဲ့။ ဘယ်ကာကွယ်ဆေးမှ အောက်တိုဘာလကုန်မှာ မထွက်သေးပါတဲ့။  ဂိတ် ဆက်ပြောတာက ကာကွယ်ဆေး (၂) ခု သို့မဟုတ် (၃) ခုကနေ FDA ကို Emergency Use Authorization (EUA) လျှောက်ထားစရာအကြောင်းရှိတယ်။ အဲဒါက ဒီဇင်္ဘာနဲ့ နောက်နှစ် ဇန္နဝါရီလထဲမှာသာ ဖြစ်မယ်။ Pfizer က ဦးဆုံးရရှိသူ ဖြစ်နိုင်တယ်။  Pfizer ကုမ္ပဏီဆိုတာ နယူးယောက်မှ

စာအုပ်

Image
စာတိုက်ပုံးထဲ ရောက်လာတာ။ အခမဲ့ပို့တာ။ စာအုပ်ဆိုရင် သဘောကျတယ်။ ဒီတိုင်းပြည်မှာ စပယ်လင်ပြင်ထုတ်စာအုပ် မရှိ။ အမေရိကန်လူနေမှုဘဝသမိုင်းနောက်ခံရေးထားတာ။ ၁၈၈၀ ကျော်ကတည်းကရေးတဲ့စာအုပ်။ ကိုလမ်ဘတ်စ်က တွေ့ပြီးတဲ့ နောက်မှာ ဥရောပတိုက်သားတွေ တသုတ်ပြီးတသုတ် သဘောင်္တစီးပြီးတစီးနဲ့ အမေရိကတိုက်ကို ရောက်လာကြတယ်။  ဘာကြောင့်လာကြသလဲ။ ဘာသာရေးက နံပတ် (၁)။ အဲတာကို ဖရီးဒမ်း ခေါ် လွတ်လပ်မှုလို့လည်း ပြော ကြတယ်။ အဲဒီကာလ ဥရောပမှာ ရိုမန်ကက်သလစ်နဲ့ အင်္ဂလန်ဘုရင်စနစ်တို့အားပြိုင်မှု လွန်လွန်းအားကြီးတယ်။ ကကသလစ်မဟုတ်သူတွေက အရင်ထွက်လာကြတယ်။ နောက်တော့ ကက်သလစ်တွေလည်းလာကြတယ်။ အခွင့်အလမ်းသစ်တွေ ရှာကြတာ။ ကနေဒီက ကက်သလစ်။ သူ့ကို သမတအဖြစ်ရွေး မရွေး အကြီးအကျယ်ဖြစ်ခဲ့တယ်။ ရော်နယ်ရီဂင် လက်ထက် ရောက်တော့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်နဲ့အတူ ကွန်မြူနစ်ကို ဝိုင်းဆန့်ကျင်တြတယ်။ စာအုပ်က အမေရိကန်နဲ့ ဗာတီကန်အကြောင်း။ ဘယ်တိုင်းပြည်ကဖြစ်ဖြစ် သမိုင်းသုတတိုင်းကို သဘောကျတယ်။ အချက်အလက်နဲ့ သတ်ပုံပြင်တာတွေကို မဖတ်ပါ။ မြန်မာပြည်မှာ သတ်ပုံမှန်နဲ့စာအုပ်တွေ အခမဲ့ပေးဝေတဲ့ခေတ် ရောက်လာနိုင်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၂-၉-၂၀၂၀

Covax ကိုဗက်စ်

Image
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြန့်ချိမှု အစီအစဉ် ချမှတ်လိုက်ပါတယ်။ ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထွက်ပေါ်လာရင် ဆေးကို ဘယ်လိုထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်မလဲ Covid-19 Vaccines Global Access Facility လို့ခေါ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အတိုကောက် Covax လို့ခေါ်တယ်။ အခုထိ နိုင်ငံပေါင်း ၁၅၀ ကျော်ကသဘောတူထားပြီ။ ကမ္ဘာ့လူဦးရေရဲ့ ၆၄% ရှိတယ်။ ဆေးဒို့စ်ပေါင်း ၂ ဘီလီယန်ကို လာမဲ့နှစ်မကုန်မီ ဖြန့်ဝေရေးဖြစ်တယ်။ ဒို့စ် ဆိုတာ ဆေးတခါထိုးခြင်း။ အိုင်ဒီယာကတော့ ဦးစားပေထိုးနှံပေးခြင်းကို အားမပေးပါ။ ထူးခြားချက်ကတော့ ယူအက်စ်အေ၊ ရုရှားနဲ့ တရုပ်တို့က ဒီအစီအစဉ်မှာ ပါဝင်ခြင်းမရှိပါ။ ဒေါက်တာတင့်ဆွေ ၂၁-၉-၂၀၂၀

တသောင်း တသိန်း တသန်း

Image
 

ကြာတစည်းလောက် ချိုးခဲ့ကွယ်

Image
ကြာပင်စိုက်ထားတာ ကြာပြီ။ Water Lily Seeds ကြာစေ့ကို အွန်လိုင်းကမှာပြီး စိုက်ထားတာ ကနေ့မှ တရွက် စထွက်လာတယ်။ တလလောက်ကြာတယ်။ ကြာဖြူ ကြာနီ ကြာညို နှောလို့ တို့လယ်တောမှာ ပွင့်ကြတယ်။ ကောက်စိုက်အပြန် ရေကန်ကြီး ကြာတစည်းလောက် ချိုးခဲ့ကွယ်။ ကြာပွင့်ကြာငုံ ထုံထုံမွှေးကို မလေး ဘယ်သို့သုံးပမယ်။ ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့ ရွှေကြာဆစ်ကြိုး ဆွဲပမယ် ဆွဲပမယ်။ မင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲက ကဗျာဖြစ်ပါတယ်။ တစေ့မှ တစည်းသို့။ သတ်ပုံမှားရင် ပိုကြာမယ်။ ဒေါက်တာတင့်ဆွေ ၂၁-၉-၂၀၂၀

ကရိုနာဗိုင်းရပ်စ် သင်ခန်းစာ

Image
အမေရိကန် ကရိုနာဗိုင်းရပ်စ် တာ့စ်ဖို့စ် ခေါ် ထိပ်တန်းအဖွဲ့ထဲက ထိပ်တန်းပညာရှင် ဒေါက်တာဖေါ်ချီက ကနေ့ပြောပါတယ်။ တတိုင်းတပြည်လုံး နေ့စဉ်နေ့တိုင်း တညီတညာတည်း - ၁။ နှာခေါင်းစည်းကို တသမတ်တည်း တပ်ဆင်သုံးစွဲပါ၊ ၂။ ကာယကံမြောက် ထိတွေ့မှုကို ရှောင်ရှားပါ၊ ၃။ လူစုလူဝေး မသွားပါနဲ့၊ ၄။ အိမ်ပြင်အလုပ်နဲ့ အိမ်ထဲမှာ လုပ်ဆောင်စရာတွေ ခွဲခြားဆောင်ရွက်ပါ။ လာမဲ့တုပ်ကွေးရာသီ ခါတိုင်းထက် သက်သာပါမယ်။ ဒေါက်တာတင့်ဆွေ ၂၁-၉-၂၀၂၀

ကုက္ကုစ္စ

Image
ဒီနေ့ဒေါ်အောင်ဆန်းစုကြည်မိန့်မှာ ကုတ်ကုတ်စပွားမနေတော့ဘူးလို့ပြောသွားပါတယ်။ ဘာကိုဆိုလိုတာလဲဆရာ။ ကုက် ကုက္ကလံ = လှေအလံ ကုက္ကမြင်း = ထင်ထင်ပေါ်ပေါ်မဟုတ်ပဲ ဆော့သူ ကုက္ကား = ဘာသာရေးပူဇော်ပွဲသုံးပစ္စည်း (ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွား) ကုက္ကုစ္စ = နောင်တဖြစ်ခြင်း ကုက္ကိုပင် ဒေါက်တာတင့်ဆွေ ၂၀-၉-၂၀၂၀

စတာလင် ငွေကြေးနယ်ပယ်မှ နှုတ်ထွက်ခြင်း

Image
၁၈-၁၀-၁၉၆၆ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ အယ်ဒီတာအာဘော် တာဝန်တခု ဖြစ်ပေသည် တာဝန်ကြီးတခု ဖြစ်လာသည့်အပြင် အခြားတဖက်ကကြည့်လျှင် အရင်းရှင်လောက တခုလုံး၏ ပေါင်စတာလင် ငွေကြေးနယ်ပယ်ကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာစာကတော့ သတ်ပုံမှန်နယ်ပယ်ကနေ ဒုတိယအကြိမ်စစ်အာဏာသိမ်းပြီးနောက် တရားဝင်နှုတ်ထွက်သွားပါတယ်။ ဒေါက်တာတင့်ဆွေ ၂၁-၉-၂၀၁၉ ၂၁-၉-၂၀၂၀

Swe Family ဆွေမိသားစု

Image
Swe Generation ဆွေမျိုးဆက် ကလေးတွေပုံတင်တဲ့အခါ မသိသေးသူတွေက မေးကြတယ်။ ကလေးဘယ်နှစ်ယောက်လဲ၊ နာမည်လေးတွေ စသဖြင့်။ အက္ခရာသင်္ချာလိုရေး ဖြေရမယ်။ ၃ (၅ -၂) + ၇ + ၁။ သားသမီး ၅ယောက်မွေး (၃ ယောက်ကျန်)၊ မြေး ၇ ယောက်၊ မြစ် ၁ ယောက်။ ပဌမမျိုးဆက် = ဝဏ္ဏတင့်ဆွေ၊ ချမ်းမြတင့်ဆွေ (ကိုချမ်း)၊ နန္ဒတင့်ဆွေ (ကိုပေါက်)၊ နေမြမြဆွေ (နေနေ)၊ ရာဇာတင့်ဆွေ။ ဒုတိယမျိုးဆက် = သဒ္ဓါဆွေ ခေါ် ကေးကေး (ကိုဝဏ္ဏသမီး)၊ ပင်နီဆွေ (ကိုချမ်းသား)၊ တာရာဆွေ (ကိုပေါက်သမီး)၊ ဧကရီဆွေ (ကိုရာဇာသမီး)၊ ဝိဇ္ဇာဆွေ (ကိုရာဇာသား)၊ ပညာဆွေ (ကိုပေါက်သား)၊ ရွှေရည်မြမြဆွေ (ကိုရာဇာသမီး)။ တတိယမျိုးဆက် = အမရာဆွေ (သဒ္ဓါဆွေ ခေါ် ကေးကေး သမီး)။ February 16, 2019 နေ့ကပုံ = Thada Swe, Pinny Swe, Taya Swe, Akari Swe, Wizza Swe, Pyinnya Swe, Shweyi Swe, Amara Swe ဒေါက်တာတင့်ဆွေ ၂၁-၉-၂၀၂၀

NLD သမိုင်း

Image
NLD သမိုင်းလေးပါ ပြောပြပေးပါလား ဆရာ သေချာ ဂဃနဏ မသိသေးလို့ ပါ ကျွန်တော်က ပါတီအကြောင်းကို အစကတည်းကအခုထိ ဂဃနဏသိတယ်။ ခရီးရှည်ကြီးကို ခက်ခက်ခဲ အသက်လုပြီး လျှောက်ခဲ့ ပြေးခဲ့ရသူဖြစ်လို့ အတွင်းကျကျသိတယ်။ တခြားသူတွေက အများကြီးရေးထားကြပါတယ်။ ဝီကီပီးဒီးယားမှာလည်း မြန်မာလို အင်္ဂလိပ်လိုရှိတယ်။ အဲဒါတွေက ကြားလူတွေက စုဆောင်းရေးသားထားတာတွေ။ တချို့အချက်အလက်တွေတော့ ပြင်စရာတွေတွေ့တယ်။ နယူးဒေလီမှာနေစဉ်က ၁၉၉၀ ရွေးကောက်ပွဲအမည်နဲ့ ဘလော့ရေးတာ အခု ဘလော့ပျက်သွားပြီ။ အတော်ကို နှမြောမိတယ်။ အဲတာထဲမှာ NLD ပါတီအကြောင်း အများကြီးပါတယ်။ ကျွန်တော့ဒေါင့်ကနေ သိတာ မြင်တာ ကြုံခဲ့တာတွေကို ရေးချင်ပေမဲ့ အချိန်အတော်ကို ရှာရမယ်။ ဒေါက်တာတင့်ဆွေ ၂၀-၉-၂၀၂၀

USDP ကြံ့ခိုင်ရေးပါတီ

Image
မနေ့က တယောက်ကမေးလို့ ခပ်မြန်မြန်လေးရေး ဖြေလိုက်တယ်။ ကြံ့ခိုင်ရေးပါတီ မည်သည့်အချိန်ကပေါ်ပေါက်လာတာလဲသိချင်ပါတယ် စတင်ပေါ်ပေါက်လာစဉ်က ဥက္ကဌ ဘယ်သူ ဆိုတာနဲ့ ဘယ်သူတွေ ဦးစီးဦးဆောင်ပြုလုပ်ခဲ့ကြတယ်ဆိုတဲ့သမိုင်းလေးကိုသိချင်လို့ပါဆရာ ကျေးဇူးပြုပီး (ပြီး) သိချင်ပါတယ် နဝတ စစ်အစိုးရလက်ထက် ၁၅-၉-၁၉၉၃ နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းလို့ဖွဲတယ်။ နိုင်ငံရေး မလုပ်ဘူးလိုလို ပြောတယ်။ အဲဒီခေတ်မှာ ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရအမိန့်ထုတ်ထားလို့။ လက်နက်ကိုင်အဖွဲဝင်တွေနဲ့ အစိုးရ ဝန်ထမ်းတွေကို မဝင်မနေရသဘော ဝင်ခိုင်းတယ်။ ၃၀-၄-၂၀၀၇ စာရင်းအရ အဖွဲ့ဝင်ပေါင်း ၂၄ သန်းလို့ဆိုတယ်။  နိုင်ငံရေး မလုပ်ဘူးလိုလို ပြောတဲ့အသင်းကြီးဟာ ၂၉-၃-၂၀၁၀ နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြစ်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖြစ်တယ်။  အစောဆုံး ခေါင်းဆောင်တွေက  Senior General Than Shwe ဦးသန်းရွှေ Vice-Senior General Maung Aye မောင်အေး General Thura Shwe Mann ဦးရွှေမန်း Prime Minister General Thein Sein သိန်းစိန် Secretary-1 General Thiha Thura Tin Aung Myint Oo တင်အောင်မြင့်ဦး Secretary-General: U Htay Oo ဦးဌေးဦ

Kra canal ထိုင်းနိုင်ငံ ကရာတူးမြောင်း ဖေါက်လုပ်ရေး

Image
အိန္ဒိယသမုဒ္ဒရာကနေ တောင်တရုပ်ပင်လယ်ကို ဖြတ်သွားနိုင်တဲ့ လက်ရှိ မလေးရှားနဲ့ စင်္ကာပူကြားက မလက်ကာ ရေလက်ကြားအစား ထိုင်းနိုင်ငံတောင်ပိုင်း အကျဉ်းဆုံးနေရာကို ဖြတ်ဖေါက်လုပ်မဲ့ ကရာတူးမြောင်းသစ် စီမံချက် အိန္ဒိယ၊ ယူအက်စ်အေနဲ့ သြစတေးလျ စတဲ့ န်ုင်ငံတွေအများကြီးက စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ထိုင်းတာဝန်ရှိသူတွေက တရုပ်နိုင်ငံမဟုတ်တဲ့ ပါတနာရှာနေပါသတဲ့။  ဒေါက်တာတင့်ဆွေ ၁၉-၉-၂၀၂၀

တူသည်တချို့ မတူသည်တချို့

Image
ကနေ့မနက်ပိုင်းမှာ လင့်ကို ပို့ပေးကြတာ ၂ ယောက်ရှိပြီ။ ကျေးဇူး။ ကျွန်တော်လည်း အဲဒီသတ်ပုံတွေအကြောင်း တင်ပြထားပြီးပြီ။ ဖြည့်စွက် ပြင်ဆင်လိုက်တဲ့ သတ်ပုံသတ်ညွှန်းများ ကိုသိမ်းမြတ် ဘီဘီစီ အလင်္ကာပုလဲပန်း။ (စ) ဗမာစာ၊ ဗမာစကားအကြောင်း ဆွေးနွေးတင်ပြရေးသားနေတဲ့ အလင်္ကာပုလဲပန်း ဆောင်းပါးထဲမှာ ဒီတခါတော့ ထူးခြားတဲ့ အပြောင်းအလဲလေးတွေ အကြောင်းရေးပါမယ်။ အလင်္ကာပုလဲပန်းဆောင်းပါးတွေလဲ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် နည်းနည်း အဆက်ပြတ်သွားတာကို ခွင့်လွှတ်ကြပါအုံး။ ကမ္ဘာမှာ အလွန်ဆိုးဝါးတဲ့ ကပ်ရောဂါကြီး ကျရောက်နေတာကို အားလုံးလဲ အသိပါ။ ဗမာပြည်မှာလဲ ဒီရောဂါ ရှိနေပြီဆိုတော့ ဗမာပြည်သူပြည်သားတွေလဲ သတိဝီရိယရှိကြပါဗျာ။ ကပ်ရောဂါဆိုလို့လဲ သိပ်မလန့်ကြပါနဲ့အုံး။ ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဆိုသလိုပါပဲ၊ ဉာဏ်အမြော်အမြင်နဲ့ ဆင်ဆင်ခြင်ခြင် နေထိုင်ကြမယ်ဆိုရင် တော်တော်ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ ရောဂါမျိုးပါ။ လာမဲ့နှစ်ဆိုရင် ကာကွယ်ဆေးလဲ ပေါ်တော့မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ရောဂါကူးစက်မှာစိုးလို့ဆိုပြီး တယောက်တည်း အိပ်ရာထဲမှာ ခွေနေလို့လဲ မဖြစ်သေးပါဘူး။ လုပ်ရမဲ့အလုပ်ကိုတော့ ချင့်ချင့်ချိန်ချိန် လုပ်ရမှာပါ။ သွားရမ

မေရု နှင့် မေယု

Image
ဆရာရှင့် သီချင်းတပုဒ်ထဲက မေယုဆိုတာ မည်သည့်အရာကို ကိုယ်စားပြုလဲဆိုတာ ရှင်းပြပေးပါလားရှင့်။ မေရုလို့ ရေးမှသာ မှန်တယ်။ ပါဠိစာလုံးဖြစ်တယ်။ မေရု = မြင်းမိုရ်တောင်။ ယူဇနာ ၈၄၀၀၀ ယှိ (ရှိ) သော တောင်မင်း။ တောင်အားလုံးထက် အလွန်မြင့်သောကြောင့် မေရုမည်၏။ နတ်တို့ကို ဆောင်ထားတတ်သောကြောင့် နေရုမည်၏။ သီချင်းတွေမှာ မေယုလို့ မှားရေးထားကြတယ်။ ချစ်လွန်းပို သီချင်းလည်း မှားနေတယ်။ လနဲ့နေလို မြနဲ့ရွှေလို လိုက်ဖက်တင့်သား နှစ်ဖြာဂဟေဆက်ပါလို့ ဪ သွေမပျက်ပါတဲ့ မေယုမြင့်မိုရ် မေတ္တာတောင်ထုဗဟို တူနှစ်ကိုယ်တိုင်းပြည် လည်း မှားနေတယ်။ အာကာကိုလွှာပုံပြုလို့မေယုနဲ့စုတ်တံချီ ပင်လယ်ပြာ အဏ္ဏဝါသမုဒ်ကို မှင်လုပ်လို့ရေးသီ မြန်မာရှင်ဘုရင်တွေခေတ်တုန်းက ဒီအချစ်ရဲ့အကြောင်းတွေသည် ရွှေပေလွှာ ပုရပိုက်ထဲမှာ အိပ်မက်ဖြစ်သွားပြီ ယုံတမ်းစကားသီချင်းတင်ထားတာ မေရုကတော့ မှန်တယ်။ နေရာတကာ၊ စကားနဲ့တမျိုး တွေကို စသတ်တာ မှားတယ်။  မောင်တို့ယောက်ျားတွေရယ် မိန်းမတွေကိုနေရာတကာမှာ နိုင်ထက်စီးနင်းပြုချင်ကြတယ် စကားနဲ့တမျိုး အားမာန် ကိုးပါလို့တသွယ် မိန်းမမာယာသဲကိုးဖြာလို့ဆိုကြပြန်သေးလေတယ် မောင်တို့ယောက်ျားတွေများကျတော့ သဲကိုးဖြာတောင် မလောက်ပါတယ် မန်ကျည်းကိုးပင

သိန် သိမ်

Image
ဂုဏ်သိမ်ဒြပ်နဲ့ ဂုဏ်သိန်ဒြပ်က ဘယ်ဟာအမှန်လဲ ဆရာခင်ဗျာ။ ကာမဂုဏ် ဂုဏ်ကျက်သရေ ဂုဏ်ပုဒ် ဂုဏ်ဒြပ် ဂုဏ်ပြိုင်သည် ဂုဏ်သိမ် (သိမ်မွေ့ထက်မြက်သောဂုဏ်) ဂုဏ်သိရ် (ဂုဏ်သိန်) ဂုဏ်ဟိတ် ဂုဏ်တော်ကိုးပါး ပျဉ်းတော်သိမ်ရွက် မိဘဂုဏ် ရှင်နာဂသိန် သိန်သရေ သိမ်ဖျင်းသောစကား မပြောအပ် သိမ်ကြီးဈေး သိမ်သမုတ် သိမ်မွေ့နူးညံ့ သိမ်နုတ် (ရဟန်းတော်) သိမ်နုပ် သိရ်သရေ သိန္ဓောဆား သိန္ဓောမြင်း ကုသိုလ်ဂုဏ်သိရ် လူ့စည်းစိမ် (ယောဆရာတော်) လယ်လည်းမအောင်၊ ယာမအောင်၍ ပြည်ထောင်အလယ်၊ မျက်နှာငယ်လျက် တို့ဝယ် ဂုဏ်သိရ် ညှိုးခဲ့သည် (လေးမြိုင်) ဒေါက်တာတင့်ဆွေ

ပန်းတိုင်းပွင့်ပါစေ

Image
မြတ်လေးရေးတဲ့ ပန်းတိုင်းပွင့်ပါစေသီချင်း ဆင်ဆာထိခဲ့တယ်။ တို့စိုက်သောပန်းတွေ တို့တတွေ ပန်ဆင်ဖို့ပဲလေရဲ့ ပြောင်းပြန်ကို ရေးခဲ့တာပါ။ ခေတ်ဟောင်းကိုဖြို ခေတ်သစ်ကိုတော့ တို့ကြိုနေ စံနစ်ဟောင်းကိုမလို စံနစ်သစ်ကို တို့တတွေလိုပါသလေ တောင်ရိုး တောင်ခုတ် လုပ်သားပြည်သူ ဘ၀တူ ဥယျာဉ်မှုးတွေ ညီညွတ်ရေး မီးရှုးတန်ဆောင် ထွန်းညှိရအောင်လေ တို့များတတွေ ဟေ့ တို့များတတွေ တူကိုင်သောလက်နဲ့ တံစဉ်ကိုင်သောလက်တွေ ပေါင်းယှက်ပေးဖို့လေ တို့ကြွေးကြော်မလေ ပန်းတိုင်းပွင့်ပါစေ ပန်းတိုင်းပွင့်ပါစေ ပန်းတိုင်းပွင့်ပါစေ အို သည်တိမ်နဲ့ သည်မြေတွေ မတွေ့ ဆုံရင်လည်း ရှိစေတော့လေ မညီညာမပြေပြစ်သော တောင်ကုန်းတောင်တန်း မော်ရှမ်းတို့ပြည် တပြေးတည်းရှိရန်လေ ထွန်ကြစိုက်ကြ ခုတ်ထွင် ရှင်းလင်းကြရမယ်လေ တို့ စိုက်သောပန်းတွေ တို့တတွေ ပန်ဆင်ဖို့ ပဲလေ။ ခူးစကချွေ ပဒေသရာ ဗျာကေ၀ိုက် ငိုက်ငိုက်ကလေးနေ အော် ဖူးသည့်ပန်းများ ပွင့်ရစေသား အခါခါပေ ပန်းတိုင်းပွင့်သစ်ကြမယ့်အခြေ တို့မျှော်နေ ပန်းတိုင်းပွင့်ပါစေ ပန်းပန်းတိုင်းပွင့်ပါစေ လိမ္မော် ချယ်ရီ စတော်ဘယ်ရီ မာလကာ ခတ္တာ ဇီဇ၀ါ သရဖီ ဒေလီယာ သဇင် အင်ကြင်း ပင်မင်းမဉ္ဖူ အိုပြည်သူတွေ အိုပြည်သူတွေ အိုပြည်သူတွေ မညှိုးနွမ်းရ

History သမိုင်းကြောင်း

Image
အန်ကယ်လည်း စစ်ဗိုလ်ချုပ်တွေကို အလွန်နာကျည်းခဲ့ပုံရတယ်၊ သမိုင်းကြောင်းလည်း သိချင်မိတယ်။ နရသီဟပတေ့က ကျွန်တော့်ကို ဘာတခုမှ မင်းပြစ်မင်းဒဏ် မပေးပါ။ သူ့ကို ကောင်းတယ်လို့ မရေးပါ။ သမိုင်းမှန်ဆိုတာ ကိုယ့်အပေါ် မကောင်းသူကိုသာ မကောင်းကြောင်း ရေးရတာ မဟုတ်ပါ။ နာဇီစနစ်နဲ့ ဟစ်တလာ မြန်မာပြည်အပေါ် ဘာမှ ဆိုးတာ မလုပ်ခဲ့ပါ။ ဒါပေမဲ့ မကောင်းပါ။ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်အပေါ် အတော်ကို ဆိုးခဲ့တယ်။ ကနေ့ ဂျပန်တွေ မဆိုးပါ။ ကောင်းတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်အစိုးရနှစ်ဆက် အရင်ကဆိုးခဲ့ပြီး အခုကောင်းလာတာ ရှာမတွေ့ပါ။ အဲတာ ကျွန်တော် တယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါ။ သမိုင်းမှန်ကို လေ့လာမှု နည်းသူတွေက ကောင်းတာ ဆိုးတာကို မခွဲတတ်ကြပါ။ ဒေါက်တာတင့်ဆွေ ၁၈-၉-၂၀၂၀

မူပိုင်ခွင့် ရှိသလား

Image
ဆရာ အကြံပြုတာပါ အသုံးပြု ဖော်ပြသောပုံတိုင်းကို Credit ပေးသင့်တယ်ထင်ပါတယ် မြန်မာ လူမျိုးတွေ အတွက်က အဓိက မမြင်လွယ်ပေမဲ့ နိုင်ငံ တကာ စံနှုန်းနဲ့ယှဉ်ရင် references or credits မလုပ်တာ copyright ညိပါတယ်ရှင့် အကြံ ပြုရုံသက်သက်ပါ အရေးအသားတွေက ပြည့်စုံ ပြီး ပုံလေးတခုကြောင့် အရသာ ပျက်သွားမှာ စိုးလို့ပါ ပုံပေါင်း တသောင်းလောက် သုံးထားတယ်။ ဂူဂယ်က အလွယ်ရတာတွေ များတယ်။ အခုထိတော့ တရားစွဲမခံရသေး။  တခါက မိတ်ဆွေဆရာဝန်တယောက်က ဆိုင်မှာဘီယာသောက်နေကြတဲ့ ဗမာအမျိုးသမီး ၂ ယောက်ပုံပို့လို့ အရက်အကြောင်းစာမှာ သုံးတယ်။ ပုံထဲကတယောက်ကနေ ရန်ထောင်ပြီး တရားစွဲမယ်ဆိုလို့ ဖျက်ပေးလိုက်တယ်။ အဲဒီပုံ ဂူဂယ်မှာ အခုလည်းရှိတယ်။  ဟိုတနှစ် သင်္ကြန်မှာ ဗမာအမျိုးသမီး ၃ ယောက် သောက်စရာခွက်ကိုယ်စီနဲ့ လူတွေအများကြီးကြားမှာပုံ။ ဂူဂယ်လ်ကနေတွေ့လို့ အရက်အကြောင်းစာမှာပဲ ယူသုံးတယ်။ ပုံထဲကတယောက်က သူ့ပုံဖြစ်ပါတယ်။ ဖျက်ပေးစေချင်ပါတယ်လို့ ယဉ်ယဉ်ကျေးကျေးပြောတာ ချက်ချင်းဖြုတ်ပေးလိုက်တယ်။ အဲဒီပုံလည်း ဂူဂယ်မှာ အခုလည်းရှိတယ်။ ပန်းချီနဲ့ ကာတွန်းပုံတွေမှာ ပညာရှင်အမည်ပါပြီးသာဖြစ်တယ်။ တချို့ သတ်ပုံအကိုးအကားစာတွေပို့ပေးကြတာကို ကျေးဇူးစကား အမြဲထည့်ရေးတယ်။  ခရက်