Doctor နားမလည်သော မေးခွန်းများ
ဆရာရှင့် စိုးရိမ်ရပါသလားရှင့် OG နဲ့ပြဖို့လိုအပ်ပါသလားရှင့် စိုးရိမ်လို့ လမ်းညွှန်ပေးပါဦးရှင့်
စိုးရိမ်ရသလား ဘယ်သူကမေးမေး မဖြေပါ။ လူတွေရဲ့ စိုးရိမ်မှု အတိုင်းအတာ အတော် မတူပါ။ ကလေး နေမကောင်းတာကို အမေနဲ့ အဖေ စိုးရိမ်တာ မတူပါ။ တချို့ကက နည်းနည်းလေးဖြစ်တာနဲ့ အဖြစ်သဲတယ်။ တချို့က ရောဂါဆိုးပေမဲ့ ဖေ့စ်ဘွတ်မှာ ဘယ်သူဆေးနည်းပေးပေး ယုံတယ်။
စိုးရိမ်တယ်ဆိုတာကလည်း အမျိုးမျိုး။ အသက်အန္တရာယ်လား၊ ကင်ဆာဖြစ်မှာလား၊ နာတာရှည်ဖြစ်မှာလား၊ ကူးစက်မှာလား၊ ကုန်ကျစရိတ်များမှာလား စသဖြင့်။
စိုးရိမ်ရသလားမေးကြတာ နားမလည်ပါ။ ဘယ်လိုကုသရမလဲ၊ ဘယ်လိုကာကွယ်ရမလဲ မမေးကြ။
တချို့ကလည်း ဆရာဝန်ကို လမ်းညွှန် လမ်းပြခိုင်းကြတယ်။ ဘယ်လုပ်ရမလဲ၊ မမေးကြ။
တချို့ကလည်း ဆရာဝန်ကို အလင်းသာပြခိုင်းကြတယ်။ ဘာဆေးသောက်ရမလဲ မမေးကြ။
ဆရာဝန်နဲ့ လူနာမေးလာသူတွေ မတူပါ။ ဆရာဝန်နဲ့ ယာဉ်ထိန်းရဲအရာရှိ မတူပါ။ ဆရာဝန်နဲ့ လျှပ်စစ်ဌာနအရာရှိ မတူပါ။
ဒေါက်တာတင့်ဆွေ
၂-၉-၂ဝ၂၀

Comments
Post a Comment