ကြာတစည်းလောက် ချိုးခဲ့ကွယ်

ကြာပင်စိုက်ထားတာ ကြာပြီ။ Water Lily Seeds ကြာစေ့ကို အွန်လိုင်းကမှာပြီး စိုက်ထားတာ ကနေ့မှ တရွက် စထွက်လာတယ်။ တလလောက်ကြာတယ်။


ကြာဖြူ ကြာနီ ကြာညို နှောလို့

တို့လယ်တောမှာ ပွင့်ကြတယ်။


ကောက်စိုက်အပြန် ရေကန်ကြီး

ကြာတစည်းလောက် ချိုးခဲ့ကွယ်။


ကြာပွင့်ကြာငုံ ထုံထုံမွှေးကို

မလေး ဘယ်သို့သုံးပမယ်။


ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့

ရွှေကြာဆစ်ကြိုး ဆွဲပမယ်

ဆွဲပမယ်။


မင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲက ကဗျာဖြစ်ပါတယ်။


တစေ့မှ တစည်းသို့။ သတ်ပုံမှားရင် ပိုကြာမယ်။


ဒေါက်တာတင့်ဆွေ

၂၁-၉-၂၀၂၀


Comments