ဒါးရာဇဝင်



ဒါး နဲ့ ဓါး မူကွဲသတ်ပုံဖြစ်ပါတယ်။ မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။ မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။
သမတ နဲ့ သမ္မတ၊
ပဌမ နဲ့ ပထမ၊
ဒါး နဲ့ ဓါး
မုံ့ နဲ့ မုန့်၊
ကစွန်း နဲ့ ကန်စွန်း၊
ငပိ နဲ့ ငါးပိ၊
ယက္ကန်း နဲ့
ရက်ကန်း နဲ့
မြမ္မာ နဲ့ မြန်မာ
ကျမ္မာ နဲ့ ကျန်းမာ
လက်ဖက် နဲ့ လ္ဘက်

၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းပြောတဲ့ ဒါး ဒါးချင်း၊ လှံ လှံချင်း သမိုင်းဝင်မိန့်ခွန်း သတင်းစာမှာပါတယ်။

ဧရာဝတီတိုင်းမှာ ဒါးကမြို့က ထွက်တဲ့ ဝက်အူချောင်းနာမည်ကြီးတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ဒါးပုံရွာရှိတယ်။

ဒါးအမှတ်တံဆိပ် မီးခြစ် (၁၉၂၀) ရှိခဲ့တယ်။

ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းရှိ ဒါးတံဆိပ် အီးအမ် ဒီဆူဇာဆေးတိုက်ကြီးရှိခဲ့တယ်။ 

ကျွန်တော် လူနာပေါင်းများစွာကို ခွဲစိတ်ဒါးနဲ့ ခွဲပေးခဲ့တယ်။ ခွဲစိတ်ဒါးဆိုတာ ဘယ်အစိုးရတက်တက် အမြဲထက်နေရတာမျိုး။ ကလောင်သွားကတော့ တမျိုး။ နောက်ပေါက် စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ ပါမောက္ခတွေက ပေါ်လစီသမား များတယ်။ ဒါးဖြစ်ဖြစ် ဓါးဖြစ်ဖြစ် သွေးထားရင် ထက်ပါတယ်။ တချို့ကလောင်သွား မထက်။

ခွဲစိတ်ဒါး နှင့် ကလောင်ဓား https://doctortintswe.blogspot.com/2017/08/blog-post_58.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး