Keep Government and Political Activities Separate အစိုးရအလုပ်နဲ့ နိုင်ငံရေး

နိုင်ငံဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရှင်းရမည် ဆိုတာကို ဘယ်လိုသဘောရလဲ တခြားနိုင်ငံတွေမှာ အဲလို စည်းကမ်းတွေ ရှိလား ဆရာ


အခြေခံစဉ်းစားချက်က နိုင်ငံဝန်ထမ်းအလုပ်တွေနဲ့ နိုင်ငံရေးအလုပ်တွေ ရောထွေးမှုမရှိစေရေးဖြစ်တယ်။ 


နိုင်ငံရေးအလုပ်တွေဆိုတာ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီဝင်ခြင်း။ ရွေးကောက်ပွဲဆိုရာမှာ ဝင်ပြိုင်ခြင်းနဲ့ မဲဆွယ်ပေးခြင်း။ မဲဆွယ်ပေးခြင်းဆိုရာမှာ ကိုယ်လိုလားတဲ့ပါတီအနိုင်ရစေခြင်းနဲ့ တခြားပါတီ(တွေ) ကိုရှုံးစေခြင်း။


အစိုးရလစာရနေတဲ့အစိုးရအလုပ်က ပေးအပ်ထားတဲ့တာဝန်နဲ့ မိမိသဘောဆန္ဒအရလုပ်ချင်တာ ရောထွေးမှု မဖြစ်စေရေး ဖြစ်တယ်။ ပါတီတခုခုကိုရွေးပြီး နိုင်စေရန်ဆောင်ရွက်ပေးခြင်း သို့မဟုတ် ရှုံးစေရန်လုပ်ဆောင်ခြင်းတွေ မပြုလုပ်ရ။


အင်ဒိုနီးရှားမှာ ၁၉၉၈ ခုနှစ် စီးပွါးရေးကပ်ကြီးမဆိုက်မီအထိ အစိုးရဝန်ထမ်းတွေဟာ Golkar ဂိုရကာပါတီထဲ ဝင်ခဲ့ကြရတယ်။ ၃၂ နှစ်အုပ်စိုးခဲ့တဲ့ ဆူဟာတိုပြုတ်ကျမှ ပြင်ရတယ်။ မြန်မာပြည်မှာလည်း မဆလ ခေတ်က အဲသည်အတိုင်း လုပ်တယ်။ ၂၆ နှစ်အုပ်စိုးခဲ့တဲ့ ဦးနေဝင်းပြုတ်ကျတော့ ပြင်ရတယ်။ 


အစိုးရကပေးထားတဲ့ ရွေးကောက်ပွဲတာဝန်ကိုတော့ ထမ်းဆောင်ရမယ်။ ဘယ်ပါတီကိုမှ ဘက်လိုက် ဆောင်ရွက်ခြင်း မရှိစေရ။ ယူအက်စ်အေမှာလည်း အဲလိုပဲ။ အိန္ဒိယမှာလည်း အဲလိုပဲ။ 


၁၉၈၈ အရေးအခင်းကြီးအပြီးတက်လာတဲ့ စစ်အစိုးရက နိုင်ငံရေးလုပ်လိုသူများ အစိုးရအလုပ်ကထွက်ခိုင်းတယ်။ ကျွန်တော်ဟာ အရင်က အဝင်ခက်အထွက်ခက်လို့ပြောရမဲ့ ၁၅ နှစ်တိတိအမှုထမ်းခဲ့တဲ့ အစိုးရဆရာဝန်အဖြစ်က ရက်ပိုင်းလေးနဲ့ ထွက်ခွင့်ရခဲ့တယ်။


၂၀၀၈ ဖွဲစည်းပုံအရ စစ်တပ်ကသာခန့်ခွင့်ယူထားတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို နယ်စပ်မဟုတ်တဲ့ မြို့တွေမှာလည်း ထားတယ်။ အဲဒီဝန်ကြီးဌာနမှာ အမှုထမ်းနေသူတွေကို ပြည်ခိုင်းဖြိုးပါတီကို မဲပေးအောင် ဖိအားပေးကြောင်း ၂၀၁၅ ရွေးကောက်ပွဲအပြီး ဝန်ထမ်းတဦးက စာရေးပြောပြတယ်။


တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲဝင်တွေဟာ ၁၀၀% အစိုးရဝန်ထမ်းဖြစ်ပါတယ်။


အခုဖြေကြားချက်ဟာ ဥပဒေစာလုံးတွေမပါ၊ ရိုးရိုးလေးသာဖြစ်ပါတယ်။


ဒေါက်တာတင့်ဆွေ

၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး