ကေားကပ်စ် ၂၀၂၀ ပူးတွဲစစ်ရေးလေ့ကျင့်မှု

ရုရှား၊ တရုပ်၊ ဘဲလားရုစ်၊ ပါကစ္စတန်၊ အီရန်၊ မြန်မာစစ်တပ်တွေပါဝင်မယ်။ ၂၀၁၀ ခုနှစ် စက်တင်္ဘာ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရုရှားနိုင်ငံတောင်ပိုင်းမှာ ပြုလုပ်မယ်။ 


နောက်ခံအခြေအနေများ

ရုရှားက မကြာသေးခင်က အစိုးရဝေဖန်သူ အလက်ဇီနဗယ်လ်နီကို အဆိပ်ခပ်တဲ့အတွက် ယူအက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ထားတယ်။ 


တရုပ်နဲ့ ယူအက်စ်တို့ကြား စစ်ရေးနဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ နေ့တိုင်းတိုးလာနေချိန်ဖြစ်တယ်။


အီရန်ကို ယူအက်စ်က ရန်သူလို သဘောထားတယ်။


ဘဲလားရုစ်မှာ အတိုက်အခံနိုင်ငံရေးသမား အမျိုးသမီး မာရီယာ ကိုလက်စ်နီကိုဗာကို အင်္ဂါနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်။ 


တရုပ်နဲ့ နယ်စပ်မှာ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုသစ်ဖြစ်နေတဲ့ အိန္ဒိယက ပူးတွဲပါဝင်မှာကို ကင်ဆယ်လုပ်လိုက်တယ်။


ပါကစ္စတန်က အိန္ဒိယကိုဆန့်ကျင်ရေးအတွက် တရုပ်ကိုအားကိုးသူ။


မြန်မာပြည်ကို မကြာသေးခင်က တရုပ်ထိပ်တန်းအရာရှိတဦး လာသွားတယ်။


မျက်မှောက်ခေတ် စစ်ရေးမဟာမိတ်ပုံစံတခုလို့ မှတ်ယူနိုင်တယ်။


ဒေါက်တာတင့်ဆွေ

၁၀-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး