Period of infectiousness for COVID-19 ကရိုနာဗိုင်းရပ်စ် ဘယ်အချိန်အတွင်း ကူးစက်နိုင်သလဲ

ဆရာခင်ဗျ covid 19 virus က အကူးခံရသူထံမှ ဘယ်နှရက် (ဘယ်နှစ်ရက်) နေရင် အခြားသူထံပြန်ကူးနိုင်ပါသလဲခင်ဗျ။


ခဏခဏ တပ်ခါတပ်ခါ တင်ထားတယ်


ဟုတ်ကဲ့ခင်ဗျ ရှာဖက်ပါ့မယ်ခင်ဗျ


ဖက် မဟုတ်။ ဖက်ဆိုတာ ပွေ့ဖက်တာ။ ဖတ်လို့ ရေးရ။


ကရိုနာဗိုင်းရပ်စ်ရောဂါက အသစ်အဆန်းဖြစ်တယ်။ စဖြစ်တဲ့ ၂၀၁၉ ဒီဇင်္ဘာလကတည်းက ဆေးသုတေသနတွေ နိုင်ငံတွေ အများကြီးမှာ လုပ်နေကြတယ်။ အပြည့်အစုံ မသိနိုင်ကြသေးပါ။ ပျောက်ပြီဆိုသူတွေ ဆေးရုံပြန်တင်ရတာမျိုး ရှိထားတယ်။


တခါကူးစက်ခံထားရသူမှာ ခုခံအား ခေါ် ရောဂါပြီး မပြီး မသေချာသေး။


Period of infectiousness for COVID-19 ခေါ် ဘယ်ကာလမှာ သူများကို ကူစက်နိုင်သလဲ အတိအကျ မသိသေး။ အခုထိ လေ့လာမှုတွေအရ ရောဂါလက္ခဏာတွေစဖြစ်ပြီးနောက် (၁၀) ရက်အထိ ကူးစက်နိုင်တယ်။ အနည်းအကျဉ်း လူနာတွေကနေ (၂၀) ရက်အထိကူးစက်တာတွေ့ရတယ် 


SARS-CoV-2 RNA ကိုစစ်ဆေးတော့ အသက်ရှူလမ်း အထက်ပိုင်း + အောက်ပိုင်းမှာ နေမကောင်းဖြစ်ပြီးနောက် ရက်သတ္တပတ်တွေကြာအထိ တွေ့ရတယ်။ အဲဒါက MERS-CoV နဲ့ SARS-CoV တူတယ်။ ဒါပေမဲ့ RNA တွေ့တိုင်း ကူးစက်နိုင်တယ်လို့ မပြောနိုင်ပါ။


အချုပ်အားဖြင့် SARS-CoV-2 နဲ့ တခြား ကရိုနာဗိုင်းရပ်စ်တွေဖြစ်ကြတဲ့ MERS-CoV, SARS-CoV တွေဟာ၂ ရက်ကနေ ၁၄ ရက်အတွက် သူတပါးကို ကူးစက်နိုင်တယ်


ဒေါက်တာတင့်ဆွေ

၂၅-၃-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး