Ursodeoxycholic acid ဆေး


ဆရာခင်ဗျား ကျနော်၏ညီဝမ်းကွဲ အသက် ၃၅ နှစ်သည် အသည်းအားဆေးနှင့်တကွ Ursodeoxycholic Acid Tablet ကို သောက်သုံးနေရပါသည်။ ယခင်အသက် ၂၉ နှစ်ခန့်က အရက်သောက်သဖြင့် ပန်ကရိယရောင်ရောဂါရကာ ခွဲစိတ်ကုသမှု ခံယူထားဖူးသူဖြစ်ပါသည်။ ကျနော်အနေဖြင့် Ursodeoxycholic Acid Tablet ကို မည်သည့်ရောဂါများ၌ မည်ကဲ့သို့ သုံးစွဲရသည်ကိုသိလိုပါသည်။ ကျနော် အသက် ၃၉ နှစ်သည်လည်း အရက်အလွန်အကျွံသောက်ခဲ့ဖူးသဖြင့် Ultra Sound ရိုက်ကြည့်ရာတွင် mild fatty liver ဟု အဖြေထွက်ထားပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျား။


Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း http://doctortintswe.blogspot.com/2014/10/fatty-liver-disease-fld.html


Ursodeoxycholic acid ဆိုတာ bile acid သည်ခြေရည်အက်စစ်ဖြစ်တယ်။ လူတိုင်းမှာ ထုတ်ပေးနေတယ်။ လိုအပ်သူတွေအတွက် ဆေးအဖြစ်ထုတ်တယ်။ ကိုလက်စထောကို နည်းစေတယ်။ ကျောက်ကိုလည်း ကျေစေတယ်။ တချို့ဆေးအမျိုးအစားကို primary biliary cholangitis ရောဂါအတွက် သုံးနိုင်တယ်။ cystic fibrosis အသဲရောဂါ ရှိသူတွေကိုလည်း စမ်းပေးတယ်။


ဒေါက်တာတင့်ဆွေ

၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး