COVID-19 Symptoms ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ

ဆရာရေ နေ့ဘက်တွေဆိုဘာမှမဖြစ်ပေမဲ့ ညဘက်တွေဆိုချောင်းဆိုးပြီးနှာစေးတတ်ပါတယ် ရိုးရိုးအအေးမိတာလား ဒါမှမဟုတ် covid19 ဖြစ်နိုင်ချေရှိပါသလားဆရာ ကိုယ်ပူတာတော့လုံးဝမရှိပါဘူး အနံအရသာလည်းမပျောက်ပါဘူးဆရာ


မေးတဲ့သူ ကလေး လူကြီး အသက် ကျား မ မသိ။


ဆေးသုတေသနတွေအရ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ စောစာပိုင်းမှာသိထားတာတွေနဲ့ နောက်ပိုင်းမှာ သိလာတာတွေ နည်နည်း မတူပါ။


စောစောပိုင်း သုတေသနတွေအရ ရောဂါလက္ခဏာများ

• Fever ဖျား 83%

• Cough ချောင်းဆိုး 82%

• Shortness of breath အသက်ရှူမဝ 31%

• Muscle ache ကြွက်သာတွေနာ 11%

• Confusion စိတ်မကြည်လင် 9%

• Headache ခေါင်းကိုက် 8%

• Sore throat လည်ချောင်းနာ 5%

• Rhinorrhoea (runny nose) နှာရည်ယို 4%

• Chest pain ရင်ပတ်နာ 2%

• Diarrhea ဝမ်းပျက် 2%

• Nausea and vomiting ပျို့အန် 1%

• More than one sign or symptom ရောဂါလက္ခဏာတခုမကရှိသူ 90%


နောက်ဆုံးသိထားတဲ့ အမေရိကန် CDC ကခုပြန်ထားတဲ့ ရောဂါလက္ခဏာများ

• Fever or chills ဖျား သို့မဟုတ် ချမ်း

• Cough ချောင်းဆိုး

• Shortness of breath or difficulty breathing အသက်ရှူအားမရ သို့မဟုတ် ခက်ခဲ

• Fatigue အားနည်း

• Muscle or body aches ကြွက်သား သို့မဟုတ် ကိုယ် နာ

• Headache ခေါင်းကိုက် 

• New loss of taste or smell အရသာ သို့မဟုတ် အနံ့မရ

• Sore throat လည်ခောင်းနာ

• Congestion or runny nose နှာစေး သို့မဟုတ် နှာရည်ယို

• Nausea or vomiting ပျို့ သို့မဟုတ် အန်

• Diarrhea ဝမ်းပျက်


ရောဂါပိုးဝင်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်လာချိန် ၂ ရက်မှ ၁၄ ရက်ကြာနိုင်။


အတိအကျကို စစ်ဆေးမှာသာသိနိုင်တယ်။ မေးခွန်းဖတ်ပြီး ဟုတ် မဟုတ် မပြောနိုင်။


ဒေါက်တာတင့်ဆွေ

၂၃-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး