Coronavirus Vaccine for Americans အမေရိကန်နိုင်ငံသားတွေအတွက် ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး

အမေရိကန်နိုင်ငံသားတွေ လာမဲ့ ၂၀၂၁ ခုနှစ် တတိယလေးလပတ်ထဲမှာ ပုံမှန်လူနေမှုဘဝကို ပြန်ရောက်လာနိုင်ရေးအတွက် ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံအလောက်ရှိသင့်တယ်လို့ CDC ခေါ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနအကြီးအကဲက ပြောလိုက်ပါတယ်။


ဗုဒ္ဓဟူးနေ့က ဆီးနိတ် ခေါ် အထက်လွှတ်တော် ကြားနာမှုအတွင်း Dr. Robert Redfield ဒေါက်တာရောဘတ်ရဒ်ဖီးလ်ရဲ့ အစီရင်ခံထွက်ဆိုချက် ဖြစ်ပါတယ်။ 


လာမဲ့ နိုဝင်္ဘာလကုန် သို့မဟုတ်  ဒီဇင်္ဘာလဆန်းမှာ အလိုအပ်ဆုံးလူတွေကို ကာကွယ်ဆေး စတင်ထိုးပေးနိုင်ပါမယ် လို့လည်း ထွက်ဆိုပါတယ်။ အမေရိကန်တပြည်လုံးကာကွယ်ဆေးထိုးပေးဖို့ကတော့ ၆ လကနေ ၉ လအထိ ကြာပါမယ်။ 


ကာကွယ်ဆေးတခုကို အဲလောက်ထိမြန်အောင် အမေရိကန်သမတကနေ Covid-19 vaccine program Operation Warp Speed နည်းခွင့်ပြုပေးခဲ့ရပါတယ်။ ပုံမှန်ကာကွယ်ဆေးတမျိုးထုတ်လုပ်ရေးဆိုတာ ၄ နှစ်ကနေ ၆ နှစ်ကြာပါတယ်။ 


အခုစာရေးနေချိန်အထိ တရားဝင်အတည်ပြုခြင်းရရှိထားတဲ့ကာကွယ်ဆေး မရှိသေးပါ။ နောက်ဆုံးအဆင့်ရောက်နေတဲ့ ကာကွယ်ဆေးကုမ္ပဏီ ၃ ခုရှိတယ်။ နှစ်ကုန်လောက်မှာ ထိရောက်မှုအစွမ်း သိလာရပါမယ်။ 


ပြင်ဆင်မှုအကြီးစားတွေ စတင်လုပ်ဆောင်နေကြရပါပြီ။ စာရင်းဇယားကိန်းဂဏန်း လုပ်စရာတွေက ကြီးမားတယ်။ ဦးစားပေးအုပ်စုစာရင်း၊ ကာကွယ်ဆေး ဒို့စ် ဘယ်လောက်၊ ဆေးပုလင်း ဘယ်လောက်၊ ဆေးထိုးအပ် ဘယ်လောက်၊ ဘယ်လို ပို့ဆောင်ဖြန့်ဝေမလဲ စတာတွေ။ 


ကာကွယ်ဆေးကို FDA ကနေ အတည်ပြုလိုက်တာနဲ့ အမေရိကန်အစိုးရက တပြည်လုံးကို ၂၄ နာရီနဲ့ အရောက် ပို့ပေးမယ်လို့ ဆိုပါတယ်။ အဲလိုလုပ်နိုင်ရေး ဆေးဖြန်ဝေရေးကုမ္ပဏီ McKesson ကိုတာဝန်ပေးစရာအကြောင်းရှိတယ်။ 


ကာကွယ်ဆေးကို ၂ ခါထိုးရနိုင်တယ်။ အခမဲ့ထိုးပေးနိုင်ရေးအလားအလာကောင်းတယ်။ တချို့နေရာတွေမှာ ဝန်ဆောင်ခ ပေးရမယ်။ အဲလိုဖြစ်စေရေးအတွက် ဥပဒေသစ်တွေလည်းလုပ်ထားတယ်။ 


အများစုအမေရိကန်တွေကတော့ ၂၀၂၁ ခုနှစ် နှစ်လယ်အထိ ကာကွယ်ဆေးမထိုးရလောက်သေးပါ။


ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသတင်း တင်ကြသူတွေ ခိုင်မာတဲ့အချက်အလက်ကိုသာ ကိုးကားကြစေချင်တယ်။ အတော်များများက ဟိုနိုင်ငံ ဒီနိုင်ငံနောက် မြှောက်ပေး လိုက်ရေးနေကြတယ်။ အကျိုးမရှိပါ။ 


ကျွန်တော် မြန်မာပြည်နဲ့ ဆိုင်တာကို RFA ကမေးလို့ ၄-၅ ရက်ကတခါ ဖြေခဲ့တယ်။ ကနေ့ VOA အစီအစဉ်တခုမှာ ဆွေးနွေးထားတယ်။


ဒေါက်တာတင့်ဆွေ

၁၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး