Page စာမျက်နှာ
အဆင်မပြေစဉ်က မပြေတဲ့အကြောင်း ရေးတယ်။ အခု ဖေ့စ်ဘွတ် Page စာမျက်နှာ အဆင်ပြေသွားပြီ။ အမျိုးမျိုး ကြိုးစားခဲ့ရတာ အတော်ကို ကြာတယ်။
အီးမေးလ်လိပ်စာကြောင့်။ အခုနေရတဲ့တိုင်းပြည်မှာ လူတိုင်းရဲ့ ကိုယ်ပိုင် ဖုန်းနံပတ်၊ အီးမေးလ်၊ နေအိမ်လိပ်စာ စတာတွေက အတိအကျ။ တလုံး မလွဲရပါ။
ကျွန်တော် အိန္ဒိယမှာနေစဉ်ကတည်းက ဘလော့နဲ့ ဖေ့စ်ဘွတ်ကို အီးမေးလိပ်စာတခုနဲ့ သုံးတယ်။ ဒီရောက်တော့ ကမောက်ကမဖြစ်လို့ အီးမေးလ်လိပ်စာသစ်နဲ့ ဘလော့ရော ဖေ့စ်ဘွတ်ပါ အကုန် အသစ်ပြန်ရေးရတယ်။ အဟောင်းတွေကို ပြန်ဖွင့်ရတော့ပါ။
ကနေ့မနက်မှာ ပြန်ရလာတယ်။ ပြန်ကြိုးစားရတာ နှစ်တွေကြာတယ်။
ကျွန်တော် အိန္ဒိယမှာနေစဉ်က ပြည်ပနိုင်ငံရေးလုပ်တယ်။ နိုင်ငံတကာ ခရီးစဉ်တွေ သွားနိုင်အောင် မိဘပေးတဲ့အမည် သုံးမရခဲ့ပါ။ ကိုယ့်နိုင်ငံစစ်ထောက်လှမ်းရေးက လိုက်ပြီးရန်ရှာတယ်။
အမေရိကားမှာနေရခြင်းရဲ့ ထူးခြားမှုတွေထဲက တခုကတော့ အစစ်အမှန်အတိုင်း ပြောဆို ရေးသား လုပ်ကိုင်နိုင်ခြင်း ဖြစ်တယ်။ လိမ်လို့မရပါ။
စစ်အစိုးရဟူသည် လူတွေကို လိမ်တဲ့အကျင့် သွတ်သွင်းပေးသူတွေဖြစ်၏။ သူတို့ကိုယ်တိုင်လည်း လိမ်ကြ၏။
ဒေါက်တာတင့်ဆွေ
၂-၉-၂ဝ၂၀
Comments
Post a Comment