Quarter Coin မတ်စေ့


ကွန်မင့်တခု ဖတ်ရတယ်။ အင်း ဘယ်တော့များ သူများနိုင်ငံတွေလို ငွေအကြွေစေ့တွေ ပြန်ကိုင်ရမှာလဲ မသိ တဲ့။


မြန်မာပြည်မှာ အကြွေ ခေါ် အနုတ် ခေါ် ပိုက်ဆံစေ့တွေ သုံးမရတော့တာ အတော်ကို ကြာပြီ။ ကျွန်တော်တို့ငယ်ငယ် ၅ တန်းကျောင်းသား မုံဖိုး ၅ ပြားရတယ်။ မုံ့တခု ဝယ်လို့ရတယ်။ ဆေးကျောင်းသားဘဝ လက်ဘက်ရည်တခွက် ၂၅ ပြား တမတ်။ 


ယူအက်စ်အေက မြန်မာပြည်ထက် ခေတ်နောက်ကျတယ်။ အခုထိ အကြွေစေ့တွေ သုံးနေရဆဲ။ မတ်စေ့ကို သုံးတာ အများဆုံး။ ဘတ်စ်ကား၊ အဝတ်လျှော်စက် စတဲ့ ပိုက်ဆံပေးတဲ့စက်တွေမှာ မတ်စေ့ထည့်ရတယ်။ ပိုက်ဆံအမ်းရင် ဆင့် ခေါ် ပြားစေ့လေးတွေ ပါတယ်။ အကြွေစေ့တွေကို စက်ထဲထည့်ပြီး ငွေစက္ကူနဲ့ လဲလို့ရတယ်။


တမတ်ကို Quarter Coin ကွာတားကွိုင်လို့ ခေါ်တယ်။ 25 cents ၂၅ ဆင့်လို့လည်း ခေါ်တယ်။ ဂျော့ခ်ျဝါရှင်တန်ပုံ ရိုက်နှိပ်တယ်။ သူက အမေရိကန်ပြည်ထောင်စုရဲ့ ဖခင်။ ပဌမဆုံးသမတ။


သူတို့ဆီမှာက ဆန်းတယ်။ တိုင်းပြည်ဖခင်ကလည်း တယောက်တည်းသာရှိတယ်။ သူတို့ မတ်စေ့က အတော်ကို အသုံးကျတာ။


ဒေါက်တာတင့်ဆွေ

၂၈-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး