USDP ကြံ့ခိုင်ရေးပါတီ

မနေ့က တယောက်ကမေးလို့ ခပ်မြန်မြန်လေးရေး ဖြေလိုက်တယ်။


ကြံ့ခိုင်ရေးပါတီ မည်သည့်အချိန်ကပေါ်ပေါက်လာတာလဲသိချင်ပါတယ် စတင်ပေါ်ပေါက်လာစဉ်က ဥက္ကဌ ဘယ်သူ ဆိုတာနဲ့ ဘယ်သူတွေ ဦးစီးဦးဆောင်ပြုလုပ်ခဲ့ကြတယ်ဆိုတဲ့သမိုင်းလေးကိုသိချင်လို့ပါဆရာ ကျေးဇူးပြုပီး (ပြီး) သိချင်ပါတယ်


နဝတ စစ်အစိုးရလက်ထက် ၁၅-၉-၁၉၉၃ နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းလို့ဖွဲတယ်။ နိုင်ငံရေး မလုပ်ဘူးလိုလို ပြောတယ်။ အဲဒီခေတ်မှာ ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရအမိန့်ထုတ်ထားလို့။ လက်နက်ကိုင်အဖွဲဝင်တွေနဲ့ အစိုးရ ဝန်ထမ်းတွေကို မဝင်မနေရသဘော ဝင်ခိုင်းတယ်။ ၃၀-၄-၂၀၀၇ စာရင်းအရ အဖွဲ့ဝင်ပေါင်း ၂၄ သန်းလို့ဆိုတယ်။ 


နိုင်ငံရေး မလုပ်ဘူးလိုလို ပြောတဲ့အသင်းကြီးဟာ ၂၉-၃-၂၀၁၀ နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြစ်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖြစ်တယ်။ 


အစောဆုံး ခေါင်းဆောင်တွေက 

Senior General Than Shwe ဦးသန်းရွှေ

Vice-Senior General Maung Aye မောင်အေး

General Thura Shwe Mann ဦးရွှေမန်း

Prime Minister General Thein Sein သိန်းစိန်

Secretary-1 General Thiha Thura Tin Aung Myint Oo တင်အောင်မြင့်ဦး

Secretary-General: U Htay Oo ဦးဌေးဦး

Joint Secretary-General: U Zaw Min ဦးဇော်မင်း

U Thaung ဦးသောင်း

U Tin Htut ဦးတင်ထွတ်

U Aung Thaung ဦးအောင်သောင်း

U Thein Zaw ဦးသိန်းဇော်

U Kyaw Hsan ဦးကျော်ဆန်း


၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်က သမတလုပ်တယ်။ ဦးရွှေမန်းက ယာယီဥက္ကဋ္ဌဖြစ်လာတယ်။ ပါတီတွင်း အာဏာလုပွဲ ဖြစ်တယ်။ ၂၀၁၂ အောက်တိုဘာမှာ ပြန်ဖွဲ့တယ်။

Chairman: Thein Sein ဦးသိန်းစိန်

Vice-Chairman: Aye Myint ဦးအေးမြင့်

Vice-Chairman: Shwe Mann ဦးရွှေမန်း

Vice-Chairman: Htay Oo ဦးဌေးဦး

General Secretary: Maung Maung Thein ဦးမောင်မောင်သိန်း

Joint General Secretary: Thein Zaw ဦးသိန်းဇော်

Secretary: Khin Aung Myint ဦးခင်အောင်မြင့်

Secretary: Thein Swe ဦးသိန်းဆွေ

Secretary: Aung Ko ဦးအောင်ကို


၁၆-၁၀-၂၀၁၂ မှာ ဦးသိန်းစိန်က ဥက္ကဋ္ဌနေရာပြန်ယူတယ်။ ၂၀၀၈ ဖွဲစည်းပုံနဲ့ဆန့်ကျင်တယ်။ ၁-၅-၂၀၁၃ မှာ ဦးရွှေမန်းကို ဥက္ကဋ္ဌနေရာပြန်ပေးရတယ်။ ၁၃-၈-၂၀၁၅ နေ့မှာတော့ ဦးရွှေမန်းနဲ့ မောင်မောင်သိန်းကို ဖယ်ထုတ်လိုက်တယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ နှစ်ခြမ်းကွဲသွားတယ်။ 


လက်ရှိခေါင်းဆောင်မှု အခြေအနေတော့ မရေးတော့ပါ။ 


မဆလ ကနေ တစည ဖြစ်တော့ တိုင်းပြည်ကငွေတွေနဲ့လုပ်ထားတာတွေ အကုန်ယူသွားတယ်။ ကြံ့ခိုင်ရေးယူထားတာ တိုင်းပြည်ငွေတွေ ဘယ်လောက်များသလဲ ခန့်မှန်းလို့တောင် မလွယ်အောင်များတယ်။ ဥပဒေနဲ့မညီတာတွေ အများကြီး။


စိတ်ကြိုက်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ စစ်တပ်ကြီးတခုလုံးက သူတို့ဘက်မှာရှိပေမဲ့ ၂၀၁၅ မှာ အတိုက်အခံသာဖြစ်ခဲ့တယ်။ 


၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီမှာ အပေါင်းပါတွေ တိုးလာတယ်။ ၃၀ ကျော်တယ်။ ဘုန်းကြီးတချို့လည်းပါတယ်။ တိုင်းရင်းသား တချို့လည်း ပါတယ်။ ခရိုနီတွေလည်း ပါတယ်။ သူတို့ မဲတချို့ရကြဦးမယ်။ 


အဲလိုအဖြစ်အပျက်တွေ သိလေ ရင်နာစရာကောင်းလေ။ ဒါပေမဲ့ သိတဲ့သူ မများ၊ ယုံနိုင်သူ နည်းလာတယ်။ 


ဒေါက်တာတင့်ဆွေ

၂၀-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး