9/11 နိုင်းအလဲဗင်း

တချို့လည်း မေ့လောက်ပြီ။ နိုင်းအလဲဗင်းဆိုတာ ယူအက်စ်အေမှာ မေ့စရာနေ့မဟုတ်ပါ။ ကနေ့။

လွန်ခဲ့တဲ့ ၃ နှစ်တိတိက တခြားနိုင်ငံတခုမှာနေတဲ့ သူငယ်ချင်းက မေးတယ်။ ကိုတင့်ဆွေရေ 11 Sept. မှာ မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်လိမ့်မယ်လို့ MRTV က video သတင်းကို နားထောင်လိုက်ရပါတယ်။ ကျွန်မက ရန်ကုန်ကို ၁၃ စက်တင်္ဘာမှာ တပါတ်လောက်သွားမှာမို့ အဲဒီသတင်းနဲ့ပါတ်သက်လို့ သိရင်ပြောပြပါအုံး။ ကျွန်မ အရမ်း စိုးရိမ်နေလို့ပါ။

မထင်ပါ။ ကနေ့ မြန်မာပြည်မှာ ၁၂ ရက်မဟုတ်လား။ ဒီမှာဖြင့် အေးအေးဆေးဆေး။ 

ကျေးဇူးပါ။

နိုင်း-အလဲဗင်းမှာဘာဖြစ်ခဲ့သလဲ ဆိုတာ အမေရိကန်နိုင်ငံသားဖြစ်လိုသူတိုင်းကိုမေးတဲ့ မေးခွန်း ၁၀၀ ထဲက တခုဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကဖြစ်ခဲ့တာ။ ၁၉ နှစ်ရှိပြီ။

1. Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၁/၄) https://doctortintswe.blogspot.com/2015/11/timelines-of-world-history.html
2. Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၂/၄) https://doctortintswe.blogspot.com/2015/11/timelines-of-world-history_25.html
3. Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၃/၄) https://doctortintswe.blogspot.com/2015/11/timelines-of-world-history_0.html
4. Timelines of world history ကမ္ဘာ့သမိုင်းရက်စွဲ (၄/၄) https://doctortintswe.blogspot.com/2015/11/timelines-of-world-history_27.html

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၇
၁၁-၉-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး