Posts

Showing posts from October, 2017

ဦးနှောက်

Image
မင်္ဂလာပါ ဆရာရှင့်။ ဦးနှောက် နဲ့ ဦးဏှောက် ဘယ်ဟာအမှန်လဲ သိပါရစေရှင့်။ ဦး ထန်းဦးရည် ဒိုက်ဦးမြို့ ရှိခိုးဦးတင် လက်ဦးမဆွ လှည်းဦးပွတ် အစကနဦး ဦးကင်း ဦးချ ဦးစွာပဌမ ဦးထိပ်ရွက် ဦးထုပ် ဦးပဉ္ဇင်း ဦးမလေး ဦးပြည်း ဦးရီး ဦးလုံးဝေဆာ ဦးခေါင်း ဦးဆောက်ပန်း ဦးနှောက် ဦးခွံ ဦးချို ဦးစွန်းဖုတ် ဦးဆံဖားလျား ဦးဆက် ဦးတည်ချက် ဦးထိပ် ဦးထုပ် ဦးပဉ္စင်း ဦးယဉ်းခေါင်းခဲနာ ဦးပြည်း (ခေါင်းတုံး) ဦးရီး ဦးလေး ဦးလုံးသိမ်း ဦးလည်မသုန် ဦးခေါင်း ဦးစောက်ကျွမ်းပြန် ဦးဆွေးဆံမြည့် ဦးဆောက်ပန်း ဦးသျှောင် ဦးအောင်လုပ် ဦးနှောက် ဦးညွှတ် ဏ ကဏှဒိပါယနရသေ့ ကရုဏာ (သနားဂရုဏာ) ကလျာဏ ကလျာဏီသိမ် ကာမတဏှာ ခဏခဏ ခဏငယ် ဂဏန်းသင်္ချာ စူဠာမဏိ တခဏ တဏှာသမုဒယ တန်ခိုးအာဏာ တုဏှိဘာဝေ = ဆိတ်ဆိတ်နေ တုဏှိဘော = မတုန်မလှုပ် ဒက္ခိဏ ဓမ္မံသရဏံ ပမာဏ ပါဏာတိပါတ် ပုဏ္ဏကတိုက် ပုဏ္ဏား ပုဏ္ဏားကွယ် ပုဏ္ဏားတိုင် ပုဏ္ဏေးမ ဗာရာဏ ဗုဒ္ဓံသရဏံ ဘယဂါမဏိ ဘရဏီနက္ခတ် ဘဝတဏှာ မဏိစန္ဒာ မဏိပူရ မဏိရတနာ မဏိဇောတပတ္တမြား မဏိမေခလာ မဏီသန်လျက် ဗြဟ္မဏ ဗြဟ္မဏီ လက္ခဏာ လက်ဆောင်ပဏ္ဏာ ဝိဘဝတဏှာ သံဃံသရဏံ သံမဏိ အာဏာပိုင် အ

ဤအကွေ့

Image
ဒီကဗျာကို ဆရာဇော်ဂျီ ရေးသားသီကုံးခဲ့ပြီး (တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း၊ အတွဲ ၁၈၊ အမှတ် ၁ဝ၇၊ ဒီဇင်္ဘာ ၁၉၃၃) မှာ ပဌမဆုံးပုံနှိပ်ပါတယ်။ ပန်းကံ့ကော်စာစဉ်၊ ငြိမ်းစာစဉ်၊ သီးခြားထုတ်၊ ၁၉၆၄ ထဲမှာ သည်လိုပုံနှိပ်ထားပါတယ်။ ဤအကွေ့ သည်တကွေ့မှာလ ပျော်၍သာ နေတော့မလားရယ်လို့ စကား ခြွေကာကာဖြင့် စေတနာ တကယ်ကောင်းကြတဲ့ ပေါင်းမိတ်လှ ဆွေသဟာ။ သူတို့မေးပြန်တော့ ဖြေရေး အတန်တန်ခက်လှချည့် ဥာဏ်သက်ကာ တကယ်စောသော်လဲ့ မောခဲ့သည် အတန်တန်ပေါ့ မသန်ပြီ သည်နှလုံးရယ်နှင့် ပုန်းချင်တော့တာ။ စေ့စေ့တွေးပြန်တော့ ရေးရေးပေါ်လာပေပေါ့ သူခေါ်ရာ ငါမလှမ်းနိုင်ဘု့ ငါ့လမ်းဟာ သည်တဖက်ရယ်လို့ သိလျက်နဲ့ ယောင်ချာချာ မှောင်ကာလို့ ပိတ်မှေး။ ခါတနေ့တွင်ဖြင့် အကွေ့ကို အမေလာ၍ ရွေပမာ နေဝါပေးကာပေါ့ မောင်ရွှင်လျှင် အမေအေးတယ်တဲ့ ပျံ့မွှေးစွာ ဖြေဖျော်လာတော့ ဖေဇော်မှာ အကွေ့နားဆီက နေပျော်ကာ မရွေ့ရှားလိုဘု့ မြေပေါ်မှာ အမေ့သားရယ်လို့ ကြားခဲ့တယ်လေး။     ။ စာပေလောကစာအုပ်တိုက်၊ ဇွန်၊ ၁၉၉၈ ထုတ် ဇော်ဂျီ ကဗျာပေါင်းချုပ်ထဲမှာတော့ - ငါ့လမ်းဟာ သည်တစ်ဖက်ရယ်လို့ နဲ့ ခါတစ်နေ့တွင်ဖြင့် လို့ (တ) နေရာတွေမှာ (တစ်) လို့ရိုက်နှိပ်ထားတာတွေ့ရပါတယ်။

ရွေ့ရှား

Image
ဆရာ မရွေ့ရှားလို့မှာ ရှားကအမှန်လား လျားကအမှန်လားခင်ဗျာ။ စာထဲပါအတိုင်း ကူးရိုက်ထားပါတယ်။ ဟုတ်။ ဆရာရိုက်တာကို မဟုတ်ပါဘူးခင်ဗျာ။ သတ်ပုံကျမ်းအမှန်ကို သိချင်တာပါဆရာ။ ရွေ့ ရွေ့လျောသည်။ ရွေ့သွားသည်။ တရွေ့ရွေ့။ ကာလရွေ့လျော။ သွား၍ လာ၍။ ကြုံသ၍။ (၍့ လို့ အရင်က ရေးခဲ့ကြပါတယ်။) ရှား ရှားစေး။ ရှားပင်။ ရှားပါးစရိတ်။ ထင်ရှားကျော်စော။ ရှောင်ရှားသည်။ ရှားမီးခဲ။ ရှားချက်သည်။ ရှားစောင်းကြီးပင်။ ရှောင် ရှောင်ကြဉ်။ ရှောင်ခွါ။ ရှောင်ဖယ်။ ရှောင်ရှား။ ရှောင်သွေ။ ရှောင်တိမ်း။ တရှောင်ရှောင်။ ခေါင်းရှောင်။ ရှောင်တခင်။ လျော လိုက်လျောသည်။ လျောပြွမ်း (ရောနှော) သည်။ လျောကျသည်။ ချောလျော (မကျက်သော ပဲနောက်ဟင်းကဲ့သို)။ အလျောတဝင်။ လိုက်လိုက်လျောလျော။ မကောင်းလိုက်လျော၊ ကောင်းလိုက်လျော။ လျား လျား = ကြာမြင့်သည်။ ကစဥ့်ကလျား။ စုလျား (အပေါ်တင်ပုဆိုးအဖြူ)။ ကလျား (ဖရိုဖရဲ)။ ပါးလျား။ ကာလရှည်လျား။ အနံအလျား။ အိမ်တန်းလျား။ စောင်းလျားပင်။ ဘာသာလောက်လျား။ သနစ်ကြောင်းလျား။ ဆံပင်ဖါးလျား။ မဟုတ်မလျား။ လျော့လျား။ လတ်လျားလျား။ ဒေါက်တာတင့်ဆွေ ၁-၁၁-၂ဝ၁၆ ၁-၁၁-၂ဝ၁၇

Halloween ဟဲလိုဝင်း

Image
အမေရိကန်တွေသာ ခရေးဇီးဖြစ်တဲ့ အားလပ်ရက်သာဖြစ်ပါတယ်။ သမိုင်းလှန်ရင် နှစ် ၂ဝဝဝ ရှိပြီလို့ဆိုပါတယ်။ သရဲပွဲလို့ ပြောနိုင်တယ်။ ခရစ်ယန်ဘာသာတွေသာလုပ်ကြတယ်။ အမေရိကကိုအသစ်ရောက်လာကြတဲ့ အင်္ဂလန်နိုင်ငံ ဝေးလ်စ်နဲ့ စကောတလန်နယ်သားတွေကနေ အရင်ကျင်းပနေတဲ့နည်းနာတွေ ဆောင်ပုဒ်တွေကို မွမ်းမံရာကနေ ကနေ့လို ဖြစ်လာတယ်။ Trick or Treat လို့ပြောကြတယ်။ လှည်ဖျားမှုနဲ့ အစားအသောက်။ အောက်တိုဘာလ ၃၁ ရက်နေ့ညမှာ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေက နေအိမ်တွေကို ပြန်လာသတဲ့။ တစ္ဆေသူရဲအဖြစ် လာမယ်။ အဲတာတွေအိမ်ထဲမဝင်နိုင်အောင် အိမ်အဝမှာ စားကောင်းသောက်ဖွယ်တွေ ချထားပေးရတယ်။ အိမ်ရှင်တွေကလည်း သူရဲအဝတ်အစားတွေဝတ်ထားတော့ တကယ့်သူရဲတွေက သူတို့လိုသူရဲ့ဖရင်းတွေပဲမှတ်အောင် အယောင်ဆောင်ရတယ်။ တကယ်တော့ ဘာသာရေးမဟုတ်ပါ။ စီးပွါးရေး။ ကနေ့ အမေရိကမှာ ခရစ်မတ်ပြီးရင် ဒုတိယလိုက်တဲ့ စီးပွါးရေးလုပ်ငန်းလို့ ပြောနိုင်တယ်။ ၂ဝ၁၆ ခုနှစ်က ၈့၎ ဘီလီယန် ဒေါ်လာ သုံးခဲ့ဖြုန်းခဲ့ကြတယ်။ သူရဲအဝတ်အစားအတွက် ကုန်တာက များတယ်။ လက်ဆောင်၊ ချောကလက်နဲ့ စားစရာ သောက်စရာတွေအတွက် သုံးကြတာ။ ရွှေဝါရောင်ဖရုံသီး အကြီးကြီးတွေကို ပုံစံဒီဇိုင်းအမျိုးမျိုးလုပ်ကြတယ်။ တစ္ဆေသူရဲ ပုံပြင်တွေ ရုပ်ရှင်ေ

ဂျင်း ချင်း နဲ့ ခြင်း

Image
၁။ ချင်း နဲ့ ခြင်း ချဉ်ခြင်းတက်တယ် တခုခြင်းစီ ပြပါ ၂။ ချင်းသုပ်ကအမှန်လား။ ဂျင်းသုပ်၊ ချင်းသုပ် လူအတော်များများကမှားတယ်တဲ့။ အရင်ခေတ်ထုတ် သတ်ပုံစာအုပ်တွေမှာတော့ ချင်းလို့သာပါတယ်။ နောက်ပိုင်းမှာ ချင်း နဲ့ ဂျင်း နှစ်ခုလုံး သုံးကြပါတယ်။ ၃။ မင်္ဂလာပါဆရာရှင့် ဟင်းချက်တဲ့အထဲထည့်တာ ဆေးဖက်ဝင်ရန်သုံးစွဲတဲ့ဂျင်းတတ်က စာနဲ့ရေးရင်ချင်းလား ဂျင်းလားရှင့် ၄။ ချင်းသုပ်ကအမှန်လား။ ဂျင်းသုပ်၊ ချင်းသုပ် လူအတော်များများက မှားတယ်တဲ့။ ၅။ ကံကောင်းချင်းတွေ အိပ်ထဲမှာအပြည့်အလျှံပါပါစေဆရာ ကံကောင်းခြင်းတွေလို့ ရေးရတယ်။ အိတ်လို့ ရေးရတယ်။ သည်အတိုင်းဆိုရင် ချင်းလူမျိးတွေ အိပ်ပျော်နေသလို ဖြစ်သွားမယ်။ Smile! ချင်း ကိုယ်ချင်းစာပါ ချက်ချင်းလုပ်ပါ ချင်းစိမ်း ချင်းတွင်းမြစ် ချင်းနင်းဝင်ရောက် ချင်းယားပင် ချင်းပြည်နယ် ချင်းသုပ် (ဂျင်းသုပ်) ငါးမြစ်ချင်း၊ ငိုချင်းချသည် စုံတွဲသီချင်း၊ စက်ဝိုင်းအချင်း၊ ညတွင်းချင်း၊ တခဏချင်း၊ တမုဟုတ်ချင်း၊ တယောက်ချင်း၊ တနေ့ချင်း ထုတ်ချင်းခတ် (ထုတ်ချင်းခပ်) ထုတ်ချင်းပေါက် ဒုံးချင်း၊ ပွဲချင်းပြီး ပိတ်ချင်း မကုန်မချင်း၊ မင်းချင်းတယောက် မရမချင်းကြိုးစားပါ မျက်

ကံ ကမ် ကန်

Image
မင်္ဂလာပါဆရာ မြန်မာစာအရေးအသားမှာ ကံ ကမ် ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ရှင်ဥက္ကဌ စာအုပ်မှာ ကမ်လို့ သုံးထားလို့ပါခင်ဗျာ ကမ် ကမ္ပလာ = အထည်အလိပ် ကမ္ပသီး (ဝိနည်း) ကမ္ပလွေ = စာပုလွေ ကမ္ဗည်းတံ = ဝါးခြမ်းဖြင့်ပြုလုပ်ထားသောစာရေးတံ ကမ္ဗည်းထိုး ကမ္ဗည်းလိပ် ကမ္မ ကမ္မဋ္ဌာန်း ကမ္မကထ ကမ္မစန်း = ဗေဒင် ကမ္မစုကတ် = ဗေဒင် ကမ္မဇ = ကံကြောင့်ဖြစ်သော ကမ္မဇကလာပ် ကမ္မဇရုပ် ကမ္မဇလေလှုပ်သည် ကမ္မပစ္စည်း ကမ္မလလေ = လေရောဂါ ကမ္မဝါ ကမ္မဝါစက ကမ္မဝါဒီ ကမ္မဿ ကမ္ဘာ ကမ္ဗောဇကျမ်း = ဆင်ကျမ်း ကမ္ဗောဇတိုင်း ကံ ကံကိုယုံ၍ ဆူးပုံနင်းသည် ကံကုန် ကံချာကစား ကံစွပ်ကံညား ကံဇာတာ ကံထိုက် ကံကြမ္မာ ကံပြင်းပင် ကံမြင့်သည် ကံမြစ် (ဆုံးမ) ကံသုံးပါး ကံသီ ကံအကျိုး ကံအားလျော်စွာ ကံကျွေးချ ကံကျွေး ကံကောင်းလို့ ကံဆောင်သည် ကံသေကံမ ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ကုသိုလ်ကံ ပရိကံ ကြီးလေးသောကံ ဘုန်းကံ မနောကံ ပြည့်ကံကျွေး လူတန် ကံချ (လူမတန် ကံချ) ဝဇကံ ဝတ္ထုကံမြေ အကုသိုလ်ကံ အဟောသိကံ ဥပစ္ဆေဒကကံ စေတနာကံ ကန် ရုန်းကန် ကန်စွန်းပင် (ကစွန်းပင်) ကန်ဆင်းမိုး ကန်ထရိုက် ကန်ကြိုးဆက်ချည် ကန်ဖျားရွာ ကန်ရာသီ ကန်ရာသီ ကန်သင်းရိုး ကန်ကျောက် က

ဖိ ဘိ ဘိတ် ဖိတ်

Image
၁။ ဆရာရေ ဖိတ်ကြားစာ နဲ့ ဘိတ်ကြားစာ ဘယ်ဟာမှန်လဲအလင်းပြပေးပါအုံးခင်ဗျာ မဖြေခင် ပြောချင်တယ်။ အလင်းပြပေးပါလို့ အတော်သုံးနေကြတယ်။ မသုံးသင့်ပါ။ မှောင်မည်းနေချိန်မှာ အလင်းရောင် ပေးခိုင်တာမှာသုံးတယ်။ တန်ခိုးရှိသူဆီကနေ တောင်းခံတာမှာသုံးတယ်။ ကျွန်တော်လို ရိုးရိုးလူ ရိုးရိုးဆရာဝန်ကိုမေးရင် ရိုးရိုးလေးသာရေးသင့်ပါတယ်။ ၂။ အရင်က ဘိနပ်မစီးရရေးပြီး ခုတွေ့ရတာ ဖိနပ်မစီးရ။ ၃။ မင်္ဂလာပါဆရာ ဖိနပ်ချွတ်ပါ နဲ့ ဘိနပ်ချွတ်ပါ ဘယ်ဟာအမှန်လဲ အချိန်ရလျှင်ဖြေကြားပေးပါဆရာ။ ၄။ ဘိသိတ်သွန်း။ ဘိတ်သိတ်မြှောက်မှာသုံးတာတွေ့ဘူးပါတယ်ဆရာ ၅။ ဆရာ ဘိတ်သိက်လို့ရေးတာ အမှန်လား။ ဘိနပ်၊ ဖိနပ်၊ ဘိစီးနှိပ်စက်၊ ဖိစီးနှိပ်စက် နှစ်မျိုးလုံး ရေးနေကြတယ်။ ဖိနပ် အမှန်။ ဘိသိက်မြှောက်သည် အမှန်။ ဖိ ပိအောင်ဖိသည် ဖိစီး ဖိနပ်ချွတ် ဖိနပ်တရန် ဖိဖိစီးစီး ဖိသိပ် ဖိနှိပ် ဖိနှိမ် ဘိ ခက်ပါဘိ၊ ငှက်ထောင်သည့်ဘိ ဆိုပါဘိ၊ ဆိုဘိတောင်း၊ ဆိုဘိလော၊ ဘိလပ်ရည် ဘိလပ်မြေ ဘိလိယက် ဘိသိက်သွန်း အဘိဓာန်ကျမ်း၊ အဘိသိက်သွန်းဖျန်းသည်၊ ကောင်းပါဘိ၊ နေပါဘိ၊ နေဘိလော၊ ပြောပါဘိ၊ ပြောဘိတောင်း၊ ဘိတ် ဘိတ်ကြား၊ ပင့်ဘိတ်၊ ဘိတ်ခေါ်၊ ဘိတ်မန်သက လို့

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ (၁)

Image
ဆရာ မင်္ဂလာပါရှင်။ NSAID link လေး ပြန်တင်ပေးပါ ဆရာရှင့်။ ပြန်ရှာတာ မတွေ့လို့ပါဆရာ။ NSAID ဆိုတာ Nonsteroidal anti-inflammatory drugs (စတီရွိုက်) မပါတဲ့ အရောင် သက်သာဆေးတွေဖြစ်တယ်။ နေရာတကာမှာသုံးတယ်။ အိမ်တိုင်းမှာလဲ ရှိတတ်တယ်။ ဝယ်ရတာလဲ အင်မတန်လွယ်တယ်။ ထိရောက်မှုလဲ ရှိတယ်။ Steroid (စတီရွိုက်) ဆိုတာ ဓါတုဗေဒအရ (အော်ဂဲနစ်) ဒြပ်ပေါင်းတွေ ဖြစ်တယ်။ ဆေးဝါးဗေဒအရ Cholesterol (ကိုလက်စထော)၊ Anabolic steroids (ခွန်အားတိုး-စတီရွိုက်)၊ Estradiol မိန်းမ-ဟော်မုန်း၊ Testosterone ယောက်ျား-ဟော်မုန်း နဲ့ Dexamethasone (ဒက်ဆာမီသာဇုမ်း) အားလုံး ပါတယ်။ (စတီရွိုက်) ကနေလဲ ရောင်ခြင်းဖြစ်စဉ်ကို တားပေးတယ်။ (စတီရွိုက်) ဆေးအမျိုးအစားက ပြင်းတယ်လို့ ပြောတာ မမှန်ဘူး။ တလွဲမသုံးသင့်ဘူးပြောမှ မှန်တယ်။ ဒါတောင် အမေရိကားမှာ လူဦးရေ ၁% က တလွဲသုံးနေကြတယ်။ Inflammation ရောင်ခြင်းဖြစ်စဉ်ဆိုတာ ရောဂါဗေဒမှာ အခြေခံဖြစ်တယ်။ ကိုယ့်လက်ကိုယ် ရိုက်ကြည့်လိုက်ပါ။ အရိုက်ခံရတဲ့ နေရာမှာ အခြင်းအရာ ၅ မျိုး ဖြစ်လာတယ်။ နီ၊ ပူ၊ ရောင်၊ နာ၊ ဆိုတာတွေ ဖြစ်လာမယ်။ ဒါ့ပြင် ထိခိုက်ခံရတဲ့ (တစ်ရှူး) တွေက သူ့အလုပ်သူ မလုပ်နိုင်တာလဲ ပါသေးတယ်။ ဒါ့ကြောင့် ဒီလိ

Add အဒ်

Image
ဆရာ အပ်နဲ့အတ်ကို ဘယ်လိုနေရာတွေမှာ သုံးရမလည်းဆိုတာ သိချင်လို့ပါဆရာ။ မိတ်ဆွေဖြစ်ဖို့အပ်တာဆိုရင် အတ်လိုက်မယ်နဲ့ အပ်လိုက်မယ် ဘယ်ဟာအမှန်ပါလည်းဆရာ။ Add ဆိုတာ ဖရင်းအဖြစ်စာရင်းထည့်သွင်းပါလို့ပြောကြတယ်။ အသံထွက်က အဒ်ဖြစ်တယ်။ အပ်လို့လည်း မမှန်၊ အတ်လို့လည်း မမှန်ပါ။ အက်လို့လည်း မမှန်။ အဓိပ္ပါယ်က ထည့်တာ၊ ပေါင်းတာ။ အပ်က အပ်နှံသည်အဓိပ္ပါယ်ရလို့ သင့်ပေမဲ့ အသံထွက်ကိုယူတာ မဟုတ်ပြန်ပါ။ အပ်ထားတာက သိမ်းထားပေးပါ စောင့်ရှောက်ပေးပါလို့ ဆိုလိုတယ်။ ကလေးကျောင်းအပ်တာနဲ့တူတယ်။ ထပ်ဖြည့်တာတော့ မဟုတ်ပါ။ အပ် တပ်အပ်သေချာ ပြုသင့်ပြုအပ် ရင်ချင်းအပ် အပ်ကျမပ်ကျ (နောက်ပေါ်) အပ်ကျမှတ်ကျသိသည် (ယခင်အသုံး) အပ်ချည်လုံး အပ်ချုပ်ခုံ အပ်စပ် အပ်ထည် အပ်နဖါးပေါက် အပ်ပြန်ပေါက် အပ်နှံ အဝတ်ချုပ်သည့်အပ် ကျောင်းအပ်သည် အတ် အတ္တနောမတိ အတ္တဟိတ အတ္ထုပ္ပတ္တိ ဒေါက်တာတင့်ဆွေ

ပိုက်ဆံကပြောတဲ့ သတ်ပုံသမိုင်း

Image
တပြား၊ တကျပ်၊ တဆယ်ကျပ်၊ တရာကျပ်။ ပိုက်ဆံဆိုတာ ဟင်ဒီစကားကနေလာတယ်။ သူတို့က ပိုက်ဆားနဲ့ ပိုက်ဆေးလို့အသံထွက်ကြတယ်။ ပိုက်စံဆိုရင် မှားတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၇ Photos from Felix Wu Htay ကျေးဇူး။

ပက် ပတ် သက် သပ်

Image
၁။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။ အအေးပတ်လို့ ရေးရတယ်။ ၂။ ဆရာ ပက်သက်၊ ပတ်သတ် ဘယ်ဟာက အမှန်ဖြစ်ပါလည်းခင်ဗျာ ပတ်သက်လို့သာရေးရတယ်။ ၃။ ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလည်ဆရာ။ စမ်းသပ်လို့သာ ရေးရတယ်။ ၄။ ပါတ်နဲ့ ပတ်ရဲ့ အသုံးကိုလည်း တိတိကျကျသိချင်လှပါတယ်။ ပက် ပက္ခဒိန် (ပြက္ခဒိန်) ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်) ပက်ကား = ညွှန်အိုင် ပက်ကျိ ပက်ခွန့် (လှေ) ပက်စက်သည် ပက်ပင်းတိုးသည်း ပက်ပည် = ရင်ဆိုင်တည့်တည့် ပက်ဖျန်းသည် ပက်ပြဲ ပက်လက်လန် မှောက်ခုံပက်လက် ပတ် ခုနစ်ရက်တပတ် တစ်နှစ်ပတ်လုံး ပတ္တကျည်ပင် ပတ္တပိုဏ်ဓူတင် ပတ္တမြား ပတ္တလား ပတ္တာ (တံခါး) ပတ္တာခံ ပတ္တာမြေ ပတ္တူစ ပတ္ထနာဆုတောင်း ပတ်ကုံးဝန်းကျင် ပတ်ချွဲနပ်ချွဲ ပတ်ချာလည် ပတ်စာခွာဖျာသိမ်း ပတ်တီးစည်း ပတ်တုတ် ပတ်ပတ်နပ်နပ် ပတ်ပတ်လည် ပတ်ပျိုးသီချင်း ပတ်ကြမ်းတုတ် ပတ်ခြံ ပတ်မကြီး ပတ်ယတ်လက္ခဏာ ပတ်ရံ ပတ်ရစ် ပတ်လည် ပတ်ဝန်းကျင် ပတ်သက် ပတ်ခြောက်က ပတ်မြှောင် ပတ် ကမ္ပတ်အိမ်၊ ခရုပတ်၊ ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊ ငါးကြီးအန်ပတ်၊ စီကာပတ်ကုံး၊ ညစ်ပတ်၊ တံခါးပ

ဆယ်စောင်တွဲသတ်ပုံ

Image
သမ္မတဆယ်စောင်တွဲမှာလည်း သတ်ပုံတွေက တစ်လုပ်မထားဘူးဆရာ။ အဲဒီသမ္မတခေတ်က မြန်မာစာကို မှန်အောင်ရေးခဲ့တယ်။ ဥက္ကဌကြီးတွေနဲ့ နောက်သမ္မတတွေခေတ်မှာတော့ ဒေါက်တာတင့်ဆွေ

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံရေးသမားတွေလက်ကနေ ကယ်တင်နိုင်မလား

Image
၃ဝ-၁ဝ-၂ဝ၁၅ နေ့ထုတ် နာမည်ကြီး နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းမှာ Christian Caryl (ခရစ်ရှန် ကရိုင်းလ်) ရေးတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အစိုးရနဲ့ အစွန်းရောက်ဗုဒ္ဂဘာသာဘုန်းတော်ကြီးတွေရဲ့ မြင့်မြတ်မှုကင်းလှတဲ့ မဟာမိတ်ပြုမှုကနေ ဒီမိုကရေစီ ပြောင်းလဲရေးကို လမ်းကြောင်းပြောင်းစေနေပါတယ်။ နိုဝင်္ဘာ (၈) ရက်နေမှာ မြန်မာနိုင်ငံသားတွေ လွှတ်တော်သစ်အတွက် မဲပေးကြပါတော့မယ်။ အဲတာဟာ ပြီးခဲ့တဲ့ ၄ နှစ်က တံခါးဖွင့်ပေးလိုက်တဲ့တိုင်းပြည်မှာ ပဌမဆုံးအထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ နှိုင်းရဒီမိုကရေစီအတွက် ပြောရရင် ၂၅ နှစ်အတွင်းမှာ ပဌမအကြိမ်သာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြင်ဆင်မှုတွေက ကျောက်တုံးသာခင်းထားတဲ့ လမ်းပေါ်သွားလာရသလိုပါပဲ။ နိုင်လိုမင်းထက်ပြုမှုတွေ၊ ကြိုးကြားအကြမ်းဖက်မှုတွေ၊ မဲစာရင်းမှားယွင်းမှုတွေ၊ မသမာမှုတွေနဲ့ တခြားအားနည်းချက်တွေကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သတိပေးနေကြပါတယ်။ အာဏာပိုင်တွေက ကြိုးစားဖြေရှင်းပါတယ်ဆိုပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ ပြဿနာတွေရှိပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ဝန်းကျင်ဟာ အတိုက်အခံတွေကို နှိပ်ကွပ်ထားချိန်မှာဖြစ်တယ်။ မဲပေးစည်းမျဉ်းတွေကလည်း စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံထားတယ်။ ဖွဲ့စ

Paisa ပိုက်ဆံ

Image
ပိုက်စံ နှင့် ပိုက်ဆံ ဘယ်ဟာအမှန်လည်း ဆရာ။ ကျေးဇူးပြု၍သိချင်ပါတယ်ဆရာ။ Indian paisa ကနေယူထားတာ။ ပိုက်ဆံလို့သာ အသံထွက်ကြ ရေးကြတယ်။ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ။ ကျွန်တော် ခဏခဏမှားသုံးမိလို့ပါ။ ကျွန်တော်က စံသတ်မှတ်ချက်ဆိုတဲ့အတွေးနှင့် ပိုက်စံ ဆိုပြီးသုံးမိနေလို့။ ကျေးဇူးပါဆရာ။ သူတို့က ပိုက်ဆားအသံမျိုးထွက်တယ်။ ပိုက်ဆေးလို့လည်းထွက်တယ်။ အဲတာက ဝါကျအလိုက်ပြောင်းတာ။ မြန်မာလို ပိုက်စံလည်း မှားမယ်။ ပိုက်ဆန်လည်း မှားမယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၇

Scars အမာရွတ်

Image
ဆရာသ္မီးမျက်နာဝက်ခြံကြောင့်နာရွတ်ဖြစ်သွားတယ်ဆရာနာရွတ်ပြောက်တဲ့ဆေးဘာဆေးသုးံရမလဲမသိလို့ပြောပြပေးပါလားဆရာ နားရွက်ကိုရေးသလား စဉ်းစားမိတယ်။ ၂-၃ ခေါက် ထပ်ဖတ်ရတယ်။ အမာရွတ်လို့သာ ရေးပါတယ်။ အနာလို့ရေးရတယ်။ ပျောက်လို့ ရေးရပါတယ်။ သမီးကိုတော့ ခက်ခက်ခဲခဲ အဆင့်နဲ့ရိုက်ထားတယ်။ တချို့က အလွယ်ရေးလို့မှားတာပါလို့ ဆင်ခြေပေးကြတဲ့အကြောင်း။ မြန်မာစာ အမာရွတ်တွေ ပျောက်ကင်းပါစေသတည်း။ 1. Acne Scars ဝက်ခြံအမာရွတ် https://doctortintswe.blogspot.com/2017/08/acne-scars.html 2. Chicken Pox Scars ရေကျောက်အမာရွတ် https://doctortintswe.blogspot.com/2017/02/chicken-pox-scars.html 3. Keloid အရုပ်ဆိုးတဲ့ အမာရွတ် http://doctortintswe.blogspot.com/2014/11/keloid.html 4. Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html 5. Scar (1) အမာရွတ် (၁) http://doctortintswe.blogspot.com/2015/03/scar-1.html 6. Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၇

ဒါပေမဲ့

Image
ဆရာခင်ဗျား ဒါပေမယ့်လား၊ ဒါပေမဲ့လား မကွဲပြားလို့ပါ။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်း၊ ဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။ မဲ့ ငိုမဲ့မဲ့ မထီမဲ့မြင် မရှိမဲရှိမဲ့ မိဘမဲ့ မဲ့ = မရှိ မဲ့ခွက်ခွက် မဲ့ပဲ = ကာကွယ်သည် မဲ့မဲ့ယွဲ့ယွဲ့ မဲ့ပြုံး မျက်နှာမဲ့ ရှုံ့မဲ့မဲ့ သစ္စာမဲ့ အတူမဲ့ပြီး အကြွင်းမဲ့ အမှတ်တမဲ့ အမှတ်မဲ့ ဒါ ကာလီဒါသ ဒါနပြုသည် ဒါယကာ ဒါယိကာမ ဒါနောရက္ခိုသ် မယ့်လို့လည်း မရှိ။ မယ်၏ကို မယ့်လို့ရေးတယ်။ မယ်လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်ရေးကြပါတယ်။ အဲတာကြောင့် ဒါပေမဲ့က ပိုသင့်မလား စဉ်းစားမိတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၇

Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ

Image
ဆရာ မင်္ဂလာပါ။ Keratosis Pilaris အကြောင်း ရေးဖူးရင် ပြန် share ပေးလို့ ရမလား။ Peeling လုပ်ရင်ပျောက်လားရှင့်။ မူလတန်းလောက်ကတည်းက KP ရှိတာပါ။ မေးတဲ့သူ အသက်-ကျား-မ မသိပါ။ အရင်မေးတာတွေရှိလို့ ရေးထားပါတယ်။ ၂။ ဆရာ မင်္ဂလာပါရှင့် မေးခွန်းလေးကို ဖြေကြားပေးစေလိုပါတယ်ရှင့်။ ကျွန်မ အသက် ၂၅ အပျိုပါရှင့်။ မျက်စိနားမှာ ငါးမျက်စိလို့ခေါ်တဲ့ အဖုလေးတွေ ၃လုံးလောက် ပေါက်နေပါတယ် ဆရာဝန်နဲ့ပြတော့လည်း အဲ့ဒါတွေက လိမ်းဆေးမရှိဘူး လေဆာနဲ့ပစ်မှ ရမယ်လို့ ပြောပါတယ်ရှင့် ပြီးတော့ အဲ့ဒီအလုံးတွေက ပွားတတ်တယ်လို့ ပြောပါတယ်ရှင့်။ မျက်လုံးနားဆိုတော့ လေဆာပစ်ရင် ထိခိုက်မိမှာ စိုးလို့ပါရှင့်။ လိမ်းဆေးရှိရင်လည်း ညွှန်ကြားပေးစေလိုပါတယ်ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။ အလုံးတွေ ရှိတဲ့နေရာကို ပုံနဲ့ပြလိုက်ပါတယ်ရှင့်။ ၃။ ကျွန်မအသက်က ၂၇ ပါဆရာ။ ကျန်းမာရေးလဲကောင်းပါတယ်ဆရာ။ အိမ်ထောင်လဲရှိပါတယ်။ ကျွန်မ အသက် ၁၅ နစ်လောက်ကစပြီး မျက်လုံးအောက်မာ ဝက်ခြံလိုအဖုသေးသေးလေးတွေပေါက်လာပါတယ်။ ဝက်ခြံလိုလဲညှစ်လို့ မရပါဘူးဆရာ။ အခုရက်ပိုင်းအတွင်းမှာ အဖုလေးတွေ ပိုပိုများလာလို့ပါဆရာ။ ဘာဆေးသုံးရမလဲ ညွှန်ပြပေးပါအုန်းဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ ၄။ ဆရာ သ

နိုဝင်္ဘာ (၁) ရက်နေ့

Image
အေဘီအက်စ်ဒီအက်ဖ်ရဲ့ ၂၉ နှစ်ပတ်လည်နေ့ပို့စ်တွေ ဖတ်ရပါတယ်။ ကျောင်းသားတပ်မတော်လို့ခေါ်တယ်။ ကျွန်တော်နဲ့ ၂၄ နှစ်ကြာ အတူကြိုးပမ်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ပြည်ပလှုပ်ရှားမှုမှာ သူတို့က တနှစ်စောဖွဲ့တယ်။ ကျွန်တော်က ၂ဝ၁၄ မှာ ပြည်ပစာရင်းကနေ တတိယနိုင်ငံစာရင်းထဲရောက်သွားပြီး၊ သူတို့က ပြည်တွင်းပြန်ရောက်ကြတယ်။ နိုဝင်္ဘာ (၁) ရက်နေ့ဆိုရင် ကျွန်တော့်မှာ မမေ့စရာတခုရှိပါတယ်။ ၁၉၆၅ ခုနှစ် နိုဝင်္ဘာ (၁) ရက်နေ့မှာ ဆေးကျောင်းသား ဖြစ်ပါတယ်။ ဆောင်းဝင်စရက် အေးမြမြရှိတယ်။ ကြည့်လေရာရာ မြူမှုံနဲ့ ခပ်ဝါးဝါးရှိတယ်။ မန္တလေးဘူတာကြီးကလာတဲ့ ကျောက်မီးသွေး မီးခိုးနံ့က ရနေသေးတယ်။ ကောလိပ်ကျောင်းသားတယောက်ရဲ့ စိတ်ခံစားမှုနဲ့အတူ သူငယ်ချင်းသစ်တွေ တွေ့ရတယ်။ သူတို့အားလုံးနဲ့ သိရခင်ရတာ (၄၈) နှစ်ပတ်လည်နေ့လို့ ပြောနိုင်ပြီ။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၇

ကျွန်တော့်နဲ့ မိဘအိမ်ရာ

Image
မင်္ဂလာပါဆရာ။ အဲဒီဝါကျကို ဘယ်လိုအဓိပ္ပါယ်ယူရမလဲဆရာ။ ဆရာအချိန်ရရင် ဖြေခဲ့ပေးပါဦး။ မိဘအိမ်ရာကတော့ ကျွန်တော့်ကို ဘယ်တော့မှ မစွန့်ပယ်ခဲ့ပါဘူး။ ဝါကျတည်ဆောက်ပုံ မှားနေတယ်ထင်ပါတယ်။ စာရေးတဲ့သူက ဘယ်လိုဆိုလိုသလဲတော့ စဉ်းစားနေရတယ်။ ကတ္တား ခေါ် ပြုလုပ်သူက ကျွန်တော်လား။ မိဘအိမ်ရာလား။ ကျွန်တော့်က မိဘအိမ်ရာကနေတော့ ဘယ်တော့မှ မစွန့်ခွါခဲ့ပါဆိုတာက တမျိုးဖြစ်တယ်။ ထွက်ခွါရာပုဒ်။ ကျွန်တော့်က မိဘအိမ်ရာကို ဘယ်တော့မှ မစွန့်ပယ်ခဲ့ပါဆိုတာက တမျိုးဖြစ်တယ်။ ကံ။ ကြိယာဖြစ်တဲ့ မစွန့်ပယ်နဲ့ စွန့်ခွါတာ မတူပါ။ စွန့်ပယ်ဆိုတာ မသုံးတော့တာ။ စွန့်ခွါဆိုတာက နေရပ်ကနေ မနေလိုတော့လို့ နေမရတော့လို့ ထွက်ခွါတာ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁ဝ-၂ဝ၁၇

Sweeper ကျွန်တော် တံမြက်စည်းလှည်းသမား

Image
တံမြက်စည်းလှည်းတဲ့ပညာကို ငယ်လေးကတည်းက ပညာယူခဲ့ရပါတယ်။ အဖေကသင်ပေးတယ်။ ဦးကြီးဦးလေးတွေက သင်ပေးတယ်။ ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကိုပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။ အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည်ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်တံမြက်လှည်းစရာတွေကို ငယ်တုံးကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။ တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတူပါ။ အကြိုအကြားကအမှိုက်ကို ချူယူတဲ့အခါ အချွန်ပိုင်းလေးနဲ့ယူမှရတယ်။ တံမြက်စည်းကို ပက်လက်ထားပြီး အမှိုက်လှည်းမိရင် အဆူခံရတယ်။ အမှိုက်ပါမလာပဲ ဖုန်ပဲထတယ်။ အမှိုက်မလှည်းခင် ရေလေးနည်းနည်းဖြန်းနိုင်ရင် ဖုန်မထပါ။ အမှိုက်ကို ဘယ်နေရာမှစုထားမလဲ။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြင်က

မြန်မာစာညံ့တဲ့သူ အင်္ဂလိပ်စာတော်ပါသလား

Image
သတ်ပုံတွေကို ဂရုမစိုက်နိုင်တာက အင်္ဂလိပ်စာလေ့လာနေရလို့ပါလို့ ပြောကြတယ်။ အလွယ်ရေးရလို့ပါလို့ ဆင်ခြေပေးတယ်။ ဘယ်ဟုတ်မလဲ သူတို့ရေးတာက ပိုတောင်ခက်အောင်ရေးရတာတွေ။ တစ်ခါတစ်ရံတဲ့။ ရေးတော့အမှန် ဖတ်တော့အသံတဲ့။ ဘယ်ကလာ ဟုတ်ရမှာလဲ။ ရေးတော့ တလွဲ၊ ဖတ်တော့အမှား။ ခေတ်တဲ့ လာသေးတယ်။ ပြောကျိတဲ့။ တိဘူးတဲ့။ ရှယ်ပြဇေတဲ့။ ဘယ်ဟုတ်မလဲ စကားမပီတာကို မပီတဲ့အတိုင်းရေးတာ။ ဖေ့စ်ဘွတ်ပေါ်လာခြင်းသည် မြန်မာပြည် မပီတာတွေကို လူတကာသိအောင် အထုပ်ဖြေပြရာရောက်စေသည်။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၇

တကယ့်တက္ကသိုလ် အစစ်သည်

Image
ဆရာဇော်ဂျီရဲ့ တက္ကသိုလ်အဓိပ္ပါယ်ဖွင့်ဆိုပုံလေး တယောက်ကတင်ထားတာ အခုပဲတွေ့တယ်။ တကယ့်ဆိုတဲ့သတ်ပုံကို ထောက်ပြစရာရတယ်။ ကျေးဇူး။ ဂူဂယ်မှာ တစ်ကယ်တွေလိုက်ရှာတယ်။ ခဏလေးနဲ့ ၁၈ ခုတွေ့တယ်။ ရှာလေတွေ့လေ ရှိဦးတယ်။ သတ်ပုံမှားရေးကြသူတွေထဲမှာ လန်းတယ်လို့ပြောတဲ့သူတွေ၊ နည်းပညာသင်ပေးနေသူတွေအပြင် တရားဓမ္မရေးနေသူတွေလည်းပါတယ်။ 1. ဟာ တစ်ကယ့် လန်းတယ်ကွာ | 2. အောင်မွင်မှရြဲ့ တစ်ကယ့် လျြိ့ဝှက်ချက် - 3. ပုံစံတူ DB5 ရေဋ္ဋရည်စိမ်ကားဟာ တစ်ကယ့် DB5 ကားကို ပုံတူအချြိးကျ စကေး 1:3 ဖြင့် တည်ဆောက်ထားတာ ဖြစ်ပွီး တစ်ကယ့် ... 4. အောင်မွင်မှရြဲ့ တစ်ကယ့်. သုတဇုန်. အောင်မွင်မှရြဲ့ တစ်ကယ့် 5. အခုတွော့ကည့်သူ့လုပ်ပုံက တစ်ကယ့် ... 6. ပြန်စမ်းကွည့်တော့ အဆင်ပြေသွားပွီ။ display နဲ့ တစ်ကယ့် အထွက် current အတော်လေး နီးနီးစပ်စပ်ရပါတယ်။ 7. Application ကို ဖန်တီးပွီးနောက် တစ်ကယ့် (Device) တွင် Install လုပ်ပွီး စမ်းသပ်ရန် ... 8. အားလုံး စိတ်ကွိက်ြဖြစ်ပြီဆိုရင် Apply To Blog ဆိုတာလေးကို နိပ်လိုက်ပြီး ရင်တော့ တစ်ကယ့် ... 9. တစ်ကယ့် စက်တစ်လုံးကတော့ သွားမမှန်းလိုက်နဲ့ ဒီမှာ အောက်ဆုံးက စရေရင် ဒုတိယအဆင့်ရှိတဲ့ ... 10. ဒါမှ တစ်ကယ်

Autoimmune Diseases အော်တိုအင်မြူးရောဂါများ

Image
အားလုံးသို့ မေတ္တာရပ်ခံချက် - Autoimmune ရောဂါမျိုးကွဲ ၈၀ လောက်ထဲက ကုဖို့ခက်ပြီး US နဲ့ Germany မှာတောင် cause ရှာနေဆဲ ၃ ခုနဲ့ဆက်စပ်တဲ့ရောဂါဝေဒနာကို ကျမခံစားနေရပါတယ်။ allergic reactions တွေက ၂ ရက် တခေါက်လောက်ဖြစ်နေပြီး၊ ဆရာဝန်တွေဆီသွားရင်တောင် ရောဂါအမည်မကြားဘူးလို့ ပြန်ရှင်းပြနေရပါတယ်။ ဘာဖြစ်တယ်ဆိုတာထက် ကျမကို steroids ထိုးပေးပါ၊ anti histamines ဆေး on ပေးပါလို့ ပြန်ပြောနေရပါတယ့့် အခုပဲတွေ့တဲ့ ပို့စ်တခုပါ။ ကျွန်တော့်ကို မေးတာမဟုတ်ပါ။ ရေးထားတာလေး ထပ်တင်ပါရစေ။ မြန်မာပြည်မှာ စစ်တပ်သာမရှိရင် ဘာဖြစ်သွားမလဲဆိုတာမျိုးမေးတယ်။ ဖြေသူတွေဖြေကြတာတွေကလည်း မှားတာတော့ မဟုတ်ပါ။ တပ်မထိနဲ့ မီးပွင့်သွားမယ်လို့လည်း ပြန်ရေးတယ်။ ပြန်ရေးတဲ့သူပြောတာ နည်းတောင်နည်းသေးတယ်။ ပွင့်မှာက မီးသာမဟုတ်ဘူး။ ဒါမျိုးတွေရေးနေကြတာ မကောင်းပါ။ နေရာတကာဆရာလုပ်ပြီး မင်္ဂလာယူတာမဟုတ်ပါ။ ဘာလို့ အဲလိုတွေရေးလာအောင် ဖြစ်နေသလည်းက အရေးကြီးတယ်။ ဆရာဝန်ဆိုတာ ရောဂါရှာတာ အရင်လုပ်ရလို့ပါ။ တိုင်းပြည်ရောဂါကို ဆရာဝန်မပြောလည်း လူတွေကသိကြပါတယ်။ အာလ်ထွာဆောင်း မလိုတော့ပါ။ တိတိကျကျပြောရရင် မြန်မာပြည်ရဲ့နိုင်ငံရေးရောဂါကို Autoimmune Diseases အော

မွန်ဘုန်းကြီးကျောင်း

Image
အင်ဒီယာနာပုလစ်မြို့မှာရှိတဲ့ မွန်ဘုန်းကြီးကျောင်း ကထိန်ပွဲမှာ စားလည်းစား စကားလည်းပြော တရားဟောတာလည်းနာ အမျှအတန်းလည်း ဝေခဲ့ပါတယ်။ အိန္ဒိယမှာနေခဲ့စဉ်က နိုင်ငံရေးစကားတွေသာ ပြောခဲ့ရတာ။ အဲဒီကထွက်တာ နိုင်ငံရေးကိုရင်လူထွက်လိုပဲ။ စကားတွေ ပြောင်းပြောလို့ရပြီ။ ဘာသာရေး ထည့်ပြောနိုင်ပြီ။ လူမှုရေးစာတွေ၊ ပညာသုတစာတွေ ရေးနိုင်ပြီ။ ကျန်းမာရေး ဖြေနိုင်ပြီ။ မိန့်ခွန်းမပြောရတဲ့၊ စတိတ်မင့်မထုတ်ရတဲ့ နိုင်ငံရေးလုပ်နိုင်ပြီ။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၇ Photo by Aung Sein Win

သိပ် သိဒ် သိက် သိဟ် သိင် သိန် သိမ် သိရ်

Image
၁။ သိတ်ကိုမျှော်လင့်ထားတာ စသဖြင့်ရေးတဲ့စာတခုတွေ့တယ်။ သိပ်ကိုလို့သာ ရေးသင့်တယ်။ သိတ်ဆိုတာ ကျွန်တော် သိသလောက် မြန်မာစာမှာမရှိပါ။ ၂။ နောက်ပိုင်းထုတ်တဲ့ စာအုပ်တွေ ကျမတို့က သိတ်မဖတ်ဖြစ်တော့ပါ။ ၃။ သိပ် နဲ့ သိတ် ဘယ်ဟာ အမှန်။ ၄။ သိတ်ကြိုက်တဲ့သီချင်းပေါ့ဆရာရယ်။ သိပ် ဖိသိပ်ထားသည်၊ သိပ်သိပ်သည်းသည်း၊ ကလေးသိပ်နေသည်၊ သိုသိုသိပ်သိပ်၊ ဝင်သွားအောင် ဖိသိပ်ပါ၊ ဆာလောင်မွတ်သိပ်နေသည်၊ သိပ္ပံဘာသာရပ်၊ ငပိသိပ်၊ ငချဉ်သိပ်၊ (ရှမ်းတွေက ဝါးလုံးခေါင်းထဲမှာ ငချဉ်သိပ်ကြတယ်။) မပြောဘဲ မျိုသိပ်ထားရတယ်။ သိပ်ဆိုးတဲ့ကောင်၊ သိပ္ပံပညာ။ သိပ်သည်းဆ ဘယ်လောက်ရှိသလဲ။ သိပ်ကောင်းတဲ့စာအုပ်။ သိဒ် သိဒ္ဓိတင်သည်။ သိက် ကိုယ်ကျင့်သိက္ခာ၊ စေတသိက်၊ သိက္ခာပုဒ်။ ဘိသိက်။ သိဟ် သိဟ်ရာသီ။ သိင် သိင်္ဂနိက်ရွှေ သိင်္ဂါသံသီချင်း သိင်္ဂုတ္တရတောင်။ သိင်္ဂါရ ရသ သိင်္ဂါလောဝါဒ မင်းသိင်္ခ (လူအမည်) မသိင်္ဂီရွှေစင် (လူအမည်) သိန် ရှင်နာဂသိန်၊ သိန္ဓောဆား သိန္ဓောမြင်း သိန်သရေ။ သိမ် သိမ်တော်ဆောက်လှူသည်။ သိမ်နုတ် (ရဟန်းတော်)၊ သိမ်နုပ်၊ သိမ်ဖျင်းသောစကား မပြောအပ်။ သိမ်မွေ့နူးညံ့။ သိမ်သမုတ်။ ပျဉ်းတော်သိမ်ရွက်။ သိမ်ကြီးဈေး။ သိရ်

ဝတ်မှုန်

Image
ဝတ်မှုန်လား ဝတ်မှုံလား ဆရာဆွေဗျား ဝတ်မှုန် ဝတ် ကပိလဝတ် စက္ကဝတ် ဓမ္မဝတ် ပဝတ္တိ မျက်ဝတ် ရာဇဝတ် လက်ဝတ်တန်းဆာ = လက်စွပ် လက်ကောက်ဝတ် ဝတ္တရား ဝတ္ထုကံမြေ ဝတ္ထုကာမ ဝတ္ထုစာအုပ် ဝတ္ထုပစ္စည်း ဝတ်စနှစ်လုံး ဝတ်ဆံ ဝတ်ဆင် ဝတ်တရား = ဝတ္တရား ဝတ်ပန်း (မြင်းမျိုး) ဝတ်ပန်း = ဆူးပန်းပင် ဝတ်ပန်းပင် ဝတ်ပန်းရောင် ဝတ်မိုးဝတ်မြေ ဝတ်မှုန်ဝတ်ဆံ ဝတ်ပြုသည် ဝတ်ဖြည့် ဝတ်ရုံ ဝတ်ရည် = ပန်းဝတ်ရည် ဝတ်လုံတော်ရှေ့နေ ဝတ်အသင်း ဝတ်ကျေတမ်းကျေ ဝတ်ကျေဝတ်ကုံ ဝတ်ကျောင်း ဝတ်ကြောင် ဖေါင်းဖြူဝတ် လောကဝတ် ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၇

ညံ့ဖျင်းခြင်း

Image
၁။ အဲ့ဒါဆို ဆြာဆိုတဲ့စကားလုံးဟာ သုံးလို့ရတဲ့နေရာမရှိဘူးလားဆရာ။ ရှင်းပြပေးပါ။ ၂။ မိုးကို ကျမ်းတစ်ခုမှာ မိုဃ်းလို့ရေးတာ တွေ့ဖူးတယ်ဆရာ။ အရင်ကလည်း ဖြတ်လမ်းရေးနည်းတွေ လုပ်ခဲ့ကြတယ်။ သောံ (ကသတ်အစား)၊ မောံ (ကသတ်အစား)။ ဆြာမှာ ရရစ်က ရကောက်အစား သုံးတယ်။ စာနဲ့စကား ပြောင်းလဲတာတွေက ခေတ်တိုင်းမှာရှိပါတယ်။ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ဆုမ္မ၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ သ္မီး၊ မိမ္မ၊ မိုဃ်း၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ ယ္ခု၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ စတာတွေကိုလည်း အခု မရေးကြတော့ပါ။ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံရေးတဲ့ မဲဇာတောင်ခြေရတုမှာ မဲးဇာတောင်ခြေ၊ သဲးသာသောင်မြေ၊ ပွဲးခါညောင်ရေ၊ စသဖြင့်ရေးခဲ့တယ်။ အခုတော့ မဲးဇာ၊ သဲးသာ၊ ပွဲးခါလို့ မရေးကြတော့ပါ။ အဆင့်တွေပါလေ့ရှိတဲ့ ပါဠိစာနဲ့ မြန်မာစာရောနေတာများခဲ့တယ်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ရှင်းလင်းပြီး အဓိပ္ပါယ်လည်းမပျက်စေလို့ သင့်မှန်တယ်။ အင်္ဂလိပ်၊ အင်္ဂလိတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။ ပိုပြီးလွယ်ကူရှင်းလင်းအောင် ပါဠိတွေ၊ သက္ကတတွေ၊ ထပ်ဆင့်တွေနည်းလာတာက သင့်မြတ်တယ်။ စွယ်စုံကျမ်းထဲပါ စာလုံးတချို့ကို ပြောင

ကိုယ်စီကိုယ်ငှ

Image
တချို့က အမှုမဲ့အမှတ်မဲ့ (ဟထို) ကို အလွယ်ရေးမိတတ်ကြတယ်။ (ဟထိုး) ဟာ ဗျည်းစာလုံးတွေရဲ့ အလယ်ကနေ အောက်ကိုဆွဲရမယ်။ အဆုံးကနေဆက်ပြီး အောက်ကိုမဆွဲရပါ။ င ကို အဆုံးကနေအောက်ဆွဲလိုက်ရင် ဌ ဖြစ်သွားမယ်။ ငှ လို့ရေးမှသာ မှန်တယ်။ ငှ = ဝေငှသည်။ လောက်ငှသည်။ ကိုယ်စီကိုယ်ငှ။ ကြငှန်း (အထွတ်အမြတ်)။ သုံးလူ့ကြငှန်း။ ဌ = ပဌမ (ပထမ)။ ဌပနာသည်။ ဌပနာတိုက်။ ဥက္ကဌ။ (ပါ) ဌပန = ထားခြင်း။ ယခုရေး = ဌာပနာတိုက်။ ပဌမ = ပါဠိ။ ပထမ = သင်္သကကြိုက် (သင်္သကရိုက်၊ သက္ကတ၊ ဆန်းစ်ကရစ်) ဌာ = ဌာပနာတိုက်။ ကျန်းမာရေးဌာန။ ရာထူးဌာနန္တရ။ နေရာဌာန။ ဋ္ဌ = ဆဋ္ဌမ။ အဋ္ဌမ။ ဒိဋ္ဌမျက်မြင်။ ကုဋ္ဌနူနာ။ အဋ္ဌကထာ။ ပြဋ္ဌာန်း။ အဋ္ဌာရသပညာ။ ဥာတိမိတ်ဆွေတွေ ကိုယ်စီကိုယ်ငှ အမျှရ၍ ကျန်းမာကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၁ဝ-၂ဝ၁၆ ၂၉-၁ဝ-၂ဝ၁၇

တည်း နှင့် သည်း

Image
ကျေးဇူးပြု၍ သတ်ပုံအမှန်ပြင်ပေးပါဦးဆရာ။ ဘုံကထိန်ပွဲ ခြိမ့်ခြိမ့်သဲသဲဆင်နွှဲနေစဉ် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ကထိန်ပွဲလာသူများမှာ နီးရာတည်းခိုဆောင်သို့သွားရောက်ပြီး ကြပ်ကြပ်သည်းသည်း တည်းခိုခဲ့ကြရသည်ဆရာ။ ခြိမ့်ခြိမ့်သဲသဲက မှန်ပါတယ်။ ကြပ်ကြပ်တည်းတည်းလို့ရေးမှသာ မှန်မယ်။ တည်း ကျပ်တည်းကျဉ်းမြောင်း ချည်နှောင်တည်း ချုပ်တည်းပါ စာတည်းဖြတ်သည် တချက်တည်း တည်းခိုခန်း တည်းခိုသည် တည်းတည်းရင်းရင်း တည်းဖြဋ် = တည်းဖြတ် တည်းလည်းတန်းလန်း တသမတ်တည်း တယောက်တည်း ဖြစ်လေသတည်း သူတည်းတယောက် သည်း ကသည်းလူမျိုး စွန်မလက်သည်း ဖိနပ်သည်းကြိုး မိုးသည်း မိုးသည်းထန် သည်းခံပါ သည်းချာ သည်းညည်းခံပါ သည်းညှာ သည်းထန်စွာ သည်းထန်သည် သည်းပွတ် သည်းအူနှလုံး သည်းခြေ သည်းခြေရောဂါ သိပ်သိပ်သည်းသည်း အသည်းအသန် ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၇

ဟုတ်ကပ်ဆရာ

Image
• မင်္ဂလာပါဆရာ သိချင်တာလေးမေးလိုရမလား ကျမ ကလေးမွေးထားတာ ၁ နှစ်ပြည့်တော့မယ်ဆရာ ရာသီအခုထိ မလာသေးဘူးဆရာ ကျမ ဆေးထိုးပါတယ် သုံးလခံဆေးပါ ရာသီမလာလို့ ဆေးပြန်စားနေပါတယ် အခု ဆေးကန့် တကန့် ကုန်သွားပါပြီ ရာသီအခုထိ မလာသေးပါဘူးဆရာ ဒါကို ဘယ်လို့လုတ်ရမလဲဆရာ နောက်ထပ်ကလေး မလို့ချင်သေးဘူးဆရာ သမီးက အခုနေတာ့ မှာဖြစ်နေလို့ပါ သမီးကိုပြောပြပေးပါဆရာ • Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး https://doctortintswe.blogspot.com/2016/04/depo-provera.html ပို့လိုက်ပါတယ်။ • ဟုတ်ကပ်ဆရာ ပဌမမေးခွန်းမှာ ဆေးကန့် တကန့်လို့ရေးတာကို ပြင်မပေးခဲ့ပါ။ စာပြန်လာမှ ရေးရတော့မယ်။ ဆေးကလို့ရေးရတယ်။ ဟုတ်ကဲလို့ ရေးသင့်တယ်။ ဘယ်လိုလုပ်ရမလဲလို့ ရေးရတယ်။ ဆေးကတ်၊ ကတ်ပြားလို့ အရေးများတယ်။ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်လို့ သတ်ပုံမူသေထားဖို့ ခက်တယ်။ ကပ်ဆိုရင် စေးကပ်တာနဲ့ရောမယ်။ ဂတ်ပြားလို့ရေးတာကို မှားတယ်ပြောဖို့ ခက်ပြန်ရော။ အစောင့်ကို ဂတ်၊ ရဲစခန်းကို ဂတ်တဲ့လို့ သုံးတယ်။ ကဒ်ရေးတာက ပိုတိကျတယ်။ ဒ်ကို မသင့်ဘူးငြင်းရင်လည်းရတယ်။ ကတ်ကို အိမ်မိုးဝါးကတ်၊ မီးနေကတ်၊ သူနာတင်ကတ်၊ လူသေတင်ကတ်လို့ရေးခဲ့တယ်။ ပြားချပ်တဲ့သဘောဖြစ်လို့ ကတ်ပြားက သင့်မယ်ထ

Strawberry Plant စထော်ဘယ်ရီပင်အောက်မှာ

Image
သဇင်တွေ မောင်ပွေ့လာခဲ့ပြီလို့ နာမည်ကြီးခေတ်ဟောင်းသီချင်တပုဒ်မှာပါတယ်။ အဲဒီခေတ်လောက်က ဝတ္ထုတပုဒ်မှာ ခင်နဲ့မောင် စထော်ဘယ်ရီပင်အောက်မှာ သမီးရည်းစားချိန်းတွေ့တယ်လို့ ရေးတယ်။ နောက်တပုဒ်မှာ ဇာတ်လိုက်သည် ဂျစ်ကားတံခါးကိုဖွင့်၍ဆင်းလိုက်သည်တဲ့။ အဲဒီခေတ်က ဂျစ်ကားတွေမှာ တံခါးမပါ။ သဇင်ပန်းဆိုတာ အခက်သေးသေးလေးတွေ၊ တန်ဖိုးကလည်းကြီးတယ်။ တပွေ့တပိုက်တော့ များပါ့လားစဉ်းစားမိတယ်။ ချမ်းသာတဲ့မောင်လည်း ဖြစ်နိုင်ပါတယ်။ စထော်ဘယ်ရီပင်ဆိုတာကလည်း ခြုံပုတ်မျိုး နိမ့်တယ်။ အောက်မှာ လူမဝင်လောက်ပါ။ ကျွန်တော်က စာဖတ်ရင်၊ ကဗျာဖတ်ရင်၊ သီချင်းနားထောင်ရင်၊ ရုပ်ရှင်ကြည့်ရင် ဖြစ်နိုင်သလားကို စဉ်းစားလေ့ရှိတယ်။ ငယ်စဉ်ကတော့ စာလုံးလှလှလေးတွေ၊ ကာရန်မိတာလေးတွေ၊ ဇာတ်လမ်းဇာတ်ကွက်ကောင်းတာတွေနောက်မှာ မျောပါခဲ့တာ အမှန်ပါ။ နှစ်တွေက မနည်းပါ။ နောက်တော့ သမိုင်းနောက်ခံတွေရေးဖွဲ့တာတွေကိုပါ တကယ့်ရာဇဝင်နဲ့ တွဲကြည့်ချင်လာတယ်။ စထော်ဘယ်ရီပင်အောက်မှာတွေက များနေသလား။ ဒေါက်တာတင့်ဆွေ ၂၈-၁ဝ-၂ဝ၁၇