Illiterate အရင်ခေတ်ကထက် ပိုလိုတယ်
၁။ ဆရာရှင့် သမီးသားလေးက အသက် ၁:၁၀ လကျော်ပါ ဆရာ .. ခု သောကြာက စဖျားပါတယ် ဆရာ
၂။ မင်္ဂလာပါ ဆရာ အတိ ရောဂါက ဆေးသောက်ရင် ပျောက်နိုင်လား ဆရာ
၃။ couple အိတ်ထဲမှာ ခွေခွေအဆံလေးရောက်နေတယ်တယ်ဆရာ။ ဘယ်လိုဆရာဝန်မျိုးကို ပြသင့်လဲ ပြောပြပေးပါလားဆရာ
မေးခွန်းပါစာတွေကို နားမလည်ပါ။
ဆေးရုံဆေးခန်းသွားရင်တော့ ပါးစပ်နဲ့ပြောရတယ်။ စကားပီသရမယ်။ ကျွန်တော့်ဆီမေးရင် စာရေးမေးရတယ်။ ဖေ့စ်ဘွတ်မှာ ဓါတ်ပုံနဲ့အတူ စာရေးတင်ရတယ်။ စကားပီဘို့နဲ့ စာမှန်အောင်ရေးတတ်ဘို့ အရင်ခေတ်ကထက် ပိုလိုတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၇

Comments
Post a Comment