Quacks ရမ်းရေး ရမ်းလိုက်နာ

ဆရာရှင့် ကိုယ်ဝန်က ၁ လကျော်ပဲရှိပါသေးတယ်။ ယခုပြနေတဲ့ og က Aspilets (Aspirin) သောက်ခိုင်းပါတယ်။ ဆောင်းပါးတခုမှ ကိုယ်ဝန်သုံးလအတွင်း ဒီဆေးသောက်ရင် ရင်သွေး အူအပြင်ထွက်ပြီးမွေးဖွားနိုင်တယ် မသောက်သင့်ပါလို့ ရေထားပါတယ်။ အဲဒါ ကျွန်မ ကြောက်နေလို့ ဆက်သောက်သင့်မသောက်သင့် အကြံညဏ်ပေးစေချင်ပါတယ်ဆရာ။

စမ်းသပ်ကုသပေးနေတဲ့ အိုဂျီထက် လူနာ့အကြောင်း ဘယ်သူမှ ပိုမသိနိုင်။ ဒီဆေးသောက်ရင် ရင်သွေး အူအပြင်ထွက်ပြီးမွေးဖွားနိုင်တယ်လို့ ဘယ်အထူးကုဆရာဝန်က ပြောပါသလဲ။

ရမ်းကုဆရာဝန်တွေသာမက ရမ်းကုစာရေးသူတွေကလည်းများလှတယ်။ သတိထားကြစေချင်တယ်။ စာတပုဒ်၊ ပို့စ်တခုကို ဘယ်လိုလူစားကရေးသလဲ မသိဘဲနဲ့တော့ နားမယောင်သင့်ကြပါ။ မမှန်တာနဲ့ ကြောက်အောင်လုပ်တာကို သူရဲခြောက်တယ်လို့ ခေါ်တယ်။ ယုံတဲ့သူ လူညံ့။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်