ဝတ်မှုန်

တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းလေးက ပြောလိုက်တယ် လောကရဲ့ အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့ ပန်းချစ်သူပျားကပြုံးတယ် တောက်ပတဲ့အဆင်းလည်းရှိမယ် လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို ဝတ်မှုန်ရယ် နင်နဲ့ နှိုင်းရင် ရှုံးကြမှာပဲ ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ် မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့ ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင် ဆုတောင်းတယ် ပန်းလေးရယ် သင်းပျံ့ကာအမြဲမွှေးစေချင်တယ်

မိုးကောင်းကင် ကြည်ပြာအောက်မှာ ကောင်းခြင်းတွေ ပေါင်းစုစည်းကာ သူ့ထက်ပိုကဲ လှသူ ရှိတော့ဖြင့် ရှိလိမ့်မယ် အေးမြတဲ့ အပြုံးပိုင်ရှင်ရယ် တောင်းဆုတွေ ပြည့်ဝခဲ့သူ နူးညံ့တဲ့ နှလုံးသားနဲ့အတူ စွဲမက်ဖွယ် စကားနဲ့ဆင့်ကာ တုယှဉ်ပြိုင် လာလို့နှိုင်းရင် ရှုံးကြမှာပဲ ရင်ထဲရှိရှိသမျှ ပြောပြရရင် တကယ်လှတယ် မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့ ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင် ဆုတောင်းတယ် မိန်းကလေးရယ် ပန်းလေးလိုလှတဲ့ချစ်သူရယ်

တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းလေးက ပြောလိုက်တယ် လောကရဲ့ အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့ ပန်းချစ်သူပျားကပြုံးတယ် တောက်ပတဲ့အဆင်းလည်းရှိမယ် လိုက်ဖက်မယ့် မွှေးရနံ့နဲ့ဆို ဝတ်မှုန်ရယ် နင်နဲ့ နှိုင်းရင် ရှုံးကြမှာပဲ ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ် မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့ ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင် ဆုတောင်းတယ် ပန်းလေးရယ် သင်းပျံ့ကာအမြဲမွှေးစေချင်တယ်

မှတ်ချက် - ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တစ်ကယ်လှတယ် မဟုတ်ပါ။ မြန်မာစာ အလှမပျက်အောင် ဆုတောင်းတယ် သင်းပျံ့ကာ အမြဲမွှေးစေချင်တယ်။

သံစဉ်စာသား - အဉ္ဇလီမောင်မောင် (မဇ္ဈိမလှိုင်း)
တေးဆို မွန်းအောင်
တေးစု - ၈၈၂ အင်းလျား (၁၉၈၄)
https://www.youtube.com/watch?v=J8KL3eBeEdw

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ