စည် နှင့် စီ

ဆရာခင်ဗျာ သိချင်တာလေးတစ်ခုရှိလို့ မေးခွင့်ပြုပါ။ အလောင်းစည်သူမင်းလို့ ပေါင်းတာလား၊ အလောင်းစီသူလို့ ပေါင်းတာလားခင်ဗျာ။ ကျွန်တော်သိထားတာက အလောင်းစည်သူမင်းလို့ပဲ သိထားလို့ပါ။ အသိ အကိုတယောက်က အလောင်းစီသူဟုပြောလို့ပါ။ ဆရာက မြန်မာစာအရေးအသားကို အကိုးအကားလေးတွေနဲ့ အသေးစိပ်ဖြေတတ်လို့ မေးလိုက်ရပါသည်ခင်ဗျာ။ လေးစားစွာဖြင့်။

အလောင်းစည်သူမင်းက မှန်ပါတယ်။

စည်
စည်ကားသည်
စည်တို
စည်ပင်ဝပြော
စည်ပင်သာယာ
စည်ပုတ္တရာမြို့
စည်ပုတ်
စည်ပိုင်း
စည်ရပ်ဆိုင်းဆိုင်း
စည်သွတ်အစာ
စည်တော်သံ
စည်ဖောင်း
စည်ဗျော (မူလသုံး)
စည်ဗြော (ယခုသုံး)
ပင်စည်
ကြံစည်
ကြက်ပျံမကျ စည်လတ္တံ့
မင်းလှစည်သူ
လူစည်ကား
သာစည်မြို့
အိုးစည်
အလောင်းစည်သူမင်း
ကြေးစည်
ရေစည်

စီ
ကိုယ်စီကိုယ်ငှ
စာစီစာကုံး
စီကုံးသည်
စီကာပတ်ကုံး
စီစဉ်နေသည်
စီစီကျွက်ကျွက်
စီညံစီညံ
စီတင်းစုံဖဲ
စီတန်းသည်
စီမံသည်
စီခြယ်
စီရင်ကျည် = ပျက်စီးယိုယွင်းသည်
စီရင်ချက်
စီရင်ထုံး
တခုစီ
ပူစီ
လူစီ (မိန်းကလေးအမည်)
အစီအရီ
ခွေးတစီစီ
နေ့တွက်စီ

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး