ယံ နှင့် ယန်


ထက်ကောင်းကင် ဝေယန်စွန်းမှာဆိုတဲ့ စာကြောင်းမှာ  ဝေယန်ဆိုတဲ့စကားလုံးမှာ ခုရေးနေကြတာ ဝေယံလို့ သုံးနေတာတွေ့ရပါတယ်။ ဝေယန် နဲ့ ဝေယံ ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ကောင်းကင်ယန်၊ ကောင်းကင်ယံ၊ မိုးသောက်ယန်၊ မိုးသောက်ယံ။

ယံ
စုံမြိုင်ယံ
ညဦးယံ
ညဥ့်ဦးယံ
တိမ်ယံ
နိယံကျမ်း
ပစ္စယံ
မိုးသောက်ယံ
ယမ်းယံလူမျိုး
ယားယံ
မြစ်ကမ်းယံ
သန်းကောင်းယံ (သန်ကောင်ယံ)
သယံဇာတ
သိကြားသုယံ
ကောင်းကင်ယံ
တောင်ယံ
တောယံ
နေယံ
ရေဇယံသံ

ယန်
ခရစ်ယန်ဘာသာ
ဒိက္ခိဏာယန်
နတ်နန်းဝေယန်
နန်းဝေဇယန်
ဘုံဝေယန်
ဥတ္တရာယန်
ဝေဇယန်
ဝေဇယန္တာ
ဝေယန်ဖျား
ဝေယန်ဘုံကျော်
ဝေယန်လိုပင်

အရင်ကထုတ်ဝေခဲ့တဲံစာအုပ်တွေမှာလည်း သတ်ပုံထောက်ပြစရာတွေတွေ့ပါတယ်။ သတ်ပုံကျမ်းတွေကိုသာ အခိုင်အမာယူသ်င့တယ်။ အဲတာတွေမှာလည်း မူကွဲတွေရှိသေးတယ်။

ဝေယဉ်စွန်းအသုံးရှိတယ်။ ဒိက္ခိဏာယန် ခေါ် တောင်ယဉ်စွန်းတန်းနဲ့ ဥတ္တရာယန် ခေါ် မြောက်ယဉ်စွန်းတန်းလို့ရှိတယ်။ ထက်ကောင်းကင် ဝေယန်စွန်းမှာဆိုတာ ဝေယဉ်စွန်းကို စကားပြော သို့မဟုတ် ကဗျာ၊ သီချင်းမှာ အဆင်ပြေအောင် ရေးတာလား စဉ်းစာမိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး