ကျွန်တော့်ထက် ငယ်ရွယ်သူ

ဆရာမင်္ဂလာပါ ဆရာရေးတင်လိုက်တဲ့ မြိုင်အမတ်အဆိုကို ဖတ်လိုက်ရပါသည် ကျနော်သိသလောက် မေတ္တာနှင့် ပေါင်းဖက်၍ ထောက်ပြလိုပါသည်။ လှော်ကားရွာသား မင်းတိုင်ပင်ရွှေ့ပြောင်းနေ မြန်မာစာဆရာကြီး ဦးရွှေစိုး တင်ပြဘူးသည်နှင့် အနည်းငယ် သွေဖယ်နေ၍ မိမိထက်ကြီးလျှင် ကျွန်တော့်ထက်ကြီးပါသည် မှန်၏ မိမိအောက်ငယ်လျှင် ကျွန်တော်အောက် ငယ်ပါသည်ဟု ရေးရမည် ထင်မိပါသည် လေးစားလျှက်ပါဆရာ။

ကျေးဇူး။ ကျွန်တော်တို့အရပ်မှာတော့ ကိုယ့်ထက်ငယ်တယ်လို့ ရေးကြ ပြောကြတယ်။ အထက်အောက်ဆိုတာ အမျိုး သို့မဟုတ် အဆင့်ကို နှိုင်းပြောရာမှာသုံးပါတယ်။ ကျွန်တော့်အောက်ဆိုရင် ညီ၊ ညီမဖြစ်မယ်။ မိမိနှင့်စာလျှင်၊ နိုင်းယှဉ်လျှင်၊ မိမိအသက်ထက် ကြီးတာရော ငယ်တာပါသုံးပါတယ်။ အောက်ကိုသုံးတဲ့အခါ ပိုသတိထားရတယ်။ ငယ်သူရော နိမ့်သူပါ ဖြစ်နိုင်တယ်။

သူများတွေ ရေးထားတာတွေလည်းတွေ့ပါတယ်။
မိမိထက်ငယ်သူ အောက်ကျသူများကိုလည်း ကူညီတတ်ခြင်း ငဲ့ညှာတတ်ခြင်း
မိမိထက်ငယ်သူ၊ နိမ့်ပါးသူများကိုလည်း အနိုင်ယူတတ်သူဖြစ်ပါသည်။
မိမိထက် အသက်ငယ်သော မိန်းမယူပါက
မိမိထက် နိမ့်ကျပြီး ကံမကောင်း အကွောင်းမလှတဲ့ သူများကို ပေးကမ်း ရက်ရော ကူညီပါ။

ထက်
ထက်ထက်မြက်မြက်
ထက်ကြပ်မကွာ
ထက်ခြမ်းခွဲ
ထက်မြက်
ထက်ဝက်ခွဲ
ထက်ဝန်းကျင်
ထက်ဝယ်ဖွဲ့ခွေ
ထက်သန်
ထက်အောက်ညာကြေ
ဓါးထက်
သူ့ထက်ငါ
အထက်အောက်
ဥာဏ်ထက်

စကားပုံများ
ကိုယ့်ထက်သာ မနာလို
ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
ဆင်ဖိုးထက် ချွန်းဖိုးကကြီး
ဆရာ့ထက် သားတလကြီး
ဆရာထက် တပည့်လက်စောင်းထက်
ထောင်နေတဲ့ဒူး လဲတာထက်ဆိုး
နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
အဖထက် သားတလကြီး

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ