Blog ဘလော့ဂ်

No 16 က ဒီလိုဖြစ်နေပါတယ်ဆရာ

ဟုတ်မယ်။ Adult ဆိုတဲ့ ဘလော့ဂ်ကို စည်းကမ်းအရ ဖျက်ခံရလို့ အသစ်ရေးရတယ်။ လင့်အဟောင်းတွေကို အစားမထိုးရသေးတာ နည်းနည်းကျန်ဦးမယ်။ စာတွေကတော့ အကုန်အသစ် ရေးတင်ထားပြီးပါပြီ။

ကျွန်တော် ဘလော့ဂ်ကိုစရေးတာ နည်းနည်းကြာပြီ။ ပေါ်ကာစလောက်ဖြစ်မယ်။ အတော်ကြိုးစားခဲ့ရတာ။ ဘလော့ဂ် ပေါ်စမှာ အခုလောက်မလွယ်သေးဘူး။ html တွေနဲ့ရေးရတာ။ သင်ယူရ၊ ဖတ်မှတ်ရနဲ့ ခက်တယ်။ ပြန်ပြင်ချင်ရင် အတော်အချိန်ယူတယ်။ ဘလော့ဂ်တွေ ခွဲရေးခဲ့တယ်။ နိုင်ငံရေးနဲ့ ကျန်းမာရေး။ ကျန်မာရေးကို အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါဆိုပြီး ထပ်ခွဲလိုက်တယ်။ ဘလော့စည်းကမ်း လိုက်နာတာပဲ၊ မကြာခင်မှာ မျိုးပွါးလမ်းစာတွေက စည်းကမ်းနဲ့မညီဘူးဆိုလို့ ဘလော့ဂ်တခုလုံး ဖျက်ခံရတယ်။ အသစ်လုပ်ရတယ်။ ပြည်တွင်းက ဝင်မရဆိုလို့ ဝဘ်ဆိုက် ဒိုမိန်းတခု ဝယ်ပြီးရေးရပြန်တယ်။ ၂ နှစ်လောက်သာ တတ်နိုင်ခဲ့တယ်။

ယူအက်စ်ရောက်တော့ အီးမေးလ်လိပ်စာ ပြောင်းရပြန်လို့ ခက်ပြန်ရော။ ဒီဘလော့တွေကို တင်ထားပြီးသားတွေကိုသာ ဖတ်လို့သာရတယ်။ မွမ်းမံတာ အသစ်တင်တာတွေ လုပ်မရတော့ပါ။ သတ်ပုံမှားတာတွေ မနည်းလှပါ။ ဆောရီး။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ

အခုတော့ ဘလော့ဂ်ရေးရတာ လွယ်လာပြီ။ တင်ချင်တာလည်း တင်လို့ရလာပြီ။ ဘလော့ခ်အသစ် Dr. Tint Swe's Writings http://doctortintswe.blogspot.com/ ကို ၁၃-၁ဝ-၂ဝ၁၄ နေ့ကစပြီးရေးတာ အခုထိခံသေးတယ်။ စာဖတ်ရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး