Halloween ဟယ်လိုဝင်း

အောက်တိုဘာ (၃၁) ရက်နေ့မှာကျတဲ့ Halloween (Hallowe'en) ဟယ်လိုးဝင်းဆိုတာ အနောက်နိုင်ငံတွေမှာကျင်းပတဲ့ နှစ်စဉ်ပွဲတခုဖြစ်တယ်။ All Hallows' Eve ခရစ်ယန်အယူအဆ အဖိတ်နေ့ဖြစ်တယ်။ လွယ်လွယ်ပြောရရင် သရဲပွဲ။ ပျော်စရာလုပ်ကြတဲ့ပွဲဖြစ်တယ်။ ကြောက်စရာကောင်းတဲ့ အဝတ်အစား အသုံးအဆောင်တွေဝတ်ပြီး ခြောက်လှန့်ကြတာ၊ တချို့မှာ ၃ ရက်ကြာတယ်။ ကျောင်းတွေ ရုံးတွေပိတ်မယ်။

ကျွန်တော်ဆေးကျောင်းစတက်ရတဲ့ ၁၉၆၅ နိုဝင်္ဘာလဆန်း (၁) ရက်နေ့ကို မမေ့ပါ။ ၇ နှစ်ကြာ စာသင်အပြီးမှာ အလုပ်သင်ဆရာဝန်စလုပ်ရတာလည်း ၁၉၇၂ နိုဝင်္ဘာလထဲမှာပဲ။ ဆေးမန်းက သူငယ်ချင်းတမြုံ မေမြို့စစ်ဆးရုံမှာ တာဝန်ပေးခံကြရတယ်။ မေမြို့ဆိုတာက နွေမှာတောင်အေးလို့ နိုဝင်္ဘာဘာလဆိုတော့ မန္တလေးသားများ ချမ်းသလား မမေးနဲ့။ ကျွန်တော်တို့အကုန် စစ်ဆေးရုံထဲက အိုဟောင်းနေတဲ့တိုက်တလုံးမှာ စုပြုံနေကြရတယ်။ ရေချိုးခန်းမှာ အပူပေးစရာကပျက်နေတော့ ရေချိုးဘို့ဆိုတာ စစ်ဆေးရုံက အရပ်သားဆရာဝန်တွေကြားမှာ တပင်ရွှေထီး စစ်သားစုဆောင်းရေးလုပ်တဲ့အထဲ ပါခဲလှတယ်။

စစ်ဆေးရုံမှာ အရပ်သားတွေခင်မြာ စစ်ဗိုလ်စစ်သားတွေကြားမှာ အထာမကျကြပါ။ အဲလိုပဲ အရပ်သားတွေကြားမှာလဲ စစ်ဗိုလ်စစ်သားတွေ အထာကျမှာမဟုတ်ပါ။ ကိုယ်ချင်းစာကြည့်ပါတယ်။ ကျွန်တော်တို့ အထာမကျတာက ဟောက်ဆာဂျင် လုပ်ရတာ တနှစ်တိတိသာကြာလို့ ကံကောင်းတယ်။ စစ်ဗိုလ်တွေအုပ်ချုပ်နေတာ နှစ်လေးငါးဆယ်ကြာ အထာကမကျတော့ အရပ်သူအရပ်သားတွေမှာ ကံဇာတာကို တနှစ်တခါ ရေနံချေးသာသုတ်နေကြရတယ်။

တမြန်နှစ်က နိုဝင်္ဘာမှာတော့ ဖြဲခြောက်နေတဲ့သရဲကို မကြောက်ကြတော့ဘဲ မဲပေးခဲ့ကြတယ်။ ကောင်းတယ်။ ဒီမှာတော့ သရဲကို ရီစရာသဘောထားကြတယ်။ မြန်မာပြည်မှာ အစိမ်းတွေ တစ္ဆေတွေကို ကြောက်နေစရာမလိုပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၆
၂၃-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး