Posts

Showing posts from October, 2020

ကုမာရီ

Image
မင်္ဂလာပါ ဆရာ အလှူပွဲတွေမှာ လက်သုံးစကားဖြစ်သည့် ကုမ္မာရီ အမျိုးသမီး၊ ဂုဏ္မာရီ အမျိုးသမီး၊ ဘယ်ဟာက မှန်ပါသလဲ။ အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာ။ ကုမာရ = သူငယ်၊ သတို့သား၊ မင်းသား။ ကုမာရိကာ = သတို့သမီးငယ်။ ကုမာရီ = သတို့သမီး၊ မိန်းကလေး။ ကုမာရိရတန = သမီးကညာ ရတနာ။ သတ်ပုံစာအုပ်ထဲမှာ ကုမ် အောက်မှာ ကုမ္ပဏီ နဲ့ ကုမ္ဘဏ်ရက္ခိုက် သာ ပါတယ်။ စတုတ္ထသိက္ခာပုဒ်၊ ကုမာရီဘူတဝဂ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းမိန်းမ (ဘိက္ခုနီ) များ လိုက်နာ စောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် ပါစိတ်အာပတ်ဖြစ်သည်။  ဒေါက်တာတင့်ဆွေ

ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သတင်း

ယူအက်စ်အေမှာ ကရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီကြီး ၆ ခုရှိတယ်။ Pfizer, Modena, Johnson & Johnson, AstraZeneca, Novavax နဲ့ Sanofi တို့ဖြစ်တယ်။ Modena နဲ့ Pfiza တို့က နောက်ဆုံးအဆင့်ရောက်လာပြီ။ Pfiza ကုမ္ပဏီက ခရစ္စမတ်ရက်လောက်မှာ တတိယအဆင့်က ရလဒ်တွေသိရမယ်။ Modena ကုမ္ပဏီကလည်း တတိယအဆင့် လူ ၃၀၀၀၀ စာရင်းပြည့်ပြီ။ တိုးတက်မှုသတင်းမှန်ပေမဲ့ လူအများစုကို လက်တွေ့ထိုးပေးနိုင်တဲ့အထိ ဖြစ်လာရေးမှာ လုပ်စရာတွေ အတော်များပါသေးတယ်။ ဒေါက်တာတင့်ဆွေ

ဖွဲ့စည်းပုံများကပြောသော မြန်မာစာ

Image
အဲ့ဒါက အမှန်လားဆရာ ဦးနေဝင်းခန့် မြန်မာစာအဖွဲ့ အာဏာမရခင်အထိ မှန်တယ်။  နဝတ-နအဖ ခန့် စာပေဆင်ဆာအဖွဲ့က အဲလို ပေါ်လစီပြန်ပြင်သတ်ပုံမရေးတာမှန်သမျှ ထုတ်ဝေခွင့် မပေးပါ။  ဆင်ဆာအဖွဲ့ပြုတ်တော့လည်း အရင်က အမှန်အတိုင်းရေးထားတဲ့စာတွေကို ဆင်ဆာမူနဲ့ပြင်ပြီး ထုတ်ဝေရောင်းစားနေကြတာ ကနေ့အထိ။  ဒေါင်းလုဒ်ဆရာကြီးတွေက မှန်နေတာတွေကို မှားအောင်လုပ်ရေးမှာ အင်တိုက်အားတိုက်လုပ်နေကြတာ ကနေ့အထိ။ ၁၉၄၇-၄၈ ဖွဲ့စည်းပုံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ခြားနားချက်ကြီးတခုက သတ်ပုံမှန်နဲ့ သတ်ပုံမှား။ ဒေါက်တာတင့်ဆွေ

November နိုဝင်္ဘာလ

Image
၂ဝ၂၀ ခုနှစ် နိုဝင်္ဘာလဟာ မြန်မာလို ၁၃၈၂ ခုနှစ် သီတင်းကျွတ်လဆုတ် (၁) ရက်ကနေ တန်ဆောင်မုန်း လဆုတ် (၁) ရက်နေ့အထိ ဖြစ်တယ်။ နိုဝင်္ဘာလမှာ ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းဦးနဲ့ တောင်ခြမ်းမှာ နွေဦးရာသီတွေ စတယ်။ အမေရိကနဲ့ ကနေဒါနိုင်ငံတွေမှာတော့ Thanksgiving Day ကျေးဇူးတော်နေ့ကို ဒီလထဲမှာ ရုံး အလုပ် အားရက်အဖြစ် ဆင်နွှဲကြတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးသီးနှံတွေ ထွက်ခဲ့တာကို ကျေးဇူးတင်တဲ့သဘော ဖြစ်ပါတယ်။ အမေရိကမှာ နောက်ဆုံးကြာသပတေးနေ့နဲ့ ကနေဒါမှာ အောက်တိုဘာလ ဒုတိယတနင်္လာနေ့လို့ သတ်မှတ်ထားတယ်။ ကလေးတွေ စိတ်ဝင်တစားနဲ့ ကြောက်စရာကို ပျော်စရာလိုလုပ်ကြတဲ့ Halloween ဟဲလိုးဝင်းနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်ပါတယ်။ Election Day ရွေးကောက်ပွဲနေ့ဆိုတာကို အမေရိကမှာ ဥပဒေနဲ့သတ်မှတ်ထားတယ်။ နိုဝင်္ဘာ ပဌမအင်္ဂါနေ့ ဖြစ်တယ်။ အစောဆုံး နိုဝင်္ဘာ ၂ ရက်နဲ့ နောက်အကျဆုံး ၈ ရက်မှာဖြစ်မယ်။ နိုဝင်္ဘာလ နှစ်ပတ်လည်နေ့များ နိုဝင်္ဘာ ၁ဝ ရက် = အင်ဒိုနီးရှား အမျိုးသားသူရဲကောင်းများနေ့ နိုဝင်္ဘာ ၁၁ ရက် = ပိုလန် နဲ့ အင်ဂိုလာလွတ်လပ်ရေးနေ့ နိုဝင်္ဘာ ၁၄ ရက် = အိန္ဒိယနိုင်ငံ ကလေးများနေ့ (နေရူးမွေးနေ့) နိုဝင်္ဘာ ၁၄ ရက် = World Diabetes Day ကမ္ဘာ့ဆီးချိုရောဂါနေ့ နိုဝင်္ဘာ ၁

ထလော့ဗမာ

Image
(ဦး) တင်ဧ (ရှမ်းပြည်) ရေးတဲ့စာ။ တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလမှာ။ လွတ်လပ်ရေးရပြီး ပြည်ထောင်စုတည်ဆောက်ရေးမှာလည်း အလွန်ထင်ရှားခဲ့တဲ့ ရှမ်းခေါင်းဆောင်တဦးလည်းဖြစ်တယ်။ အဲလို သမိုင်းဝင်စာတွေထဲက ဗမာစာလုံးတွေကို မြန်မာလို့လိုက်ပြောင်းနေခြင်းဟာ ပြည်ထောင်စုကို နည်းနည်းမှ အကျိုးမပြုနိုင်။ ကျွန်တော်တို့တတွေ အခင်းအလှည့် တခါမက ချော်နေကြတယ်။ ပုံအတွက် ကျေးဇူး သူငယ်ချင်း။ ဒေါက်တာတင့်ဆွေ

မြန်မာစာရေးတာကို မကြိုက်နည်းတွေက မတူကြပါ

Image
ကွန်မင့်တခုရတယ်။ တ ကနေ ရှေ့မတက်တော့ပါလား။ ကျန်တဲ့စာလုံးပေါင်း အမှားတွေ မရှိတော့ဘူလား တဲ့။ မြန်မာစာအကြောင်းရေးတာကို အမြင်ကပ်သူတွေ အမျိုးမျိုးရှိတယ်။ မကြိုက်နည်းတွေကလည်း မတူကြပါ။ ရန်လုပ်တဲ့စာတွေကို စုထားချိန်မရှိပါ။ ရေးပြီးသားစာတွေကိုလည်း စာရင်းမလုပ်အားပါ။ မိနစ် ၂၀ လောက်အချိန်ယူပြီး စုလိုက်ပါတယ်။ နောက်ထပ် အဲလောက်တော့ရှိဦးမယ်ထင်တယ်။ တဝမ်းပူစသတ်စာ တမျိုးတည်းမဟုတ်တာတွေ့ပါမယ်။ 1. ABCD မြန်မာစာသင်ပုန်းကြီး 2. Burmese Spelling မြန်မာသတ်ပုံ 3. Correction အမှားကို အားမပေးစေချင်ပါ 4. Diseases အနာရောဂါ၊ သတ်ပုံရောဂါ၊ အသုံးအနှုန်းရောဂါ 5. Gandaria မရမ်းသီး မရန်းသီး 6. Grammar and Spelling ဆရာတင်မိုး မှတ်ချက် 7. Grammar and Spelling မြန်မာစာ သဒ္ဒါနဲ့ သတ်ပုံ 8. Grammar သဒ္ဒါ သို့မဟုတ် အိမ်အိုကြီး 9. Hot air balloon catches fire မီးလောင်သွားတဲ့ သတ်ပုံ 10. How to spell လွဲရင် မှားရော 11. Killing Field (1) မြန်မာစာ သတ်ကွင်း (၁) 12. Killing Field (2) မြန်မာစာ သတ်ကွင်း (၂) 13. Language Art ဘာသာစကား အနုပညာ 14. Lion spelling ခြင်္သေ့သတ်ပုံ 15. Masala Spelling မဆလာ သတ်ပုံ 16. Miss

HPV Vaccine Effectiveness သားအိမ်ဝကင်ဆာကာကွယ်ဆေး ထိရောက်မှု

Image
မဂ်လာပါ (မင်္ဂလာပါ) ဆရာရှင့် ကျမအသက်က ၂၈ ပါဆရာ အိမ်ထောင်ရှိပါတယ် ဆရာ ၂၀၁၈ မာ (၂၀၁၈ မှာ)  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားပါတယ်ဆရာ သိချင်တာက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာ ၅နှစ်ပြည့်ရင် ပြန်ထိုးရတယ်လို့ ကြားဖူးပါတယ် ဆရာ အဲဒါ ၅နှစ်မပြည့်ခင်ရင်ရော ပြန်ထိုးရင် ရလား သိချင်ပါတယ် ရှင့် HPV Vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေး ထိရောက်မှု အလွန်ကောင်းတယ်။ ယူအက်စ်အေမှာ ၂၀၀၆ ကတည်းက တရားဝင်ထိုးခွင့်ပေးတယ်။ ၁၀ နှစ်အကြာ လေ့လာမှုတွေလုပ်တယ်။ Quadrivalent type HPV infections ကူးစက်မှု အသက် ၁၄ နှစ်ကနေ ၁၉ နှစ်ကြားမိန်းကလေးတွေမှာ ၈၆% ကျဆင်းတယ်။ အသက် ၂၀ ကျော်စတွေမှာ ၇၂% ကျဆင်းတယ်။  Duration of Vaccine Protection ဆေးပတ်စေ့အောင် တခါထိုးထားရှု ဘယ်လောက်ကြာကြာ ကာကွယ်သလဲ  လေ့လာမှုတွေအရ ရေရှည်ကာကွယ်မှုရှိတယ်။ Bivalent နဲ့ quadrivalent vaccines အမျိုးအစား ကာကွယ်ဆေးတွေဟာ ၁၀ နှစ်မက ကာကွယ်မှုပေးတယ်လို့ ပြောနိုင်ပြီ။ လေ့လာမှုတွေ ဆက်လုပ်နေတယ်။ မေးခွန်းတွေမှာ မှာ ကို မာလို့ရေးနေကြတာ မှားတယ်။ တကယ်လို့ သားအိမ်မာလို့ရေးရင် ရောဂါရှိနေပြီ။ မြန်မာစာကင်ဆာ ပျောက်ပါစေသတည်း။ ဒေါက်တာတင်

ပျောက်သောလမ်းမှာ စမ်းတစ်တစ်ဝါး

Image
မိုးမိုး (အင်းလျား) ရေးတဲ့ ပျောက်သောလမ်းမှာ စမ်းတဝါးဝတ္တု။ ခုခေတ်မှာတော့ စမ်း (တစ်) ဝါး တဲ့။ နမူနာအမှားနဲ့ တွဲတင်သင့် မတင်သင့် အတော်စဉ်းစားပါတယ်။ ရှိသေးတယ်။ မြန်မာစာ ပျောက်သောလမ်းမှာ စမ်းတစ်တစ်ဝါးနေပြီ။ ဒေါက်တာတင့်ဆွေ ၂၅-၁၀-၂၀၁၉ ၂၅-၁၀-၂၀၂၀

ဝိဘတ်မပါ ဘာမှန်းမသိ

Image
ဒီစာကြောင်းကိုရှေ့နေများနှင့်လက်ထပ်ထိမ်းမြားလိုခြင်းမဟုတ်သည့်အကြောင်းကိုဘယ်လိုမျိုးပြန်လည်ရေးရမလဲဆရာခင်ဗျား။ မြန်မာစာသဒ္ဒါမှာ နာမ်ဝိဘတ် (၁၇) မျိုးရှိတယ်။ ဝိဘတ်ကို စနစ်ကျအောင်မသုံးရင် ဆိုလိုတာ သဘောမပောက်၊ အဓိပ္ပါယ် တလွဲရောက်စေတယ်။ 1. ကတ္တားဝိဘတ် − သည်၊ က၊ မှာ။ 2. ကံဝိဘတ် − ကို။ 3. ထွက်ခွာရာပြဝိဘတ် − မှ၊ က။ 4. ရှေးရှုရာပြဝိဘတ် − သို့။ 5. ဆိုက်ရောက်ရာပြဝိဘတ် − သို့၊ ထိ၊ အထိ၊ ထိအောင်၊ တိုင်အောင်။ 6. အသုံးခံပြဝိဘတ် − ဖြင့်၊ နှင့်။ 7. အကြောင်းပြဝိဘတ် − ကြောင့်၊ ဖြင့်။ 8. လက်ခံပြဝိဘတ် − အား။ 9. နေရာပြဝိဘတ် - ၌၊ မှာ၊ တွင်၊ ဝယ်၊ က။ 10. အချိန်ပြဝိဘတ် − ၌၊ မှာ၊ တွင်၊ ဝယ်၊ က။ 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် − ၏။ 12. လိုက်လျောပြဝိဘတ် − အလိုက်၊ အရ၊ အတိုင်း၊ အလျောက်၊ အားလျော်စွာ။ 13. ယှဉ်တွဲပြဝိဘတ် − နှင့်၊ နှင့်အတူ၊ နှင့်အညီ၊ နှင့်အမျှ။ 14. ခွဲထုတ်ရာပြဝိဘတ် − တွင်၊ အနက်၊ အထဲမှ၊ အထဲမှာ။ 15. ရည်စူးချက်ပြဝိဘတ် − ငှာ၊ အလို့ငှာ၊ ဖို့၊ အဖို့၊ အတွက်။ 16. နေရာဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်။ 17. အချိန်ဆက်တိုက်ပြဝိဘတ် − တိုင်တိုင်၊ တိုင်အောင်၊ ပတ်လုံး၊ လုံးလုံး။ နမူနာဝါကျမျာ

ဂိုဏ်းသစ်ကြီးများသို့

Image
သူတပါး သူတပါးသော်၎င်း တခုမဟုတ် တခု တယောက်ယောက်သေလျှင် တယောက်ယောက်သေသည်ကို တယောက်ယောက် တခုနှင့်တခု တခါတရံ သူတပါးဖြစ်စေ တခုသာလို၏ ပုံပို့ပေးသူ ကျေးဇူး။ အခုခေတ်မှာ (၁) တစ်ခါတစ်ရံဂိုဏ်း၊ (၂) တစ်ခါတရံဂိုဏ်းနှင့် (၃) တခါတစ်ရံဂိုဏ်းဟူ၍ ဂိုဏ်းသစ်ကြီးများ ပေါ်ထွန်းလာပါ၏။ သူတို့အားလုံးက သူတို့ရေးတာသာမှန်၏ဟု ငြင်းဆိုကြ၏။ ဒေါက်တာတင့်ဆွေ

မြတ် လျော် တော်

မေးပါရစေ ဆရာ သင့်တော်နဲ့သင့်လျော်နဲ့ဘယ်လိုကွာခြားပါသလဲ အပြောနဲ့အရေးကွာတာပါလားရှင် သတ်ပုံစာအုပ်ပါ စကားလုံးများ သင့်မြတ် သင့်လျော် တော်စပ် တော်စွလျော်စွ တော်တည့် တော်မှန် တော်ရိလျော်ရိ တော်လည်းငလျင် တော်လှန်ရေး တော်သလင်းလ လျော်ကန် လျော်ညီစွာ လျော်ကြေး သင့်မြတ် နဲ့ သင့်လျော် သာ သတ်ပုံထဲမှာပါတယ်။ သင့်တော်လို့လည်း သုံးပါတယ်။ မြတ် လျော် တော် မတူပါ။ မြတ်က သင့်မြတ်၊ ထူးမြတ်။ အထူးပြုတဲ့သဘောဆောင်တယ်။ တချီးမွမ်းမှု၊ ဂုဏ်တင်မှု ပါတယ်။ ရက်မြတ်ကို ရွေးတယ်။ သတို့သားနဲ့ သတို့သမီးတို့ရွေးချယ်တာ သင့်မြတ်တယ်။ သင့်လျော် နဲ့ သင့်တော် မတူ။ လျော်က လျော်ကန်တာ။ အဝတ်အစား အနေတော်တာ၊ ရာသီဥတုနဲ့ လိုက်ဘက်တာ၊ လူနဲ့ လိုက်တာ။  သင့်တော်အသုံးက သင့်လျော်ထက် ပိုပြီးစနစ်ပါတယ်။ လူရွေး မှန်တာ။ အသုံးစကား မှန်တာ။ အနေတော်တာ။ အရွယ်အစား အဆင်ဒီဇိုင်းနဲ့ ဝတ်စားသူနဲ့ သင့်တာ။ ဒူးနေရာဒူး၊ တော်နေရာတော်အသုံးရှိတယ်။ ဘုရင်တွေခေတ်က နန်းတော်ထဲမှာ ဒူးထောက်ခစားရတဲ့သူနဲ့ တော်ဝင် မျိုးနွယ်တွေနေရတဲ့ နေရာဆိုပြီး ခွဲခြားသတ်မှတ် ထားပါသတဲ့။ ကိုယ်အဆင့်နဲ့ သင့်တော်တဲ့နေရာမှာ နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။  ဆက်စဉ်းစားရင် ဒိထက်ကျယ်ပြန့်တာလေးတွေရှိဦးမ

ဖ ဘ ဗ

Image
စာလုံးတွေကို အရင်ကလည်း ရောရောထွေးထွေး ရေးခဲ့ကြတယ်။ ရှေးကရေးတာသာမှန်တယ်လို့ မပြော၊ ခေတ်ရေးတာတိုင်းလည်း မမှန်ပါလို့ တင်ပြပါတယ်။ သတင်းစာမှာပါတိုင်း၊ အစိုးရထုတ်ဆိုတိုင်း မှန်တာတော့မဟုတ်ပါ။ အဲဒါကြောင့် ပြင်ကြရတယ်။ ပညာကို ပညာနဲ့သာ နှိုင်းချိန်အပ်တယ်။ ဒေါက်တာတင့်ဆွေ

ဖုံး ဖုန်း ဘုန်း ဘုံး ဗုံး

Image
မင်္ဂလာပါဆရာ မြန်မာစာအရေးအသားမှာ ဘုန်းကြီး ဖုန်းကြီး ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ရှင်ဥက္ကဌ စာအုပ်မှာ ဖုန်းကြီးလို့သုံးထားတယ်။ ဘုံးဆန်လား ဗုံးဆန်လားဆရာ ခုခေတ်မှာ ဗုံးဆံလို့ ရေးလာပါတယ်။ အရင်က (ဘ) (ဗ) (ဖ) အသုံးတွေက ခုခေတ်နဲ့ နည်းနည်းမတူတာတွေရှိတယ်။ မူရင်းသတ်ပုံကိုတော့ ကိုယ့်အထင်နဲ့ လိုက်မပြင်သင့်လို့ ယူဆပါတယ်။ ၁။ မင်္ဂလာပါဆရာ မြန်မာစာအရေးအသားမှာ ဘုန်းကြီး ဖုန်းကြီး ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ ရှင်ဥက္ကဌစာအုပ်မှာ ဖုန်းကြီးလို့သုံးထားတယ်။ ၂။ ဖုန်းလား ဖုံးလား ဆရာ ဗုံးကြဲ ဗုံးဆံ ဗုံးပေါလအော ဗုံးခိုကျင်း ဗုံးလက်နက် လက်ပစ်ဗုံး အနုမြူဗုံး (အဏုမြူဗုံး) ဗုံးချ ဖုံး စပါးဖုံး ပိတ်ဖုံးသည် ဖုံးကွယ် ဖုံးတုန်းလုံးတုန်း ဖုံးထားသည် ဖုံးပိတ်သည် ဖုံးဖုံးဖိဖိ ဖုံးဖွက် = စလောင်းဖုံး ဖုံးမသိန်ပင် ဖုံးလျက်ရှိသည် ဖုံးလျက်နေသည် ဖုံးလွှမ်းပိတ်ဖုံး ဖုံးဝှက် ဖုံးအုပ်သည် မခင်ဖုံး မိုးဖုံး မီးဖုံး မပေါ်အောင်ဖုံး ယွန်းပြည်မိုင်းဖုံး မြို့ဆင်ခြေဖုံး ရင္ဖံုးအက်ႌ လံုစြာဖံုး သြားဖံုး အက်ႌရင္ဖံုး အခြံဖံုး အေရာင္ဖံုး ဆေးငဖုံးပင် မြေထဲမြို့ နှုတ်ဖျားတာဖုံး ဖုန်း ဖုန်းငရဲ = ငရဲဘေးသင့်သည် ဖုန်းစား = ဖုန်းတောင်း = တောင်းစားသူ ဖုန်းစားခွက် ဖု

ငါဟာသူဌေး ငါပဂေးဟု

Image
လှပဂေးလို့တွေဘူးတယ်ဆရာ။ လှဘဂေးကအမှန်ပါလားခင်ဗျာ။ လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ၊ မာန်မာနနှင့် ငါကရာဇာ၊ ငါဟာသူဌေး၊ ငါပဂေးဟု ငါသွေးတက်ကြွ၊ လူ့ဗာလတို့ များလှဖြာဖြာ၊ အဝိဇ္ဇာနှင့်  တဏှာဘီလူး၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖော်လျက် မော်မော်မောက်မောက်၊ ငါတယောက်သာ မိုးအောက်တလွှား၊ ရွှေကိုယ်လားဟု ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက၊ ပြည်ဖုံးချသော် သုဘရာဇာ၊ မြေအောက်မှာပင် ဘာသာလူမျိုး၊ ချိန်မထိုးပဲ ပုပ်သိုးခန္ဓာ၊ မြှုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။ (အရှင် ပညာဝံသ) ဒေါက်တာတင့်ဆွေ

လက်ကျန်တဖူး

Image
မနီ လာပါ့ လသာည လမ်းမ ဖြူးဖြူး ပန်းကဖူး မနီ ပန်းတွေ ခူး။ တဖူးကိုတော့ ဘုရားထံ တဖူး မေမေ ပန်။ လက်ကျန်တဖူး လိုချင်က မနီထံကို လာပါကြ။ (တင်မိုး) ပုံပို့ပေးသူ ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Bools ခေတ်က မကောင်းသေးဘူး

Image
မင်္ဂလာပါဆရာ။ ဆရာ့စာတွေဖတ်ပြီးလေ့လာနေဆဲပါ။ မြန်မာစာကို ပြင်ဆင်ဖြည့်စွက်လို့ရလားရှင့်။ နားမလည်လို့ပါ အဲလို ပြင်ဆင် ဖြည့်စွက်မယ်ဆိုတော့ စိတ်ထဲတမျိုးပဲ နှမြောသလိုပဲ။ မေးခွန်းကို ပြန်ဖြေဖို့ အတော်စဉ်းစားရတယ်။ မေးတဲ့အတွက် ကျေးဇူး။ အမြန်သာဖြေပါရစေ။ မပြည့်စုံသေးပါ။ ဆောရီး။ သတ်ပုံကျမ်းရယ်၊ မြန်မာ့စွယ်စုံကျမ်းရယ်၊ နှစ်မျိုးရှိတယ်။  ၁။ မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်ကနေ ထုတ်ဝေတယ်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကနေ ပြုစုတယ်။ အတွဲ (၁) (က မှ ကုံ) ကို ၁၉၄၉ ခုမှာစပြီး ပြုစုခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) ကို ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့ပြီးနောက်၊ ဒုတိယအကြိမ်ပြင်ဆင်ပြီး ထုတ်ဝေခဲ့တယ်။ တခြားနိုင်ငံတွေက စွယ်စုံကျမ်းတွေနဲ့ ယင်ဘောင် (မူရင်းသတ်ပုံ) တန်းနိုင်အောင် ဘာသာရပ်ပေါင်းစုံ ပါဝင်ထားတယ်လို့ ရေးသားထားတယ်။ ဝိဇ္ဇာ၊ သိပံ္ပဘာသာရပ်တွေအပြင် မြန်မာနိုင်ငံအကြောင်းအရာတွေ ပါတယ်။ ပညာရပ်အလိုက်၊ ပညာရှင်တွေနဲ့ အစိုးရဌာနတွေနဲ့ တင်ပြခဲ့တယ်။ သက်ဆိုင်ရာပညာရှင်တွေကိုယ်တိုင် ရှာဖွေ စုဆောင်းရေးသားတယ်လို့လည်းပါတယ်။ ၁၉၅၄ အတွဲ (၁)၊ ၁၉၅၅ အတွဲ (၂)၊ ၁၉၅၆ အတွဲ (၃)၊ ၁၉၆ဝ အတွဲ (၄)၊ နဲ့ ၁၉၆၁ အတွဲ (၅) တွေကို အင်္ဂလန်နိုင်ငံ၊ ဟေဇယ်ဝပ်ဆင် ဗို

Phone Calls

Image
ဖုန်းနဲ့မေးတာ မကိုင်ပါ ဆောရီး စာနဲ့ရေး မေးတော့ သတ်ပုံပြင် ဖြေပါတယ်။ တချို့က စကားကို မှန်အောင်၊ ယဉ်ကျေးအောင် မပြောတတ်။ ကနေ့ဖုန်းခေါ်သူက အညစ်အကြေးသွားရာ သွေးပါလို့ စာရေး မေးထားသူ။ အညစ်အကြေးကို ယဉ်ကျေးအောင် မရေးတတ်သူ။ ဖုန်းကောက်မိလို့ ကိုယ့်အနားမှာ အိမ်သားတယောက်ယောက် ထမင်းစားနေရင် ပြီးကြရော။ ဒေါက်တာတင့်ဆွေ

မြန်မာစာအဖွဲ့

Image
ပဌမဆုံးမြန်မာစာအဖွဲ့၏ နောက်ဆုံးရအခွင့်အရေး ရေးထုံးကျမ်းတစောင် လုပ်ငန်းတရပ် ဦးနေဝင်းလက်ထက် ပဌမဆုံးမြန်မာစာအဖွဲ့ရေးသားတဲ့ သတ်ပုံဖြစ်ပါတယ်။ သတ်ပုံမှန်နဲ့ နောက်ဆုံး ရေးခွင့်ရတာလည်း ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

Tea Politics ချိုပေါ့ကျ နိုင်ငံရေး

Image
ဆရာဝန်လုပ်နေတဲ့ကျွန်တော် ရှစ်လေးလုံးအရေးအခင်းကြီးအပြီးမှာ နိုင်ငံရေးထဲရောက်သွားတယ်။ အမတ်လို့လည်း သတင်းစာမှာ ပါတယ်။ လပိုင်းလေးနဲ့ တရားခံပြေးလို့ သတင်းစာမှာပါပြန်ရော။ အဲဒါနဲ့ တိုင်းပြည်က ထွက်ပြေးရရော။ အခုထိ။ အိန္ဒိယမှာ ၂၄ နှစ်ကြာခဲ့တယ်။ နိုင်ငံရေးအလုပ် မလုပ်ရတဲ့နေ့ တရက်တလေမှ မရှိခဲ့ပါ။ ရေးလည်း နိုင်ငံရေး။ ပြောရ ဟောရလည်း နိုင်ငံရေး။ အင်တာဗျူးတွေကလည်း ဗမာလိုရော ဘိုလိုပါဖြေရတယ်။ ဒီရောက်တာ ၆ နှစ်။ နိုင်ငံရေးနဲ့ ဝေးသွားပြီ။ ၂၀၀၇-၂၀၀၈ ကတည်းက ပြည်ပမှာ လုပ်စရာလည်းမလိုတော့ပါ။ နိုင်ငံရေးပိုးဝင်တယ်လို့ ပြောစကားရှိတယ်။ ပိုးဝင်ခံရသူ ပြည်ပမှာ အများကြီးရှိပါတယ်။ သိချင်ကြ၊ မေးချင်ကြ၊ ပြောချင်ကြတယ်။ နားထောင်းရတာလည်း အကျိုးရှိတယ်။ ကျေးဇူး။ ဒီမြို့မှာ နိုင်ငံရေးစိတ်ဝင်စားသူတချို့ရှိတယ်။ တချို့က နိုင်ငံရေးသတင်းအတွက် လက်ဖက်ရည်ဆိုင်မှာ ဒကာခံတယ်။ ကျေးဇူး။ လေးငါးယောက်လောက်က လာမဲ့စနေနေ့မှာ အိမ်ကိုလာချင်ပါသတဲ့။ နိုင်ငံရေး မေးချင်လို့တဲ့။ ကိုယ်က လက်ဖက်ရည်ဖျော်တိုက်ရမှာ။ နိုင်ငံရေးဆိုတာ နားထောင်သူ ပရိသတ်ကိုကြည့် ပြောရတာ။ ရေချိန်ကြည့် ပြောရတာ။ ဒေါ်မြမြအေး လက်ဖက်ရည် ချိုပေါ့ကျ ဖျော်ရလိမ့်မယ်ထင်တယ်။ ဒေါက်တာတင့်ဆွေ

Proof Reading အယ်ဒီတာချုပ်များသို့

Image
ကွန်မင့်တခုရတယ်။ ဆရာတော်ကြီးကို မထည့်ပါနဲ့ ဆရာ၊ မှန်တာမှားတာ စာစီသူပါ တဲ့။ အတိအကျ အခိုင်အမာ အထောက်အထားတွေ ရှိတယ်။ ပြန်ပြောပါတယ်။ ဆရာတော်က ပါးစပ်ကပဲ တရားဟောတာကို အသံခွေနဲ့ စာအုပ်ရိုက်ထုပ်ပြီး ပူဇော်ကြတာပါ။ ဒါကြောင့် စာစီစာရိုက်သူတွေကပဲ အဓိကပါ၊သတ်ပုံသတ်ညွှန်းမှားရင်လည်း ဆရာတော်ကြီးနဲ့ မဆိုင်ဘူးလို့ ပြောတာပါ တဲ့။ အဲလိုအထောက်အထား တထောင်လောက်တင်ပြပြီးပြီ။ အရင်ခေတ်က ပုံနှိပ်ထုတ်ဝေတာကို အဆင့်ဆင့်လုပ်ရတယ်။ ခဲစာလုံး စာစီတယ်။ ပရုဆရာ ဖတ်တယ်။ အယ်ဒီတာက စစ်တယ်။ အထင်ကရ ဆရာတော်တွေ စာရေးဆရာကြီးတွေကို ပြန်တင်ပြရတယ်။ အယ်ဒီတာချုပ်က ထုတ်စေဆိုမှ ထုတ်ရတယ်။  ကြာလေ ခပ်လွယ်လွယ်လုပ်လာလေ။ ခုခေတ်မှာ ဖေ့စ်ဘွတ်အကောင့်တခုရှိရင် အယ်ဒီတာချုပ်ဖြစ်တယ်။ ဒေါင်းလုဒ် ပါမောက္ခချုပ်တွေက ရွှေဥဒေါင်းစာတွေ၊ သခင်ဘသောင်းစာတွေ၊ သခင်ကိုယ်တော်မှိုင်းစာတွေကို သတ်ပုံပြင်ပေးကြတယ်။ သက်သေအထောက်အထားတင်ပြလည်း လက်မခံ။ မင်းကွန်းဆရာတော်ကြီး လက်ရေး။ ဒေါ်အမာ လက်ရေး ဆရာတင်မိုး လက်ရေးစာတွေပြလည်း သူတို့လောက်မတတ်ဘူးထင်ကြတဲ့ခေတ်။ ဒေါက်တာတင့်ဆွေ

ပိတောက်ပန်းကဗျာ

Image
ပိတောက်ပန်းကဗျာကို ၁၉၂၈ ခုနှစ် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာ ပဌမဆုံးပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်။ ကျောင်းချစ်ဆိုတဲ့ ကလောင်နဲ့ ရေးတယ်။ နောက်တချိန်မှာတော့ ဆရာဇော်ဂျီကို အမျိုးသားစာဆိုလို့ ဂုဏ်ပြူကြပါတယ်။  မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့ ခေါင်းကြွကာ ဆာဝေဝေနဲ့ သူလည်းလေ လောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ်။ တသိန်တင့်ပါဘိ တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့် တီတာတာ ပွင့်ရွှေဖူးငယ်တို့ လည်ယှက်ကာ ဘယ်ညာလူးလေတော့ သူတို့လို ဘယ်သူမြူးနိုင်ပါ့ ထူးပါဘိတယ်။ တဝါဝါ ဆင်သင်္ကန်းရယ်က ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့ သာသနာ ရွှင်ရွှင်လန်းအောင်လို့ တမင်မှန်းကာပါ့ သတိဆွယ် ရည်ရွယ်တော့သလား။ ခူးပါနဲ့ကွယ် ပွင့်ဖူးမှာ အဝါခြယ်၍ မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့် နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့ အရေးအခါသာမှ ခမျာမှာ တဂုဏ်ဆန်းရတယ် ပန်းပိတောက်များ။   ။ ဆရာဇော်ဂျီရဲ့ကဗျာ မူရင်းသတ်ပုံတွေကိုတင်ပြပါတယ်။ တစ်သိန်တင့်ပါဘိ မဟုတ်။ တစ်ဝါဝါ မဟုတ်။ တစ်ဂုဏ်ဆန်းရတယ် မဟုတ်။ ခါတော်မှီ မဟုတ်ပါ။ သူလဲလေ လောကီသားလိုပါ့လို့ မူကွဲလည်း တွေ့တ

ကျင်လည်

Image
ဆရာ ကျင်လည်ရဲ့အသုံးလေးကိုတင်ပေးပါဦး။ ကျင်လည်ကို ကျွမ်းကျင်မှုလား၊ နေထိုင်စားသောက်မှုလား မကွဲလို့ပါ။ သည်ကောင်က အဲသည်လိုနေရာတွေမှာ ကျင်လည်တယ်ဆိုတဲ့ဝါကျမှာ နှစ်မျိုးလုံးပါတယ်လို့ထင်မိလို့ပါဆရာ။ ကျင်လည် (နှံ့စပ်) ကျက်စားနေသည်။ လုပ်ငန်းမှာ ကျင်လည် (ကျွမ်းကျင်) သည်။ ကျင် ကျွမ်းကျင်သည် ကျင် (ဂျင်) ပေါက်ကစားသည် ကျင်တွယ် (လက်သမားသုံး) ကျင်ကြီးကျင်ငယ် ဆံထိုးဆံကျင် ဆန့်ကျင်သည် ပတ်ဝန်းကျင် ရွက်ကျင် (ကြွေ) ရွက်ဟောင်း သံတံကျင် ခြေကျင်သည် သံသရာ၌ ကျင်လည်ကြရသည် ဘဝသံသရာ - ဦးသုခ https://soundcloud.com/khinthidakhin/bawa-thanthayar-u-thu-kha ဒေါက်တာတင့်ဆွေ ၂၉-၁၂-၂ဝ၁၆

HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး လူအအများစုကိုထိုးပေးခြင်း

Image
(ကန်တော့) ဆရာရှင့် ဒီ HPV vaccine ကို တနှစ်ခြားထိုးရင်ကာကွယ်နိုင်သလားသိပါရစေရှင့် first dose နဲ့ ၁၂လခြား ထိုးရမယ် ဆိုပြီးညွှန်ကြားထားလို့ပါ ခါတိုင်း HPV vaccineတွေက 0 2 6ထိုးရတယ်လို့သိထားလို့ပါရှင့် မနေ့ညက တွေ့တယ်။ ဘာကြောင့်လဲ လေ့လာရဦးမယ်။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးအကြောင်းစာတွေ ရေးတင်ထားတယ်။ ဟုတ်တယ်။ အမေရိကမှာ သတ်မှတ်ချက်က ယောက်ျားလေး မိန်းကလေး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်ကစ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်ကစ ထိုးနိုင်တယ်။ အသက်ကြီးမှ ထိုးသူတွေက ကာကွယ်ဆေး ၂ လုံးအစား ၃ လုံး ထိုးရမယ်။ ဥပမာ အသက် ၁၅ နှစ် ကျမှထိုးရင် ၃ လုံးကို ၆ လဲာခထိုးရမယ်။ ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေပါ။ HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး အရေးကြီးတယ်။ သားအိမ်ဝကင်ဆာဆိုတာ (HPV) ခေါ် ဗိုင်းရပ်စ် ကူးစက်ခံရမှုကနေဖြစ်တယ်။ အမေရိကမှာ လူ ၄ ယောက်မှာ ၁ ယောက် ကူးစက်ခံထားရတယ်။   ကူးစက်ခံရတိုင်းတော့ စိုးရိမ်စရာ မရှိပါ။ ၁၀ ယောက်မှာ ၉ ယောက်က ၂ နှစ်အတွင် အလိုလိုပျောက်ပါတယ်။ ကံမကောင်းသူတွေမှာ - • အမျိုးသမီး သားအိမ်ဝ၊ ဗဂျိုင်းနား၊ မိန်းမကိုယ်မှာ ကင်ဆာ၊ • ယောက်ျား လိင်အင်္ဂါကင်ဆာ နဲ့ • ယောက်ျားရော မိန်းမတွေမှာ စအို၊ လည်ချောင်း၊ ခံတွင်းကင်ဆာြ

Dictatorship worship အာဏာရှင်ကို ကိုးကွယ်ခြင်း

Image
အင်္ဂလိပ်စာလုံးလေးတွေပါလို့ ဆောရီး။ မင်္ဂလာပါဆရာ တခုလောက်မေးပါရစေ နိုင်ငံတော်တော်များများမှာ အုပ်ချုပ်တဲ့ အာဏာရှင်အစိုးရအဖွဲ့တွေကို တွန်းလှန်နေကြတယ် ဖြုတ်ချဖို့ကြိုးစားနေကြတယ် ကျွန်နော်သိချင်တာက အာဏာရှင်ဆိုတဲ့ထဲမှာ စစ်အာဏာရှင်ပဲ ရှိတာလား အရပ်သားအစိုးရဖြစ်လာပြီး အာဏာရှင်ဆန်တဲ့အစိုးရအဖွဲ့အစည်းတွေကောရှိလား သိချင်ပါတယ်ဗျ ဖြေပေးပါဦးဆရာ သိချင်တာကောင်းတယ်။ အားပေးတယ်။ အာဏာရှင်ဆိုတာ နိုင်ငံရေးအာဏာကို တဦးတည်း မောင်ပိုင်စီးထားတဲ့စနစ် ဖြစ်တယ်။ လူတယောက်တည်းက ဖြစ်နိုင်တယ်၊ နိုင်ငံရေးပါတီတခုတည်းက ဖြစ်နိုင်တယ်။ အမျိုးအစားတွေ များတယ်။ အာဏာရှင်ဆိုတာ နိုင်ငံရေးအာဏာကို တဦးတည်း မောင်ပိုင်စီးထားတဲ့စနစ်ဖြစ်တယ်။ လူတယောက်တည်းက ဖြစ်နိုင်တယ်၊ နိုင်ငံရေးပါတီတခုတည်းက ဖြစ်နိုင်တယ်။ အမျိုးအစားတွေက များတယ်။ ၁။ Benevolent dictatorship ကောင်းအောင်တော့လုပ်ပေးသေးတဲ့အာဏာရှင် ၂။ Dictatorship of the majority အများစုကလက်ခံတဲ့အာဏာရှင် ၃။ Elective dictatorship ရွေးချယ်တင်မြှောက်ခံထားရတဲ့အာဏာရှင် ၄။ Far-left politics လက်ဝဲယိမ်းအာဏာရှင် ၅။ Far-right politics လက်ျာယိမ်းအာဏာရှင် ၆။ Generalissimo ဂျင်နရယ်လစ်စမို၊ ဗိုလ်ချုပ်ကြီးအာဏာ

ဒို့အိမ် တဲ့

Image
ငယ်သူငယ်ချင်းတယောက်က ရေးထားတာ။ ဒီပုံလေးနဲ့စာ။ သူက အင်ဂျင်နီယာဖြစ်သွားတယ်။ သူ့အဘ (တကယ်အမျိုးတော်တဲ့အဘ၊ ခုခေတ်မှာလို လူမြင်တိုင်းခေါ်ကြတဲ့ အဘ မဟုတ်) နဲ့ သူ့ဇနီးတို့က အပြန်အလှန် ဒို့အိမ်လို့ ခေါ်ကြပါသတဲ့။ သိပ်ချစ်ကြသတဲ့။ ကျွန်တော်က ပန်းချီဆွဲရင် ပုံထဲကအိမ်လေးမျိုးဆွဲရတာကို သိပ်သဘောကျတာ။ ခဏခဏဆွဲတယ်။ ကျွန်တော့လက်မှတ်က အဲလိုအိမ်ပုံ။ အိမ်လေးတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ

ဒို့ပြည်ထောင်စုသား

Image
တဦးကိုတဦး ဘယ်လိုကူးစက် ပြန့်ပွားနိုင်ပါသလဲ ဆရာခင်ဗျာ။ တဦးကိုတဦး သတ်ပုံတော့ ပြင်လိုက်တယ်။ ဆောရီး။ ကိုယ့်စာကိုယ်သတ်ပုံနဲ့ရေးနိုင်ပါတယ်။ ကျွန်တော်ပို့စ်ဖြစ်လို့သာ။ ဒို့ပြည်ထောင်စုသား (စန္ဒရားလှထွတ်) သီချင်းပါသတ်ပုံကို တင်ပြပါရစေ။ တဦးကိုတဦး သံသယပိုသည်မှာ အလကား တဦးကိုတဦး မှန်သပဆိုသည်မှာ ပတ္တမြား သံသယပျောက်ပါစေ အမှန်ဘ၀ရောက်ပါစေ။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ဒို့ညီအကိုတတွေ တိုင်းရင်းသား အားလုံးစုံပေ တရေထဲသောက် တမြေထဲနေလို့ ချစ်ကြည်ပေ သွေးစည်းညီညွတ်ခြင်းအရင်းခံတည်နေ ဥမကွဲသိုက်မပျက် အေးအတူပူအမျှလေ ပူးပေါင်းနေထိုင်ကြပေ ရာသက်လုံးဆုံးကမ္ဘာတိုင်လေ ဒို့တတွေ ဒို့တတွေ ဒို့တိုင်းရင်သား ငါတို့ တတွေ။ ပြည်ထောင်စုအကျိုး ဒို့သည်ပိုး ဒို့ထမ်းဆောင်ကာနေ ရရှိအပ်သော အကျိုးစီးပွားသီးပွင့်ရတနာများ ဒို့အတူတကွမူအရ ခံစားကြမယ်လေ လာလာလေ လာကြဟေ အများလုပ်၍ အများခံစားသောစနစ် ဒို့နှစ်သက်ယုံကြည်ပေ လက်ခံထားလို့ နေ လာလာလေ လက်တွဲမဖြုတ်နဲ့  ဒို့ရဲ့ ညီအမအကိုတွေ ဒို့တတွေ ဒို့တတွေ ဒို့တိုင်းရင်သားငါတို့ တတွေ။ လူမျိုးအလိုက် ကိုယ့်စရိုက်ဓလေ့ထုံးဘာသာ စာပေစကား သီးခြားဆောင်ရွက်နိုင်ခွင့်ရှိသည်လေ ဒို့လေးစားသည

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်

Image
ခေါတ်ဝန်ကိုထမ်း ခေါတ်လမ်းကိုလျှောက် ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက် ဘယ်ဟာမှန်ပါသလဲ ဆရာခင်ဗျာ သက်သေအဖြစ် ဆရာ ဦးဝင်းတင်စာအုပ်အမည်ကို တင်ပြပါတယ်။ နိုင်ငံရေးကြော်ငြာ မဟုတ်ပါ။ ခေါတ် မရှိပါ။ ခေါက်လို့သာရှိတယ်။  တုံးခေါက်သံ  ဗိုက်ခေါက်ထူ သစ်ခေါက်ဆိုး အခေါက်ရေ ခေါက်ရိုးကျိုးနေသူ  ခေါက်ချိုးမြတ် ခေါက်ဆွဲစားမလား ခေါက်တုံ့ချည်ပါ  ခေါက်တုံ့ခေါက်ပြန်လျှောက်ပါ ခေါက်တွန့်နေသည် ခေါက်မုံ့စားမလား ခေါက်ပြန်ကြေး ဘယ်လောက်ရသလဲ ခေါင်းခေါက်ခံရမည် ဒေါက်တာတင့်ဆွေ

ကီးဘုတ်တွေ ပိုမှန်အောင်ပြင်သင့်ပါကြောင်း

Image
ဆရာကျေးဇူးတင်ပါတယ်ရှင့် စာတေကဖတ်လို့မရလို့ပါဆရာရှင် ဖတ်လို့ရတဲ့ဟာတော့ဖတ်ပါတယ် တေ မှား။ တွေလို့ရေးရတယ်။ တွေ ကို တေ၊  ပါပြီ ကို ပါပီ၊  ပြီး ကို ပီး၊  ဖြစ် ကို ဖစ်၊  မှာ ကို မာ၊  မှု ကို မှု့။  ရ ကို က၊ တ တလုံးတည်း ရိုက်မရ၊ စသတ်ပါ တခါတည်းပါတယ်။ ကီးဘုတ်တွေကို ပိုမှန်အောင်ပြင်သင့်ပါကြောင်း အကြံပြုပါရစေ။ ဒေါက်တာတင့်ဆွေ

ခေတ်ပေါ် နိုင်ငံရေးသူတော်ကောင်းများ

Image
ယူအက်စ် မြန်မာပို့စ်အောက်က ကွန်မင့်တခု နိုင်ငံရေးဆိုတာ အာဃာတတရားတွေ အငြိုးအတေးတွေကို ဗဟိုပြုပြီးတော့ လုပ်ရတဲ့အရာမဟုတ်ဘူးလို့ သုံးသတ်မိပါတယ် လူဆိုးကို မကောင်းဘူးပြောရင် နောက်ကြောင်းမပြန်နဲ့။ အာဃာတမထားရ စသဖြင့်ပြောလာကြတယ်။ ခေတ်ပေါ်နိုင်ငံရေးကညာရှိတွေက။ ကျွန်တော်တို့ငယ်ငယ်က ဇာတ်ပွဲထဲက ပုဏ္ဏားကို ပြောင်းဖူးအူတိုင်နဲ့ပစ်ကြတယ်။ သုံးသပ်လို့ ရေးရတယ်။ သတ်ဆိုတာ လက်နက်ကိုင်တွေက လက်နက်မဲ့တွေကို အသေသတ်တာ။ ပုံ ပါကစ္စတန်ကာတွန်း ဒေါက်တာတင့်ဆွေ

ယူအက်စ် မြန်မာ သံခိပ်

Image
ဆရာ အမေရိကန်ရောက်တာ ၇ နှစ်လောက်ရှိပြီ ဆရာ့ရဲ့ အမေရိကန်ဘဝ အတွေ့အကြုံလေးလဲ ရှယ်ပေးပါအုံးဗျာ ဟုတ်။ ကျွန်တော် ၂၀၁၄ ခုနှစ် စက်တင်္ဘာ ၁၈ ရက်နေ့မှာ တရားဝင် အခြေချနေထိုင်ဖို့ရာ ယူအက်စ်အေကို ရောက်ပါတယ်။ စက်တင်င်္ဘာ ၁၈ ရက်ဆိုတာ စစ်တပ်က ဒုတိယအကြိမ်အာဏာသိမ်းတဲ့ နှစ်ပတ်လည်နေ့လို့ သိတဲ့သူ နည်းတယ်။ မသိသူတွေက မဲပေးကြလိမ့်မယ်။ ၆ နှစ်တာကာလ တွေ့တာလေးတွေကို တိုတိုတိတိလေး ရေးပါတယ်။ ဝါကျ နှစ်ကြောင်းတည်းနဲ့ ခြုံငုံမိပါတယ်။ ၁။ အမေရိကအကြောင်း သိလာလေလေ အံ့သြ အားကျ အတုယူစရာတွေ များလေလေ၊ အသိပညာ၊ စည်းစံနစ်၊ ဥပဒေ။  အဲလိုသိသူ များများလာတယ်။ ၂။  မြန်မာပြည်အကြောင်း သိလာလေလေ ရင်နာစရာကောင်းလေလေ။ အသိပညာ၊ လက်နက်အားကိုး၊ မတော်လောဘ။  အဲလိုသိသူ ရှားရှားလာတယ်။ ဒေါက်တာတင့်ဆွေ

ကျီးနှင့်ဖုတ်ဖုတ်

Image
အဲလိုယူဆတာ မမှန်လို့ ထင်ပါတယ်။ ဆောရီး၊ ကန်တော့။ ဖုတ် = အစုလိုက်ပေါက်နေသော ကိုင်းမြက်။  ဖုတ်စု = အစုအအုံလိုက်ပေါက်နေသော မြက်ပက်၊ ချုံပင်။  တနည်း လူက တမင်တကာ လှအောင် ကောင်းအောင် ပြုပြင်ထားခြင်းမရှိ။  တနည်း ဖုတ်ကောင် ခေါ် မြေထဲမှာ ကျင်းလုပ်ထားပြီး ဝင်လာ ကျလာတဲ့ အကောင်သေးသေးလေးတွေကို စားတဲ့အကောင်။  တနည်း ကျီး ခေါ် ကျီးကန်းတွေဟာ လူကြောက်တယ်။ လူလာရင် ပျံပြေးထွက်ပြေးကြတယ်။ လူရှိတဲ့နေရာကို ရှောင်ကြတယ်။ ကျီးသာရှိတဲ့နေရာ လူမလာ။ အဲတာကြောင့် ကျီးနှင့်ဖုတ်ဖုတ်ဆိုတာ လူတွေ မလိုလား မနှစ်သက်တဲ့ နေရာ၊ စွန့်သွားပြီးဖြစ်တဲ့နေရာမျိုးကို တင်စားပြောဆိုတဲ့ စကားဖြစ်ပါမယ်။ ကျွန်တော်က မြန်မာစာဆရာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

Sugar in Wine ဝိုင်ထဲကသကြား

Image
တယောက်တည်းက မေးပါတယ်။ မင်္ဂလာပါ ဆရာ အနာပြည်ရှိလျှင် ငှက်ပျောသီး မစားရဘူးဆိုတာ ဟုတ်ပါသလားရှင့် မဟုတ် မမှန် မှား လိမ် ဟုတ်ကဲ့ ကျေးဇူးပါဆရာ မင်္ဂလာပါ ဆရာ ဆီးချိုသွေးချိုသမားက ဝိုင်သောက်လို့ရပါသလားရှင့် သောက်စရာ စားစရာထဲမှာ ရှူးဂါး ခေါ် သကြားဓါတ် ဘယ်လောက်ပါသလဲ သိရန်လိုတယ်။ Wines ဝိုင်ထဲမှာ 0 ကနေ 220 grams per liter sugar (g/L) အထိ သကြားဓါတ်ပါတယ်။ ယေဘုယျအားဖြင့် dry-tasting wines ဝိုင်ထဲမှာ သကြားဓါတ် 10 grams of sugar per bottle ပါတယ်။ Bone-Dry အမျိုးအစား <1 sugar calories per glass Dry အမျိုးအစား 0-6 sugar calories per glass Off-Dry အမျိုးအစား 6–21 sugar calories per glass Sweet အမျိုးအစား 21–72 sugar calories per glass Very Sweet အမျိုးအစား 72–130 sugar calories per glass Alta Vista Classic Malbec (2013): 2.8 g/L RS Gnarly Head Old Vine Zinfandel: 3.4 g/L RS Menage a Trois California Red: 12 g/L RS Yellow Tail Shiraz: 12 g/L RS Apothic Red: 15 g/L RS Jam Jar A sweet Shiraz at 57 g/L RS ဒေါက်တာတင့်ဆွေ

Hand fans စက္ကူယပ်တောင်

Image
မီဒီယာတခုက မေးပါတယ်။ စက္ကူယပ်တောင်တွေက လူမှုရေးနဲ့ နိုင်ငံရေး မှာ အရေးပါမှုကို ပြောပြပေးပါရှင့်။ ဆရာကိုယ်တိုင်လည်း အလှူမှာ စက္ကူ ယပ်တောင်ဝေဖူးတယ်လို့သိရပါတယ်။ ဘယ်နှစ်ခုနှစ်လောက်ကပါလဲရှင့်။ အမှတ်တရပြန်ပြောပြပေးပါရှင့်။ မြန်မာ့လူနေမှု ဘဝမှာ ယပ်တောင်လိုပဲ ပျောက်သွားတဲ့အရာတွေရှိပါသလားရှင့်။ ဥပမာ ရေအိုးစင်လိုပါ။ ဆရာ့အနေနဲ့ စက္ကူယပ်တောင်တွေကို တခေတ်ပြန်ပြီး အသက်ဝင်လာစေချင်ပါလားရှင့်။ စက္ကူယပ်တောင်တွေကို လွမ်းလို့ ကွယ်ပျောက်ပြီလားလို့ ရေးပါတယ်။ တချို့က ပလပ်စတစ် ယပ်တောင်တွေနဲ့ အစားထိုးကြပြီတဲ့။ တချို့က ကျမတို့မြို့ ကျွန်တော်တို့ရွာမှာတော့ ရှိပါသေးသတဲ့။ ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်ကြာတယ်။ နယူးဒေလီမြို့ဟာ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မကွေးနဲ့ ပခုက္ကူမြို့တွေထက် ပူတယ်။ နွေအခါ မီးမလာရင် ယပ်တောင်ရှာရတယ်။ အဆင်ပြေတာ တခါမှ မတွေ့ခဲ့ပါ။ သူတို့ဝါးယပ်တောင်ကို သိပ်သဘောမတွေ့။ မြန်မာ့စက္ကူယပ်တောင်ကိုသာ သတိရနေခဲ့ရတယ်။ ငယ်ငယ်က မုံရွာမှာ ခါတော်မှီအေးယပ်တောင်ကို အများဆုံးသုံးကြတယ်။ စက္ကူယပ်တောင်တွေကို ဝါးကို အခြေခံပြီး လုပ်ရတယ်။ လက်ကိုင်စရာ ဝါး၊ အဆုံနေရာကနေ ဖြာထွက်နေတဲ့ ဝါးနှီးပြားသေးသေးလေးတွေနဲ့ စက္ကူကို သာကူစေ့ ကော်နဲ့ ကပ်ရတယ

COVID-19 Treatment ဘယ်လိုကုသမလဲ

Image
ဆရာခင်ဗျာ ကျွန်တော့်အသက်က ၂၉ လူပျိုပါခင်ဗျာ ကျွန်တော်အခု covid-19 ကူးစက်ခံရတယ်ထင်ပါတယ် စစ်တော့ မစစ်ကြည့်ပါ သေချာနေပါတယ် အနံ့ပျောက်သူတယောက်ရှိကကူးတာပါ ကျွန်တော်အနံ့ပျောက်အရသာပျောက် ဖျားပြီး ချောင်းဆိုးပါတယ် ဆေးရုံသွားရင်လည်း ကူးမည်စိုးလို့ အိမ်မှာပဲအခန်းအောင်းနေပါတယ် ဆေးက ဗီတာမင်စီ D3 ဇင့် q10 တနေ့ ၂ကြိမ်စီသောက်ပါတယ် ကျွန်တော်ဘာဆက်လုပ်ရအုံးပါမလဲ ပါးစပ်အရမ်းခါးနေတာ ခံတွင်းပြန်ကောင်းအောင် ဘယ်လိုလုပ်ရပါမလဲခင်ဗျာ ဘယ်လိုနေထိုင်ရပါမလဲ ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါဆရာခင်ဗျာ  COVID-19 ရောဂါအတွက် FDA ကနေအတည်ပြုချက်ပေးထားတဲ့ ဆေးကုသနည်း မရှိသေးပါ။ ဆောရီး။  ဆေးသုတေသနတွေ တကမ္ဘာလုံးမှာလုပ်နေတယ်။ ပိုပြီး ကောင်းတာတွေ သိသိသလာတယ်။ အရင်ကပြောခဲ့တာတွေ တချို့ကို မသုံးတော့ပါ၊ ဥပမာ အမေရိကန်သမတက ငှက်ဖျားဆေးကို တွင်တွင်ပြောခဲ့တယ်။ ဆရာဝန်တွေက အတည်မပြုပါ။ သူကိုယ်တိုင်ကူးစက်ခံရတော့ အဲဒီဆေး မသောက်ပါ။ ၉-၁၀-၂၀၂၀နေ့ထွက် နောက်ဆုံးလို့ ပြောနိုင်တဲ့ဆေးနည်း တချို့ရှိတယ်။ Remdesivir ခေါ် ဗိုင်းရပ်စ်ဆေး။ Dexamethasone ခေါ် ကော်တီကိုစတီရွိုက်ဆေး။ Monoclonal antibodies အင်တီဘော်ဒီဆေး။ တခြားကုသနည်းတွေ Convalescent Plasma ပလာစမာ သွင်

Collateral Damage ရုပ်ရှင်

Image
ရတနာကို ရတစ်နာလို့ရေးကြောင်းတင်ပြတော့ ကွန်မင့်ပေးပါတယ်။ သတ်ပုံပြင်အဖွဲ့နဲ့တော့ မဆိုင်ဘူးထင်တယ် သူရေးတဲ့အရေးအသားအရ သူကိုယ်တိုင် မြန်မာစာလုံးပေါင်းတွေကို မလေ့လာတာ စာလုံးအမှန်ကို မသိတာနေမှာပါ ဆရာ တဲ့။ ဟောလိဝုဒ်ကရိုက်တဲ့ Collateral Damage ရုပ်ရှင်ရှိတယ်။ တောင်အမေရိကမှာ မူးယစ်ဆေးဂိုဏ်းကြီးတွေ ရှိတယ်။ အမေရိကန် စီအိုင်အေနဲ့ ဒီအီးအေက နှိမ်နင်းရေးလုပ်တယ်။ စီအိုင်အေအေးဂျင်တယောက်က လူဆိုးဗိုလ်ကြီးအိမ်နားထိ ရောက်အောင်သွားပြီး လေဆာနဲ့ ထိုးပြတာကို ဂြိုဟ်တုကနေ ဒုံးပျံလက်နက်နဲ့ ပစ်တယ်။ ကံဆိုးချင်တော့ လူဆိုးကြီးရဲ့ သားသမီးတွေ သူတို့အဖေနား အချိန်ကိုက် ရောက်လာကြတော့ မိသားတစုလုံး သေကြပါရောလား။ အဲလိုဖြစ်တာကို ကိုလက်ထရယ် ဒင်းမေ့ခ်ျ လို့ ခေါ်တယ်။ ဘေးနားကဟာတွေပါ ထိခိုက် ပျက်စီးတာမျိုး။ သတ်ပုံပြင်အဖွဲ့ကြီးက တဝမ်းပူ ၈၀% လောက်ကို စသတ်ခိုင်းတယ်။ ကံဆိုးချင်တော့ ရတနာလည်း တစ်၊ တရားဓမ္မလည်း တစ်။ ၁၀၂% တစ်ကုန်ကြရော။ ဒေါက်တာတင့်ဆွေ

မြန်မာပြည်မှာ ရတနာတွေ ကုန်ခန်းသွားပြီ

Image
တိုင်းပြည်တခုတွင် တယောက် တပေါက်ပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။  ရတစ်နာလို့ရေးရလောက်အောင်တော့မဆိုးလောက်ပါဘူး အမြဲတမ်းလည်းမတစ်ကြပါ တစ်ကြသူများလည်း အပြစ်မဆိုသင့် တစ်ခိုင်းသူများအပြစ်သာ တဲ့။ တွေ့တဲ့အခါ ပြပါမယ် သိပ်မကြာလောက်ပါ။ တယောက်က ကူညီပြီး ရှာပေးပါတယ်။ ကျေးဇူး။ အကောင့် နာမည်တော့ ဖျက်ထားလိုက်ပါတယ် ခင်ဗျာ။ အားနာလို့ပါ တဲ့။ ၂၀၁၈ ခု နှစ်ဆန်းတရက်နေ့ကတည်းက ရတစ်နာဖြစ်ပြီးတာ မသိခဲ့ပါ။  တစ်ကြသူတွေသူကို အပြစ်မဆိုသင့်တဲ့။  ပို့စ်တင်သူ ရေးယူခံရမလား မသိ။  ပုံရှာပေးသူ တရားစွဲခံရမလားမသိ။ ဆောရီး။ ဒေါက်တာတင့်ဆွေ

ဖေါင့်တွေ ကီးဘုတ်တွေနဲ့ မဆိုင်ပါ

Image
၁။ ယူနီ နဲ့ ဇော်ဂျီ တွေ တိုက်ပွဲဖြစ်နေတဲ့ ကာလမှာ အင်တာနက်သုံးခွင့်ရခဲ့ကြလိုပါ။ ၂။ ကသတ်တွေက keyboard errorပါ ပါတယ်ဗျ မက်=မက် Uni ပါ ဆရာ ၃။ စာတွေက ရိုက်လိုမရ စာစုစီပေးခြင်းမရှိ တော်ပါသေးတယ် G talk ခေတ်တုန်းကဆိုရင် ဗိုလ်လိုဘဲရေးခဲ့ရတာ မြန်မာစာကို ဒီလို အင်တာနက်ပေါ် လူတိုင်းရေခွင့်ရမယ်လို့ လုံးဝ မမျော်လင့်မိခဲ့ပါ။ ၄။ မှားနေလည်း နားလည်ပီးတာဘဲဆိုပီး (ပြီးတာဘဲဆိုပြီး) ဆက်မှား ပြင်ရကောင်းမှန်းမသိ အရှက်မရှိ သတ်ပုံမှားတာ ဇော်ဂျီခေတ်ကတည်းကပါ။ ယူနီခေတ်မှာ ပိုမှားလာပါတယ်။ မေးခွန်းတွေ ဖြေနေတာ ၁၀ နှစ်ကျော်လို့ အတိအကျသိရခြင်း ဖြစ်ပါတယ်။ ဘလော့ဂ် ပေါ်လာတော့ ဝင်းဘားမိစ် ကနေ ဇော်ဂျီ ပြောင်းသုံးရတယ်။ ဖေ့စ်ဘွတ် ပေါ်လာတော့လည်း ဇော်ဂျီ။ အစစ တခုမကျန် အဆင်ပြေတယ်။ ၂၀၁၉ စက်တင်္ဘာကတည်းက ယူနီကုဒ်ပြောင်းကုန်ကြတယ်။ တိုက်ပွဲလို့ မထင်ပါ၊ အာဏာသိမ်းသလိုပါပဲ။ စာရေးမှားတာ ကီးဘုတ်နဲ့ မဆိုင်ပါ။ ဖေါင့်နဲ့လည်း မဆိုင်ပါ။  မီဒီယာတွေ မှားတယ်။ ပစ္စည်းကြောငြာတွေ မှားတယ်။ တီဗွီတွေ မှားတယ်။ ရေဒီယိုတွေ မှားတယ်။ ကျောင်းစာအုပ်တွေ မှားတယ်။  ကြာလေ မှားလေ။ အမှန်ကို ပြင်လာတာလည်း ရှိရှိလာတယ်။ ကွန်ဂရက်ကျူလေးရှင်း။ ဒေါက်တာတင့်ဆွေ

Do Not Dirturb မဟုတ်တရုတ်ကွန်မင့်တွေ မရေးကြစေလိုပါ

Image
ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတမျိုး စမ်းသပ်နေတဲ့ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ နောက်ဆုံးအဆင့်ရောက်နေကြပါပြီ။ ကာကွယ်ဆေးကို အသားဆေးထိုးရတယ်။  အခုသတင်းပါ ကာကွယ်ဆေးကိုတော့ နှာခေါင်းထဲဆေးပန်းပေးရပါတယ်။ ထိရောက်မှု ကောင်းတယ်ဘို့ ဘာမင်ဂမ် အယ်လ်ဘာမား သုတေသနက ထုတ်ပြန်ပါတယ်။ ကရိုနာဗိုင်းရပ်စ်ရောဂါဟာ တကမ္ဘာလုံးကို အခုထိနှိပ်စက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်တယ်။ ရောဂါအကြောင်း၊ ကူးစက်ပုံ၊ ကာကွယ်နည်း၊ ကုသနည်း၊ ကာကွယ်ဆေးသတင်းတွေကို ခိုင်မာစိတ်ချရတဲ့ နေရာတွေက လိုက်ရှာ ဘာသာပြန်ပြီး ၄-၁-၂၀၂၀ နေ့ကတည်းက တင်နေပါတယ်။ နောက်ဆုံးတင်တာက နှာခေါင်းထဲဆေးပန်းရတဲ့ ကာကွယ်ဆေးအကြောင်း။ အဲဒါအောက်မှာ ဗမာနှာဆေး ကွန်မင့်တွေ လာတယ်။ မလုပ်သင့် မလုပ်ထိုက် မရေးထိုက်ပါ။ ကစားစရာ မဟုတ်။ ရယ်စရာ မဟုတ်။ ခိုင်းနှိုင်းစရာ မဟုတ်ပါ။ မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ဆိုတာ အဲလိုဟာမျိုး။ ဒေါက်တာတင့်ဆွေ

Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း

Image
ဆရာရှင့် ကျွန်မအသက်က ၂၆ ပါ။ ချောင်းတွေဆိုးနေတာ သုံးပါတ်ကျော်ပါပြီ။ အခုချိန်ထိမပျောက်သေးလို့ပါ။ ပိုးသတ်ဆေးလဲ ဆရာဝန်ပေးလို့  ၅ ရက်သောက်ထားပါတယ်။ မပျောက်ပါ။ အခုချောင်းဆိုးရင် ချွဲတွေပါလာပြီး မနက်ပိုင်းဆို ချွဲတွေက အညိုပုပ်ပုပ်တွေ သွေးရောင်လိုလိုတွေပါလာတယ်ဆရာ။ မိဘနဲ့ဝေးနေတာမို့ ကူညီပါဆရာ။ လူနာကို မမြင်ရ မစမ်းရသေးပဲ ဆေးကုရမလိုတော့ဖြစ်နေတယ်။ ရင်ပတ် ရှေ့နဲ့နောက်မှာ အထက်ကနေ အောက်အထိ လက်ဝါးတင်ပြီး လက်ချောင်းနဲ့ခေါက် နားထောင်ရမယ်။ နားကြပ်နဲ့ အသက်ရှူသံနားထောင်ရမယ်။ ရေးပြတာတွေအရ အသက်ရှူလမ်းမှာ တခုခုဖြစ်နေတာ။ အဖြစ်နိုင်ဆုံးက လေပြွန်ကြီးတွေ (သို့) အဆုပ်ထဲက လေပြွန်လေးတွေနဲ့ အဆုပ်တစ်ရှူးတွေရောင်နေတယ်။ ရောင်ရာကနေ ချွဲတွေဖြစ်နေတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ်တွေကနေ ဖြစ်စေနိုင်တယ်။ ချောင်းဆိုး၊ သလိပ်ထွက်၊ ကိုယ်ပူ၊ အသက်ရှူသွင်းချိန်မှာ စူးပြီးရင်ပတ်နာတာတွေ ခံစားရမယ်။ နားကြပ်နဲ့ နားထောင်ရင် မူမှန်မဟုတ်တဲ့ Crackling sounds အသံကြားရမယ်။ Wheezing ရင်ကြပ်သံလဲ ကြားရနိုင်တယ်။ လေဝင်သံတိုးနေနိုင်တယ်။ များသောအားဖြင့် တုပ်ကွေးလိုနဲ့ စတယ်။ ဖျားလာမယ်။ ချမ်းနိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထွက်မယ်။ သလိ

တခန်းရပ်

Image
စာဆိုတော်နေ့ ဆောင်းပါးမှာ တခန်းရပ်ပြဇာတ်လို့ ရေးပါတယ် မြန်မာစာ သတ်ပုံမှန် တခန်းရပ်သွားပေပြီ ဒေါက်တာတင့်ဆွေ

တောင်ပြိုကမ်းပြို တောင်ပုံရာပုံ ဂဃဏန

Image
ဘီဘီစီ အလင်္ကာပုလဲပန်းမှာ တင်ဆက်တဲ့နောက်ဆုံးဝေါဟာရတွေကတော့ - ၁။ တောင်ပြိုကမ်းပြို၊  ၂။ ထောင်ပုံရာပုံ နဲ့  ၃။ ဂဂနန ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အင်နယ်လ်ဒီက တောင်ပြိုကမ်းပြိုနိုင်တယ်လို့ သုံးစွဲခဲ့တာ မှန်ပါတယ်။ ကြားထဲမှာ တချို့က တောင်ကမပြိုနိုင်ဘူးသဘောနဲ့ သောင်ပြိုကမ်းပြိုလို့ ရေးသားလာတာတွေ့တယ်။ မဟုတ်ပါ။ တောင်ပြိုကမ်းပြိုကသာ အမှန်ဖြစ်တယ်။ တောင်ပုံရာပုံစကား ဟိုအရင်ကတည်းက ရှိတယ်။ ရာနဲ့တွဲပြီး ထောင်လို့ထင်ကြေးနဲ့ ထောင်ပုံရာပုံလို့ ရေးလာတာ တွေ့တယ်။ မဟုတ်ပါ။ စပါးတောင်လိုပုံ သီချင်းရှိတယ်။  ဦးထွန်းတင့်နဲ့ မောင်သာနိုးတို့က ဂဂနန ကအမှန်လို့ပြောပါတယ်။ ၁၉၅၃ ခုနှစ်ထုတ် ဦးသာမြတ်သတ်ပုံကျမ်းမှာ ဂဃဏန ဖြစ်ပါတယ်။ ကျွန်တော်ကတသက်လုံး ဂဃနဏလို့ ရေးလာတာ။ ၉-၉-၂၀၁၅ နေ့ မဇ္ဈိမသတင်းမှာ တောင်ပြိုကမ်းပြို အနိုင်မျိုး မဟုတ်သည့်တိုင် အစိုးရဖွဲ့နိုင်မည်ဟု NLD ဦးဝင်းထိန်ပြောလို့ ဖေါ်ပြထားတယ်။ ဂဂဏန = မူကွဲ။ ပါဠိလို ဂဏန မှ ဆင်းသက်လာသည်။ ဂငယ် နဲ့ ဃ ကြီး ခွဲသိပါ။ န ငယ်နဲ့ ဏ ကြီး ခွဲသိပါ။ ဒေါက်တာတင့်ဆွေ

ဦး နှင့် ဥူး

Image
၁။ ဦး ကို ဥူး ဒါမှမဟုတ် အူး လို့ တပ်ခေါ်ရမလား  ဦး စားပါဦး၊ ဒိုက်ဦးမြို့၊ ရှိခိုးဦးချ၊ အစကနဦး၊ ဦးဆက်၊ ဦးထိပ်ပန်ဆင်၊ ဦးထုပ်၊ ဦးပဉ္ဇင်း၊ ဦးမလေး (ဝန်ပေါ့)၊ ဦးရီး၊ ဦးခေါင်း၊ ဦးဆောက်ပန်း၊ ဦးပေါင်းစင်းနှင့် မြင်းညိုရှင်၊ ဦးနှောက်၊ ဗွေဆော်ဦး၊ ရှေးဦးစွာ၊ အုန်း တအုန်းအုန်း၊ အုန်းခွံ၊ အုန်းခွံရောင် အုန်းဆံကြိုး၊ အုန်းပင်၊ အုန်းမှန်ကူ၊ အုန်းမှုတ်၊ အုန်းခြစ်၊ အုန်းရည်၊ အုန်းသီး၊ အုန်းသီးဆန်၊ အုန်းအုန်းကျွက်ကျွက်၊ အုန်းမောင်းတီးသည်၊ အုန်းနှဲပင်၊ အုန်းနို့ဆမ်း၊ အုံး မီးအုံး၊ အုံးလွဲ။ ခေါင်းအုံး၊ ၂။ ဥသည်နဲ့ အုသည်မှာ အုသည်က အမှန်ပါလားဆရာ။ သတ်ပုံကျမ်းတွေမှာ အု မပါ။ ဥ သာပါတယ်။ ၃။ မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ ဥ အက္ခရာ အု ဦ အက္ခရာ အူ ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့ မဟုတ် ဥ အက္ခရာ အု ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ့ ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။ မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။ ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။