Do Not Dirturb မဟုတ်တရုတ်ကွန်မင့်တွေ မရေးကြစေလိုပါ

ကရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတမျိုး


စမ်းသပ်နေတဲ့ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ နောက်ဆုံးအဆင့်ရောက်နေကြပါပြီ။ ကာကွယ်ဆေးကို အသားဆေးထိုးရတယ်။ 


အခုသတင်းပါ ကာကွယ်ဆေးကိုတော့ နှာခေါင်းထဲဆေးပန်းပေးရပါတယ်။ ထိရောက်မှု ကောင်းတယ်ဘို့ ဘာမင်ဂမ် အယ်လ်ဘာမား သုတေသနက ထုတ်ပြန်ပါတယ်။


ကရိုနာဗိုင်းရပ်စ်ရောဂါဟာ တကမ္ဘာလုံးကို အခုထိနှိပ်စက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်တယ်။ ရောဂါအကြောင်း၊ ကူးစက်ပုံ၊ ကာကွယ်နည်း၊ ကုသနည်း၊ ကာကွယ်ဆေးသတင်းတွေကို ခိုင်မာစိတ်ချရတဲ့ နေရာတွေက လိုက်ရှာ ဘာသာပြန်ပြီး ၄-၁-၂၀၂၀ နေ့ကတည်းက တင်နေပါတယ်။


နောက်ဆုံးတင်တာက နှာခေါင်းထဲဆေးပန်းရတဲ့ ကာကွယ်ဆေးအကြောင်း။ အဲဒါအောက်မှာ ဗမာနှာဆေး ကွန်မင့်တွေ လာတယ်။ မလုပ်သင့် မလုပ်ထိုက် မရေးထိုက်ပါ။ ကစားစရာ မဟုတ်။ ရယ်စရာ မဟုတ်။ ခိုင်းနှိုင်းစရာ မဟုတ်ပါ။


မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ဆိုတာ အဲလိုဟာမျိုး။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး