Proof Reading အယ်ဒီတာချုပ်များသို့

ကွန်မင့်တခုရတယ်။ ဆရာတော်ကြီးကို မထည့်ပါနဲ့ ဆရာ၊ မှန်တာမှားတာ စာစီသူပါ တဲ့။


အတိအကျ အခိုင်အမာ အထောက်အထားတွေ ရှိတယ်။


ပြန်ပြောပါတယ်။ ဆရာတော်က ပါးစပ်ကပဲ တရားဟောတာကို အသံခွေနဲ့ စာအုပ်ရိုက်ထုပ်ပြီး ပူဇော်ကြတာပါ။ ဒါကြောင့် စာစီစာရိုက်သူတွေကပဲ အဓိကပါ၊သတ်ပုံသတ်ညွှန်းမှားရင်လည်း ဆရာတော်ကြီးနဲ့ မဆိုင်ဘူးလို့ ပြောတာပါ တဲ့။


အဲလိုအထောက်အထား တထောင်လောက်တင်ပြပြီးပြီ။


အရင်ခေတ်က ပုံနှိပ်ထုတ်ဝေတာကို အဆင့်ဆင့်လုပ်ရတယ်။ ခဲစာလုံး စာစီတယ်။ ပရုဆရာ ဖတ်တယ်။ အယ်ဒီတာက စစ်တယ်။ အထင်ကရ ဆရာတော်တွေ စာရေးဆရာကြီးတွေကို ပြန်တင်ပြရတယ်။ အယ်ဒီတာချုပ်က ထုတ်စေဆိုမှ ထုတ်ရတယ်။ 


ကြာလေ ခပ်လွယ်လွယ်လုပ်လာလေ။ ခုခေတ်မှာ ဖေ့စ်ဘွတ်အကောင့်တခုရှိရင် အယ်ဒီတာချုပ်ဖြစ်တယ်။


ဒေါင်းလုဒ် ပါမောက္ခချုပ်တွေက ရွှေဥဒေါင်းစာတွေ၊ သခင်ဘသောင်းစာတွေ၊ သခင်ကိုယ်တော်မှိုင်းစာတွေကို သတ်ပုံပြင်ပေးကြတယ်။


သက်သေအထောက်အထားတင်ပြလည်း လက်မခံ။ မင်းကွန်းဆရာတော်ကြီး လက်ရေး။ ဒေါ်အမာ လက်ရေး ဆရာတင်မိုး လက်ရေးစာတွေပြလည်း သူတို့လောက်မတတ်ဘူးထင်ကြတဲ့ခေတ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး