ဖေါင့်တွေ ကီးဘုတ်တွေနဲ့ မဆိုင်ပါ

၁။ ယူနီ နဲ့ ဇော်ဂျီ တွေ တိုက်ပွဲဖြစ်နေတဲ့ ကာလမှာ အင်တာနက်သုံးခွင့်ရခဲ့ကြလိုပါ။


၂။ ကသတ်တွေက keyboard errorပါ ပါတယ်ဗျ မက်=မက် Uni ပါ ဆရာ


၃။ စာတွေက ရိုက်လိုမရ စာစုစီပေးခြင်းမရှိ တော်ပါသေးတယ် G talk ခေတ်တုန်းကဆိုရင် ဗိုလ်လိုဘဲရေးခဲ့ရတာ မြန်မာစာကို ဒီလို အင်တာနက်ပေါ် လူတိုင်းရေခွင့်ရမယ်လို့ လုံးဝ မမျော်လင့်မိခဲ့ပါ။


၎။ မှားနေလည်း နားလည်ပီးတာဘဲဆိုပီး (ပြီးတာဘဲဆိုပြီး) ဆက်မှား ပြင်ရကောင်းမှန်းမသိ အရှက်မရှိ


သတ်ပုံမှားတာ ဇော်ဂျီခေတ်ကတည်းကပါ။ ယူနီခေတ်မှာ ပိုမှားလာပါတယ်။ မေးခွန်းတွေ ဖြေနေတာ ၁၀ နှစ်ကျော်လို့ အတိအကျသိရခြင်း ဖြစ်ပါတယ်။


ဘလော့ဂ် ပေါ်လာတော့ ဝင်းဘားမိစ် ကနေ ဇော်ဂျီ ပြောင်းသုံးရတယ်။ ဖေ့စ်ဘွတ် ပေါ်လာတော့လည်း ဇော်ဂျီ။ အစစ တခုမကျန် အဆင်ပြေတယ်။


၂၀၁၉ စက်တင်္ဘာကတည်းက ယူနီကုဒ်ပြောင်းကုန်ကြတယ်။ တိုက်ပွဲလို့ မထင်ပါ၊ အာဏာသိမ်းသလိုပါပဲ။


စာရေးမှားတာ ကီးဘုတ်နဲ့ မဆိုင်ပါ။ ဖေါင့်နဲ့လည်း မဆိုင်ပါ။ 


မီဒီယာတွေ မှားတယ်။ ပစ္စည်းကြောငြာတွေ မှားတယ်။ တီဗွီတွေ မှားတယ်။ ရေဒီယိုတွေ မှားတယ်။ ကျောင်းစာအုပ်တွေ မှားတယ်။ 


ကြာလေ မှားလေ။ အမှန်ကို ပြင်လာတာလည်း ရှိရှိလာတယ်။ ကွန်ဂရက်ကျူလေးရှင်း။


ဒေါက်တာတင့်ဆွေ


Comments