ဦး နှင့် ဥူး

၁။ ဦး ကို ဥူး ဒါမှမဟုတ် အူး လို့ တပ်ခေါ်ရမလား 

ဦး
စားပါဦး၊ ဒိုက်ဦးမြို့၊ ရှိခိုးဦးချ၊ အစကနဦး၊ ဦးဆက်၊ ဦးထိပ်ပန်ဆင်၊ ဦးထုပ်၊ ဦးပဉ္ဇင်း၊ ဦးမလေး (ဝန်ပေါ့)၊ ဦးရီး၊ ဦးခေါင်း၊ ဦးဆောက်ပန်း၊ ဦးပေါင်းစင်းနှင့် မြင်းညိုရှင်၊ ဦးနှောက်၊ ဗွေဆော်ဦး၊ ရှေးဦးစွာ၊

အုန်း
တအုန်းအုန်း၊ အုန်းခွံ၊ အုန်းခွံရောင် အုန်းဆံကြိုး၊ အုန်းပင်၊ အုန်းမှန်ကူ၊ အုန်းမှုတ်၊ အုန်းခြစ်၊ အုန်းရည်၊ အုန်းသီး၊ အုန်းသီးဆန်၊ အုန်းအုန်းကျွက်ကျွက်၊ အုန်းမောင်းတီးသည်၊ အုန်းနှဲပင်၊ အုန်းနို့ဆမ်း၊

အုံး
မီးအုံး၊ အုံးလွဲ။ ခေါင်းအုံး၊

၂။ ဥသည်နဲ့ အုသည်မှာ အုသည်က အမှန်ပါလားဆရာ။

သတ်ပုံကျမ်းတွေမှာ အု မပါ။ ဥ သာပါတယ်။

၃။ မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ
ဥ အက္ခရာ အု
ဦ အက္ခရာ အူ
ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို့ မဟုတ်
ဥ အက္ခရာ အု
ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ
ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ့ ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။

မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။

ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။

၎။ ဥအု နဲ့ ဥဥ၊ ဥဥလို့ရေးတာက မှန်တယ်လို့ထင်တယ်။ ဆရာက ဗဟုသုတပိုများပါတယ်။

ငှက်ဥ
ကြက်ဥ
မျိုးဥ
လိင်ဥ
သစ်ဥ
အက်ဥပဒေ
ဥရူတိုင် (အိမ်)
ဥကင်ဖွင့်
ဥကင်တော်ဖွင့်
ဥက္ကဌ
ဥချိုးငှက်
ဥတလုံး တကောင်ကြွက်
ဥတ္တရာယဉ်
ဥတုဇရုပ်
ဥတုရာသီ
ဥတဲ = တံခါး
ဥဒည်းတောင်
ဥဒဟို
ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား
ဥဒါန်းကျူး
ဥဒါန်းမကျေ
ဥဒါန်းမကြေ
ဥဒါဟရုဏ်
ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်
ဥပစာနည်း
ဥပဇ္ဈဥသျှစ်သီး
ဥပဇ္ဈာယ်ဆရာ
ဥပဒ်ဘေး
ဥပဓိရုပ်
ဥပပတ်နတ်
ဥပပါတ်
ဥပမာ ဥပမည်း
ဥပရာဇ်မင်း
ဥပါဒါန်
ဥပါဒိဏ်
ဥပါဒ်
ဥပါဒ်ဌီဘင်
ဥပါပျံ (ဥပ္ပာတ်ပျံ)
ဥပါဘီလူး
ဥပါယ်တံမျဉ်
ဥပါယ်တမျည်
ဥပါသကာ
ဥပုသ်သီတင်း
ဥပစ္ဆေဒကကံ
ဥပဒေ
ဥပဒေသ
ဥပမေယျဒဥပမယ်ဒဥပမည်
ဥကြက် = နိမိတ်ထူး
ဥသြငှက်
ဥဗျိုင်း
ဥဘုတ်ငှက်
ဥဘတောဗျည်း
ဥမင်လိုဏ်ခေါင်း
ဥမွန်းပင်
ဥယျာဉ်
ဥသဘနွား
ဥသျှစ်ပင်
ဥတေနမင်း
ဥဒေါင်းငှက်
ဥပေက္ခာ
ဥယျောဇဉ်စကား
ဥသျှောင်ကျင်
ဥဿဘယားကျောက်
ဥဿာပဲခူး
ဥနှဲပင်
ဝှေးဥ

သခင်ဘသောင်းရဲ့ ပန်းသာမစာဥကို ပန်းသာမစာအုနဲ့ ပန်းသည်မစာဥလို့ ရေးကြတာတွေက မှားတယ်။

၅။ ဆရာခင်ဗျား ဦးသုတဆိုသောအမည်မှာ သတ်ပုံအရ ဦးသုတကအမှန်လား ဥူးသုတကအမှန်လားဖြေပေးပါခင်ဗျ၊

အစဉ်အဆက် ဦး လို့သာရေးတယ်။ ဆရာတော်တချို့က ဥူး ရေးတယ်။ တချို့ဘုန်းကြီးတွေက ဥုး လို့ရေးတယ်။ တချာင်ငင်နဲ့ ဝစ္စပေါက်တွဲသုံးတာ သတ်ပုံစာအုပ်တွေမှာတော့ မတွေ့ပါ။

၆။ ဆရာ ဥူး ဆိုတဲ့ စကားလုံးက ဘယ်နေရာမှာသုံးလဲ သိပါရစေဆရာ။ ဆရာတော် ဘွဲ့တွေရဲ့ ရှေ့မှာ သုံးတတ်လားဆရာ။

ဥူးလို့ အရင်ကရေးကြတာရှိပါတယ်။ ဦးကိုရေးတာဖြစ်တယ်။ တောင်မြို့ဆရာတော်ကြီးက ဥူးလို့သာရေးသားတယ်။ ကွန်မင့်တခုအရ ရွှေကျင်ဆရာတော်များက ဥူး နဲ့ သုဓမ္မာဆရာတော်တွေက ဦးလို့ သုံးစွဲကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး