HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး လူအအများစုကိုထိုးပေးခြင်း

(ကန်တော့)


ဆရာရှင့် ဒီ HPV vaccine ကို တနှစ်ခြားထိုးရင်ကာကွယ်နိုင်သလားသိပါရစေရှင့် first dose နဲ့ ၁၂လခြား ထိုးရမယ် ဆိုပြီးညွှန်ကြားထားလို့ပါ ခါတိုင်း HPV vaccineတွေက 0 2 6ထိုးရတယ်လို့သိထားလို့ပါရှင့်


မနေ့ညက တွေ့တယ်။ ဘာကြောင့်လဲ လေ့လာရဦးမယ်။


သားအိမ်ဝကင်ဆာ ကာကွယ်ဆေးအကြောင်းစာတွေ ရေးတင်ထားတယ်။ ဟုတ်တယ်။ အမေရိကမှာ သတ်မှတ်ချက်က ယောက်ျားလေး မိန်းကလေး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်ကစ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်ကစ ထိုးနိုင်တယ်။ အသက်ကြီးမှ ထိုးသူတွေက ကာကွယ်ဆေး ၂ လုံးအစား ၃ လုံး ထိုးရမယ်။ ဥပမာ အသက် ၁၅ နှစ် ကျမှထိုးရင် ၃ လုံးကို ၆ လဲာခထိုးရမယ်။ ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေပါ။


HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး အရေးကြီးတယ်။ သားအိမ်ဝကင်ဆာဆိုတာ (HPV) ခေါ် ဗိုင်းရပ်စ် ကူးစက်ခံရမှုကနေဖြစ်တယ်။ အမေရိကမှာ လူ ၄ ယောက်မှာ ၁ ယောက် ကူးစက်ခံထားရတယ်။  


ကူးစက်ခံရတိုင်းတော့ စိုးရိမ်စရာ မရှိပါ။ ၁၀ ယောက်မှာ ၉ ယောက်က ၂ နှစ်အတွင် အလိုလိုပျောက်ပါတယ်။ ကံမကောင်းသူတွေမှာ -

• အမျိုးသမီး သားအိမ်ဝ၊ ဗဂျိုင်းနား၊ မိန်းမကိုယ်မှာ ကင်ဆာ၊

• ယောက်ျား လိင်အင်္ဂါကင်ဆာ နဲ့

• ယောက်ျားရော မိန်းမတွေမှာ စအို၊ လည်ချောင်း၊ ခံတွင်းကင်ဆာ ဖြစ်လာနိုင်တယ်။


ယူအက်စ်အေမှာ နှစ်စဉ် ယောက်ျားတွေ မိန်းမတွေ 33,700 ယောက်မှာ အဲလိုကင်ဆာတွေဖြစ်နေကြတယ်။ HPV ကာကွယ်ဆေးထိုးရင် 31,000 ယောက်လောက်ကို ကာကွယ်နိုင်တယ်။ လူအအများစုကိုထိုးပေးနည်း သပ်သပ်ရှိတယ်။ အဲတာလည်း ယူအက်စစ်အေမှာပါ သုံးပါတယ်။ 


လူအများစုကို HPV vaccine ကာကွယ်ဆေးဆေးထိုးနည်း

• ကလေးတိုင်း အသက် ၁၁ နှစ်ကနေ ၁၂ နှစ်ကစပြီး ဆေး ၂ ခါထိုးရမယ်။ 

• တခါနဲ့တခါ ၆ လ သို့မဟုတ် ၁၂ လခြာ ထိုးရမယ်။

• အသက် ၉ နှစ်ကစပြီးလည်း ထိုးနိုင်တယ်။

• မထိုးရသေးရင် သိတာနဲ့ ထိုးပါ။

• အသက် ၁၄ နှစ်သမီးဆိုရင်တော့ ဆေး ၃ ခါထိုးရပါမယ်။ ၆ လအတွင်းမှာ ဆေး ၃ ခါထိုးပါ။

• အသက် ၂၆ နှစ်အထိထိုးပါ။


မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနက သတ်မှတ်ချက်အတိုင်း လိုက်နာသင့်ပါတယ်။


1. Ca Cx vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://doctortintswe.blogspot.com/2015/08/ca-cx-vaccine.html

2. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/cervarix.html

3. Gardasil vaccine သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/gardasil-vaccine.html

4. HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း http://doctortintswe.blogspot.com/2014/12/hpv-vaccine-and-marriage.html

5. HPV Vaccine for Ca Cx သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hpv-vaccine-for-ca-cx.html

6. Pregnancy and HPV Vaccination သားအိမ်ဝကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://doctortintswe.blogspot.com/2014/11/pregnancy-and-hpv-vaccination_4.html

7. HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://doctortintswe.blogspot.com/2019/04/hpv-vaccine.html


သားအိမ်ဝ နဲ့ သားအိမ်ခေါင်း အတူတူ။ ကျွန်တော်တယောက်တည်းကသာ သားအိမ်ဝလို့ ရေးပါတယ်။ ဆောရီး။


ဒေါက်တာတင့်ဆွေ

၂၀-၁၀-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး