ဒို့ပြည်ထောင်စုသား

တဦးကိုတဦး ဘယ်လိုကူးစက် ပြန့်ပွားနိုင်ပါသလဲ ဆရာခင်ဗျာ။


တဦးကိုတဦး သတ်ပုံတော့ ပြင်လိုက်တယ်။ ဆောရီး။ ကိုယ့်စာကိုယ်သတ်ပုံနဲ့ရေးနိုင်ပါတယ်။ ကျွန်တော်ပို့စ်ဖြစ်လို့သာ။


ဒို့ပြည်ထောင်စုသား (စန္ဒရားလှထွတ်) သီချင်းပါသတ်ပုံကို တင်ပြပါရစေ။


တဦးကိုတဦး သံသယပိုသည်မှာ အလကား တဦးကိုတဦး မှန်သပဆိုသည်မှာ ပတ္တမြား သံသယပျောက်ပါစေ အမှန်ဘ၀ရောက်ပါစေ။


ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ဒို့ညီအကိုတတွေ တိုင်းရင်းသား အားလုံးစုံပေ တရေထဲသောက် တမြေထဲနေလို့ ချစ်ကြည်ပေ သွေးစည်းညီညွတ်ခြင်းအရင်းခံတည်နေ ဥမကွဲသိုက်မပျက် အေးအတူပူအမျှလေ ပူးပေါင်းနေထိုင်ကြပေ ရာသက်လုံးဆုံးကမ္ဘာတိုင်လေ ဒို့တတွေ ဒို့တတွေ ဒို့တိုင်းရင်သား ငါတို့ တတွေ။


ပြည်ထောင်စုအကျိုး ဒို့သည်ပိုး ဒို့ထမ်းဆောင်ကာနေ ရရှိအပ်သော အကျိုးစီးပွားသီးပွင့်ရတနာများ ဒို့အတူတကွမူအရ ခံစားကြမယ်လေ လာလာလေ လာကြဟေ


အများလုပ်၍ အများခံစားသောစနစ် ဒို့နှစ်သက်ယုံကြည်ပေ လက်ခံထားလို့ နေ လာလာလေ လက်တွဲမဖြုတ်နဲ့  ဒို့ရဲ့ ညီအမအကိုတွေ ဒို့တတွေ ဒို့တတွေ ဒို့တိုင်းရင်သားငါတို့ တတွေ။


လူမျိုးအလိုက် ကိုယ့်စရိုက်ဓလေ့ထုံးဘာသာ စာပေစကား သီးခြားဆောင်ရွက်နိုင်ခွင့်ရှိသည်လေ ဒို့လေးစားသည်လေ ဒို့လေးစားပါသလေ တိုင်းပြည်ရဲ့  တည်တန့် ခိုင်မြဲရေးနဲ့ စီးပွားရေးလူမှုရေးလုပ်ငန်းအထွေထွေ တက်ညီလက်ညီ ဆောင်ရွက်ကြလို့ တာဝန်ကျေ စည်းလုံးညီညွတ်ရေး ထိပါးခြင်းမှဒို့ရှောင်သွေ ဒို့တတွေ ဒို့တတွေ ဒို့တိုင်းရင်သား ငါတို့ တတွေ။


ကချင် ကယား ကရင် ချင်း မွန် ရခိုင် မြန်မာ ရှမ်း ဒို့တတွေ ပြည်ထောင်စုဘွားတိုင်းရင်းသားမို့ ညီအကိုမောင်နှမတွေ သွေးစည်းကာသာပေညီညွတ်ချစ်ကြည်နေ အေးအတူပူအမျှအတူတကွခံစားစံစားကြမယ်ဟေ


လာကြပြီလေ ရေမြေတောအနှံ့ ကဒို့ဆွေသဟာတွေ ရပ်နီးကဆွေရပ်ဝေးကဆွေစုပေါင်းညီညာပေ ဝေလေလေ ဝေလေလေ လာလာလေ လာကြပြီလေ ရေမြေတောအနှံ့ ကဒို့ဆွေသဟာတွေ ရပ်နီးကဆွေ ရပ်ဝေးကဆွေ စုပေါင်းညီညာပေ ဝေလေလေ ဝေလေလေ ပြည်ထောင်စုသားတွေ ပြည်ထောင်စုသားတွေ ဒို့ပြည်ထောင်စုသားတွေ။


ဒို့ပြည်ထောင်စုသား ဂီတကောင်စီဝင်များ (ရေး-စန္ဒရားလှထွတ်) https://www.youtube.com/watch?v=UzzFPQoB69M 


မှတ်ချက် - အခုတော့ ဝေလေလေ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး