အန္တရာယ်ရှိသော အမည်များ

တစာလုံးပါတဲ့ မြို့ရွာအမည်တွေ စသတ်ခံရမဲ့ အန္တရာယ်ရှိကြောင်း တင်ထားတယ်။

ငတရော် (ရေစကြိုမြို့နယ်)

ငါ့တရော် (စစ်ကိုင်း မြို့နယ်)

တညင် (သန်လျှင်)

တနယ် (ဒီပဲယင်းမြို့နယ်)

တနယ် (ပုလဲမြို့နယ်)၊

တနယ်ကြီးကုန်း (ဒီပဲယင်းမြို့နယ်)

တနင်္သာရီ (တနင်္သာရီတိုင်း)

တမာတန်းရပ် (မုံရွာမြို့)

တမာတန်းရွာ (ရေစကြိုမြို့နယ်)

တမာပင်ခွ (မြို့နယ်အတော်များများမှာရှိ)

တမူး (စစ်ကိုင်းတိုင်း)

တိုင်တရာ (ပုသိမ်မြို့နယ်)

တကောင်း (မန္တလေးတိုင်း)၊

တညောင် (မကွေးတိုင်း)

တရောင်းရွာ (ရမ်းဗြဲမြို့နယ်)၊

တရော်ကျင်း (ယင်းမာပင်မြို့နယ်)

တရော်တော (ဘုတလင်)

တနိုင်း (ကချင်ပြည်နယ်)

ထန်းတပင် (ဒီပဲယင်းမြို့နယ်)

ထန်းတပင် (ပဲခူးတိုင်း)

ထန်းတပင်မြို့ (ရန်ကုန်တိုင်း)

ထန်တလန် (ချင်းပြည်နယ်)

ပင်းတယ (ရှမ်းပြည်နယ်)

ပန်းတနော် (ဧရာဝတီတိုင်း)

ပုန်းတလုတ် (ပင်းတယ)

ဗိုလ်တထောင် (ရန်ကုန်တိုင်း)

ဘုတလင် (စစ်ကိုင်းတိုင်း)၊

ဘုတ်တလုတ် (မန္တလေးနန်းတွင်း)

ဘုတ်တလုတ် (အင်းဝ)

မန္တလေး (မန္တလေးတိုင်း)၊

ရတနာပုံရပ် (မုံရွာမြို့)၊

သခွတ္တနယ် (ဘုတလင်မြို့နယ်)၊

သစ်တပင်ချောင်း (ကာတွန်း)

ဟင်္သာတ (ဧရာဝတီတိုင်း)

အိုးတလုံး (မုံရွာမြို့)၊

အုံးတပင် (ဒီပဲယင်းမြို့နယ်)

ကျောက်တလုံး (ငါန်းဇွန်မြို့နယ်)၊

စေတုတ္တရာ (မကွေးတိုင်း)

ညောင်တပင် (မုံရွာမြို့)၊

ဗောဓိတထောင် (မုံရွာမြို့နယ်)၊


နောက်ထပ်အန္တရာယ်တမျိုးက ရရစ်တွေထည့်မရေးချင်ကြတော့ပါ။ ပါပြီကို ပါပီတဲ့။ ပြီးပြီကို ပီပီတဲ့။ ဖြစ်ကို ဖစ်တဲ့။


ဆားလင်းကြီး ဆားလင်းကီး

ဆိပ်ဖြူ ဆိပ်ဖူ

ကြံခင်း ကံခင်း

ကြို့ပင်ကောက် ကို့ပင်ကောက်

ဖြူး ဖူး

မြင်းမူ မင်းမူ

မြင်းခြံ မင်းခံ 

မြစ်ကြီးနား မစ်ကီးနား

မြိတ် မိတ်

မြို့သစ် မို့သစ်

မြို့သာ မို့သာ

မြိုင် မိုင်

ရမ်းဗြဲ ရမ်းဗဲ

မြေပုံ မေပုံ

မြောက်ဦး မောက်ဦး

ရေစကြို - ရေစကို

ရေကြည် ရေကည်

တောင်ကြီး တောင်ကီး

တောင်တွင်းကြီး တောင်တွင်းကီး


နေပြည်တော် ကို နေပည်တော်လို့ ရေးလာကြပါတော့မယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး