ဗယ်လက် ဗယ်ခြေ

ဆရာ ဗယ်သန်လား ဘယ်သန်လား ခင်ဗျာဆရာဦးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှားထဲက တွေ့မိလို့ပါခင်ဗျ


ကဝိဓဇသတ်ပုံကျမ်းမှာ ဗယ်လက်၊ ဗယ်ခြေ၊ ဗယ်ညာ၊ ဗယ်ကျော် (ပယ်ကျော်) လို့ရေးပါတယ်။ အခုတော့ ဘယ်ခြေ ဘယ်လက်လို့သာရေးကြတယ်။ အဲလိုပြောင်လဲလာတာကို ခေတ်သဘောလို့ပြောချင် ပြောနိုင်တယ်။ တတွေကို မလိုအပ်ပဲ စသတ်တာက ခေတ်ဆိုးကြောင့်။ အခုထိ ဆိုးသေးတယ်။


ဦးရွှေဥဒေါင်းစာအုပ်တွေမှာ တတွေကို မလိုအပ်ပဲ စသတ်ပါ။ တသက်တာမှတ်တမ်းစာအုပ်အမည်ကအစ နောက်လူတွေက ပြင်ထုတ်နေကြတယ်။ ခေတ်ဆိုးကြောင့်။ အခုထိ ဆိုးသေးတယ်။


သတ်ပုံပြင်သူတွေဟာ ဦးရွှေဥဒေါင်းထက် မြန်မာစာတော်ကြတယ်လို့ နည်းနည်းလေးမှ မထင်ပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး