ဗိုင္းရပ္စ္ကာကြယ္ေဆးရရင္ ထိုးေပးမယ့္ အစီအစဥ္မ်ား

RFA Burmese ဗိုင်းရပ်စ်ကာကွယ်ဆေးရရင် ထိုးပေးမယ့် အစီအစဉ်များ


ခင်မောင်စိုး

■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ရရှိတော့မယ်လို့ ကမ္ဘာ့ဆေးကုမ္ပဏီတွေက ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကလည်း မြန်မာပြည်သူတွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ထိုးနှံဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကမ္ဘာ့နိုင်ငံအားလုံး ဒီကနေ့ လိုချင်နေတဲ့ဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပါပဲ။ ဒီကာကွယ်ဆေးရရှိဖို့ ကမ္ဘာ့ဆေးဝါးကုမ္ပဏီတွေက အပြိုင်အဆိုင်ကြိုးစားနေကြရာမှာ အမေရိကန်ဆေးကုမ္ပဏီတချို့ကတော့ အခုနှစ်မကုန်ခင်မှာ စတင်ထုတ်လုပ်နိုင်တော့မယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး ဒီရောဂါအကြောင်း အချိန်ယူလေ့လာနေတဲ့ ဒေါက်တာတင့်ဆွေက-

“ရှေ့ဆုံးက ပြေးနေတာကတော့ အမေရိကန်နိုင်ငံက ကုမ္ပဏီကြီး ၃ ခုပါပဲ။ Pfizer ကုမ္ပဏီ၊ နောက်တခါ Moderna ကုမ္ပဏီ နဲ့ နောက်တခုက Johnson & Johnson ကုမ္ပဏီတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Moderna ကုမ္ပဏီက ကာကွယ်ဆေးဆိုရင် နောက်ဆုံးအဆင့်လို့ပြောနိုင်တဲ့ လူ ၃ သောင်းလောက်ကို စမ်းသပ်တဲ့ တတိယအဆင့်ကို အခု စတော့မယ်။ ကာကွယ်ဆေးတွေကို အတိအကျပြောရရင် ဒီနှစ်ကုန်ခါနီးမှာ စတင်ထုတ်လုပ်ပြီးတော့ ၂ဝ၂၁ ခု နှစ်ဆန်းပိုင်းမှာ လူအများစုထံ ရောက်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်”

မြန်မာနိုင်ငံရှိ NITAG နိုင်တက် လို့ အတိုကောက်ခေါ်တဲ့ National Immunization Technical Advisory Group- အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဝါရင့်ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က မြန်မာပြည်သူတွေကို လာမယ့်နှစ်အစပိုင်းလတွေအတွင်း စတင်ထိုးနိုင်ဖို့အတွက် သူတို့ ဆွေးနွေးကြိုးပမ်းနေကြတယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်ထင်ပါတယ် သင်္ကြန်မတိုင်ခင်မှာ (စတင်ထိုးနှံဖို့) ဖြစ်နိုင်ခြေ ရှိပါတယ်။ (ဦးစားပေးထိုးနှံဖို့အတွက်) ပထမဆုံးက ကျန်းမာရေးဝန်ထမ်းတွေပါ အဲဒီကျန်းမာရေးဝန်ထမ်းလို့ပြောတဲ့အခါ ပုဂ္ဂလိက နဲ့ နိုင်ငံတော်လုပ်ငန်းမှာ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းလို့ မခွဲခြားပဲနဲ့ တပြိုင်နက်လုပ်ပေးဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။ နောက်တခုကတော့ အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေက လူကြီးတွေကို ဦးစားပေးဖို့လိုပါတယ်။ ဥပမာ- ဆီးချို သွေးတိုး နှလုံးရောဂါ အစရှိသဖြင့် ဒီလိုလူကြီးတွေက ကိုဗစ်ရောဂါဖြစ်ရင် အသေအပျောက်နှုန်း များပါတယ်။ နောက်တခုကတော့ အခြေခံလူတန်းစားအတွက် ပိုက်ဆံရှာပေးနေတဲ့ သူတွေပါ။ ဥပမာပေါ့နော် အထည်ချုပ်လုပ်ငန်းမှာလုပ်နေတဲ့သူတွေက တနေရာထဲမှာ စုပြီးလုပ်ရတဲ့အတွက်ကြောင့် ရောဂါဖြစ်ရင်လည်း သူတို့ပဲ။ ကူးရင်လည်း သူတို့ပဲ အများကြီးကူးမှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို ရောဂါဖြစ်မဖြစ် screening စစ်ဆေးတဲ့အခါ ဦးစားပေးသင့်ပါတယ်၊ ဒါ့အပြင် ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း သူတို့ကို ဦးစားပေးသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ အခြေခံလူတန်းစားက မစောင့်နိုင်ဘူး။ ဒါလေးတွေတော့ ကျနော်တို့စဉ်းစားတဲ့အခါ ထည့်စဉ်းစားမှာပါ”

တဆက်တည်းမှာပဲ ပါမောက္ခကြီး ဦးသိန်းအောင်က ပုဂ္ဂလိကဌာနတွေကို အစိုးရက ကူညီမယ်ဆိုရင် ရောဂါပိုးစစ်ဆေးရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး ကုသရေးကိုလည်း အထောက်အကူပြုနိုင်မယ်လို့ ပြောပါတယ်။

“စျေးနှုန်းချိုသာစွာရနိုင်တဲ့ အဆင့်အတန်းမီတဲ့ Screening test စစ်ဆေးမှုတွေလုပ်နိုင်မယ်ဆိုရင် ရောဂါရှိတဲ့သူနဲ့ ရောဂါမရှိတဲ့သူတွေကို ကျနော်တို့ ခွဲခြားပြီးတော့ သိခွင့်ရမယ်။ ရောဂါရှိတဲ့သူဆိုရင်တော့ ကျနော်တို့ ကာကွယ်ဆေးထိုးတဲ့ဆီမှာ ဦးစားပေးတဲ့ထဲ ထည့်ဖို့ မလိုပါဘူး။ နောက်တခုက သူတို့က ရောဂါ ရှိပြီးသားဖြစ်လို့ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ Antibody ရှိတယ်ဆိုရင်တော့ ရောဂါကုသရေးအတွက် ထုတ်လုပ်ပြီး အကျိုးပြုနိုင်ပါတယ်။ အဲဒီတော့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ အခုကတည်းကစပြီးလုပ်ဖို့ လိုပါတယ်"

ဒေါက်တာတင့်ဆွေက ကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုလည်း သတိထားဖို့လိုတယ်လို့ အကြံပေးပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ မကြာသေးခင်က တရုတ်နိုင်ငံက ထိပ်တန်းအရာရှိကြီးတဦး ဗမာပြည်လာစဉ်က ဗမာပြည်ကို တရုတ်က ကာကွယ်ဆေးတွေ ပေးမယ်ဆိုတဲ့ သတင်းထွက်နေတော့ ကျနော်တို့နိုင်ငံအနေနဲ့ တရုတ်နိုင်ငံပဲဖြစ်ဖြစ် တခြား ကုလသမဂ္ဂနဲ့ ဆက်နေတဲ့နိုင်ငံပဲဖြစ်ဖြစ် အလှူနိုင်ငံတွေကဖြစ်ဖြစ် ရနိုင်မယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ အခုထွက်လာတဲ့ သတင်းတွေအရ တရုတ်နိုင်ငံကလာတဲ့ ကာကွယ်ဆေး အတုတွေကို သတိထားဖို့ဆိုပြီး ကျနော်တို့နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေက ကြေညာထားတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဆေးအတုကိစ္စကို အခုထဲက သတိထားရမယ်။ ပိုဆိုးတာက သတင်းအတုတွေကိုလည်း သတိထားရမယ်။”

ပါမောက္ခ ဦးသိန်းအောင်က သူတို့အနေနဲ့ ကာကွယ်ဆေးတွေက ပေါ်ပေါက်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း လေ့လာဆွေးနွေးနေပါတယ်၊ အချက်အလက် မပြည့်စုံသေးတဲ့အတွက် ဘယ်နိုင်ငံ ဘယ်ကုမ္ပဏီက ထုတ်တဲ့ဆေးက ပိုကောင်းမယ်ဆိုတာကို ပြောကြားဖို့တော့ အချိန်စောသေးတယ်လို့ RFA ကိုပြောပါတယ်။

- Unicode

~~~~

ဗိုင္းရပ္စ္ကာကြယ္ေဆးရရင္ ထိုးေပးမယ့္ အစီအစဥ္မ်ား

~~~~~~~~

ခင္ေမာင္စိုး

■ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဒီႏွစ္ကုန္ပိုင္းမွာ ရရွိေတာ့မယ္လို႔ ကမၻာ့ေဆးကုမၸဏီေတြက ေျပာပါတယ္။ ျမန္မာနိုင္ငံ အမ်ိဳးသားကာကြယ္ေဆးထိုးႏွံမွုဆိုင္ရာ အႀကံေပးအဖြဲ႕ကလည္း ျမန္မာျပည္သူေတြကို ဦးစားေပးအဆင့္ဆင့္နဲ႔ ထိုးႏွံဖို႔အတြက္ ညႇိႏွိုင္းေဆာင္ရြက္ေနၿပီလို႔ သိရပါတယ္။

ကမၻာ့နိုင္ငံအားလုံး ဒီကေန႔ လိုခ်င္ေနတဲ့ေဆးကေတာ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးပါပဲ။ ဒီကာကြယ္ေဆးရရွိဖို႔ ကမၻာ့ေဆးဝါးကုမၸဏီေတြက အၿပိဳင္အဆိုင္ႀကိဳးစားေနၾကရာမွာ အေမရိကန္ေဆးကုမၸဏီတခ်ိဳ႕ကေတာ့ အခုႏွစ္မကုန္ခင္မွာ စတင္ထုတ္လုပ္နိုင္ေတာ့မယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္ၿပီး ဒီေရာဂါအေၾကာင္း အခ်ိန္ယူေလ့လာေနတဲ့ ေဒါက္တာတင့္ေဆြက-

“ေရွ႕ဆုံးက ေျပးေနတာကေတာ့ အေမရိကန္နိုင္ငံက ကုမၸဏီႀကီး ၃ ခုပါပဲ။ Pfizer ကုမၸဏီ၊ ေနာက္တခါ Moderna ကုမၸဏီ နဲ႔ ေနာက္တခုက Johnson & Johnson ကုမၸဏီေတြျဖစ္ပါတယ္။ အေမရိကန္နိုင္ငံ Moderna ကုမၸဏီက ကာကြယ္ေဆးဆိုရင္ ေနာက္ဆုံးအဆင့္လို႔ေျပာနိုင္တဲ့ လူ ၃ ေသာင္းေလာက္ကို စမ္းသပ္တဲ့ တတိယအဆင့္ကို အခု စေတာ့မယ္။ ကာကြယ္ေဆးေတြကို အတိအက်ေျပာရရင္ ဒီႏွစ္ကုန္ခါနီးမွာ စတင္ထုတ္လုပ္ၿပီးေတာ့ ၂ဝ၂၁ ခု ႏွစ္ဆန္းပိုင္းမွာ လူအမ်ားစုထံ ေရာက္နိုင္မယ္လို႔ က်ေနာ္ေမၽွာ္လင့္ပါတယ္”

ျမန္မာနိုင္ငံရွိ NITAG နိုင္တက္ လို႔ အတိုေကာက္ေခၚတဲ့ National Immunization Technical Advisory Group- အမ်ိဳးသားကာကြယ္ေဆးထိုးႏွံမွု အႀကံေပးအဖြဲ႕ဝင္ ဝါရင့္ကေလးအထူးကုဆရာဝန္ႀကီး ပါေမာကၡ ဦးသိန္းေအာင္က ျမန္မာျပည္သူေတြကို လာမယ့္ႏွစ္အစပိုင္းလေတြအတြင္း စတင္ထိုးနိုင္ဖို႔အတြက္ သူတို႔ ေဆြးေႏြးႀကိဳးပမ္းေနၾကတယ္လို႔ RFA ကိုေျပာပါတယ္။

“က်ေနာ္ထင္ပါတယ္ သၾကၤန္မတိုင္ခင္မွာ (စတင္ထိုးႏွံဖို႔) ျဖစ္နိုင္ေၿခ ရွိပါတယ္။ (ဦးစားေပးထိုးႏွံဖို႔အတြက္) ပထမဆုံးက က်န္းမာေရးဝန္ထမ္းေတြပါ အဲဒီက်န္းမာေရးဝန္ထမ္းလို႔ေျပာတဲ့အခါ ပုဂၢလိက နဲ႔ နိုင္ငံေတာ္လုပ္ငန္းမွာ ေဆာင္ရြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းလို႔ မခြဲျခားပဲနဲ႔ တၿပိဳင္နက္လုပ္ေပးဖို႔ က်ေနာ္ ေမတၱာရပ္ခံပါတယ္။ ေနာက္တခုကေတာ့ အသက္အရြယ္ႀကီးတဲ့ပုဂၢိဳလ္ေတြက လူႀကီးေတြကို ဦးစားေပးဖို႔လိုပါတယ္။ ဥပမာ- ဆီးခ်ိဳ ေသြးတိုး ႏွလုံးေရာဂါ အစရွိသျဖင့္ ဒီလိုလူႀကီးေတြက ကိုဗစ္ေရာဂါျဖစ္ရင္ အေသအေပ်ာက္ႏွုန္း မ်ားပါတယ္။ ေနာက္တခုကေတာ့ အေျခခံလူတန္းစားအတြက္ ပိုက္ဆံရွာေပးေနတဲ့ သူေတြပါ။ ဥပမာေပါ့ေနာ္ အထည္ခ်ဳပ္လုပ္ငန္းမွာလုပ္ေနတဲ့သူေတြက တေနရာထဲမွာ စုၿပီးလုပ္ရတဲ့အတြက္ေၾကာင့္ ေရာဂါျဖစ္ရင္လည္း သူတို႔ပဲ။ ကူးရင္လည္း သူတို႔ပဲ အမ်ားႀကီးကူးမွာ ျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔ကို ေရာဂါျဖစ္မျဖစ္ screening စစ္ေဆးတဲ့အခါ ဦးစားေပးသင့္ပါတယ္၊ ဒါ့အျပင္ ကာကြယ္ေဆးထိုးတဲ့အခါမွာလည္း သူတို႔ကို ဦးစားေပးသင့္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ အေျခခံလူတန္းစားက မေစာင့္နိုင္ဘူး။ ဒါေလးေတြေတာ့ က်ေနာ္တို႔စဥ္းစားတဲ့အခါ ထည့္စဥ္းစားမွာပါ”

တဆက္တည္းမွာပဲ ပါေမာကၡႀကီး ဦးသိန္းေအာင္က ပုဂၢလိကဌာနေတြကို အစိုးရက ကူညီမယ္ဆိုရင္ ေရာဂါပိုးစစ္ေဆးေရးကို က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္ရြက္နိုင္ၿပီး ကုသေရးကိုလည္း အေထာက္အကူျပဳနိုင္မယ္လို႔ ေျပာပါတယ္။

“ေစ်းႏွုန္းခ်ိဳသာစြာရနိုင္တဲ့ အဆင့္အတန္းမီတဲ့ Screening test စစ္ေဆးမွုေတြလုပ္နိုင္မယ္ဆိုရင္ ေရာဂါရွိတဲ့သူနဲ႔ ေရာဂါမရွိတဲ့သူေတြကို က်ေနာ္တို႔ ခြဲျခားၿပီးေတာ့ သိခြင့္ရမယ္။ ေရာဂါရွိတဲ့သူဆိုရင္ေတာ့ က်ေနာ္တို႔ ကာကြယ္ေဆးထိုးတဲ့ဆီမွာ ဦးစားေပးတဲ့ထဲ ထည့္ဖို႔ မလိုပါဘူး။ ေနာက္တခုက သူတို႔က ေရာဂါ ရွိၿပီးသားျဖစ္လို႔ ေရာဂါကာကြယ္နိုင္စြမ္းရွိတဲ့ Antibody ရွိတယ္ဆိုရင္ေတာ့ ေရာဂါကုသေရးအတြက္ ထုတ္လုပ္ၿပီး အက်ိဳးျပဳနိုင္ပါတယ္။ အဲဒီေတာ့ အားလုံးပူးေပါင္းေဆာင္ရြက္ဖို႔ အခုကတည္းကစၿပီးလုပ္ဖို႔ လိုပါတယ္"

ေဒါက္တာတင့္ေဆြက ကာကြယ္ေဆးေတြရဲ့ အာနိသင္ကိုလည္း သတိထားဖို႔လိုတယ္လို႔ အႀကံေပးပါတယ္။

"က်ေနာ္တို႔ ျမန္မာနိုင္ငံအတြက္ကေတာ့ မၾကာေသးခင္က တ႐ုတ္နိုင္ငံက ထိပ္တန္းအရာရွိႀကီးတဦး ဗမာျပည္လာစဥ္က ဗမာျပည္ကို တ႐ုတ္က ကာကြယ္ေဆးေတြ ေပးမယ္ဆိုတဲ့ သတင္းထြက္ေနေတာ့ က်ေနာ္တို႔နိုင္ငံအေနနဲ႔ တ႐ုတ္နိုင္ငံပဲျဖစ္ျဖစ္ တျခား ကုလသမဂၢနဲ႔ ဆက္ေနတဲ့နိုင္ငံပဲျဖစ္ျဖစ္ အလွူနိုင္ငံေတြကျဖစ္ျဖစ္ ရနိုင္မယ္လို႔ က်ေနာ္ထင္တယ္။ ဒါေပမဲ့ အခုထြက္လာတဲ့ သတင္းေတြအရ တ႐ုတ္နိုင္ငံကလာတဲ့ ကာကြယ္ေဆး အတုေတြကို သတိထားဖို႔ဆိုၿပီး က်ေနာ္တို႔နိုင္ငံက တာဝန္ရွိပုဂၢိဳလ္ေတြက ေၾကညာထားေတာ့ က်ေနာ္တို႔နိုင္ငံအေနနဲ႔ ေဆးအတုကိစၥကို အခုထဲက သတိထားရမယ္။ ပိုဆိုးတာက သတင္းအတုေတြကိုလည္း သတိထားရမယ္။”

ပါေမာကၡ ဦးသိန္းေအာင္က သူတို႔အေနနဲ႔ ကာကြယ္ေဆးေတြက ေပၚေပါက္လာမယ့္ ေဘးထြက္ဆိုးက်ိဳးေတြကိုလည္း ေလ့လာေဆြးေႏြးေနပါတယ္၊ အခ်က္အလက္ မျပည့္စုံေသးတဲ့အတြက္ ဘယ္နိုင္ငံ ဘယ္ကုမၸဏီက ထုတ္တဲ့ေဆးက ပိုေကာင္းမယ္ဆိုတာကို ေျပာၾကားဖို႔ေတာ့ အခ်ိန္ေစာေသးတယ္လို႔ RFA ကိုေျပာပါတယ္။


https://www.facebook.com/rfaburmese/videos/375729683801526


Comments

Popular posts from this blog

က်န္းမာျခင္းသည္ လာဘ္တပါး

Furamin BC သံဓါတ္အားေဆး