တခုတ်တရ
တတွေကို စသတ်နေကြတာတွေတွေ့တိုင်း အတော်ကိုစဉ်းစားပါတယ်။ တချို့စာလုံးတွေကို သူတို့လို တစ်နဲ့ ရေးကြည့်နေမိတယ်။ တခုတ်တရကိုကော တစ်ခုတ်တစ်ရလို့ ရေးကြသလား မသိပါ။
တခုတ်တရစာလုံးဟာ ခေတ်အရပေါ်လာတဲ့ ဝေါဟာရ။ လှတယ်။ ကဗျာဆန်တယ်။ တကူးတက၊ တမင်တကာ၊ ကြိုးစားပမ်းစား။
ခဏခဏ လာလာပြောကြတယ်။ အရင်က တတွေကို တစ်လို့ရေးတာ ခေတ်တဲ့။ ဘယ်ကလာ ကြံကြံဖန်ဖန်။
တခုတ်တရကို ပေါ်လစီသတ်ပုံနဲ့ရေးလို့ကတော့ ကျွန်တော့်မျက်စိက သစ်ခုတ်သမား သစ်တွေရလို့ပဲ ထင်နေမှာ။ မြန်မာ့သစ်တောတွေကို ခိုးထုတ်ကတည်းက မြန်မာစာသတ်ပုံပါ အခိုးခံထားရတာ။
ဒေါက်တာတင့်ဆွေ
၆-၁-၂၀၁၉

Comments
Post a Comment