နှိုင်းနှိုင်းဆဆ ကျန်းမာကြစေ

မင်္ဂလာပါဆရာ ဗီတာမင် D3 အကြောင်းဖတ်ရတဲ့ အတွက်ကျေးဇူးပါ ဆရာ ရန်ကုန်မြို့မှာတော့ D3 နဲ့ ဖြည့်စွက်စာဆေးတွေ US ကမှာသောက်တာ တော်တော်များကြပါတယ် US က့ ဟောပြောမှုကြောင့် လူတော်တော်များများ D3 သောက်ကြပါတယ် အခုဆရာ့ ရေးထားတာဖတ်ရသည့်အတွက် ချင့်ချိန်နိုင်တဲ့ ဗဟုသုတ ရရှိပါတယ် ဆရာ

ဟုတ်တယ်။ တချို့ဟာတွေက လွန်ကဲလွန်းနေတယ်။ စီးပွားရေးလုပ်နည်းတွေကလည်း အမျိုးမျိုးရှိတာ။

သူများနိုင်ငံတွေမှာလည်းရှိတာပဲ။ ယူအက်စ်အေမှာလည်း အဲလိုဟာတွေများတယ်။ ခုရက်တွေမှာ တက်စတိုစတီရုန်း ဟော်မုန်းစာဆေးကြော်ငြာတွေ ဖေ့စ်ဘွတ်မှာ နေ့တိုင်းလာနေတယ်။ အွန်လိုင်းဝယ်ခိုင်းနေတယ်။

လူ့သဘောက နာမည်ကြီးတယ်လို့ပြောတာနောက် လိုက်လုပ်ချစ်စိတ်ရှိတယ်။ ခေတ်မီတယ်ပြောရင်လည်း လိုက်လုပ်ကြတာပဲ။ အရမ်းဆိုရင်လည်း အရမ်းပဲ။

ဟော်မုန်းပါတာတွေက ကြောက်စရာကောင်းတယ်။ ဗီတာမင်တို့ ဓါတ်ဆားတို့ကတော့ မလိုပဲသောက်ရင် ပိုက်ဆံသာကုန်တယ်။ ဗီတာမင်ဒီမှာတော့ လွန်ကဲတာဖြစ်နိုင်တယ်။ အဆိပ်သင့်ခြင်းလို့ ခေါ်တယ်။ ဆေးဆိုတာ တဦးချင်းကြည့် ပေးရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး