Wednesday, January 23, 2019

Mother ကျွန်တော့်အမေ

ကျွန်တော့်အမေ မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ အိမ်ထောင်ကျုပြီး ယောင်နောက် ဆံထုံးပါ၊ မင်းရွာမှာလာနေရ။

သားသမီးတွေက တယောက်ပြီးတယောက်မွေး။ ငါးယောက်မွေးအပြီးမှာ အမေမုံရွာသူဖြစ်လာ။

နေရာတွေ ဘယ်မှာပြောင်းပြောင်း မပြောင်းရတာက အမေ့ကို အမြဲလှောင်ထားတဲ့ မီးဖိုချောင်။

နောင် သားတယောက်က နိုင်ငံရေးထဲရောက်၊ အမေ့မျက်ရည်ပေါက်။ 

နောက် သားတယောက် ထောင်ထဲရောက်။ အမေ့မျက်ရည်ပေါက်။

နိုင်ငံရေးထဲရောက်တဲ့သား သူများတိုင်းပြည်ရောက်။ အမေ့မျက်ရည်ပေါက်။

နောက် အမေ့ခြေထောက်ကျိုး။ ဆေးဘိုးချွေတာ၊ အနားမှာ သားနှစ်ယောက်က မရှိ။ သားသူငယ်ချင်းကလာကြည့်။

လျှော့ရက်မရှိ၊ လေးနှစ်တိတိကျတဲ့သားက သူ့အမေ အသုဘချတော့ ပို့ခွင့်မရှိ။

ဆရာဝန်ဖြစ်တဲ့ထိ သင်ပေးထားတဲ့သား သူ့အမေဆုံးသွားတဲ့သတင်း လေးလတိတိ မကြားသိ။

ဒေါက်တာတင့်ဆွေ
(၁၆-၅-၁၉၉၄ နေ့ အသက် ၇၇ နှစ်မှာ အမေဆုံးသွားပါတယ်။)

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...