Wednesday, January 30, 2019

သနပ်ခါးမီး ပူဇော်ခြင်း

ကိုယ့်ခြေလက်တွေအေးလို့ ဘုရားပူဇော်တဲ့ဓလေ့ကို မနေ့ကတည်းက သတိရနေတာ။ ကနေ့တော့ နှစ်ပတ်လည်စာအဖြစ် ပြန်ပေါ်လာပါတယ်။ ဒီနှစ်တပို့တွဲလပြည့်နေ့ကတော့ နောက်လ ၁၉ ရက်နေ့မှကျရောက်မယ်။

ပြည်တွင်းမှာနေစဉ်ကတော့ မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုမှုကို တပို့တွဲလပြည့်ညမှာ လုပ်ခဲ့ရတယ်။ အပြင်မှာနေရတော့ ဘာသာရေး၊ လူမှုရေးတွေမှာ ဘာလုပ်လုပ် စတိသာလုပ်နိုင်တယ်။

သနပ်ခါးတုံးလေးတွေကို ရှိတဲ့ဓါးနဲ့စိတ်ခွဲရတဲ့အလုပ်ကို ကြိုးစားပမ်းစားလုပ်တာ၊ ဘယ်ဘက်လက်ညှိုး တချက်ထိသွာလို့ ပလာစတာကပ်ထားရသေးတယ်။ ကျွန်တော်က ခွဲစိတ်ဒါးသာ ကိုင်တတ်တာ။ ဘုရားစင်ရှိတဲ့အခန်းမှာလည်း မီးခိုးနဲ့ မီးတောက်ကို ဒေါ်မြမြအေးက ရေတခွက်နဲ့ စောင့်ရသေးတယ်။

မြန်မာပြည်ကဘုရားတွေမှာ သနပ်ခါးမီးသင်းတဲ့ အနံ့တွေ မွှေးကြိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၈
၃၁-၁-၂ဝ၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိ...