The Last Supper နောက်ဆုံး ညလယ်စာ

The Da Vinci Code ဒဗင်ချီကုဒ် သို့မဟုတ် ဘာသာရေးနဲ့ အနုပညာအောက်မှာ ကွန်မင့်တခုရပါတယ်။ Holy Grail ရဲ့ ဆိုလိုရင်းကိုသေချာစွာမသိလို့ စာအရသာအပြည့်အဝမရရှိခဲ့ပါ ဆရာ Jesus or God ရဲ့ နောက်ဆုံးညစာဆိုလား ယောင်ဝါးဝါး လောက်ပဲသိပါတယ်

ကျွန်တော်က တခြားကိုးကွယ်ရာဘာသာတွေကို မသိပါ။ ကိုယ့်မိရိုးဖလာကိုးကွယ်ရာကိုလည်း နည်းနည်းသာသိတယ်။ ဘယ်အကြောင်းအရာမဆို သုတအနေနဲ့ သိချင်တယ်။ သမိုင်းအချက်အလက်အဖြစ်သိချင်တယ်။ အနုပညာနဲ့ စာတွေကိုလည်း စိတ်ပါဝင်စားပါတယ်။ ဒီစာကိုနိုင်ငံရေးသတင်းတခုအရ ရေးခဲ့တာပါ။

သဘာဝဖြစ်စဉ်အရ နေ့အကူးမှာ နေမထွက်ခင် ညအမှောင်ကာလကိုဖြတ်သန်းရတယ်။ အုပ်ချုပ်ရေးတခုကနေ နောက်အသစ်တခုကို ကူးချိန်မှာ ညစာစားပွဲကြီးရှိခဲ့တာ မြန်မာနိုင်ငံမှာပါ။ ၂၀၁၅ ခုနှစ်က။

ခရစ်ယန်ဘာသာမှာ အလွန်နာမည်ကြီးတဲ့ပန်းချီကားကြီးတခုရှိပါတယ်။ ၁၄၉၅ ခုနှစ် ကတည်းက အီတလီလူမျိုး ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချိကရေးဆွဲခဲ့တာပါ။ ကမ္ဘာမှာ ကနေ့ထိ နာမည်အကြီးဆုံး အနုပညာလက်ရာတခုလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာထားရှိပါတယ်။ ပန်းချီကားဆွဲတာ ၁၄၉၈ အထိ စုစုပေါင်း (၃) နှစ်ကြာပါတယ်။ ခရစ်တော် ယေရှု ခေါ် ဂျီးဆပ်စ်ဟာ ဂျေရုဆလင်မြို့မှာ စားသုံးခဲ့တဲ့ နောက်ဆုံးညစာ ခေါ် ညလယ်စာကို သရုပ်ဖေါ်ထားတာ။ ပန်းချီကားကို The Last Supper လို့ခေါ်တယ်။

လီယိုနာဒို ဒါဗင်ချိရဲ့လက်ရာလိုပဲ ကနေ့ နေပြည်တော်က ညစာစားပွဲဟာလည်း နှစ်ပရိစ္ဆေဒရှည်ကြာအောင် မြန်မာပြည်သူတွေက အမှတ်ရနေကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာမှာ လူမျိုးအလိုက် ထူးချွန် ထူးခြားသူတွေရယ်လို့ရှိပါတယ်။ လီယိုနာဒို ဒါဗင်ချိရဲ့ အီတလီက တမျိုးထူးခြားတယ်။ အများစုက ဥရောပတိုက်ကလူမျိုးတွေ။ ယဉ်ကျေးမှုကြီးတွေ ထွန်းကာခဲ့တဲ့ဒေသတွေကလည်း တကယ်ကို ထူးပါတယ်။ ကျွန်တော်တို့မှာ ဘာထူးခြားပါသလဲ။ ဖွဲ့တာနွဲ့တာချဲ့တာတွေမပါ၊ တကယ့်အရှိအတိုင်း ဆန်းစစ်သုံးသပ်သင့်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆
၂၅-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး