Sponsor စပွန်ဆာ




မြန်မာပြည်မှာ ခေတ်စားလာတဲ့ဝေါဟာရကိုသိချင်လို့ မေးပါတယ်။ အင်္ဂလိပ်စာလုံးကို အသံထွက်အတိုင်း ပြောဆိုတာ ဖြစ်ပါတယ်။ Sponsorship စပွန်ဇာရှစ်ပ်လို့လည်းရှိတယ်။ အဓိပ္ပါယ်ဆင်တဲ့ စကားလုံးတွေက နောက်ခံပြုပေးခြင်း၊ ထောက်ကူမှုပေးခြင်း၊ အုပ်ထိန်းသူလုပ်ပေးခြင်း၊ ငွေထောက်ပံ့ပေးခြင်း၊ အကူအညီပေးခြင်း။

စပွန်ဆာဟာ ကုန်သွယ်ရေးလောကသုံး စကားလုံးဖြစ်ပါတယ်။ အစီအစဉ်တခုကိုဖြစ်မြောက်ဘို့ရာ နောက်ကနေ၊ အထက်ကနေ၊ ဘေးကနေ၊ တရားဝင်ကူညီထောက်ပံ့မှုပေးခြင်းဖြစ်တယ်။ တဦးတည်းကနေလည်း လုပ်တာရှိတယ်။ အသင်းအဖွဲ့ကနေလုပ်တာလည်းရှိတယ်။ ငွေ သို့မဟုတ် တခြားအရာကိုကူညီတယ်။ အားကစားပွဲ၊ အနုပညာပွဲ၊ ဖျော်ဖြေရေးပွဲလမ်း စသည်။

Sponsoree ခေါ်အဲလိုကူညီသူဟာ နန်းပရောဖစ် ခေါ် အမြတ်မယူအဖွဲ့လည်းဖြစ်နိုင်တယ်။ Philanthropy ခေါ် ပရဟိတနဲ့ မတူပါ။ စီးပွါးကုန်သွယ်မှုမှာ တစုံတရာအကျိုးကိုမျှော်ကိုးပြီး ကုန်ကျခံတာဖြစ်တယ်။ အဲလိုနည်းက နာမည်ကြီးစေတယ်။ လူသိများစေတယ်။ ကြော်ငြာနည်းနဲ့ ထပ်တူတော့ မဟုတ်ပြန်ပါ။ အခုနည်းမှာ ထုတ်ကုန်၊ ရောင်းကုန်ကို တိုက်ရိုက် ထုတ်ပြတာ မလုပ်ပါ။

အထွေထွေစပွန်ဇာအမျိုးအစားနဲ့ အော်ဖစ်ရှယ် စပွန်ဇာလို့ကွဲပြားသေးတယ်။ နည်းပညာစပွန်ဇာ၊ Participating sponsor ပါဝင်မှုစပွန်ဇာနဲ့ သတင်းအချက်အလက် စပွန်ဇာတွေလို့ရှိသေးတယ်။ အားလုံးမှာ ကွန်ထရက်သဘောတူညီမှု ရယူထားပြီးမှသာ လုပ်ပါတယ်။ ကြိုတင်သတ်မှတ်ချက်တွေ ရှင်းရှင်းလင်းလင်းထားတယ်။

ဥရောပတိုက်ဟာ အကြီးဆုံး စပွန်ဇာဈေးကွက်ကြီးဖြစ်တယ်။ ၂ဝ၁၄ ခုနှစ်မှာ အီယူအတွင်း စုစုပေါင်း €26.44 million (US$29 million) အကုန်ခံခဲ့တယ်။ ဒုတိယက မြောက်အမေရိကနဲ့ တတိယက အာရှ-ပစိဖိတ်ဒေသဖြစ်တယ်။ ယူကေမှာ လျှော့ပေါ့ထားတဲ့ တီဗွီဥပဒေအရ တီဗွီမှာ စပွန်ဇာလုပ်တာ တိုးများလာတယ်။ အားကစားကထိပ်မှာရှိတယ်။ ဥပမာ ၂ဝ၁၄ ဘောလုံးရာသီမှာ Adidas ဟာ မန်ချက်တာယူနိုက်တက်ဘောလုံးသင်းကို စပွန်ဇာပေးတယ်။ အနည်းဆုံး £750 million (US$1.1 billion) ကျော်တန်တယ်။

၂ဝ၁၆-၁၇ ဘောလုံးရာသီ ဗြိတိသျှဘောလုံးကလပ်တွေနဲ့ စပွန်ဇာတွေ
၁။ မန်ချက်စတာ ယူနိုက်တက် = Chevrolet (US), £53m, 7 Year deal (2014-21)
၂။ ချယ်ဆီးလ် = Yokohama (Japan), £40m, 5 Year deal (2015-20)
၃။ အာဆင်နယ်လ် = Fly Emirates (UAE), £30m, 5 year deal (2014-19)
၎။ လီဗာပူးလ် = Standard Chartered, £25m, 3 year deal (2013-16)
၅။ မန်စီတီး = Etihad Airways (UAE), £20m, 10 year deal (2011-21)
၆။ တော်တင်ဟန် = AIA (China), £16m, 5 year deal (2014-19)
၇။ ဝက်စ်ဟမ် = Betway (Malta), £6m, 3.5 year deal (2015-18)
၈။ အဲဗာတန် = Chang Beer (Thailand), £5.3m, 3 year deal (2014 to 2017)
၉။ ဆော့သင်မ်တန် = Vigin Media (UK), £6m, 3 year deal (2016-19)
၁ဝ။ ဆန်ဒါလင်း = Dafabet (Philippines), £6m, 2 Year deal (2015-2017)

၂၀၁၉ ခုနှစ် နောက်ဆုံးသတင်းအရ

Manchester United (Chevrolet) မန်ချက်စတာယူနိုက်တက် ၄၇ ပေါင်သန်း
Manchester City (Etihad) မန်ချက်စတာစီးတီး ၄၅ ပေါင်သန်း
Chelsea FC (Yokohama) ချယ်လ်ဆီး ၄၀ ပေါင်သန်း
Liverpool FC (Standard Chartered) လီဗာပူးလ် ၄၀ ပေါင်သန်း
Arsenal FC (Fly Emirates) အာဆင်နယ် ၄၀ ပေါင်သန်း
Tottenham Hotspur (AIA) တော်တင်ဟမ် စော့စပါး ၃၅ ပေါင်သန်း
West Ham United (Betway) ဝက်စ်ဟမ်ယူနိုက်တိုက် ၁၀ ပေါင်သန်း
Everton FC (SportPesa) အဲဗာတန် ၉့၆ ပေါင်သန်း
Crystal Palace (ManBetX) ခရစ်စတယ်ပဲလေ့စ် ၆့၅ ပေါင်သန်း
Newcastle United (Fun88)
Southampton FC (Virgin Media)
Wolverhampton Wanderers FC (W88)
Burnley (Laba360)
Leicester City (King Power)
AFC Bournemouth (M88)
FC Fulham (Dafabet)
Cardiff City (Visit Malaysia)
Watford (FXPro)
Huddersfield (Ope Sports)
Brighton (American Express)

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇
၂၉-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး