Mistakes Happen ရောင်စုံ အမှားများ
ထီကြော်ငြာတွေ ရောင်စုံစာလုံးတွေနဲ့ တွေ့တယ်။ သတ်ပုံတွေ အတော်မှားနေတယ်။
တိကျ ကို တိကြ၊
စဉ်းစား ကို စင်းစား၊
နိုင်ရင် ကို နိရင်၊
အနီးကပ် ကို အနီးကဒ်၊
ကျိန်းသေ ကို ကြိမ်းသေ၊
ကွင် (ခွင်) ကျ ကို ကွင်ကြ လို့ ရေးထားတယ်။
သတ်ပုံမှားစာနဲ့ ဆေးအတု ပုံတွေကို မတင်ပါ။ သတိမထားရင် မှားတတ်တယ်။ ပြင်လိုက်ရင် မှန်သွားရော။ မှားမှန်းမသိတာက ပိုဆိုးတယ်။ အမှားကိုလက်ခံထားတာက အဆိုးဆုံး။
ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၉

Comments
Post a Comment