တွေ နှင့် တေ

ဆရာရှင် အသက်က ၂၉နှစ်ပါရှင်။ မျက်နှာမှာ အမည်းစက်တေဖြစ်တာ အိမ်ထောင်မကျခင်ကတည်းကပါ။

နမူနာမေးခွန်းပါ။ အဲလိုပဲ တွေလို့ရေးရမှာကို တေလို့ရေးနေသူတွေ အတော်များတယ်။ မှားတယ်။

တေ
တေ = ခပ်ပြာ = ရွှေတုရွှေယောင်၊ ထောင်းထုနှိပ်နယ်သည်
တေဆေး
တေဇောဓါတ်
တေဇော်
တေမိမင်း
လူပေလူတေ
တေတေပေပေ
လျှော်တေ
အင်္ဂတေ
တေလေကြမ်းပိုး
တေသောကလေး
နာနာတေပါ
ထောင်းထုတေ
အမြုတေ

တွေ
တွေဝေ
သံတွေခဲ
ဆေးဒန်းတွေသည်
မျက်ရည် တွေတွေစီးကျသည်
တွေ = အများပြစကားလုံး။ လူတွေ၊ အိမ်တွေ။

နှစ်ပတ်လည်စာ။ တနှစ်အတွင်းမှာ တွေကို တေလို့ရေးသူတွေ ပိုများလာတယ်။ ကျွန်တော့်စာတွေ မထိရောက်ပါ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး မြန်မာစာသတ်ပုံကို ဖျက်တဲ့သူတွေက တရားခံ။ တရားခံရှေ့နေတွေလည်း အလွန့်အလွန်များတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၈
၂၇-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး